UCL&UEL

အသင်းအနိုင်ရဖို့ မလုပ်ဖူးတာတွေလုပ်နေရတဲ့ မက်ဆီအတွက် ရင်နာနေတဲ့ ဖာဒီနန်

လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့ညက မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီကစားသမားဘဝရဲ့ အကောင်းဆုံးညတစ်ညကို ပိုင်ဆိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့လမှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အလွန်လှပတဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဘောလုံးကို ကွင်းလယ်စည်းနားကနေ လက်ခံရယူပြီး ဂိုးရှေ့ကို ဆွဲပြေးပြီးနောက် ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီး မန်စီးတီး ဂိုးသမား အီဒါဆန်အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်ဟောင်းရဲ့ မှော်ဆန်တဲ့အခိုက်အတံ့ဖြစ်ခဲ့ပြီး မက်ဆီရဲ့သွင်းဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ ၂-၀ နဲ့ အနိုင်သေချာခဲ့ပြီး ပထမပိုင်း ၈ မိနစ်မှာ အီဒရစ်ဆာ ဂေးယီက အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပွဲကို အနိုင်ရလဒ်နဲ့ ပိတ်သိမ်းနိုင်တော့မှာဖြစ်ပေမယ့် မန်ချက်စတာစီးတီးအသင်းက အလွတ်တည်ကန်ဘော ကန်သွင်းဖို့ ပြင်ဆင်နျေိန်မှာ မက်ဆီက မမျှော်လင့်ထားတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး လူတံတိုင်းရဲ့အနောက်မှာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားဖြစ်တာကြောင့် လူတံတိုင်းနောက်မှာ လဲလျောင်းနေခဲ့တဲ့အပေါ် လူမှုကွန်ရက်မှာ တုံ့ပြန်မှုတွေ တော်တော်များများရှိခဲ့ပြီး ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန်က မက်ဆီရဲ့အဖြစ်ကို သဘောမကျဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်က မက်ဆီဟာ လူတံတိုင်းရဲ့နောက်မှာ လဲလျောင်းပြီး ကာကွယ်တဲ့အလုပ်ကို လုပ်ဆောင်ဖို့ရမယ့်သူမဟုတ်ဘဲ ဂန္တဝင်တစ်ယောက်သာဖြစ်တယ်လို့ ယုံကြည်နေပြီး တခြားတစ်ယောက်ယောက်ကသာ အဲဒီနေရာမှာ ရှိနေခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ပိုချက်တီနိုက သူ့ကို လေ့ကျင့်ရေးကွင်းမှာ အဲဒီလို လုပ်ဖို့ ပြောနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ရောက်လာပြီး ဟင့်အင်း မလုပ်ခိုင်းပါနဲ့လို့ ပြောခဲ့သင့်ပါတယ်။ လီယို မက်ဆီက အဲဒီလို ဖြစ်ရမှာမဟုတ်ပါဘူး။ အဲဒါက လေးစားမှုကင်းမဲ့တာဖြစ်ပြီး ကျွန်တော်သာဆိုရင် အဲဒီလို အလုပ်ခံမှာမဟုတ်ပါဘူး”

“ကျွန်တော်သာ အသင်းထဲမှာရှိနေတယ်ဆိုရင် နားထောင်၊ ငါ မင်းအတွက် လှဲနေပေးမယ်လို့ ပြောမိမှာပါ။ သူ့ကို အဲဒီလိုမျိုး လူတံတိုင်းနောက်မှာ လဲလျောင်းနေတာမျိုး အဖြစ်မခံနိုင်ပါဘူး။ သူ့ရဲ့ အဝတ်အစားတွေ ညစ်ပတ်အောင် လုပ်လို့မဖြစ်ဘူး။ အဲဒါမျိုးက မက်ဆီ လုပ်ရမယ့်အရာလည်း မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ အဂၤါေန႔ညက မန္ခ်က္စတာစီးတီးအသင္းကို အနိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီကစားသမားဘဝရဲ့ အေကာင္းဆုံးညတစ္ညကို ပိုင္ဆိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး မက္ဆီဟာ ၿပီးခဲ့တဲ့လမွာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ အသင္းအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့ၿပီး အလြန္လွပတဲ့ သြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ေဘာလုံးကို ကြင္းလယ္စည္းနားကေန လက္ခံရယူၿပီး ဂိုးေရွ႕ကို ဆြဲေျပးၿပီးေနာက္ ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး မန္စီးတီး ဂိုးသမား အီဒါဆန္အေနနဲ႔ ဘယ္လိုမွ မတတ္နိုင္ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းရဲ့ ေမွာ္ဆန္တဲ့အခိုက္အတံ့ျဖစ္ခဲ့ၿပီး မက္ဆီရဲ့သြင္းဂိုးေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ၂-၀ နဲ႔ အနိုင္ေသခ်ာခဲ့ၿပီး ပထမပိုင္း ၈ မိနစ္မွာ အီဒရစ္ဆာ ေဂးယီက အဖြင့္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ပြဲကို အနိုင္ရလဒ္နဲ႔ ပိတ္သိမ္းနိုင္ေတာ့မွာျဖစ္ေပမယ့္ မန္ခ်က္စတာစီးတီးအသင္းက အလြတ္တည္ကန္ေဘာ ကန္သြင္းဖို႔ ျပင္ဆင္ေန်ိန္မွာ မက္ဆီက မေမၽွာ္လင့္ထားတဲ့ လုပ္ရပ္ကို လုပ္ေဆာင္ခဲ့ၿပီး လူတံတိုင္းရဲ့အေနာက္မွာ လဲေလ်ာင္းေနခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္ဆုံး ကစားသမားျဖစ္တာေၾကာင့္ လူတံတိုင္းေနာက္မွာ လဲေလ်ာင္းေနခဲ့တဲ့အေပၚ လူမႈကြန္ရက္မွာ တုံ႔ျပန္မႈေတြ ေတာ္ေတာ္မ်ားမ်ားရွိခဲ့ၿပီး ယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ရီယို ဖာဒီနန္က မက္ဆီရဲ့အျဖစ္ကို သေဘာမက်ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖာဒီနန္က မက္ဆီဟာ လူတံတိုင္းရဲ့ေနာက္မွာ လဲေလ်ာင္းၿပီး ကာကြယ္တဲ့အလုပ္ကို လုပ္ေဆာင္ဖို႔ရမယ့္သူမဟုတ္ဘဲ ဂႏၲဝင္တစ္ေယာက္သာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး တျခားတစ္ေယာက္ေယာက္ကသာ အဲဒီေနရာမွာ ရွိေနခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပိုခ်က္တီနိုက သူ႔ကို ေလ့က်င့္ေရးကြင္းမွာ အဲဒီလို လုပ္ဖို႔ ေျပာေနတဲ့အခ်ိန္မွာ တစ္စုံတစ္ေယာက္က ေရာက္လာၿပီး ဟင့္အင္း မလုပ္ခိုင္းပါနဲ႔လို႔ ေျပာခဲ့သင့္ပါတယ္။ လီယို မက္ဆီက အဲဒီလို ျဖစ္ရမွာမဟုတ္ပါဘူး။ အဲဒါက ေလးစားမႈကင္းမဲ့တာျဖစ္ၿပီး ကၽြန္ေတာ္သာဆိုရင္ အဲဒီလို အလုပ္ခံမွာမဟုတ္ပါဘူး”

“ကၽြန္ေတာ္သာ အသင္းထဲမွာရွိေနတယ္ဆိုရင္ နားေထာင္၊ ငါ မင္းအတြက္ လွဲေနေပးမယ္လို႔ ေျပာမိမွာပါ။ သူ႔ကို အဲဒီလိုမ်ိဳး လူတံတိုင္းေနာက္မွာ လဲေလ်ာင္းေနတာမ်ိဳး အျဖစ္မခံနိုင္ပါဘူး။ သူ႔ရဲ့ အဝတ္အစားေတြ ညစ္ပတ္ေအာင္ လုပ္လို႔မျဖစ္ဘူး။ အဲဒါမ်ိဳးက မက္ဆီ လုပ္ရမယ့္အရာလည္း မဟုတ္ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.