Match Report Premier League UCL&UEL

ယူရိုပါလိဂ်မှာ ရက်ပစ် ဗီယင်နာနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပထမကစားသမား တစ်ဝက်လောက်နဲ့ အရန်ကစားသမား တစ်‌ဝက်လောက်ကို ပေါင်းစပ်ပွဲထုတ်ခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ်နဲ့ မလွဲချော်စေဖို့အတွက်တော့ ဒက်ကလန် ရိုက်စ်၊ အန်တိုနီယို၊ ဘန်ရာမာနဲ့ ခရက်စ်ဝဲလ်တို့လို ကစားသမားတွေကိုတော့ နည်းပြ ဒေးဗစ်မွိုက်စ်က မပါမဖြစ် ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဒက်ကလန် ရိုက်စ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ထိထွက်ခဲ့သလို အစ်ဆာ ဒီယော့ပ်ရဲ့ ထပ်ဆင့်ပိတ်သွင်းမှုကလည်း တိုင်ဘေးကနေ ထွက်ခဲ့လို့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပြီး ပွဲချိန် ၂၇ မိနစ်မှာလည်း နောက်ခံလူ ခရိတ် ဒေါ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချက်လည်း တိုင်ပဲထိခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၂၉ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဂိုးစရခဲ့ပြီး ဘယ်ခြမ်းကနေ အန်တိုနီယိုက ထောင့်ကျဉ်းထဲ ကန်မလိုလိုနဲ့ ချပေးတာကို မာ့ခ် နိုဘယ်လ် ပါလာလို့ ရှေ့တက်ပြီး ကွင်းလယ်တိုက်စစ်သမားတစ်ယောက်လို ကစားနေခဲ့တဲ့ ဒက်ကလန်ရိုက်စ်က ဂိုးသမားနဲ့ အနီးကပ်ကနေ အသာအယာ ပိတ်သွင်းပြီး အိမ်ကွင်းမှာ စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပြီး အန်တိုနီယိုနဲ့ ဘန်ရာမာတို့ ကြိုးစားခဲ့ပေမယ့် ဆိုးချက်၊ ဖော်နယ်လ်စ်တို့လို ကစားအားကောင်းတဲ့သူတွေ မပါဝင်ခဲ့သလို ပိတ်ကစားနေတဲ့ ရက်ပစ် ဗီယင်နာတို့ကြောင့် ဂိုးသွင်းဖို့အတွက် အပိုင်အခွင့်အရေးတွေကိုတော့ ရှာဖွေဖို့ ခက်ခဲနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အန်တိုနီယို ကြိုးစားခဲ့ပေမယ့် ဩစတြီးယားသားတွေက ပြစ်ဒဏ်ဘောပေးပြီး တားဆီးသွားခဲ့တဲ့အတွက် ဂိုးပေါက်ရှာဖို့ ခက်ခဲနေပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ အန်တိုနီယို၊ ဗလာရှစ်ချ်နဲ့ နိုဘယ်လ်တို့အစား ဘိုဝင်၊ လန်ဇီနီနဲ့ ဆိုးချက်ခ်တို့ လူစားဝင်ကစားခဲ့သလို ပွဲချိန် မိနစ် ၇၀ မှာတော့ ဗီယင်နာကစားသမား ဂရူးလ်ရဲ့ ဒိုင်ဗင်ထိုးပြီး ပင်နယ်တီရှာဖွေမှုကို ဒိုင်လူကြီးက ကနဉီးမှာ ပေးခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်သွားခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ယာမိုလန်ကိုအစား ဖော်နယ်လ်စ် လူစားဝင်ကစားခဲ့ပြီး ၈၁ မိနစ်မှာတော့ လူကြားထဲကနေ သူခင်းပေးလိုက်တဲ့ ဘောလုံးကို ဘိုဝင်ပြေးထွက်ပြီး ဂိုးသမားနဲ့ နောက်တန်းတစ်ဦးကို လိမ်ခေါက်ပြီး ကန်ခွင့်ရခဲ့ပေမယ့် သိပ်မသန်တဲ့ ညာခြေကန်ချက်က ဂိုးဘားပေါ်ပဲ ကျော်သွားခဲ့တာပါ။

နာကျင်အချိန်ပိုမှာတော့ ဝက်စ်ဟမ်းတို့အတွက် အနိုင်လှပစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ပြီး ဒက်ကလန် ရိုက်စ် ဖြတ်ယူလာတဲ့ ဘောလုံးကို ဘိုဝင် ရရှိပြီး ဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ဘန်ရာမာက နောက်ခံလူတစ်ဦးကြောင့် မြင်ကွင်းပိတ်နေတဲ့ ရက်ပစ်ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို လှမ်းကန်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းစေခဲ့သလို နှစ်ပွဲကစား နှစ်ပွဲနိုင်နဲ့ ယူရိုပါလိဂ်အုပ်စု(H)ကို ဦးဆောင်ထားခဲ့ပါကြောင်း ‌ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပထမကစားသမား တစ္ဝက္ေလာက္နဲ႔ အရန္ကစားသမား တစ္‌ဝက္ေလာက္ကို ေပါင္းစပ္ပြဲထုတ္ခဲ့ၿပီး အိမ္ကြင္းမွာ အႏိုင္ရလဒ္နဲ႔ မလြဲေခ်ာ္ေစဖို႔အတြက္ေတာ့ ဒက္ကလန္ ႐ိုက္စ္၊ အန္တိုနီယို၊ ဘန္ရာမာနဲ႔ ခရက္စ္ဝဲလ္တို႔လို ကစားသမားေတြကိုေတာ့ နည္းျပ ေဒးဗစ္မြိဳက္စ္က မပါမျဖစ္ ပြဲထုတ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိထြက္ခဲ့သလို အစ္ဆာ ဒီေယာ့ပ္ရဲ႕ ထပ္ဆင့္ပိတ္သြင္းမႈကလည္း တိုင္ေဘးကေန ထြက္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာလည္း ေနာက္ခံလူ ခရိတ္ ေဒၚဆန္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ခ်က္လည္း တိုင္ပဲထိခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ဂိုးစရခဲ့ၿပီး ဘယ္ျခမ္းကေန အန္တိုနီယိုက ေထာင့္က်ဥ္းထဲ ကန္မလိုလိုနဲ႔ ခ်ေပးတာကို မာ့ခ္ ႏိုဘယ္လ္ ပါလာလို႔ ေရွ႕တက္ၿပီး ကြင္းလယ္တိုက္စစ္သမားတစ္ေယာက္လို ကစားေနခဲ့တဲ့ ဒက္ကလန္႐ိုက္စ္က ဂိုးသမားနဲ႔ အနီးကပ္ကေန အသာအယာ ပိတ္သြင္းၿပီး အိမ္ကြင္းမွာ စတင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၿပီး အန္တိုနီယိုနဲ႔ ဘန္ရာမာတို႔ ႀကိဳးစားခဲ့ေပမယ့္ ဆိုးခ်က္၊ ေဖာ္နယ္လ္စ္တို႔လို ကစားအားေကာင္းတဲ့သူေတြ မပါဝင္ခဲ့သလို ပိတ္ကစားေနတဲ့ ရက္ပစ္ ဗီယင္နာတို႔ေၾကာင့္ ဂိုးသြင္းဖို႔အတြက္ အပိုင္အခြင့္အေရးေတြကိုေတာ့ ရွာေဖြဖို႔ ခက္ခဲေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အန္တိုနီယို ႀကိဳးစားခဲ့ေပမယ့္ ဩစႀတီးယားသားေတြက ျပစ္ဒဏ္ေဘာေပးၿပီး တားဆီးသြားခဲ့တဲ့အတြက္ ဂိုးေပါက္ရွာဖို႔ ခက္ခဲေနၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အန္တိုနီယို၊ ဗလာရွစ္ခ်္နဲ႔ ႏိုဘယ္လ္တို႔အစား ဘိုဝင္၊ လန္ဇီနီနဲ႔ ဆိုးခ်က္ခ္တို႔ လူစားဝင္ကစားခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဗီယင္နာကစားသမား ဂ႐ူးလ္ရဲ႕ ဒိုင္ဗင္ထိုးၿပီး ပင္နယ္တီရွာေဖြမႈကို ဒိုင္လူႀကီးက ကနဉီးမွာ ေပးခဲ့ေပမယ့္ VAR နဲ႔ ပယ္ဖ်က္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ယာမိုလန္ကိုအစား ေဖာ္နယ္လ္စ္ လူစားဝင္ကစားခဲ့ၿပီး ၈၁ မိနစ္မွာေတာ့ လူၾကားထဲကေန သူခင္းေပးလိုက္တဲ့ ေဘာလုံးကို ဘိုဝင္ေျပးထြက္ၿပီး ဂိုးသမားနဲ႔ ေနာက္တန္းတစ္ဦးကို လိမ္ေခါက္ၿပီး ကန္ခြင့္ရခဲ့ေပမယ့္ သိပ္မသန္တဲ့ ညာေျခကန္ခ်က္က ဂိုးဘားေပၚပဲ ေက်ာ္သြားခဲ့တာပါ။

နာက်င္အခ်ိန္ပိုမွာေတာ့ ဝက္စ္ဟမ္းတို႔အတြက္ အႏိုင္လွပေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့ၿပီး ဒက္ကလန္ ႐ိုက္စ္ ျဖတ္ယူလာတဲ့ ေဘာလုံးကို ဘိုဝင္ ရရွိၿပီး ဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ ဘန္ရာမာက ေနာက္ခံလူတစ္ဦးေၾကာင့္ ျမင္ကြင္းပိတ္ေနတဲ့ ရက္ပစ္ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ကို လွမ္းကန္ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းေစခဲ့သလို ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္နဲ႔ ယူ႐ိုပါလိဂ္အုပ္စု(H)ကို ဦးေဆာင္ထားခဲ့ပါေၾကာင္း ‌ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.