Premier League Serie A

လူကာကူကို ဘယ်လိုသုံးမရလဲ မသိဘူးမလားလို့ တူဟယ်ကို မေးခွန်းထုတ်လိုက်တဲ့ ကွန်တီ

ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီလူမျိုး နည်းဗျူဟာပညာရှင် ကွန်တီက ဆန် စီရိုမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးနဲ့ အတူတူ အလုပ်တွဲလုပ်ပြီး ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လူကာကူကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို အဖြေရှာမတွေ့သေးဘူးမလားလို့ အင်တာမီလန် နည်းပြ အန်တိုနီယို ကွန်တီက သောမတ်စ် တူဟယ်ရဲ့ နည်းဗျူဟာပိုင်း ချဉ်းကပ်ပုံကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၉၈ သန်းနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူပေးပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ချက်ချင်း ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ပထမဆုံး ၄ ပွဲမှာ ၄ ဂိုးသွင်းယူပေးခဲ့ပေမယ့် အဲဒီအချိန်ကတည်းက ဂိုးပေါက်ပျောက်နေခဲ့တာ ၄ ပွဲရှိနေခဲ့ပြီဖြစ်ပါတယ်။ လူကာကူရဲ့ နောက်ဆုံးဂိုးပေါက်ပျောက်ဆုံးမှုဟာ ဂျူဗင်တပ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ စီးရီးအေဖလားရရှိအောင် ကူညီခဲ့တဲ့ လူကာကူနဲ့ ပတ်သက်ပြီး Sky Sport Italia ကို အခုလို ပြောကြားခဲ့ပါတယ်။

“သူက သူ့မှာ ရှိတဲ့ နည်းစနစ်တွေအားလုံးနဲ့ဆိုရင် ဒီထက် ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။ သူက အရမ်းကို အဆင့်မြင့်တဲ့ခြေစွမ်းရှိနေပြီးသား ကစားသမားပါ။ ဒါပေမယ့် ကစားသမားတွေက သူတို့ အနားယူတဲ့နေ့ မတိုင်ခင်အထိ ဆက်တိုးတက်နေရမယ်”

“ပွဲစဉ်အတွင်းမှာ လူကာကူ စိတ်လှုပ်ရှားအောင် လုပ်ဖို့ လိုအပ်တဲ့အချိန်မှာ အခိုက်အတံ့လေးတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီဟာထက် သူက ယှဉ်ပြိုင်ကစားဖို့ ခက်ခဲအကြမ်းတမ်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာပဲ။ ဘာလို့လဲဆိုတော့ သူက ကွင်းရဲ့ ဘယ်နေရာမှာမဆို ထိခိုက်အောင် လုပ်နိုင်လို့ပဲ”

“ခင်ဗျားမှာ ဒီလို အထောင်တိုက်စစ်မှူးမျိုး ရှိရင် ခင်ဗျား သူ့ကို အသုံးပြုဖို့ လိုတယ်။ ချဲလ်ဆီးက သူ့ကို အခုထိ ဘယ်လိုသုံးရမလဲဆိုတာကို အဖြေရှာမတွေ့သေးပုံပေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“ပြီးခဲ့တဲ့ရာသီက သူတို့မှာ သင့်တော်တဲ့ အထောင်တိုက်စစ်မှူးမျိုး မရှိခဲ့ဘူး။ အဲဒီတော့ သူတို့တွေ နေရာတွေကို လှည့်ခဲ့တယ်။ လူကာကူရဲ့ တကယ့် ရည်ညွှန်းချက်အစစ်အမှန်က တိုက်စစ်မှာပဲ။ သူတို့တွေသာ လူကာကူကို ဘယ်လိုအသုံးပြုရမလဲဆိုတာသာ အဖြေရှာနိုင်ခဲ့ရင် ဒီရာသီ ချန်ပီီယံလိဂ်မှာ ချဲလ်ဆီးက အနိုင်ယူရခက်ခဲတဲ့ အသင်းဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းကို ပရီးမီးယားလိဂ္ဖလား ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အီတလီလူမ်ိဳး နည္းဗ်ဴဟာပညာရွင္ ကြန္တီက ဆန္ စီရိုမွာ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးနဲ႔ အတူတူ အလုပ္တြဲလုပ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ စီးရီးေအဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လူကာကူကို ဘယ္လို အသုံးျပဳရမယ္ဆိုတာကို အေျဖရွာမေတြ႕ေသးဘူးမလားလို႔ အင္တာမီလန္ နည္းၿပ အန္တိုနီယို ကြန္တီက ေသာမတ္စ္ တူဟယ္ရဲ့ နည္းဗ်ဴဟာပိုင္း ခ်ဥ္းကပ္ပုံကို ေမးခြန္းထုတ္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေပါင္ ၉၈ သန္းနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ဒုတိယအႀကိမ္ ျပန္လည္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

လူကာကူဟာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲဦးထြက္ပြဲစဥ္မွာ ဂိုးသြင္းယူေပးၿပီး စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ခ်က္ခ်င္း ေျခစြမ္းျပသခဲ့တာျဖစ္ၿပီး ပထမဆုံး ၄ ပြဲမွာ ၄ ဂိုးသြင္းယူေပးခဲ့ေပမယ့္ အဲဒီအခ်ိန္ကတည္းက ဂိုးေပါက္ေပ်ာက္ေနခဲ့တာ ၄ ပြဲရွိေနခဲ့ၿပီျဖစ္ပါတယ္။ လူကာကူရဲ့ ေနာက္ဆုံးဂိုးေပါက္ေပ်ာက္ဆုံးမႈဟာ ဂ်ဴဗင္တပ္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ စီးရီးေအဖလားရရွိေအာင္ ကူညီခဲ့တဲ့ လူကာကူနဲ႔ ပတ္သက္ၿပီး Sky Sport Italia ကို အခုလို ေျပာၾကားခဲ့ပါတယ္။

“သူက သူ႔မွာ ရွိတဲ့ နည္းစနစ္ေတြအားလုံးနဲ႔ဆိုရင္ ဒီထက္ ပိုေကာင္းေအာင္ လုပ္နိုင္ေသးတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူက အရမ္းကို အဆင့္ျမင့္တဲ့ေျခစြမ္းရွိေနၿပီးသား ကစားသမားပါ။ ဒါေပမယ့္ ကစားသမားေတြက သူတို႔ အနားယူတဲ့ေန႔ မတိုင္ခင္အထိ ဆက္တိုးတက္ေနရမယ္”

“ပြဲစဥ္အတြင္းမွာ လူကာကူ စိတ္လႈပ္ရွားေအာင္ လုပ္ဖို႔ လိုအပ္တဲ့အခ်ိန္မွာ အခိုက္အတံ့ေလးေတြ ရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီဟာထက္ သူက ယွဥ္ၿပိဳင္ကစားဖို႔ ခက္ခဲအၾကမ္းတမ္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တယ္ဆိုတာပဲ။ ဘာလို႔လဲဆိုေတာ့ သူက ကြင္းရဲ့ ဘယ္ေနရာမွာမဆို ထိခိုက္ေအာင္ လုပ္နိုင္လို႔ပဲ”

“ခင္ဗ်ားမွာ ဒီလို အေထာင္တိုက္စစ္မႉးမ်ိဳး ရွိရင္ ခင္ဗ်ား သူ႔ကို အသုံးျပဳဖို႔ လိုတယ္။ ခ်ဲလ္ဆီးက သူ႔ကို အခုထိ ဘယ္လိုသုံးရမလဲဆိုတာကို အေျဖရွာမေတြ႕ေသးပုံေပၚတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”

“ၿပီးခဲ့တဲ့ရာသီက သူတို႔မွာ သင့္ေတာ္တဲ့ အေထာင္တိုက္စစ္မႉးမ်ိဳး မရွိခဲ့ဘူး။ အဲဒီေတာ့ သူတို႔ေတြ ေနရာေတြကို လွည့္ခဲ့တယ္။ လူကာကူရဲ့ တကယ့္ ရည္ညႊန္းခ်က္အစစ္အမွန္က တိုက္စစ္မွာပဲ။ သူတို႔ေတြသာ လူကာကူကို ဘယ္လိုအသုံးျပဳရမလဲဆိုတာသာ အေျဖရွာနိုင္ခဲ့ရင္ ဒီရာသီ ခ်န္ပီီယံလိဂ္မွာ ခ်ဲလ္ဆီးက အနိုင္ယူရခက္ခဲတဲ့ အသင္းျဖစ္လာနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.