Match Report Premier League UCL&UEL

ဟာရီကိန်း ဟက်ထရစ်ရပြီး လာမယ့်ပွဲတွေအတွက် ယုံကြည်မှုရှိလာခဲ့တဲ့ စပါးစ်ရဲ့ နိုင်ပွဲ

စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ အရန်ကစားသမားတွေိကို ပွဲထုတ်လာခဲ့ပြီး ဂိုးသမား ဂေါ်လီနီ၊ နောက်တန်းမှာ ရိုမဲရိုး၊ ဒိုဟာတီနဲ့ ရိုဒန်၊ ကွင်းလယ်မှာ အယ်လီ၊ စကစ်ပ်၊ ဝင့်ခ်စ်နဲ့ လိုဆဲလ်ဆို၊ တိုက်စစ်မှာ ဘရိုင်ယန် ဟေးလ်နဲ့ စကားလက်တို့ကို ထည့်သွင်းခဲ့ပြီး ဆွန်၊ ကိန်းနဲ့ ပထမကစားသမား အတော်များများကိုတော့ အရန်ခုံပေါ်မှာပဲ ထားခဲ့တာကို တွေ့ရပါတယ်။

ဆလိုဗေးနီးယားကလပ် မြူရာကတော့ စပါးစ်ကွင်းမှာ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ ပွဲချိန် ၃ မိနစ်မှာကတည်းက ဧရိယာထဲ ထိုးဖောက်လာတဲ့ ဒယ်လီ အယ်လီကို ဂိုးသမားက ခြေထောက်ကို ဆွဲမိလို့ ပင်နယ်တီပေးခဲ့ရတာမှာ အယ်လီက သူကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပြီး အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ဟာရီ ဝင့်ခ်စ် ပေးလိုက်တဲ့ ဘောလုံးကို အယ်လီနဲ့ စကားလက်တို့ကြားကနေ ရင်ဘတ်နဲ့ ထိန်းပြီး ဆွဲထွက်သွားခဲ့တဲ့ လိုဆဲလ်ဆိုက ဘယ်ခြမ်းကနေ တောက်လျှောက်ပြေးဝင်ပြီး ဧရိယာထဲကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား အိုဘရာဒိုဗစ်ချ် ဘာမှ မတတ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရလို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ တိုက်စစ်မှာ သူ့လက်သူ့ခြေလုပ်နေတဲ့ ကွင်းလယ်လူ အယ်လီရဲ့ ကန်ချက်က ဂိုးသမားနဲ့ နီးနေခဲ့လို့ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့သလို လူငယ်ကစားသမား စကစ်ပ်ရဲ့ အဝေးကန်ချက်ကလည်း လွဲချော်သွားခဲ့လို့ ပထမပိုင်းမှာ စပါးစ်တို့က မြူရာကို နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ မြူရာတို့ ရရှိတဲ့ ထောင့်ကန်ဘောကနေ ချေပဂိုးတစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပြီး ဖြတ်တင်ဘောကို စပါးစ် နောက်တန်းတွေ ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာနောက်ခံလူ ဇီဂါ ကူးစ်က Volley ကန်သွင်းခဲ့ရာမှာ သက်တန့်ပုံစံ ခပ်ခုံးခုံး ထွက်သွားတဲ့ ကန်ချက်က ခံစစ်နဲ့ ဂိုးသမား ဂေါ်လီနီတို့ကို အငိုက်မိစေခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ စပါးစ်နည်းပြ နူနို ဆန်တိုအနေနဲ့ တိုက်စစ်မြှင့်ဖို့ လုပ်ဆောင်လာခဲ့ပြီး စကာလက်အစား ကိန်း၊ ဘရိုင်ယန် ဟေးလ်အစား လူးကပ်စ် မော်ရာ၊ အယ်လီအစား ဆွန်ဟောင်မင်တို့ကို ပွဲချိန် မိနစ် ၆၀ မှာ ဆက်တိုက်လူစားလဲမှု ပြုလုပ်သွားခဲ့သလို ကြိုးစားပြချင်နေတဲ့ အင်္ဂလန်ကပ္ပတိန်အနေနဲ့ ဝင်ဝင်ချင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ဆွန်ရဲ့ ပေးပို့မှုကို ဂိုးသမားနဲ့ တစ်ဦးချင်း စတင်ခြိမ်းခြောက်ခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ညာခြမ်းက လူးကပ်စ် မော်ရာရဲ့ နောက်တန်းတွေကို ကျော်ပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို ကိန်းက ပြေးထွက်ပြီး ဂိုးသမားနဲ့ မတွေ့ခင်မှာ အလျင်အမြန် လျှောထိုးကန်သွင်းယူခဲ့ရာမှာ စပါးစ်တို့အတွက် တတိယဂိုးကို ရယူပေးနိုင်ခဲ့ပြီး သူ့အတွက်တော့ ဒီပြိုင်ပွဲမှာ ပထမဆုံးဂိုးဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ လိုဆဲလ်ဆို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီး ဂိုးဧရိယာထဲ အရောက်မှာတော့ အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ ဟာရီကိန်းကပဲ နေရာယူမှန်မှန်နဲ့ သူ့အတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပြီး စပါးစ်တို့ လေးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ညာခြမ်းကနေ ကွင်းလယ်လူ လိုဆဲလ်ဆိုက ဂိုးဧရိယာထဲ ထည့်ပေးလိုက်တဲ့ ဘောလုံးကို ဟာရီကိန်းက နောက်ခံလူ နှစ်ယောက်ကြားကနေ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဘောလုံးလက်ခံထိန်းသိမ်းပြီးမှ ဂိုးသမား အိုဘရာဒိုဗစ်ချ်ရဲ့ အောက်ထဲကို အသာလေးနှိုက်ပြီး ကန်သွင်းယူသွားနိုင်ခဲ့လို့ သူ့အတွက် ဟက်ထရစ်နဲ့ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ကွန်ဖရင့်လိဂ် အုပ်စု(G)ကို အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နိုင်ခဲ့သလို နည်းပြ နူနို ဆန်တိုအတွက်တော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းနဲ့အတူ ဒီတစ်ပတ် အက်စ်တန်ဗီလာနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ရလဒ်ဆိုးတွေကြားက ရုန်းထွက်နိုင်ဖို့ မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ အရန္ကစားသမားေတြိကို ပြဲထုတ္လာခဲ့ၿပီး ဂိုးသမား ေဂၚလီနီ၊ ေနာက္တန္းမွာ ႐ိုမဲ႐ိုး၊ ဒိုဟာတီနဲ႔ ႐ိုဒန္၊ ကြင္းလယ္မွာ အယ္လီ၊ စကစ္ပ္၊ ဝင့္ခ္စ္နဲ႔ လိုဆဲလ္ဆို၊ တိုက္စစ္မွာ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ စကားလက္တို႔ကို ထည့္သြင္းခဲ့ၿပီး ဆြန္၊ ကိန္းနဲ႔ ပထမကစားသမား အေတာ္မ်ားမ်ားကိုေတာ့ အရန္ခုံေပၚမွာပဲ ထားခဲ့တာကို ေတြ႕ရပါတယ္။

ဆလိုေဗးနီးယားကလပ္ ျမဴရာကေတာ့ စပါးစ္ကြင္းမွာ ၿပိဳင္ဘက္မဟုတ္ခဲ့ဘဲ ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဧရိယာထဲ ထိုးေဖာက္လာတဲ့ ဒယ္လီ အယ္လီကို ဂိုးသမားက ေျခေထာက္ကို ဆြဲမိလို႔ ပင္နယ္တီေပးခဲ့ရတာမွာ အယ္လီက သူကိုယ္တိုင္ပဲ ကန္သြင္းယူခဲ့ၿပီး အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ဟာရီ ဝင့္ခ္စ္ ေပးလိုက္တဲ့ ေဘာလုံးကို အယ္လီနဲ႔ စကားလက္တို႔ၾကားကေန ရင္ဘတ္နဲ႔ ထိန္းၿပီး ဆြဲထြက္သြားခဲ့တဲ့ လိုဆဲလ္ဆိုက ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ေျပးဝင္ၿပီး ဧရိယာထဲကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား အိုဘရာဒိုဗစ္ခ်္ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးထပ္ေပးခဲ့ရလို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ တိုက္စစ္မွာ သူ႔လက္သူ႔ေျခလုပ္ေနတဲ့ ကြင္းလယ္လူ အယ္လီရဲ႕ ကန္ခ်က္က ဂိုးသမားနဲ႔ နီးေနခဲ့လို႔ ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့သလို လူငယ္ကစားသမား စကစ္ပ္ရဲ႕ အေဝးကန္ခ်က္ကလည္း လြဲေခ်ာ္သြားခဲ့လို႔ ပထမပိုင္းမွာ စပါးစ္တို႔က ျမဴရာကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ျမဴရာတို႔ ရရွိတဲ့ ေထာင့္ကန္ေဘာကေန ေခ်ပဂိုးတစ္ဂိုး သြင္းယူသြားႏိုင္ခဲ့ၿပီး ျဖတ္တင္ေဘာကို စပါးစ္ ေနာက္တန္းေတြ ေခါင္းတိုက္ရွင္းထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာေနာက္ခံလူ ဇီဂါ ကူးစ္က Volley ကန္သြင္းခဲ့ရာမွာ သက္တန႔္ပုံစံ ခပ္ခုံးခုံး ထြက္သြားတဲ့ ကန္ခ်က္က ခံစစ္နဲ႔ ဂိုးသမား ေဂၚလီနီတို႔ကို အငိုက္မိေစခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ စပါးစ္နည္းျပ ႏူႏို ဆန္တိုအေနနဲ႔ တိုက္စစ္ျမႇင့္ဖို႔ လုပ္ေဆာင္လာခဲ့ၿပီး စကာလက္အစား ကိန္း၊ ဘ႐ိုင္ယန္ ေဟးလ္အစား လူးကပ္စ္ ေမာ္ရာ၊ အယ္လီအစား ဆြန္ေဟာင္မင္တို႔ကို ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဆက္တိုက္လူစားလဲမႈ ျပဳလုပ္သြားခဲ့သလို ႀကိဳးစားျပခ်င္ေနတဲ့ အဂၤလန္ကပၸတိန္အေနနဲ႔ ဝင္ဝင္ခ်င္း စကၠန႔္ပိုင္းအတြင္းမွာပဲ ဆြန္ရဲ႕ ေပးပို႔မႈကို ဂိုးသမားနဲ႔ တစ္ဦးခ်င္း စတင္ၿခိမ္းေျခာက္ခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ညာျခမ္းက လူးကပ္စ္ ေမာ္ရာရဲ႕ ေနာက္တန္းေတြကို ေက်ာ္ၿပီး ထိုးေပးလိုက္တဲ့ ေဘာလုံးကို ကိန္းက ေျပးထြက္ၿပီး ဂိုးသမားနဲ႔ မေတြ႕ခင္မွာ အလ်င္အျမန္ ေလွ်ာထိုးကန္သြင္းယူခဲ့ရာမွာ စပါးစ္တို႔အတြက္ တတိယဂိုးကို ရယူေပးႏိုင္ခဲ့ၿပီး သူ႔အတြက္ေတာ့ ဒီၿပိဳင္ပြဲမွာ ပထမဆုံးဂိုးျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ လိုဆဲလ္ဆို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ဘယ္ျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ဂိုးဧရိယာထဲ အေရာက္မွာေတာ့ အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ဟာရီကိန္းကပဲ ေနရာယူမွန္မွန္နဲ႔ သူ႔အတြက္ ဒုတိယဂိုးကို သြင္းယူခဲ့ၿပီး စပါးစ္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ညာျခမ္းကေန ကြင္းလယ္လူ လိုဆဲလ္ဆိုက ဂိုးဧရိယာထဲ ထည့္ေပးလိုက္တဲ့ ေဘာလုံးကို ဟာရီကိန္းက ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ေဘာလုံးလက္ခံထိန္းသိမ္းၿပီးမွ ဂိုးသမား အိုဘရာဒိုဗစ္ခ်္ရဲ႕ ေအာက္ထဲကို အသာေလးႏႈိက္ၿပီး ကန္သြင္းယူသြားႏိုင္ခဲ့လို႔ သူ႔အတြက္ ဟက္ထရစ္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပါးစ္တို႔ ငါးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ကြန္ဖရင့္လိဂ္ အုပ္စု(G)ကို အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို နည္းျပ ႏူႏို ဆန္တိုအတြက္ေတာ့ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဟာရီကိန္းနဲ႔အတူ ဒီတစ္ပတ္ အက္စ္တန္ဗီလာနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ ရလဒ္ဆိုးေတြၾကားက ႐ုန္းထြက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ပိုမိုခိုင္မာလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.