Premier League UCL&UEL

ဗီလာရီးရဲလ်နဲ့ပွဲမှာ ကစားပုံမကောင်းပေမယ့် ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ကြိုးစားခဲ့သူ CR7

ပြီးခဲ့တဲ့ညက ဗီလာရီးရဲလ်အသင်းအပေါ် ခက်ခဲတဲ့ အိုးလ်ထရက်ဖို့ဒ်နိုင်ပွဲမှာ ပွဲချိန်နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ ကစားပုံ မကောင်းမှန်း လက်ခံထားခဲ့ပြီး ဂိုးသွင်းနိုင်မယ်လို့တော့ ယုံကြည်တဲ့အတွက် မနားမနေ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာလို့ ရီယို ဖာဒီနန်က ထုတ်ဖော်သွားပါတယ်။

ဒီပွဲရဲ့ ပွဲချိန် ၉၅ မိနစ်မှာ ဗီလာရီးရဲလ်တို့ ဘောလုံးပျက်ရာကနေ ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ဘယ်ခြမ်းက ဖရက်ဒ်ရဲ့ ဖြတ်တင်ဘောကို ပေါ်တူဂီသားကြီးက လင်ဂတ်ကို ချပေးခဲ့သလို လင်ဂတ် ပိတ်မိနေချိန်မှာတော့ နောက်ကို ပြန်ထွက်လာတဲ့ ဘောလုံးကို သူက ထောင့်ကျဉ်းအနေအထားကနေ အဆုံးသတ်ပြီး အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို အပျော်တွေနဲ့ ပေါက်ကွဲစေခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဖာဒီနန်ဆီ မက်ဆေ့ပို့ခဲ့တာဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုကို ပြသခဲ့တဲ့ စာမှာ “ငါ့ကစားပုံ မကောင်းမှန်း ငါသိတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဂိုးသွင်းနိုင်လိမ့်မယ်လို့ သိနေတယ်”လို့ ပါဝင်ခဲ့သလို BT Sport ရဲ့ တင်ဆက်သူ နောက်ခံလူဟောင်းက လူသိရှင်ကြား ပြန်လည်တင်ပြခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းရဲ့ ကစားထားပြီးသမျှ ပွဲစဉ် ၅ ပွဲမှာ ၅ ဂိုး သွင်းယူပေးထားခဲ့ပြီး နိုင်ပွဲတွေရဲ့ အကြောင်းရင်းလည်း ဖြစ်နေသလို ဒီနေ့ပွဲမှာလည်း တတ်စွမ်းသမျှ ကြိုးစားကစားခဲ့ကြောင်းနဲ့ သူ့ရဲ့ ယုံကြည်ချက်ကိုတော့ ဖာဒီနန်က ချီးကျူးသွားခဲ့တာပါ။

“ဒီနေ့မှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က အိုလီ(ဆိုးလ်ရှား)လိုချင်သလိုမျိုး မကောင်းခဲ့ဘူး။ ဒါပေမယ့် သူ့အနေနဲ့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့သလို အသင်းဖော်တွေကလည်း ထောက်ပံ့ပေးခဲ့ကြတယ်။ ဒါပေမယ့် ဂိုးလိုနေချိန်မှာ ဒီလို လူစာရင်းမျိုး၊ ဒီလိုကွင်းမျိုး၊ ဒီလိုပရိသတ်မျိုးတွေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ရုန်းအားတွေကို အားကိုးလို့ ရနိုင်ပါတယ်”လို့ ဖာဒီနန်က ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုကိုတော့ “သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကောင်းနဲ့အတူ အခွင့်အရေးပေါ်လာမယ့် နေရာတွေမှာ ရှိနေနိုင်ဖို့ သူကြိုးစားခဲ့ပါတယ်။ ကြီးမားတဲ့ အခိုက်အတန့်တွေအတွက်တော့ သူဟာ ကြီးမားတဲ့ ပါဝင်သူပါပဲ။ အသင်းရဲ့ အဝတ်လဲခန်းထဲက စိတ်ဓာတ်ကို သူက မြှင့်တင်ပေးနိုင်တယ်။ အခွင့်အရေးကို အသုံးချဖို့ သူက အသင့်ဖြစ်နေတယ်။ ဒါက ခင်ဗျားအတွက် စိတ်သက်သာစရာအကောင်းဆုံးကိစ္စပေါ့ဗျာ”လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ မျက်နှာမှာ မထိန်းနိုင်မသိမ်းနိုင် အပြုံးကို ဆင်ယင်ထားပြီး “ခရစ္စတီယာနို ကွင်းထဲမှာ ရှိနေရင် ဂိုးရဖို့ အခွင့်အရေးက ဖြစ်လာမှာပဲ။ သူ့ရဲ့ ဂိုးရှေ့က ပုံစံက အားလုံးအတွက် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေပြီး တစ်သင်းလုံးအတွက်ရော ပရိသတ်တွေအတွက်ရောပေါ့”လို့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

“ဒါမျိုး သူလုပ်ပြခဲ့တာ များပါပြီ။ ပြီးခဲ့တဲ့လက ပေါ်တူဂီနဲ့ အိုင်ယာလန်ပွဲမှာဆို လုပ်ပြခဲ့တာကို ခင်ဗျားတို့ တွေ့ခဲ့ပြီးပြီ မဟုတ်လား။ ပွဲချိန်ထဲမှာ ပင်နယ်တီ လွဲခဲ့ပေမယ့် နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးတောင် ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဒါက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ လုပ်နေကျ ပုံစံဖြစ်သလို ပွဲကို ပြောင်းလဲဖို့ သူက အမြဲကြိုးစားနေတာဖြစ်ပြီး အခုလို အခွင့်အရေးတော့ ဂိုးဖြစ်သွားတာပါပဲ”

ဆိုးလ်ရှားက ဒီနေ့ပွဲမှာ ရော်နယ်လ်ဒိုအတွက် အကောင်းဆုံး အခွင့်အရေးလို့ ပြောလို့ရတဲ့ နှစ်ကြိမ်ဟာ Half Chance လို့ခေါ်တဲ့ ၅၀-၅၀ တဝက် အခွင့်အရေးတွေသာဖြစ်ပြီး ဒီလိုအနေအထားမျိုးမှာ သူ့အနေနဲ့ အကြီးကျယ်ဆုံး အဆုံးသတ်သမားဆိုတာကို မှတ်ကျောက်တင်ခံရင်း ပြသသွားနိုင်တယ်လို့လည်း ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက ဗီလာရီးရဲလ္အသင္းအေပၚ ခက္ခဲတဲ့ အိုးလ္ထရက္ဖို႔ဒ္ႏိုင္ပြဲမွာ ပြဲခ်ိန္ေနာက္ဆုံးမိနစ္မွာ ဂိုးသြင္းယူေပးခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ ကစားပုံ မေကာင္းမွန္း လက္ခံထားခဲ့ၿပီး ဂိုးသြင္းႏိုင္မယ္လို႔ေတာ့ ယုံၾကည္တဲ့အတြက္ မနားမေန က်ားကုတ္က်ားခဲ ႀကိဳးစားခဲ့တာလို႔ ရီယို ဖာဒီနန္က ထုတ္ေဖာ္သြားပါတယ္။

ဒီပြဲရဲ႕ ပြဲခ်ိန္ ၉၅ မိနစ္မွာ ဗီလာရီးရဲလ္တို႔ ေဘာလုံးပ်က္ရာကေန ယူႏိုက္တက္တို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ဘယ္ျခမ္းက ဖရက္ဒ္ရဲ႕ ျဖတ္တင္ေဘာကို ေပၚတူဂီသားႀကီးက လင္ဂတ္ကို ခ်ေပးခဲ့သလို လင္ဂတ္ ပိတ္မိေနခ်ိန္မွာေတာ့ ေနာက္ကို ျပန္ထြက္လာတဲ့ ေဘာလုံးကို သူက ေထာင့္က်ဥ္းအေနအထားကေန အဆုံးသတ္ၿပီး အိုးလ္ထရက္ဖို႔ဒ္ ပရိသတ္ေတြကို အေပ်ာ္ေတြနဲ႔ ေပါက္ကြဲေစခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာ ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ သူငယ္ခ်င္းျဖစ္သူ ဖာဒီနန္ဆီ မက္ေဆ့ပို႔ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ယုံၾကည္မႈကို ျပသခဲ့တဲ့ စာမွာ “ငါ့ကစားပုံ မေကာင္းမွန္း ငါသိတယ္။ ဒါေပမယ့္ အဆုံးသတ္မွာေတာ့ ဂိုးသြင္းႏိုင္လိမ့္မယ္လို႔ သိေနတယ္”လို႔ ပါဝင္ခဲ့သလို BT Sport ရဲ႕ တင္ဆက္သူ ေနာက္ခံလူေဟာင္းက လူသိရွင္ၾကား ျပန္လည္တင္ျပခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အသင္းရဲ႕ ကစားထားၿပီးသမွ် ပြဲစဥ္ ၅ ပြဲမွာ ၅ ဂိုး သြင္းယူေပးထားခဲ့ၿပီး ႏိုင္ပြဲေတြရဲ႕ အေၾကာင္းရင္းလည္း ျဖစ္ေနသလို ဒီေန႔ပြဲမွာလည္း တတ္စြမ္းသမွ် ႀကိဳးစားကစားခဲ့ေၾကာင္းနဲ႔ သူ႔ရဲ႕ ယုံၾကည္ခ်က္ကိုေတာ့ ဖာဒီနန္က ခ်ီးက်ဴးသြားခဲ့တာပါ။

“ဒီေန႔မွာ ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က အိုလီ(ဆိုးလ္ရွား)လိုခ်င္သလိုမ်ိဳး မေကာင္းခဲ့ဘူး။ ဒါေပမယ့္ သူ႔အေနနဲ႔ ယုံယုံၾကည္ၾကည္နဲ႔ ႀကိဳးစားခဲ့သလို အသင္းေဖာ္ေတြကလည္း ေထာက္ပံ့ေပးခဲ့ၾကတယ္။ ဒါေပမယ့္ ဂိုးလိုေနခ်ိန္မွာ ဒီလို လူစာရင္းမ်ိဳး၊ ဒီလိုကြင္းမ်ိဳး၊ ဒီလိုပရိသတ္မ်ိဳးေတြနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ႐ုန္းအားေတြကို အားကိုးလို႔ ရႏိုင္ပါတယ္”လို႔ ဖာဒီနန္က ေဝဖန္သုံးသပ္သြားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုကိုေတာ့ “သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းေကာင္းနဲ႔အတူ အခြင့္အေရးေပၚလာမယ့္ ေနရာေတြမွာ ရွိေနႏိုင္ဖို႔ သူႀကိဳးစားခဲ့ပါတယ္။ ႀကီးမားတဲ့ အခိုက္အတန႔္ေတြအတြက္ေတာ့ သူဟာ ႀကီးမားတဲ့ ပါဝင္သူပါပဲ။ အသင္းရဲ႕ အဝတ္လဲခန္းထဲက စိတ္ဓာတ္ကို သူက ျမႇင့္တင္ေပးႏိုင္တယ္။ အခြင့္အေရးကို အသုံးခ်ဖို႔ သူက အသင့္ျဖစ္ေနတယ္။ ဒါက ခင္ဗ်ားအတြက္ စိတ္သက္သာစရာအေကာင္းဆုံးကိစၥေပါ့ဗ်ာ”လို႔ ဖာဒီနန္က ခ်ီးက်ဴးခဲ့ပါတယ္။

နည္းျပ ဆိုးလ္ရွားကေတာ့ မ်က္ႏွာမွာ မထိန္းႏိုင္မသိမ္းႏိုင္ အၿပဳံးကို ဆင္ယင္ထားၿပီး “ခရစၥတီယာႏို ကြင္းထဲမွာ ရွိေနရင္ ဂိုးရဖို႔ အခြင့္အေရးက ျဖစ္လာမွာပဲ။ သူ႔ရဲ႕ ဂိုးေရွ႕က ပုံစံက အားလုံးအတြက္ ႀကီးမားတဲ့ သက္ေရာက္မႈကို ျဖစ္ေစၿပီး တစ္သင္းလုံးအတြက္ေရာ ပရိသတ္ေတြအတြက္ေရာေပါ့”လို႔ ပြဲအၿပီးမွာ ေျပာၾကားသြားပါတယ္။

“ဒါမ်ိဳး သူလုပ္ျပခဲ့တာ မ်ားပါၿပီ။ ၿပီးခဲ့တဲ့လက ေပၚတူဂီနဲ႔ အိုင္ယာလန္ပြဲမွာဆို လုပ္ျပခဲ့တာကို ခင္ဗ်ားတို႔ ေတြ႕ခဲ့ၿပီးၿပီ မဟုတ္လား။ ပြဲခ်ိန္ထဲမွာ ပင္နယ္တီ လြဲခဲ့ေပမယ့္ ေနာက္ဆုံးမိနစ္ေတြမွာ ႏွစ္ဂိုးေတာင္ ေခါင္းတိုက္သြင္းယူေပးခဲ့တာပါ။ ဒါက သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္မွာ လုပ္ေနက် ပုံစံျဖစ္သလို ပြဲကို ေျပာင္းလဲဖို႔ သူက အၿမဲႀကိဳးစားေနတာျဖစ္ၿပီး အခုလို အခြင့္အေရးေတာ့ ဂိုးျဖစ္သြားတာပါပဲ”

ဆိုးလ္ရွားက ဒီေန႔ပြဲမွာ ေရာ္နယ္လ္ဒိုအတြက္ အေကာင္းဆုံး အခြင့္အေရးလို႔ ေျပာလို႔ရတဲ့ ႏွစ္ႀကိမ္ဟာ Half Chance လို႔ေခၚတဲ့ ၅၀-၅၀ တဝက္ အခြင့္အေရးေတြသာျဖစ္ၿပီး ဒီလိုအေနအထားမ်ိဳးမွာ သူ႔အေနနဲ႔ အႀကီးက်ယ္ဆုံး အဆုံးသတ္သမားဆိုတာကို မွတ္ေက်ာက္တင္ခံရင္း ျပသသြားႏိုင္တယ္လို႔လည္း ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.