Analysis Premier League UCL&UEL

ဂျုံးစ်နဲ့ ထိရင် ရွှေနဲ့ ပေါ်တို 1-5 လီဗာပူးလ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ဟန်ဒါဆန်ရဲ့ မှတ်တိုင် ၄၀၀
အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းနဲ့ ပွဲပေါင်း ၄၀၀ ပြည့်မြောက်သွားခဲ့ပြီး ဒီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း ၆၀ ပြည့်မြောက်ဖို့ တစ်ပွဲသာ လိုတော့တာဖြစ်ပါတယ်။ တစ်သင်းတည်းမှာ စွဲစွဲမြဲမြဲနဲ့ ကာလကြာရှည်ကစားတဲ့ ခေတ်မျိုး မဟုတ်တော့ချိန်မှာ ဒီလိုမျိုး အသင်းနဲ့ ပွဲစံချိန်တင်နိုင်သူတွေဟာလည်း ဒီနေ့ခေတ်မှာ နည်းပါးလာခဲ့ချိန်မှာ ဟန်ဒါဆန်ကတော့ သူ့အရင် လက်လွှဲယူခဲ့တဲ့ ကပ္ပတိန်ဟောင်း စတီဗင် ဂျရတ်နောက်မှာ ဒုတိယမြောက် ပွဲ ၄၀၀ ပြည့်သူလည်းဖြစ်ခဲ့ပြီး အန်းဖီးလ်မှာ ၁၀ နှစ်တာ ရှိခဲ့ချိန်မှာတော့ စံချိန်သစ်တွေကို ရှာဖွေဦးမလား စောင့်ကြည့်ရမှာပါ။

ထိလိုက်ရင်ကို ရွှေဖြစ်နေတဲ့ ကားတစ်ဂျုံးစ်
ဒီနေ့ပွဲမှာ ဘောလုံးပွဲတွေရဲ့ တရားဝင် တွက်ချက်မှုဖြစ်တဲ့ ဂိုးသွင်းမယ့်သူဆီ ဘယ်သူနဲ့မှ မထိခင် နောက်ဆုံးပေးပို့မှုကို ပြုလုပ်နိုင်သူကိုမှ ဖန်တီးသူအဖြစ် သတ်မှတ်ချက်အရ ၂ ကြိမ် ဖန်တီးနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ဂိုးပါဝင်ပတ်သက်မှုအရတော့ ၄ ကြိမ်ရှိခဲ့ပြီး ကျန်တဲ့ ၂ ဂိုးကိုလည်း သူ့ရဲ့ ကန်ချက်တွေကနေ အသင်းဖော်တွေက ပိတ်သွင်းသွားခဲ့ကြတာပါ။ စတီဗင် ဂျရတ်ရဲ့ ကျောနံပါတ်ဟောင်း ၁၇ ကို ဆက်ခံထားခဲ့တဲ့ ကားတစ်ဂျုံးစ်အနေနဲ့ ကွင်းလယ်ဘယ်ခြမ်းမှာ ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းကို ပြသနေသလို ဒီရာသီ ကစားထားခဲ့သမျှ ၅ ပွဲမှာလည်း ၁ ဂိုး သွင်းပြီး ၃ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ပေါ်တိုနဲ့ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတယ်လေ
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ ချန်ပီယံလိဂ်မှာ ပေါ်တိုနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းမှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူ့လက်ထက် တွေ့ဆုံမှု ၅ ကြိမ်မှာ ၄ ပွဲနိုင် ၁ ပွဲသရေမှတ်တမ်းကို ရရှိထားပြီး ၁၅ ဂိုးသွင်းနိုင်သလို Clean Sheet ၃ ပွဲ ရယူထားခဲ့တာက သူတို့အတွက် ဘယ်ပြိုင်ဘက်နဲ့မဆို နှိုင်းယှဉ်ရင် အကောင်းဆုံးရလဒ်ပဲဖြစ်နေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့လည်း ပေါ်တိုနဲ့ တွေ့ဆုံဖူးသမျှ ၉ ကြိမ်မှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးဘဲ ၆ ပွဲနိုင် ၃ ပွဲရေ ရလဒ် ထွက်ပေါ်ထားတာမို့ သူတို့တွေအနေနဲ့ “ပေါ်တိုနဲ့ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတယ်လေ”လို့ ပြောရမလိုကို ဖြစ်နေခဲ့တာပါ။

တောက်ပပြန်တဲ့ အီဂျစ် ဖာရိုး
အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ ဒီနေ့ပွဲမှာလည်း ပေါ်တိုဘက်ကို အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ဒီရာသီမှာ တစ်ပွဲတစ်ဂိုးနှုန်း ရရှိထားသလို နောက်ဆုံး ၆ ပွဲဆက်တိုက်မှာ အနည်းဆုံး တစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဖာရိုးဘုရင်ကြီးလို့ ခေါ်ကြတဲ့ လီဗာပူးလ်တောင်ပံကစားသမားဟာ ချန်ပီယံလိဂ်မှာလည်း အာဖရိကသားတွေထဲက သွင်းဂိုး ၃၀ ပြည့်မြောက်တဲ့ တတိယမြောက် တိုက်စစ်မှူးအဖြစ် ဒီဒီယေး ဒရော့ဘာ (၄၄ ဂိုး)နဲ့ ဆမ်မြူရယ်လ် အီတူး (၃၀ ဂိုး)တို့နောက်မှာ မှတ်တမ်းရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ညာနောက်ခံလူကြီးကို ဖြစ်နေတဲ့ မီလ်နာ
ဒီရာသီမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အဖျားအနာနဲ့ ဒဏ်ရာတွေကြောင့် ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာအနေနဲ့ ဒီနေရာကို နှစ်ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့ရပြန်ပြီး အသက် ၃၅ နှစ်အရွယ်မှာ ပြိုင်ဘက်တိုက်စစ်မှူးတွေရဲ့ အမြန်နှုန်းကို သိပ်မယှဉ်နိုင်တာကလွဲရင် ကျန်တဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ပြောစရာမရှိအောင် ထူးချွန်နေဆဲဆိုတာကို ပြသနိုင်ခဲ့တာပါ။ ပဲလေ့စ်နဲ့ပွဲမှာလည်း မာယာများတဲ့ တောင်ပံသမား ဇာဟာကို ထိန်းပြခဲ့တဲ့ မီလ်နာဟာ ဒီနေ့ပွဲရဲ့ ပထမပိုင်းပြီးခါနီးမှာ မာနေး ဂိုးသွင်းယူဖို့ လှပတဲ့ ဖြတ်တင်ဘောတစ်ကြိမ်နဲ့ ဖန်တီးနိုင်ခဲ့ပြီး ဖျက်ထုတ်မှု ၆ ကြိမ်၊ ဘောလုံးဆယ်ယူနိုင်မှု ၄ ကြိမ်နဲ့ လေထဲမှာ လုယူမှု ၃ ကြိမ် အောင်မြင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မှော်ဝင် မာနေးရဲ့ အကောင်းဆုံး တုံ့ပြန်မှု
ပြီးခဲ့တဲ့ ရာသီနဲ့ ဒီရာသီအစမှာ လွဲချော်မှုတွေ များခဲ့ပြီး ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဆာဒီယို မာနေးအနေနဲ့ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေကထက် မလိုအပ်ဘဲ ကန်သွင်းမှုတွေကိုလည်း လျှော့ချပြီး ကစားဟန်ကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ပါးနပ်တဲ့ ပြေးထွက်မှုနဲ့ မီလ်နာရဲ့ ဖြတ်တင်ဘောကို အဆုံးသတ်နိုင်ခဲ့သလို ပေါ်တိုနဲ့ တွေ့ဆုံမှု ၅ ကြိမ်မှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ လီဗာပူးလ် ကစာသမားတွေထဲက အသင်းတစ်သင်းဘက်ကို ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။

ဂျိုတာ ဂွမ်းနေချိန်မှာ ၂ ဂိုးဝင်သွင်းပြီး ပွဲထွက်ခွင့်တောင်းဆိုလိုက်တဲ့ ဖာမီနို
ဒီယိုဂို ဂျိုတာကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့် ၂ ပွဲဆက် ဂိုးသွင်းမှုနဲ့ ဖာမီနိုကို ဖယ်ထုတ်ခဲ့အပြီးမှာ ၃ ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာမှ တစ်ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာလည်း ပေါ်တူဂီသားအနေနဲ့ ဂိုးမသွင်းနိုင်သေးဘဲ ပေါ်တိုကွင်းမှာ အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့တာပါ။ ဒီပွဲရဲ့ ပွဲချိန် ၆၇ မိနစ်မှာတော့ ပရိသတ်တွေရဲ့ ဘော်ဘီအနေနဲ့ ကွင်းထဲ ဝင်ကစားခဲ့ပြီး ၁၀ မိနစ်အကြာမှာတော့ ပြင်းပြတဲ့ ကြိုးစားအားထုတ်မှုနဲ့ ဂိုးစတင်သွင်းယူခဲ့သလို နောက်ထပ် ၄ မိနစ်အကြာမှာလည်း နောက်တစ်ဂိုးသွင်းယူခဲ့ပြီး သူ့ရဲ့ ရာသီကြို ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကျဆင်းမှုတွေကြောင် ပျောက်ဆုံးခဲ့ရတဲ့ ပွဲထွက်နေရာကို ပြန်လည်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟန္ဒါဆန္ရဲ႕ မွတ္တိုင္ ၄၀၀
အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းနဲ႔ ပြဲေပါင္း ၄၀၀ ျပည့္ေျမာက္သြားခဲ့ၿပီး ဒီအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာလည္း ၆၀ ျပည့္ေျမာက္ဖို႔ တစ္ပြဲသာ လိုေတာ့တာျဖစ္ပါတယ္။ တစ္သင္းတည္းမွာ စြဲစြဲၿမဲၿမဲနဲ႔ ကာလၾကာရွည္ကစားတဲ့ ေခတ္မ်ိဳး မဟုတ္ေတာ့ခ်ိန္မွာ ဒီလိုမ်ိဳး အသင္းနဲ႔ ပြဲစံခ်ိန္တင္ႏိုင္သူေတြဟာလည္း ဒီေန႔ေခတ္မွာ နည္းပါးလာခဲ့ခ်ိန္မွာ ဟန္ဒါဆန္ကေတာ့ သူ႔အရင္ လက္လႊဲယူခဲ့တဲ့ ကပၸတိန္ေဟာင္း စတီဗင္ ဂ်ရတ္ေနာက္မွာ ဒုတိယေျမာက္ ပြဲ ၄၀၀ ျပည့္သူလည္းျဖစ္ခဲ့ၿပီး အန္းဖီးလ္မွာ ၁၀ ႏွစ္တာ ရွိခဲ့ခ်ိန္မွာေတာ့ စံခ်ိန္သစ္ေတြကို ရွာေဖြဦးမလား ေစာင့္ၾကည့္ရမွာပါ။

ထိလိုက္ရင္ကို ေ႐ႊျဖစ္ေနတဲ့ ကားတစ္ဂ်ဳံးစ္
ဒီေန႔ပြဲမွာ ေဘာလုံးပြဲေတြရဲ႕ တရားဝင္ တြက္ခ်က္မႈျဖစ္တဲ့ ဂိုးသြင္းမယ့္သူဆီ ဘယ္သူနဲ႔မွ မထိခင္ ေနာက္ဆုံးေပးပို႔မႈကို ျပဳလုပ္ႏိုင္သူကိုမွ ဖန္တီးသူအျဖစ္ သတ္မွတ္ခ်က္အရ ၂ ႀကိမ္ ဖန္တီးႏိုင္ခဲ့တဲ့ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္လူဟာ ဂိုးပါဝင္ပတ္သက္မႈအရေတာ့ ၄ ႀကိမ္ရွိခဲ့ၿပီး က်န္တဲ့ ၂ ဂိုးကိုလည္း သူ႔ရဲ႕ ကန္ခ်က္ေတြကေန အသင္းေဖာ္ေတြက ပိတ္သြင္းသြားခဲ့ၾကတာပါ။ စတီဗင္ ဂ်ရတ္ရဲ႕ ေက်ာနံပါတ္ေဟာင္း ၁၇ ကို ဆက္ခံထားခဲ့တဲ့ ကားတစ္ဂ်ဳံးစ္အေနနဲ႔ ကြင္းလယ္ဘယ္ျခမ္းမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းကို ျပသေနသလို ဒီရာသီ ကစားထားခဲ့သမွ် ၅ ပြဲမွာလည္း ၁ ဂိုး သြင္းၿပီး ၃ ဂိုး ဖန္တီးထားႏိုင္ခဲ့ပါတယ္။

ေပၚတိုနဲ႔ဆို ကိုယ့္ကိုယ္ကို အၿမဲယုံၾကည္မႈရွိတယ္ေလ
လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ခ်န္ပီယံလိဂ္မွာ ေပၚတိုနဲ႔ ေတြ႕ဆုံတိုင္း ရလဒ္ေကာင္းမႈကို ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး သူ႔လက္ထက္ ေတြ႕ဆုံမႈ ၅ ႀကိမ္မွာ ၄ ပြဲႏိုင္ ၁ ပြဲသေရမွတ္တမ္းကို ရရွိထားၿပီး ၁၅ ဂိုးသြင္းႏိုင္သလို Clean Sheet ၃ ပြဲ ရယူထားခဲ့တာက သူတို႔အတြက္ ဘယ္ၿပိဳင္ဘက္နဲ႔မဆို ႏႈိင္းယွဥ္ရင္ အေကာင္းဆုံးရလဒ္ပဲျဖစ္ေနပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔လည္း ေပၚတိုနဲ႔ ေတြ႕ဆုံဖူးသမွ် ၉ ႀကိမ္မွာ ရႈံးပြဲတစ္ပြဲမွ မရွိေသးဘဲ ၆ ပြဲႏိုင္ ၃ ပြဲေရ ရလဒ္ ထြက္ေပၚထားတာမို႔ သူတို႔ေတြအေနနဲ႔ “ေပၚတိုနဲ႔ဆို ကိုယ့္ကိုယ္ကို အၿမဲယုံၾကည္မႈရွိတယ္ေလ”လို႔ ေျပာရမလိုကို ျဖစ္ေနခဲ့တာပါ။

ေတာက္ပျပန္တဲ့ အီဂ်စ္ ဖာ႐ိုး
အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားကေတာ့ ဒီေန႔ပြဲမွာလည္း ေပၚတိုဘက္ကို အသင္းအတြက္ ၂ ဂိုးသြင္းယူၿပီး ဒီရာသီမွာ တစ္ပြဲတစ္ဂိုးႏႈန္း ရရွိထားသလို ေနာက္ဆုံး ၆ ပြဲဆက္တိုက္မွာ အနည္းဆုံး တစ္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ ဖာ႐ိုးဘုရင္ႀကီးလို႔ ေခၚၾကတဲ့ လီဗာပူးလ္ေတာင္ပံကစားသမားဟာ ခ်န္ပီယံလိဂ္မွာလည္း အာဖရိကသားေတြထဲက သြင္းဂိုး ၃၀ ျပည့္ေျမာက္တဲ့ တတိယေျမာက္ တိုက္စစ္မႉးအျဖစ္ ဒီဒီေယး ဒေရာ့ဘာ (၄၄ ဂိုး)နဲ႔ ဆမ္ျမဴရယ္လ္ အီတူး (၃၀ ဂိုး)တို႔ေနာက္မွာ မွတ္တမ္းေရးထိုးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ညာေနာက္ခံလူႀကီးကို ျဖစ္ေနတဲ့ မီလ္နာ
ဒီရာသီမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ အဖ်ားအနာနဲ႔ ဒဏ္ရာေတြေၾကာင့္ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာအေနနဲ႔ ဒီေနရာကို ႏွစ္ပြဲေျမာက္အျဖစ္ ပါဝင္ကစားခဲ့ရျပန္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္မွာ ၿပိဳင္ဘက္တိုက္စစ္မႉးေတြရဲ႕ အျမန္ႏႈန္းကို သိပ္မယွဥ္ႏိုင္တာကလြဲရင္ က်န္တဲ့ စြမ္းေဆာင္ရည္ပိုင္းမွာ ေျပာစရာမရွိေအာင္ ထူးခြၽန္ေနဆဲဆိုတာကို ျပသႏိုင္ခဲ့တာပါ။ ပဲေလ့စ္နဲ႔ပြဲမွာလည္း မာယာမ်ားတဲ့ ေတာင္ပံသမား ဇာဟာကို ထိန္းျပခဲ့တဲ့ မီလ္နာဟာ ဒီေန႔ပြဲရဲ႕ ပထမပိုင္းၿပီးခါနီးမွာ မာေနး ဂိုးသြင္းယူဖို႔ လွပတဲ့ ျဖတ္တင္ေဘာတစ္ႀကိမ္နဲ႔ ဖန္တီးႏိုင္ခဲ့ၿပီး ဖ်က္ထုတ္မႈ ၆ ႀကိမ္၊ ေဘာလုံးဆယ္ယူႏိုင္မႈ ၄ ႀကိမ္နဲ႔ ေလထဲမွာ လုယူမႈ ၃ ႀကိမ္ ေအာင္ျမင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေမွာ္ဝင္ မာေနးရဲ႕ အေကာင္းဆုံး တုံ႔ျပန္မႈ
ၿပီးခဲ့တဲ့ ရာသီနဲ႔ ဒီရာသီအစမွာ လြဲေခ်ာ္မႈေတြ မ်ားခဲ့ၿပီး ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ရတဲ့ ဆာဒီယို မာေနးအေနနဲ႔ ဂိုးေပါက္ ျပန္ရွာေတြ႕ခဲ့သလို ၿပီးခဲ့တဲ့ ပြဲေတြကထက္ မလိုအပ္ဘဲ ကန္သြင္းမႈေတြကိုလည္း ေလွ်ာ့ခ်ၿပီး ကစားဟန္ကို ေျပာင္းလဲလာခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေတာ့ ပါးနပ္တဲ့ ေျပးထြက္မႈနဲ႔ မီလ္နာရဲ႕ ျဖတ္တင္ေဘာကို အဆုံးသတ္ႏိုင္ခဲ့သလို ေပၚတိုနဲ႔ ေတြ႕ဆုံမႈ ၅ ႀကိမ္မွာ ၅ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္ ကစာသမားေတြထဲက အသင္းတစ္သင္းဘက္ကို ဂိုးအမ်ားဆုံး သြင္းယူႏိုင္သူအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့တာပါ။

ဂ်ိဳတာ ဂြမ္းေနခ်ိန္မွာ ၂ ဂိုးဝင္သြင္းၿပီး ပြဲထြက္ခြင့္ေတာင္းဆိုလိုက္တဲ့ ဖာမီႏို
ဒီယိုဂို ဂ်ိဳတာကေတာ့ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ ၂ ပြဲဆက္ ဂိုးသြင္းမႈနဲ႔ ဖာမီႏိုကို ဖယ္ထုတ္ခဲ့အၿပီးမွာ ၃ ပြဲ ဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာမွ တစ္ဂိုးျပန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္မွာလည္း ေပၚတူဂီသားအေနနဲ႔ ဂိုးမသြင္းႏိုင္ေသးဘဲ ေပၚတိုကြင္းမွာ အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးခဲ့တာပါ။ ဒီပြဲရဲ႕ ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ပရိသတ္ေတြရဲ႕ ေဘာ္ဘီအေနနဲ႔ ကြင္းထဲ ဝင္ကစားခဲ့ၿပီး ၁၀ မိနစ္အၾကာမွာေတာ့ ျပင္းျပတဲ့ ႀကိဳးစားအားထုတ္မႈနဲ႔ ဂိုးစတင္သြင္းယူခဲ့သလို ေနာက္ထပ္ ၄ မိနစ္အၾကာမွာလည္း ေနာက္တစ္ဂိုးသြင္းယူခဲ့ၿပီး သူ႔ရဲ႕ ရာသီႀကိဳ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းက်ဆင္းမႈေတြေၾကာင္ ေပ်ာက္ဆုံးခဲ့ရတဲ့ ပြဲထြက္ေနရာကို ျပန္လည္ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.