Ligue1 Match Report Premier League UCL&UEL

ပြင်သစ်မြေမှာ မက်ဆီရဲ့ ပထမဆုံးဂိုးနဲ့ မန်စီးတီးတို့ကို ဒူးထောက်စေခဲ့တဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပရိသတ်တွေရော ဘောလုံးကျွမ်းကျင်သူတွေပါ သဘောအကျဆုံးဖြစ်မယ့် လူစာရင်းကို ထုတ်သုံးလာခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ကင်ပမ်ဘီ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်၊ ကွင်းလယ်မှာ ဗာရက်တီ၊ ဂါနာ ဂေးယီနဲ့ ဟာရဲရား၊ တိုက်စစ်မှာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို အင်အားပြည့် ခင်းကျင်းလာခဲ့ပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ တိုက်စစ်မှူး ဂျေဆူးစ်ကို သုံးစွဲခြင်းမရှိဘဲ ရှေ့တန်းမှာ စတာလင်၊ ဂရီးလစ်ရှ်၊ မာရက်ဇ်တို့နဲ့ ပွဲထွက်ခဲ့သလို ကွင်းလယ်မှာ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားကို ရိုဒရီနဲ့ တွဲပေးခဲ့ပြီး ခံစစ်မှာတော့ လာပေါ့တ်၊ ဒီယက်စ်အတွဲကို ကန်ဆယ်လိုနဲ့ ဝေါ်လ်ကာတို့က ဘယ်ညာဝန်းရံလာခဲ့တာပါ။

ပီအက်စ်ဂျီတို့ ဒီနေ့ပွဲမှာ ဘယ်လောက်ကြွတက်နေခဲ့သလဲဆိုရင် စတာလင် စပေးဘော မပေးခင်ကကို ကွင်းလယ်စက်ဝိုင်းထဲ အမ်ဘာပေက ပြေးဝင်လာခဲ့လို့ အစကနေ နောက်တစ်ကြိမ် ပြန်ပေးခဲ့ရပြီး အိမ်ရှင် ပါရီသားတွေအနေနဲ့ ဒီနေ့မှာ မန်စီးတီးရဲ့ ကွင်းလယ် ၆ ယောက်နဲ့ ဘောလုံး ယှဉ်ကိုင်မယ့်အစား ဂိုးပေါက်ကို တိုက်ရိုက်သွားတဲ့ ပုံစံကိုပဲ ဖော်ဆောင်လာခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ညာခြမ်းကနေ မက်ဆီနဲ့ တွဲပြီး အမ်ဘာပေ ချပေးတာကို အဆင်သင့်စောင့်နေတဲ့ နေမာက ချော်ကန်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဂါနာ ဂေးယီက ဘောလုံးရသွားပြီး ရူဘင် ဒီယက်စ် ဝင်ပိတ်တဲ့ကြားထဲကနေ အပြင်ကန်သွင်းခဲ့ရာမှာ အီဒါဆန် လက်တောင်မမြှောက်လိုက်ရဘဲ ပီအက်စ်ဂျီတို့ ဂိုးရရှိခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ဆရာကျတဲ့ ပေးပို့မှုကို စတာလင်ရဲ့ ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့ရာမှာ နောက်က ပါလာတဲ့ ဘာနာဒို ဆေးလ်ဗားက ပိတ်သွင်းခဲ့ပေမယ့် ဘားနဲ့ပဲ ညားခဲ့လို့ မန်စီးတီးတို့ နစ်နာခဲ့ရပြီး ဒီက ပြန်ထွက်လာတာကိုတော့ ပီအက်စ်ဂျီတို့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ပြီး လုယူသွားခဲ့လို့ ပင်နယ်တီတောင် ဝိုင်းတောင်းခဲ့ကြသေးတာဖြစ်ပါတယ်။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ ချေဂိုးရဖို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ဖိကစားနေခဲ့တဲ့ မန်စီးတီးရဲ့ ထိုးဖောက်မှုတွေကို ပီအက်စ်ဂျီတို့အနေနဲ့ ရုပ်ပျက်ဆင်းပျက်ကို ကြုံသလို ဖျက်ထုတ်နေခဲ့ရပြီး ကံကြမ္မာနဲ့ ဂိုးသမား ဒွန်နာရမ်မာ မာနှစ်မာက သူတို့ဘက်မှာ ရှိခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အိမ်ရှင်တိုက်စစ်မှူး အမ်ဘာပေကတော့ ဒီနေ့ပွဲမှာ တော်တော်ရုန်းခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှုတွေကို ဟာရဲရားနဲ့ မားကင်ညို့စ်တို့ အသုံးမချနိုင်ခဲ့သလို မန်စီးတီးဘက်ကလည်း ဂိုးရနိုင်လောက်တဲ့ အဆုံးသတ်မှုဘောင်ထဲမှာ မဝင်ခဲ့တာကြောင့် ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် အထောင်တိုက်စစ်မှူး Target Man မရှိတဲ့ ပြဿနာက ဂိုးဧရိယာအနားရောက်ရင် ဘယ်သူ့ဆီကို ဘောလုံးပေးရမယ်ဆိုတာ ပုံသေမရှိတဲ့အတွက် အာရုံများနေခဲ့ရပြီး ပီအက်စ်ဂျီတို့ရဲ့ ကာကွယ်ဖျက်ထုတ်မှုတွေကို မကျော်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မက်ဆီ ထိုးဖောက်လာခဲ့ပြီး ဟာကီမီကို အပေးမှာ သူက မန်စီးတီးနောက်တန်းကြားထဲက ဟာကွက်ဆီ ထိုးပေးခဲ့ရာမှာ နေမာ ဘောလုံးရသွားခဲ့ပေမယ့် အခွင့်အရေးကောင်းတဲ့ အမ်ဘာပေကို ပေးရမယ့်အစား တစ်ကိုယ်ကောင်းဆန်နေလို့ ပီအက်စ်ဂျီတို့ တစ်ဂိုးနစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ မန်စီးတီးတို့ရဲ့ တိုက်စစ်ကတော့ ဘောလုံးကိုင်မယ်၊ ပတ်ပေးမယ်၊ အခွင့်အရေးနည်းနည်းရရင် လှမ်းကန်မယ်၊ ဂိုးသမားဆီ ရောက်ရင်ရောက်၊ မရောက်ရင် လွဲမယ်နဲ့ပဲ သံသရာလည်နေခဲ့ပြီး ဂရီးလစ်ရှ်ကို ဖိုဒန်နဲ့ လဲကစားခဲ့ပေမယ့်လည်း ဘာမှ ထူးမလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ဒီဂိုးမှာတော့ မန်စီးတီးဘယ်ခြမ်းတိုက်စစ်ကနေ ကန်ဆယ်လို ကြံရာမရ လျှောက်ကန်ပြီး ပြန်ထွက်လာတာကနေ ဗာရက်တီက မက်ဆီကို ခင်းပေးခဲ့ပြီး ဟာကီမီက တောင်ပံက ယောင်ပြပြေးချိန်မှာ အတွင်းကို ဆွဲဝင်ခဲ့တဲ့ မက်ဆီက အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ပြီး ညာခြမ်းကို နည်းနည်းရောက်နေတဲ့ အီဒါဆန်ရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ မန်စီးတီးတို့ ဖိကစားပြီး ဂိုးရဖို့ ရှာဖွေခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘဲ နာကျင်အချိန်ပို ဖရီးကစ်ကို မာရက်ဇ်ရဲ့ ကန်သွင်းမှုမှာ လူတံတိုင်းရဲ့အောက်က အနိမ့်ဘော မကန်နိုင်အောင် လှဲပြီး ပိတ်ဆို့နေခဲ့တဲ့ မက်ဆီရဲ့ ပုံစံကပါ ပရိသတ်တွေအတွက် သဘောကျစရာ ဖြစ်ခဲ့ရပြီး ဂွါဒီယိုလာရဲ့ လူတွေကတော့ တိုက်စစ်မှူးမရှိလဲ ရပါတယ်ဆိုတဲ့ ဂျင်းနဲ့အတူ လှောင်ပြောင်စရာပဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို မက်ဆီကတော့ သူ့ရဲ့ အသင်းသစ်နဲ့ ပထမဆုံးဂိုးကို ရယူသွားခဲ့ပြီး ပိုချက်တီနိုကတော့ သူ့ရှေ့က ထိုင်ခုံရှင် ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ကို မန်ချက်စတာစီးတီးဆိုတာ ဘယ်လိုထိုးဖောက်လို့ ရတယ်ဆိုတာကို သင်ခန်းစာပို့ချသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပရိသတ္ေတြေရာ ေဘာလုံးကြၽမ္းက်င္သူေတြပါ သေဘာအက်ဆုံးျဖစ္မယ့္ လူစာရင္းကို ထုတ္သုံးလာခဲ့ၿပီး ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီ၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္၊ ကြင္းလယ္မွာ ဗာရက္တီ၊ ဂါနာ ေဂးယီနဲ႔ ဟာရဲရား၊ တိုက္စစ္မွာ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို အင္အားျပည့္ ခင္းက်င္းလာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ တိုက္စစ္မႉး ေဂ်ဆူးစ္ကို သုံးစြဲျခင္းမရွိဘဲ ေရွ႕တန္းမွာ စတာလင္၊ ဂရီးလစ္ရွ္၊ မာရက္ဇ္တို႔နဲ႔ ပြဲထြက္ခဲ့သလို ကြင္းလယ္မွာ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားကို ႐ိုဒရီနဲ႔ တြဲေပးခဲ့ၿပီး ခံစစ္မွာေတာ့ လာေပါ့တ္၊ ဒီယက္စ္အတြဲကို ကန္ဆယ္လိုနဲ႔ ေဝၚလ္ကာတို႔က ဘယ္ညာဝန္းရံလာခဲ့တာပါ။

ပီအက္စ္ဂ်ီတို႔ ဒီေန႔ပြဲမွာ ဘယ္ေလာက္ႂကြတက္ေနခဲ့သလဲဆိုရင္ စတာလင္ စေပးေဘာ မေပးခင္ကကို ကြင္းလယ္စက္ဝိုင္းထဲ အမ္ဘာေပက ေျပးဝင္လာခဲ့လို႔ အစကေန ေနာက္တစ္ႀကိမ္ ျပန္ေပးခဲ့ရၿပီး အိမ္ရွင္ ပါရီသားေတြအေနနဲ႔ ဒီေန႔မွာ မန္စီးတီးရဲ႕ ကြင္းလယ္ ၆ ေယာက္နဲ႔ ေဘာလုံး ယွဥ္ကိုင္မယ့္အစား ဂိုးေပါက္ကို တိုက္႐ိုက္သြားတဲ့ ပုံစံကိုပဲ ေဖာ္ေဆာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ညာျခမ္းကေန မက္ဆီနဲ႔ တြဲၿပီး အမ္ဘာေပ ခ်ေပးတာကို အဆင္သင့္ေစာင့္ေနတဲ့ ေနမာက ေခ်ာ္ကန္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဂါနာ ေဂးယီက ေဘာလုံးရသြားၿပီး ႐ူဘင္ ဒီယက္စ္ ဝင္ပိတ္တဲ့ၾကားထဲကေန အျပင္ကန္သြင္းခဲ့ရာမွာ အီဒါဆန္ လက္ေတာင္မေျမႇာက္လိုက္ရဘဲ ပီအက္စ္ဂ်ီတို႔ ဂိုးရရွိခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ဆရာက်တဲ့ ေပးပို႔မႈကို စတာလင္ရဲ႕ ေခါင္းတိုက္ခ်က္က ဘားထိထြက္ခဲ့ရာမွာ ေနာက္က ပါလာတဲ့ ဘာနာဒို ေဆးလ္ဗားက ပိတ္သြင္းခဲ့ေပမယ့္ ဘားနဲ႔ပဲ ညားခဲ့လို႔ မန္စီးတီးတို႔ နစ္နာခဲ့ရၿပီး ဒီက ျပန္ထြက္လာတာကိုေတာ့ ပီအက္စ္ဂ်ီတို႔ ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္ၿပီး လုယူသြားခဲ့လို႔ ပင္နယ္တီေတာင္ ဝိုင္းေတာင္းခဲ့ၾကေသးတာျဖစ္ပါတယ္။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေခ်ဂိုးရဖို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူၿပီး ဖိကစားေနခဲ့တဲ့ မန္စီးတီးရဲ႕ ထိုးေဖာက္မႈေတြကို ပီအက္စ္ဂ်ီတို႔အေနနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ကို ႀကဳံသလို ဖ်က္ထုတ္ေနခဲ့ရၿပီး ကံၾကမၼာနဲ႔ ဂိုးသမား ဒြန္နာရမ္မာ မာႏွစ္မာက သူတို႔ဘက္မွာ ရွိခဲ့လို႔သာ ဂိုးျပန္မေပးခဲ့ရတာလည္းျဖစ္ပါတယ္။

အိမ္ရွင္တိုက္စစ္မႉး အမ္ဘာေပကေတာ့ ဒီေန႔ပြဲမွာ ေတာ္ေတာ္႐ုန္းခဲ့ၿပီး သူ႔ရဲ႕ ဖန္တီးေပးမႈေတြကို ဟာရဲရားနဲ႔ မားကင္ညိဳ႕စ္တို႔ အသုံးမခ်ႏိုင္ခဲ့သလို မန္စီးတီးဘက္ကလည္း ဂိုးရႏိုင္ေလာက္တဲ့ အဆုံးသတ္မႈေဘာင္ထဲမွာ မဝင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ ဖိကစားခဲ့ေပမယ့္ အေထာင္တိုက္စစ္မႉး Target Man မရွိတဲ့ ျပႆနာက ဂိုးဧရိယာအနားေရာက္ရင္ ဘယ္သူ႔ဆီကို ေဘာလုံးေပးရမယ္ဆိုတာ ပုံေသမရွိတဲ့အတြက္ အာ႐ုံမ်ားေနခဲ့ရၿပီး ပီအက္စ္ဂ်ီတို႔ရဲ႕ ကာကြယ္ဖ်က္ထုတ္မႈေတြကို မေက်ာ္ႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန မက္ဆီ ထိုးေဖာက္လာခဲ့ၿပီး ဟာကီမီကို အေပးမွာ သူက မန္စီးတီးေနာက္တန္းၾကားထဲက ဟာကြက္ဆီ ထိုးေပးခဲ့ရာမွာ ေနမာ ေဘာလုံးရသြားခဲ့ေပမယ့္ အခြင့္အေရးေကာင္းတဲ့ အမ္ဘာေပကို ေပးရမယ့္အစား တစ္ကိုယ္ေကာင္းဆန္ေနလို႔ ပီအက္စ္ဂ်ီတို႔ တစ္ဂိုးနစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ မန္စီးတီးတို႔ရဲ႕ တိုက္စစ္ကေတာ့ ေဘာလုံးကိုင္မယ္၊ ပတ္ေပးမယ္၊ အခြင့္အေရးနည္းနည္းရရင္ လွမ္းကန္မယ္၊ ဂိုးသမားဆီ ေရာက္ရင္ေရာက္၊ မေရာက္ရင္ လြဲမယ္နဲ႔ပဲ သံသရာလည္ေနခဲ့ၿပီး ဂရီးလစ္ရွ္ကို ဖိုဒန္နဲ႔ လဲကစားခဲ့ေပမယ့္လည္း ဘာမွ ထူးမလာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ဒုတိယဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၿပီး ဒီဂိုးမွာေတာ့ မန္စီးတီးဘယ္ျခမ္းတိုက္စစ္ကေန ကန္ဆယ္လို ႀကံရာမရ ေလွ်ာက္ကန္ၿပီး ျပန္ထြက္လာတာကေန ဗာရက္တီက မက္ဆီကို ခင္းေပးခဲ့ၿပီး ဟာကီမီက ေတာင္ပံက ေယာင္ျပေျပးခ်ိန္မွာ အတြင္းကို ဆြဲဝင္ခဲ့တဲ့ မက္ဆီက အမ္ဘာေပနဲ႔ ဝမ္းတူး႐ိုက္ၿပီး ညာျခမ္းကို နည္းနည္းေရာက္ေနတဲ့ အီဒါဆန္ရဲ႕ ဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းယူသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ မန္စီးတီးတို႔ ဖိကစားၿပီး ဂိုးရဖို႔ ရွာေဖြခဲ့ေသးေပမယ့္ မေအာင္ျမင္ခဲ့ဘဲ နာက်င္အခ်ိန္ပို ဖရီးကစ္ကို မာရက္ဇ္ရဲ႕ ကန္သြင္းမႈမွာ လူတံတိုင္းရဲ႕ေအာက္က အနိမ့္ေဘာ မကန္ႏိုင္ေအာင္ လွဲၿပီး ပိတ္ဆို႔ေနခဲ့တဲ့ မက္ဆီရဲ႕ ပုံစံကပါ ပရိသတ္ေတြအတြက္ သေဘာက်စရာ ျဖစ္ခဲ့ရၿပီး ဂြါဒီယိုလာရဲ႕ လူေတြကေတာ့ တိုက္စစ္မႉးမရွိလဲ ရပါတယ္ဆိုတဲ့ ဂ်င္းနဲ႔အတူ ေလွာင္ေျပာင္စရာပဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို မက္ဆီကေတာ့ သူ႔ရဲ႕ အသင္းသစ္နဲ႔ ပထမဆုံးဂိုးကို ရယူသြားခဲ့ၿပီး ပိုခ်က္တီႏိုကေတာ့ သူ႔ေရွ႕က ထိုင္ခုံရွင္ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ကို မန္ခ်က္စတာစီးတီးဆိုတာ ဘယ္လိုထိုးေဖာက္လို႔ ရတယ္ဆိုတာကို သင္ခန္းစာပို႔ခ်သြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.