Match Report Premier League Serie A UCL&UEL

တိုက်စစ်ကို အဖြေမရှာနိုင်သေးဘဲ တူရင်မှာ ဂျူဗီနဲ့ ရှုံးပွဲတွေ့တဲ့ ချဲလ်ဆီးနဲ့ တူဟယ်လ်

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်မှာ မေဆန်မောင့် မပါနိုင်ရင် တိုက်စစ်လမ်းကြောင်းတွေ မပွင့်တဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘဲ ကျန်တဲ့ ကွင်းလယ်ကစားသမားတွေရဲ့ ဖန်တီးပုံ အားနည်းမှုမှာ ရုန်းကန်နေရတာကို ဆက်တိုက်တွေ့မြင်နေခဲ့ရပြီး ဒီနေ့ပွဲမှာလည်း ဂျူဗင်တပ်စ်အသင်းကို တူရင်မှာ တစ်လုံးတည်းသော ဂိုးနဲ့ မတုံ့ပြန်နိုင်ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ခံစစ်မှာ သီယာဂို ဆေးလ်ဗားအပါအဝင် လူစုံထုတ်ခဲ့ပြီး ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုတို့ ကွင်းလယ်အထိုင်ရှေ့မှာ လူကာကူးနဲ့ ဟာဗတ်ဇ်တို့ကို ဇီးယက်ရှ်နဲ့ တွဲပေးဖို့ ကြိုးစားခဲ့တဲ့ တူဟယ်လ်အနေနဲ့ အက်ဇ်ပီလီကွေတာနဲ့ အလွန်ဆိုတို့ကို Wing Back တွေနေရာမှာ မပြောင်းမလဲ သုံးစွဲခဲ့တာကတော့ ဆက်လက်ဝေဖန်ရမယ့် အချက်လည်းဖြစ်နေပြီး သူ့အနေနဲ့ တိုက်စစ်နဲ့ ခံစစ် ချိန်ခွင်လျှာကို ကောင်းကောင်းမတွက်တတ်သလိုဖြစ်နေခဲ့ပါတယ်။

ခံစစ်ကစားချိန်မှာ ၇ ယောက်အထိ ရှိနေချိန်မှာ တိုက်စစ်ပြန်ကစားမယ့် ၃ ယောက် (မန်စီးတီးနဲ့ပွဲက ၂ ယောက်သာ ရှိခဲ့)ကို ကူညီပေးမယ့် ဖန်တီးရှင်နဲ့ တောင်ပံသမားတွေ ဘယ်နှစ်ယောက်ရှိနေလဲလို့ မေးခွန်းထုတ်ရမယ့်အချိန်မှာ တူဟယ်လ်ရဲ့ ကိုဗာချစ်၊ ဂျော်ဂျင်ညို၊ အလွန်ဆိုနဲ့ အက်ဇ်ပီတို့မှာ တစ်ဖက်ဂိုးနားရောက်ရင် အားကိုးရတာက အသင်းခေါင်းဆောင် စပိန်သားရဲ့ ဖြတ်တင်ဘောတချို့သာ ရှိနေခဲ့တာပါ။

ဒီနေ့ပွဲမှာလည်း ပွဲချိန် ၇ မိနစ်မှာ အလွန်ဆိုရဲ့ ထောင့်ကန်ဘောကို အနိမ့်ဘောပေးပြီး လူကာကူးကန်တာ ဂိုးသမားတည့်တည့် ရောက်သွားခဲ့တာပဲ ပြောစရာရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေ ၇၄ ရာခိုင်နှုန်းအထိ ရယူခဲ့သလို ဂိုးကန်ချက် ၁၆ ကြိမ်ရှိပေမယ့် အဲ့ဒီတစ်ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့သလို ဖန်တီးမှုလို့ ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လီဂရီရဲ့ လက်ထက်မှာ ပုံစံပြောင်းနေတဲ့ ဂျူဗင်တပ်စ်ကတော့ တန်ပြန်တိုက်စစ်ကို အားပြုတဲ့အသင်းတစ်သင်းဖြစ်နေခဲ့ပြီး သူ့တို့တွေလည်း ရုန်းကန်နေခဲ့ရပုံပေါ်နေသလို မာယာရှင် ကွာဒရာဒိုကတော့ သူ့ရဲ့ ထောင်ချောက်ကို ဝင်တိုးတဲ့ အလွန်ဆိုကို အဝါထိအောင် ခွင်ဆင်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန်မိနစ် ၂၀ မှာ ကိုဗာချစ် လူပေးမှားတာကနေ ခီယေဆာက ညာတောင်ပံတောက်လျှောက် ဆွဲပြေးပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မန်ဒီ ကာကွယ်သွားနိုင်ခဲ့ပြီး ဒီဂိုးမှာ နောက်ပြန်မဆင်းချင်တဲ့ အလွန်ဆိုကိုတော့ ခံစစ်နားမှာ အစအနတောင် မတွေ့ခဲ့ရသလို ဒိုင်လူကြီးက ထောင့်ကန်ဘောလို့ ညွှန်ပြပြီးတဲ့အထိ ကွင်းလယ်စည်းကိုတောင် ပြန်ကျော်မလာခဲ့သေးတာကို တွေ့ခဲ့ရတာပါ။

အိမ်ရှင်တို့ရဲ့ တန်ပြန်တိုက်စစ်နဲ့ အလုပ်မဖြစ်တဲ့ ချဲလ်ဆီးတိုက်စစ်တို့ကြား ပွဲက သိပ်ကြည့်မကောင်းခဲ့ဘဲ ပထမပိုင်းက ဂိုးမရှိသရေပဲဖြစ်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ လူတွေ စိတ်ကုန်နေတဲ့ အလွန်ဆိုအစား ချေးလ်ဝဲလ်ကို ထည့်ပြီး နည်းပြ တူဟယ်လ်က အပြောင်းအလဲစတင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ဆယ်စက္ကန့်မှာပဲ အိမ်ရှင် ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး စပေးဘောကနေ ဘိုနူချီ တင်ပေးလိုက်တဲ့ အမြင့်ဘောကို ရာဗျို ခေါင်းတိုက်ချပေးရာမှာ ရသွားတဲ့ ဘာနာဒက်စ်ခီက သီယာဂို ဆေးလ်ဗားနဲ့ ခရစ္စတင်ဆန်တို့ကြားက ထိုးပေးခဲ့ရာမှာ ခီယေဆာက ပြေးဝင်ပြီး ဂိုးသမား မန်ဒီနဲ့အတွေ့မှာ အပေါ်ထောင့်ကို လှမ်းကန်ပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

တစ်ပွဲလုံးမှာ တစ်ကြိမ်စီသာ ဂိုးပေါက်တည့်ခဲ့ကြတဲ့ အသင်းနှစ်သင်းရဲ့ ဇာတ်လမ်းက တကယ်တမ်းတော့ ပွဲချိန် ၄၆ မိနစ်ကတည်းက ပြီးဆုံးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဆက်ကစားနေကြပေမယ့် ချဲလ်ဆီးရဲ့ အိုးနင်းခွက်နင်း ဇီးယက်ရှ် ဘောလုံးဆုံးတာကို အရှက်ပြေလိုက်ဖျက်တာမှာ အနီကတ်ထိဖို့တောင် နီးစပ်ခဲ့သေးသလို ဒိုင်လူကြီးက သက်ညှာခဲ့ရတာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ အက်ဇ်ပီ၊ ဇီးယက်ရှ်နဲ့ ဂျော်ဂျင်ညိုတို့အစား ဟဒ်ဆန်-အိုဒွိုင်း၊ လော့ဖ်တပ်စ်ချိခ်နဲ့ ချာလိုဘာတို့ကို လူစားထပ်လဲခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ကွာဒရာဒို ဖြတ်တင်ပေးတာကို ဘာနာဒက်စ်ခီ အသုံးမချနိုင်ခဲ့လို့ ချဲလ်ဆီးတို့ သေချာပေါက် ဂိုးပေးရမယ့် အနေအထားကနေ သက်သာခဲ့ရပြီး နည်းပြ တူဟယ်လ်ကတော့ ဘေးစည်းမှာ အော်ဟစ်ရတာနဲ့ အလုပ်များနေခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာ ဘာကလီနဲ့ လူစားလဲခဲ့တဲ့ နောက်ခံလူ ခရစ္စတင်ဆန်ကိုတောင် နှုတ်ဆက်ဖို့ မေ့နေခဲ့တာပါ။

စီးရီအေက ပူပူနွေးနွေး ပြောင်းလာခဲ့ပြီး အီတလီနံ့မစင်သေးတဲ့ လူကာကူးကိုတော့ သူ့အကြောင်းသိနေတဲ့ ဂျူဗင်တပ်စ်နောက်ခံလူတွေနဲ့ ဂိုးသမား ရှချက်စနီတို့က ဖိအားပေးသွားနိုင်ခဲ့လို့ ဂိုးပေါက်ရှာမတွေ့ခဲ့သလို သီယာဂို ဆေးလ်ဗားရဲ့ ခေါင်းတိုက်ချက်ကနေ တစ်ဖက်ခံစစ်ရဲ့ လက်ထိခဲ့မှုကလည်း VAR နဲ့ ပင်နယ်တီမရဘဲ လွဲချော်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို ချဲလ်ဆီးတို့ အသုံးမချနိုင်ခဲ့ဘဲ တည်ကန်ဘောတွေမှာလည်း လွတ်လွတ်ကျွတ်ကျွတ် ရရှိနေခဲ့ကြတဲ့ ခေါင်းတိုက်ခွင့်တွေက ဂိုးပေါက်နဲ့ လွဲချော်နေခဲ့လို့ ချေပဂိုးတောင် ပြန်မသွင်းယူနိုင်တော့ဘဲ ၆ ကြိမ်ကန်သွင်းပြီး တစ်ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ အဖိုးတန်နိုင်ပွဲနဲ့ နှစ်ပွဲ ၆ မှတ်ရပြီး အုပ်စု(H)ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူဟယ်လ်ကတော့ အသင်းရဲ့ တိုက်စစ်ချိန်ခွင်လျှာကို မေဆန်မောင့်အပေါ် မှီခိုထားချိန်မှာ ကျန်တဲ့ ခံစစ်နဲ့ ကွင်းလယ်အထိုင်ကစားသမားတွေနဲ့ တစ်ဂိုးတည်းပေးရတာတောင် မချေပနိုင်တော့တာကို ပြောင်းလဲနိုင်ဖို့ ပြင်ဆင်ရတော့မှာဖြစ်ပြီး တောင်ပံတွေမှာ တိုက်စစ်အားသန်သူတွေကို ပိုမိုသုံးစွဲဖို့ကို စဉ်းစားရတော့မှာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္မွာ ေမဆန္ေမာင့္ မပါႏိုင္ရင္ တိုက္စစ္လမ္းေၾကာင္းေတြ မပြင့္တဲ့ ျပႆနာကို မေျဖရွင္းႏိုင္ေသးဘဲ က်န္တဲ့ ကြင္းလယ္ကစားသမားေတြရဲ႕ ဖန္တီးပုံ အားနည္းမႈမွာ ႐ုန္းကန္ေနရတာကို ဆက္တိုက္ေတြ႕ျမင္ေနခဲ့ရၿပီး ဒီေန႔ပြဲမွာလည္း ဂ်ဴဗင္တပ္စ္အသင္းကို တူရင္မွာ တစ္လုံးတည္းေသာ ဂိုးနဲ႔ မတုံ႔ျပန္ႏိုင္ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ခံစစ္မွာ သီယာဂို ေဆးလ္ဗားအပါအဝင္ လူစုံထုတ္ခဲ့ၿပီး ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ကြင္းလယ္အထိုင္ေရွ႕မွာ လူကာကူးနဲ႔ ဟာဗတ္ဇ္တို႔ကို ဇီးယက္ရွ္နဲ႔ တြဲေပးဖို႔ ႀကိဳးစားခဲ့တဲ့ တူဟယ္လ္အေနနဲ႔ အက္ဇ္ပီလီေကြတာနဲ႔ အလြန္ဆိုတို႔ကို Wing Back ေတြေနရာမွာ မေျပာင္းမလဲ သုံးစြဲခဲ့တာကေတာ့ ဆက္လက္ေဝဖန္ရမယ့္ အခ်က္လည္းျဖစ္ေနၿပီး သူ႔အေနနဲ႔ တိုက္စစ္နဲ႔ ခံစစ္ ခ်ိန္ခြင္လွ်ာကို ေကာင္းေကာင္းမတြက္တတ္သလိုျဖစ္ေနခဲ့ပါတယ္။

ခံစစ္ကစားခ်ိန္မွာ ၇ ေယာက္အထိ ရွိေနခ်ိန္မွာ တိုက္စစ္ျပန္ကစားမယ့္ ၃ ေယာက္ (မန္စီးတီးနဲ႔ပြဲက ၂ ေယာက္သာ ရွိခဲ့)ကို ကူညီေပးမယ့္ ဖန္တီးရွင္နဲ႔ ေတာင္ပံသမားေတြ ဘယ္ႏွစ္ေယာက္ရွိေနလဲလို႔ ေမးခြန္းထုတ္ရမယ့္အခ်ိန္မွာ တူဟယ္လ္ရဲ႕ ကိုဗာခ်စ္၊ ေဂ်ာ္ဂ်င္ညိဳ၊ အလြန္ဆိုနဲ႔ အက္ဇ္ပီတို႔မွာ တစ္ဖက္ဂိုးနားေရာက္ရင္ အားကိုးရတာက အသင္းေခါင္းေဆာင္ စပိန္သားရဲ႕ ျဖတ္တင္ေဘာတခ်ိဳ႕သာ ရွိေနခဲ့တာပါ။

ဒီေန႔ပြဲမွာလည္း ပြဲခ်ိန္ ၇ မိနစ္မွာ အလြန္ဆိုရဲ႕ ေထာင့္ကန္ေဘာကို အနိမ့္ေဘာေပးၿပီး လူကာကူးကန္တာ ဂိုးသမားတည့္တည့္ ေရာက္သြားခဲ့တာပဲ ေျပာစရာရွိခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈေတြ ၇၄ ရာခိုင္ႏႈန္းအထိ ရယူခဲ့သလို ဂိုးကန္ခ်က္ ၁၆ ႀကိမ္ရွိေပမယ့္ အဲ့ဒီတစ္ႀကိမ္တည္းသာ ဂိုးေပါက္တည့္ခဲ့သလို ဖန္တီးမႈလို႔ ဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လီဂရီရဲ႕ လက္ထက္မွာ ပုံစံေျပာင္းေနတဲ့ ဂ်ဴဗင္တပ္စ္ကေတာ့ တန္ျပန္တိုက္စစ္ကို အားျပဳတဲ့အသင္းတစ္သင္းျဖစ္ေနခဲ့ၿပီး သူ႔တို႔ေတြလည္း ႐ုန္းကန္ေနခဲ့ရပုံေပၚေနသလို မာယာရွင္ ကြာဒရာဒိုကေတာ့ သူ႔ရဲ႕ ေထာင္ေခ်ာက္ကို ဝင္တိုးတဲ့ အလြန္ဆိုကို အဝါထိေအာင္ ခြင္ဆင္သြားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္မိနစ္ ၂၀ မွာ ကိုဗာခ်စ္ လူေပးမွားတာကေန ခီေယဆာက ညာေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား မန္ဒီ ကာကြယ္သြားႏိုင္ခဲ့ၿပီး ဒီဂိုးမွာ ေနာက္ျပန္မဆင္းခ်င္တဲ့ အလြန္ဆိုကိုေတာ့ ခံစစ္နားမွာ အစအနေတာင္ မေတြ႕ခဲ့ရသလို ဒိုင္လူႀကီးက ေထာင့္ကန္ေဘာလို႔ ၫႊန္ျပၿပီးတဲ့အထိ ကြင္းလယ္စည္းကိုေတာင္ ျပန္ေက်ာ္မလာခဲ့ေသးတာကို ေတြ႕ခဲ့ရတာပါ။

အိမ္ရွင္တို႔ရဲ႕ တန္ျပန္တိုက္စစ္နဲ႔ အလုပ္မျဖစ္တဲ့ ခ်ဲလ္ဆီးတိုက္စစ္တို႔ၾကား ပြဲက သိပ္ၾကည့္မေကာင္းခဲ့ဘဲ ပထမပိုင္းက ဂိုးမရွိသေရပဲျဖစ္ခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ လူေတြ စိတ္ကုန္ေနတဲ့ အလြန္ဆိုအစား ေခ်းလ္ဝဲလ္ကို ထည့္ၿပီး နည္းျပ တူဟယ္လ္က အေျပာင္းအလဲစတင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ဆယ္စကၠန႔္မွာပဲ အိမ္ရွင္ ဂ်ဴဗင္တပ္စ္တို႔ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး စေပးေဘာကေန ဘိုႏူခ်ီ တင္ေပးလိုက္တဲ့ အျမင့္ေဘာကို ရာဗ်ိဳ ေခါင္းတိုက္ခ်ေပးရာမွာ ရသြားတဲ့ ဘာနာဒက္စ္ခီက သီယာဂို ေဆးလ္ဗားနဲ႔ ခရစၥတင္ဆန္တို႔ၾကားက ထိုးေပးခဲ့ရာမွာ ခီေယဆာက ေျပးဝင္ၿပီး ဂိုးသမား မန္ဒီနဲ႔အေတြ႕မွာ အေပၚေထာင့္ကို လွမ္းကန္ၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

တစ္ပြဲလုံးမွာ တစ္ႀကိမ္စီသာ ဂိုးေပါက္တည့္ခဲ့ၾကတဲ့ အသင္းႏွစ္သင္းရဲ႕ ဇာတ္လမ္းက တကယ္တမ္းေတာ့ ပြဲခ်ိန္ ၄၆ မိနစ္ကတည္းက ၿပီးဆုံးသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ဆက္ကစားေနၾကေပမယ့္ ခ်ဲလ္ဆီးရဲ႕ အိုးနင္းခြက္နင္း ဇီးယက္ရွ္ ေဘာလုံးဆုံးတာကို အရွက္ေျပလိုက္ဖ်က္တာမွာ အနီကတ္ထိဖို႔ေတာင္ နီးစပ္ခဲ့ေသးသလို ဒိုင္လူႀကီးက သက္ညႇာခဲ့ရတာျဖစ္ၿပီး ဒီေနာက္ပိုင္းမွာေတာ့ အက္ဇ္ပီ၊ ဇီးယက္ရွ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔အစား ဟဒ္ဆန္-အိုဒြိဳင္း၊ ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ခ်ာလိုဘာတို႔ကို လူစားထပ္လဲခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ကြာဒရာဒို ျဖတ္တင္ေပးတာကို ဘာနာဒက္စ္ခီ အသုံးမခ်ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေသခ်ာေပါက္ ဂိုးေပးရမယ့္ အေနအထားကေန သက္သာခဲ့ရၿပီး နည္းျပ တူဟယ္လ္ကေတာ့ ေဘးစည္းမွာ ေအာ္ဟစ္ရတာနဲ႔ အလုပ္မ်ားေနခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာ ဘာကလီနဲ႔ လူစားလဲခဲ့တဲ့ ေနာက္ခံလူ ခရစၥတင္ဆန္ကိုေတာင္ ႏႈတ္ဆက္ဖို႔ ေမ့ေနခဲ့တာပါ။

စီးရီေအက ပူပူေႏြးေႏြး ေျပာင္းလာခဲ့ၿပီး အီတလီနံ႔မစင္ေသးတဲ့ လူကာကူးကိုေတာ့ သူ႔အေၾကာင္းသိေနတဲ့ ဂ်ဴဗင္တပ္စ္ေနာက္ခံလူေတြနဲ႔ ဂိုးသမား ရွခ်က္စနီတို႔က ဖိအားေပးသြားႏိုင္ခဲ့လို႔ ဂိုးေပါက္ရွာမေတြ႕ခဲ့သလို သီယာဂို ေဆးလ္ဗားရဲ႕ ေခါင္းတိုက္ခ်က္ကေန တစ္ဖက္ခံစစ္ရဲ႕ လက္ထိခဲ့မႈကလည္း VAR နဲ႔ ပင္နယ္တီမရဘဲ လြဲေခ်ာ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အခြင့္အေရးေတြကို ခ်ဲလ္ဆီးတို႔ အသုံးမခ်ႏိုင္ခဲ့ဘဲ တည္ကန္ေဘာေတြမွာလည္း လြတ္လြတ္ကြၽတ္ကြၽတ္ ရရွိေနခဲ့ၾကတဲ့ ေခါင္းတိုက္ခြင့္ေတြက ဂိုးေပါက္နဲ႔ လြဲေခ်ာ္ေနခဲ့လို႔ ေခ်ပဂိုးေတာင္ ျပန္မသြင္းယူႏိုင္ေတာ့ဘဲ ၆ ႀကိမ္ကန္သြင္းၿပီး တစ္ဂိုးတည္းနဲ႔ ဦးေဆာင္ႏိုင္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္တို႔ အဖိုးတန္ႏိုင္ပြဲနဲ႔ ႏွစ္ပြဲ ၆ မွတ္ရၿပီး အုပ္စု(H)ကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္ကေတာ့ အသင္းရဲ႕ တိုက္စစ္ခ်ိန္ခြင္လွ်ာကို ေမဆန္ေမာင့္အေပၚ မွီခိုထားခ်ိန္မွာ က်န္တဲ့ ခံစစ္နဲ႔ ကြင္းလယ္အထိုင္ကစားသမားေတြနဲ႔ တစ္ဂိုးတည္းေပးရတာေတာင္ မေခ်ပႏိုင္ေတာ့တာကို ေျပာင္းလဲႏိုင္ဖို႔ ျပင္ဆင္ရေတာ့မွာျဖစ္ၿပီး ေတာင္ပံေတြမွာ တိုက္စစ္အားသန္သူေတြကို ပိုမိုသုံးစြဲဖို႔ကို စဥ္းစားရေတာ့မွာျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.