Premier League

ဟက်ကာတွေ ဝင်မွှေသွားလို့ မန်စီးတီးကွင်းကို Maps မှာရှာဖို့ နောက်တစ်မျိုးတိုးသွားခဲ့

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းနာမည် Etihad Stadium မဟုတ်ဘဲ နောက်တစ်နည်းရှာနိုင်မယ့် နည်းလမ်းသစ်ကို ဟက်ကာတွေက Google Maps ကို ဝင်ဟက်ပြီး ရှာရမယ့် Keyword အသစ်တစ်ခုကို ပြောင်းလဲပေးသွားခဲ့တာကြောင့် ဘောလုံးပရိသတ်တွေကြားမှာ ရယ်စရာဖြစ်ခဲ့ပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာကိုပါ လှောင်ပြောင်စရာဖြစ်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့ ကွင်းထဲမှာ ပရိသတ်တွေ ပျောက်ဆုံးနေတာကို ပြီးခဲ့တဲ့ RB လိုက်ပ်ဇစ်ကို ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ ပြန်လည်အားပေးဖို့နဲ့ မိမိတို့အနေနဲ့ ဒီလိုဖြစ်ရပ်တွေအတွက် ကစားရဖို့ကို အားပျက်စေကြောင်း ပြောကြားခဲ့တာပါ။

ဂွါဒီယိုလာက အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကို ထောက်ပြခဲ့ပြီး ဆောက်သမ်တန်နဲ့ပွဲလာ ညနေ သုံးနာရီကို ဖြစ်အောင်လာ အားပေးပါလို့ ပြောခဲ့တာက ပရိသတ်တွေ အစည်းအရုံးနဲ့ ပြဿနာစတက်ခဲ့ပြီး ကိုယ့်အလုပ်ကိုယ်လုပ်လို့ သတိပေးခံခဲ့ရသလို ဝစ်ကွမ်းဘ်နဲ့ ပွဲမှာလည်း ကွင်းဝင်ဆန့်တဲ့ ၅၃၀၀၀ ဦးမှာ ၃၀၉၅၉ ဦးသာ လာရောက်ခဲ့တာဖြစ်ပါတယ်။

ဟက်ကာတွေကတော့ ဒါကို လှောင်ပြောင်အနေနဲ့ Google Maps မှာ “Empty Seats”လို့ ရိုက်လိုက်ရင် အစ်တီဟတ်ကွင်းကို ပြပေးအောင် လုပ်ခဲ့ကြတာဖြစ်ပြီး ကြားသိခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ ကိုယ်တိုင်စမ်းသပ်ကြည့်အပြီးမှာ အံ့အားသင့်ခဲ့ကြရသလို အွန်လိုင်းပေါ်က လှောင်ပြောင်မှုတွေမှာတော့ Etihad အစား “Emptihad”လို့လည်း ထရိုးခံခဲ့ရဖူးတာပါ။

လက်ရှိမှာတော့ Anti မန်စီးတီးဖန်တွေကတော့ မန်ချက်စတာစီးတီးအသင်းကို ဂူဂယ်လ်ကတောင် လှောင်ပြောင်ယူရတယ်လို့ ဆိုနေကြပြီး နည်းပညာကုမ္ပဏီအနေနဲ့လည်း ဒါကို လက်ရှိအချိန်အထိ ပြင်ဆင်ပေးနိုင်ခြင်းမရှိသေးသလို ပရိသတ်တွေအနေနဲ့တော့ ရယ်ပွဲဖွဲ့နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းနာမည္ Etihad Stadium မဟုတ္ဘဲ ေနာက္တစ္နည္းရွာႏိုင္မယ့္ နည္းလမ္းသစ္ကို ဟက္ကာေတြက Google Maps ကို ဝင္ဟက္ၿပီး ရွာရမယ့္ Keyword အသစ္တစ္ခုကို ေျပာင္းလဲေပးသြားခဲ့တာေၾကာင့္ ေဘာလုံးပရိသတ္ေတြၾကားမွာ ရယ္စရာျဖစ္ခဲ့ၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာကိုပါ ေလွာင္ေျပာင္စရာျဖစ္ခဲ့ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အသင္းရဲ႕ ကြင္းထဲမွာ ပရိသတ္ေတြ ေပ်ာက္ဆုံးေနတာကို ၿပီးခဲ့တဲ့ RB လိုက္ပ္ဇစ္ကို ေျခာက္ဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အိမ္ကြင္းပြဲစဥ္အၿပီးမွာ ျပန္လည္အားေပးဖို႔နဲ႔ မိမိတို႔အေနနဲ႔ ဒီလိုျဖစ္ရပ္ေတြအတြက္ ကစားရဖို႔ကို အားပ်က္ေစေၾကာင္း ေျပာၾကားခဲ့တာပါ။

ဂြါဒီယိုလာက အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ၃ ပြဲမွာ ၁၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာကို ေထာက္ျပခဲ့ၿပီး ေဆာက္သမ္တန္နဲ႔ပြဲလာ ညေန သုံးနာရီကို ျဖစ္ေအာင္လာ အားေပးပါလို႔ ေျပာခဲ့တာက ပရိသတ္ေတြ အစည္းအ႐ုံးနဲ႔ ျပႆနာစတက္ခဲ့ၿပီး ကိုယ့္အလုပ္ကိုယ္လုပ္လို႔ သတိေပးခံခဲ့ရသလို ဝစ္ကြမ္းဘ္နဲ႔ ပြဲမွာလည္း ကြင္းဝင္ဆန႔္တဲ့ ၅၃၀၀၀ ဦးမွာ ၃၀၉၅၉ ဦးသာ လာေရာက္ခဲ့တာျဖစ္ပါတယ္။

ဟက္ကာေတြကေတာ့ ဒါကို ေလွာင္ေျပာင္အေနနဲ႔ Google Maps မွာ “Empty Seats”လို႔ ႐ိုက္လိုက္ရင္ အစ္တီဟတ္ကြင္းကို ျပေပးေအာင္ လုပ္ခဲ့ၾကတာျဖစ္ၿပီး ၾကားသိခဲ့ရတဲ့ ပရိသတ္ေတြအေနနဲ႔ ကိုယ္တိုင္စမ္းသပ္ၾကည့္အၿပီးမွာ အံ့အားသင့္ခဲ့ၾကရသလို အြန္လိုင္းေပၚက ေလွာင္ေျပာင္မႈေတြမွာေတာ့ Etihad အစား “Emptihad”လို႔လည္း ထ႐ိုးခံခဲ့ရဖူးတာပါ။

လက္ရွိမွာေတာ့ Anti မန္စီးတီးဖန္ေတြကေတာ့ မန္ခ်က္စတာစီးတီးအသင္းကို ဂူဂယ္လ္ကေတာင္ ေလွာင္ေျပာင္ယူရတယ္လို႔ ဆိုေနၾကၿပီး နည္းပညာကုမၸဏီအေနနဲ႔လည္း ဒါကို လက္ရွိအခ်ိန္အထိ ျပင္ဆင္ေပးႏိုင္ျခင္းမရွိေသးသလို ပရိသတ္ေတြအေနနဲ႔ေတာ့ ရယ္ပြဲဖြဲ႕ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.