Premier League UCL&UEL

လူစားဝင်မကစားရလို့ ပေါက်ကွဲခဲ့တဲ့ ဗန်ဒဘိခ်က အသင်းက ထွက်ခွာဖို့ ဉာဏ်ဆင်ခဲ့တာလား

မန်ချက်စတာယူနိုက်တက်အသင်းက ဗီလာရီးရဲလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း လူစားဝင်ကစားခွင့်မရခဲ့တာကို တုံ့ပြန်ခဲ့တဲ့ ဗန်ဒီဘိခ်ရဲ့ ပုံစံကို ပရိသတ်တွေကြားထဲမှာတော့ အသင်းကနေ အမြန်ဆုံးထွက်ခွာနိုင်ဖို့ ဉာဏ်ဆင်နေသလားလို့ လူပြောများ ရေပန်းစားနေခဲ့ကြတာဖြစ်ပါတယ်။

ဒတ်ချ် ကွင်းလယ်ကစားသမားဟာ အေဂျက်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဦးဆုံး ရာသီမှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ စုစုပေါင်း ဗန်ဒီဘိခ်ဟာ ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဗန်ဒီဘိခ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိသေးတာဖြစ်ပြီး နယူးကာဆယ်အသင်းနဲ့ပွဲစဉ်က အထင်ကြီးဖွယ် ၁၅ မိနစ်တာကာလသာ ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားဆီကနေ နောက်ထပ် ပွဲကစားချိန် ပိုမိုရရှိစေရမယ်ဆိုတဲ့ ကတိမျိုး ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို ကတိပေးခဲ့အပြီး ၃ ပတ်အကြာ၊ စက်တင်ဘာလအတွင်း ဝက်စ်ဟမ်းနဲ့ ယန်းဘွိုင်းတို့နဲ့ပွဲစဉ်မှာ ပွဲကစားချိန်အနည်းငယ်ရရှိခဲ့ပေမယ့်လည်း ဗန်ဒီဘိခ်ဟာ ပထမအသင်းမှာ ပုံမှန်ပါဝင်ကစားခွင့် မရှိခြင်းကို စိတ်ပျက်ဒေါသထွက်နေခဲ့တယ်ဆိုတာ ပရိသတ်တွေအနေနဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညက တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ နည်းပြ ဆိုးလ်ရှားက ဒတ်ချ်ကွင်းလယ်ကစားသမားကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုမယ့်အစား ဖရက်ဒ်နဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ လင်ဂတ်တို့ကိုသာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက် ဗန်ဒီဘိခ်ရဲ့ တုံ့ပြန်မှုကို ပရိသတ်အများစုက မြင်တွေ့ခဲ့ရပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းမနေခင်မှာ ပါးစပ်ထဲက ပီကေကို ကွင်းထဲ လှမ်းလွှင့်ပစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၂ ရက်အကြာမှာတော့ အဲဒီဖြစ်စဉ်နဲ့ မတူတဲ့ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ပရိသတ်တစ်ဦးရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတဲ့ပုံစံအရ စိတ်ပျက်ဒေါသထွက်နေတဲ့ ဗန်ဒီဘိခ်ဟာ အရန်ခုံတန်းကို ပြန်သွားတဲ့လမ်းမှာ သွေးပူလေ့ကျင့်ရေးပြုလုပ်ရာမှာ ဝတ်ဆင်တဲ့ အပေါ်အင်္ကျီကို ချွတ်ပစ်ခဲ့ပြီး ဘေးနားက အသင်းဖော် ၂ ဦးက ဝိုင်းဝန်းနှစ်သိမ့်နေခဲ့တာကို တွေ့ရပါတယ်။

“ဒွန်နီ ဗန်ဒီဘိခ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အမှန်တကယ် စွန့်ခွာဖို့ လိုအပ်နေပါပြီ။ အိုလေက သူ့ရဲ့ ကစားသမားဘဝကို ဖျက်ဆီးနေတာ အမှန်ပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဗန်ဒီဘိခ်က ဇန်နဝါရီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့ နောက်ထပ် ကြိုးပမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီး အသင်းသစ်ရှာဖွေဖို့ ထပ်ပြီး အားထုတ်သွားတော့မှာပါ”လို့ Utd District အမည်ရတဲ့ တွစ်တာစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

ဗန်ဒဘိခ်ဟာ အိုင်းယက်စ်အသင်းကနေ ထွက်ခွာစဉ်က အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း ယောက္ခမလောင်း ဒင်းနစ် ဘားကမ့်ရဲ့ ရန်သူတော်အသင်းကို ရွေးချယ်ခဲ့တာက သေချင်တဲ့ကျား တောပြောင်းဖြစ်ခဲ့တယ်လို့ လူပြောများနေပြီး သူ့ရဲ့ အရန်ခုံတန်းက အမူအယာကတော့ အနာဂတ်ကို ဆိုးလ်ရှားရဲ့ ရွေးချယ်မှုကတစ်ဆင့် သိလိုက်ရချိန်မျိုးမှာ အချိန်ကိုက် ဉာဏ်ဆင်ခဲ့တာလည်းဖြစ်တယ်လို့ လူပြောများနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းက ဗီလာရီးရဲလ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း လူစားဝင္ကစားခြင့္မရခဲ့တာကို တုံ႔ျပန္ခဲ့တဲ့ ဗန္ဒီဘိခ္ရဲ႕ ပုံစံကို ပရိသတ္ေတြၾကားထဲမွာေတာ့ အသင္းကေန အျမန္ဆုံးထြက္ခြာႏိုင္ဖို႔ ဉာဏ္ဆင္ေနသလားလို႔ လူေျပာမ်ား ေရပန္းစားေနခဲ့ၾကတာျဖစ္ပါတယ္။

ဒတ္ခ်္ ကြင္းလယ္ကစားသမားဟာ ေအဂ်က္အသင္းကေန ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပထမဦးဆုံး ရာသီမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ စုစုေပါင္း ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္နဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့အခ်ိန္ကစၿပီး လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ဗန္ဒီဘိခ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ တစ္ပြဲသာ ပါဝင္ကစားခြင့္ ရရွိေသးတာျဖစ္ၿပီး နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္က အထင္ႀကီးဖြယ္ ၁၅ မိနစ္တာကာလသာ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ နယူးကာဆယ္အသင္းကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ၿပီးေနာက္ အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ နည္းျပ အိုေလ ဂန္နာ ဆိုးလ္ရွားဆီကေန ေနာက္ထပ္ ပြဲကစားခ်ိန္ ပိုမိုရရွိေစရမယ္ဆိုတဲ့ ကတိမ်ိဳး ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီလို ကတိေပးခဲ့အၿပီး ၃ ပတ္အၾကာ၊ စက္တင္ဘာလအတြင္း ဝက္စ္ဟမ္းနဲ႔ ယန္းဘြိဳင္းတို႔နဲ႔ပြဲစဥ္မွာ ပြဲကစားခ်ိန္အနည္းငယ္ရရွိခဲ့ေပမယ့္လည္း ဗန္ဒီဘိခ္ဟာ ပထမအသင္းမွာ ပုံမွန္ပါဝင္ကစားခြင့္ မရွိျခင္းကို စိတ္ပ်က္ေဒါသထြက္ေနခဲ့တယ္ဆိုတာ ပရိသတ္ေတြအေနနဲ႔ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ညက တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခ်ိန္မွာ နည္းျပ ဆိုးလ္ရွားက ဒတ္ခ်္ကြင္းလယ္ကစားသမားကို လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳမယ့္အစား ဖရက္ဒ္နဲ႔ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ လင္ဂတ္တို႔ကိုသာ ထည့္သြင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရၿပီးေနာက္ ဗန္ဒီဘိခ္ရဲ႕ တုံ႔ျပန္မႈကို ပရိသတ္အမ်ားစုက ျမင္ေတြ႕ခဲ့ရၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္းကို ခါယမ္းမေနခင္မွာ ပါးစပ္ထဲက ပီေကကို ကြင္းထဲ လွမ္းလႊင့္ပစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ယင္းျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ ၂ ရက္အၾကာမွာေတာ့ အဲဒီျဖစ္စဥ္နဲ႔ မတူတဲ့ျဖစ္စဥ္ကို ႐ိုက္ကူးထားတဲ့ ပရိသတ္တစ္ဦးရဲ႕ ဗီဒီယိုဖိုင္ ထြက္ေပၚလာခဲ့ပါတယ္။ ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ရတဲ့ပုံစံအရ စိတ္ပ်က္ေဒါသထြက္ေနတဲ့ ဗန္ဒီဘိခ္ဟာ အရန္ခုံတန္းကို ျပန္သြားတဲ့လမ္းမွာ ေသြးပူေလ့က်င့္ေရးျပဳလုပ္ရာမွာ ဝတ္ဆင္တဲ့ အေပၚအက်ႌကို ခြၽတ္ပစ္ခဲ့ၿပီး ေဘးနားက အသင္းေဖာ္ ၂ ဦးက ဝိုင္းဝန္းႏွစ္သိမ့္ေနခဲ့တာကို ေတြ႕ရပါတယ္။

“ဒြန္နီ ဗန္ဒီဘိခ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို အမွန္တကယ္ စြန႔္ခြာဖို႔ လိုအပ္ေနပါၿပီ။ အိုေလက သူ႔ရဲ႕ ကစားသမားဘဝကို ဖ်က္ဆီးေနတာ အမွန္ပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ဗန္ဒီဘိခ္က ဇန္နဝါရီမွာ ယူႏိုက္တက္ကို စြန႔္ခြာဖို႔ ေနာက္ထပ္ ႀကိဳးပမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး အသင္းသစ္ရွာေဖြဖို႔ ထပ္ၿပီး အားထုတ္သြားေတာ့မွာပါ”လို႔ Utd District အမည္ရတဲ့ တြစ္တာစာမ်က္ႏွာက ေဖာ္ျပခဲ့ပါတယ္။

ဗန္ဒဘိခ္ဟာ အိုင္းယက္စ္အသင္းကေန ထြက္ခြာစဥ္က အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္လည္း ေယာကၡမေလာင္း ဒင္းနစ္ ဘားကမ့္ရဲ႕ ရန္သူေတာ္အသင္းကို ေ႐ြးခ်ယ္ခဲ့တာက ေသခ်င္တဲ့က်ား ေတာေျပာင္းျဖစ္ခဲ့တယ္လို႔ လူေျပာမ်ားေနၿပီး သူ႔ရဲ႕ အရန္ခုံတန္းက အမူအယာကေတာ့ အနာဂတ္ကို ဆိုးလ္ရွားရဲ႕ ေ႐ြးခ်ယ္မႈကတစ္ဆင့္ သိလိုက္ရခ်ိန္မ်ိဳးမွာ အခ်ိန္ကိုက္ ဉာဏ္ဆင္ခဲ့တာလည္းျဖစ္တယ္လို႔ လူေျပာမ်ားေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.