Ligue1 Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က လီဗာပူးလ်ရဲ့ ဆာလားလောက် မကောင်းတော့ဘူးလား

လီဗာပူးလ် ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အင်္ဂါနေ့ညက ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ကမ္ဘာ့အဆင့် ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကို သက်သေပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပေါ်တူဂီမြေမှာ ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာ မာနေး၊ ဖာမီနို၊ မိုဟာမက် ဆာလားတို့ရဲ့ သွင်းဂိုးတွေကြောင့် ၅-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အုပ်စု C ရဲ့ ထိပ်ဆုံးမှာ အုပ်စုဗိုလ်အဖြစ် ဆက်လက် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ပြီး တစ်ပတ် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေ ဆက်လက်ပြသနေတဲ့ မိုဟာမက် ဆာလားရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဆာလားဟာ လက်ရှိအချိန် ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားလို့တောင် ယုံကြည်နေကြတဲ့ ဘောလုံးလောကသားတွေထဲ အချို့ရှိနေကြတာဖြစ်ပြီး ပေါ်တိုအသင်းနဲ့ပွဲစဉ်အပြီး ဘောလုံးဝေဖန်သူ ဒင်း ဆောင်ဒါက အီဂျစ်ကြယ်ပွင့်ဟာ လက်ရှိအချိန်မှာ ကျန်တဲ့ဘောလုံးသမားတွေအားလုံးထက် မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေတယ်လို့ အလေးအနက်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးဂိုးသွင်းယူပေးခဲ့တဲ့ မက်ဆီနဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုတို့လိုမျိုး ကစားသမားတွေကို ရည်ညွှန်းပြီး ၎င်းရဲ့ ပြောကြားမှုကို ကာကွယ်တဲ့အချိန်မှာဒင်း ဆောင်ဒါက အခိုင်အမာပြောကြားခဲ့ပါတယ်။

“အခုအချိန် ကျွန်တော်တို့ စကားပြောနေချိန်မှာ သူ့ထက် ကောင်းတဲ့သူ ဘယ်သူရှိလဲ။ ညာတောင်ပံကနေ ၈ ပွဲကစားပြီး ၈ ဂိုးသွင်းထားတယ်။ သူက အလယ်မှာ ကစားနေတာမဟုတ်ပါဘူး။ သူ့ကိုကြည့်ရတာ ရပ်တန့်လို့ မရနိုင်တဲ့ပုံပါပဲ။ သူတို့ကိုယ် သူတို့ သက်သေပြထားတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့က ဆာလားလောက် မကောင်းနိုင်တော့ပါဘူး”

ဆာလားနဲ့ ရော်နယ်ဒိုထဲက တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမှာလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဆောင်ဒါက “အခုအချိန်မှာတော့ ဆာလားကိုပဲ ရွေးချယ်မှာပါ။ ရော်နယ်ဒိုကို ရွေးမယ်လို့ ပြောဖို့က လွယ်ပါတယ်။ ဒါပေမယ့် အခုအချိန် ဆာလားက အပတ်တိုင်း ဂိုးသွင်းမယ့်ပုံ ပေါ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ သင့်တော်တဲ့ အပြောင်းအရွှေ့ကမ်းလှမ်းမှု ရရှိခဲ့မယ်ဆိုရင် အသင်းပြောင်းချင်တဲ့ ဆန္ဒရှိနေပြီး စိတ်ဝင်စားမှု ပိုမိုခိုင်မာလာတဲ့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ လီဗာပူးလ်အသင်းကို ညွှန်ကြားခဲ့တယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာလန်းနဲ့ အမ်ဘာပေတို့ ၂ ဦးစလုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတာ ရှင်းလင်းနေတာကြောင့် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ လာမယ့်နွေရာသီမှာ မိုဟာမက် ဆာလားကို ခေါ်ယူဖို့အတွက် ပြိုင်ဘက်မရှိ ဖြစ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ အဂၤါေန႔ညက ေပၚတိုအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ကမၻာ့အဆင့္ ထိပ္တန္းစြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး ကမၻာ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆိုတာကို သက္ေသျပခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ေပၚတူဂီေျမမွာ ကစားခဲ့တဲ့ အုပ္စုဒုတိယပြဲစဥ္မွာ မာေနး၊ ဖာမီနို၊ မိုဟာမက္ ဆာလားတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ၅-၁ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး အုပ္စု C ရဲ့ ထိပ္ဆုံးမွာ အုပ္စုဗိုလ္အျဖစ္ ဆက္လက္ ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။ တစ္ပတ္ၿပီး တစ္ပတ္ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္း သက္ေသ ဆက္လက္ျပသေနတဲ့ မိုဟာမက္ ဆာလားရဲ့ ေနာက္ထပ္ ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္လည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ဆာလားဟာ လက္ရွိအခ်ိန္ ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားလို႔ေတာင္ ယုံၾကည္ေနၾကတဲ့ ေဘာလုံးေလာကသားေတြထဲ အခ်ိဳ႕ရွိေနၾကတာျဖစ္ၿပီး ေပၚတိုအသင္းနဲ႔ပြဲစဥ္အၿပီး ေဘာလုံးေဝဖန္သူ ဒင္း ေဆာင္ဒါက အီဂ်စ္ၾကယ္ပြင့္ဟာ လက္ရွိအခ်ိန္မွာ က်န္တဲ့ေဘာလုံးသမားေတြအားလုံးထက္ ျမင့္မားတဲ့ အဆင့္အတန္းမွာ ရွိေနတယ္လို႔ အေလးအနက္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ပထမဆုံးဂိုးသြင္းယူေပးခဲ့တဲ့ မက္ဆီနဲ႔ ဗီလာရီးရဲလ္နဲ႔ပြဲမွာ ေနာက္က်အနိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ေရာ္နယ္ဒိုတို႔လိုမ်ိဳး ကစားသမားေတြကို ရည္ညႊန္းၿပီး ၎ရဲ့ ေျပာၾကားမႈကို ကာကြယ္တဲ့အခ်ိန္မွာဒင္း ေဆာင္ဒါက အခိုင္အမာေျပာၾကားခဲ့ပါတယ္။

“အခုအခ်ိန္ ကၽြန္ေတာ္တို႔ စကားေျပာေနခ်ိန္မွာ သူ႔ထက္ ေကာင္းတဲ့သူ ဘယ္သူရွိလဲ။ ညာေတာင္ပံကေန ၈ ပြဲကစားၿပီး ၈ ဂိုးသြင္းထားတယ္။ သူက အလယ္မွာ ကစားေနတာမဟုတ္ပါဘူး။ သူ႔ကိုၾကည့္ရတာ ရပ္တန႔္လို႔ မရနိုင္တဲ့ပုံပါပဲ။ သူတို႔ကိုယ္ သူတို႔ သက္ေသျပထားတဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔လို ကစားသမားေတြ ရွိပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ သူတို႔က ဆာလားေလာက္ မေကာင္းနိုင္ေတာ့ပါဘူး”

ဆာလားနဲ႔ ေရာ္နယ္ဒိုထဲက တစ္ေယာက္ကို ေရြးခ်ယ္ရမယ္ဆိုရင္ ဘယ္သူ႔ကို ေရြးမွာလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ေဆာင္ဒါက “အခုအခ်ိန္မွာေတာ့ ဆာလားကိုပဲ ေရြးခ်ယ္မွာပါ။ ေရာ္နယ္ဒိုကို ေရြးမယ္လို႔ ေျပာဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ ဆာလားက အပတ္တိုင္း ဂိုးသြင္းမယ့္ပုံ ေပၚေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ သင့္ေတာ္တဲ့ အေျပာင္းအေရႊ႕ကမ္းလွမ္းမႈ ရရွိခဲ့မယ္ဆိုရင္ အသင္းေျပာင္းခ်င္တဲ့ ဆႏၵရွိေနၿပီး စိတ္ဝင္စားမႈ ပိုမိုခိုင္မာလာတဲ့ ဘာစီလိုနာအသင္းရဲ့ ကမ္းလွမ္းမႈေတြကို နားေထာင္ဖို႔ လီဗာပူးလ္အသင္းကို ညႊန္ၾကားခဲ့တယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဟာလန္းနဲ႔ အမ္ဘာေပတို႔ ၂ ဦးစလုံးကို ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္ဆိုတာ ရွင္းလင္းေနတာေၾကာင့္ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ လာမယ့္ေႏြရာသီမွာ မိုဟာမက္ ဆာလားကို ေခၚယူဖို႔အတြက္ ၿပိဳင္ဘက္မရွိ ျဖစ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.