Carabao & FA Premier League

ကျွဲစိမ်းဘုရင်နဲ့ တူနဲ့တွေ့ပြီး လီဗာပူးလ်၊ ချဲလ်ဆီးတို့ ပွဲချောင်ခဲ့တဲ့ ကာရာဘောင်းစတုတ္ထအဆင့်

ပြီးခဲ့တဲ့ညက ပင်နယ်တီကန်တဲ့သူ ကန်ခဲ့ကြတဲ့ ကာရာဘောင်း ကျွဲစိမ်းဖလား တတိယအဆင့် ဒုတိယနေ့ပွဲစဉ်တွေအပြီးမှာတော့ မန်ချက်စတာစီးတီးနောက်ခံလူဟောင်း မီကာ ရစ်ချတ်စ်နဲ့ ဝက်စ်ဟမ်းနည်းပြဟောင်း ဟာရီ ရက်ဒ်နက်ပ်တို့က စတုတ္ထအဆင့်မှာ တွေ့ဆုံကြမယ့် ၁၆ သင်းအတွက် အတွဲ ၈ တွဲကို မဲနှိုက်ရွေးချယ်ပေးခဲ့ကြပါတယ်။

ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ အတွဲအဖက်ကတော့ အိမ်ကွင်းမှာ ဆက်ကစားရမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဆောက်သမ်တန်တို့ဖြစ်ကြပြီး ဒုတိယအတွဲအဖက်အနေနဲ့တော့ ပရီးမီးယားလိဂ်အသင်းချင်းပဲဖြစ်တဲ့ အာဆင်နယ်အသင်းက လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံကစားဖို့ဖြစ်လာခဲ့တာပါ။

တတိယမြောက်အဖြစ်တော့ အနီအဖြူကျားအသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ တန်းတက်ပြီး ခြေစွမ်းပြနေတဲ့ ဘရန့်ဖို့ဒ်တို့ စတုတ်ကွင်းမှာ ကစားကြမှာဖြစ်သလို စတုတ္တအတွဲအဖြစ်တော့ မဲနှိုက်သူနှစ်ဦးရဲ့ အသင်းဟောင်းတွေဖြစ်ကြတဲ့ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာစီးတီးတို့ ဟမ်းမားတွေရဲ့ လန်ဒန်အားကစားကွင်းကြီးမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပဉ္စမမြောက်အတွဲအဖြစ် လက်စတာစီးတီးအသင်းကတော့ သူတို့ကို VAR နဲ့ ဒဏ်ရာတွေ ပေးသွားတဲ့ ဘရိုက်တန်တို့ကို အိမ်ကွင်း ကင်းပါဝါမှာ တစ်ဖန် ပြန်လည်ဧည့်ခံရဖို့ ရှိနေပြီး ဆဋ္ဌမမြောက်အတွဲအဖြစ်တော့ ဘန်လေနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ မြေရိုင်းကွင်းခေါ် တာ့ဖ်မိုးရ်မှာ ကစားရဖို့ ရှိလာခဲ့တာပါ။

သတ္တမမြောက်အတွဲကတော့ လိဂ်ချန်ပီယံရှစ်က ကျူပီအာနဲ့ ပထမတန်းက ဆန်ဒါးလန်းတို့ လန်ဒန်က လော့ဖ်တပ်စ်ရုတ်ဒ်မှာ ကစားရဖို့ဖြစ်ပြီး နောက်ဆုံးအတွဲအဖြစ်တော့ ချန်ပီယံရှစ်ကလပ် ပရက်စ်တန်နဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်တို့ ဒိ(ပ်)ဒေးလ်ကွင်းမှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ အားလုံးထဲမှာ ပွဲအချောင်ဆုံးဖြစ်နေပြီး ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ လက်ခံဖို့ လွယ်ကူနိုင်သလို မန်ချက်စတာနှစ်သင်းနဲ့ ဆက်တိုက်တွေ့ဆုံမယ့် ဝက်စ်ဟမ်းကတော့ အိမ်ကွင်းမှာ လက်ရှိချန်ပီယံစီးတီးတို့ကို တီးဦးမလားတော့ စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်နဲ့ လိဒ်စ်တို့ပွဲမှာတော့ လန်ဒန်သား ဂန်းနားတွေ နောက်တစ်ဆင့်တက်ဖို့ ခန့်မှန်းရသလို ဘန်လေကို စပါးစ်တို့ ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ဖွယ်ရှိနေပြီး ကျန်အသင်းတွေထဲကတော့ လက်စတာ၊ ဘရန့်ဖို့ဒ်နဲ့ ကျူပီအာတို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက ပင္နယ္တီကန္တဲ့သူ ကန္ခဲ့ၾကတဲ့ ကာရာေဘာင္း ကြၽဲစိမ္းဖလား တတိယအဆင့္ ဒုတိယေန႔ပြဲစဥ္ေတြအၿပီးမွာေတာ့ မန္ခ်က္စတာစီးတီးေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္စ္နဲ႔ ဝက္စ္ဟမ္းနည္းျပေဟာင္း ဟာရီ ရက္ဒ္နက္ပ္တို႔က စတုတၳအဆင့္မွာ ေတြ႕ဆုံၾကမယ့္ ၁၆ သင္းအတြက္ အတြဲ ၈ တြဲကို မဲႏႈိက္ေ႐ြးခ်ယ္ေပးခဲ့ၾကပါတယ္။

ပထမဆုံးထြက္ေပၚလာခဲ့တဲ့ အတြဲအဖက္ကေတာ့ အိမ္ကြင္းမွာ ဆက္ကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ေဆာက္သမ္တန္တို႔ျဖစ္ၾကၿပီး ဒုတိယအတြဲအဖက္အေနနဲ႔ေတာ့ ပရီးမီးယားလိဂ္အသင္းခ်င္းပဲျဖစ္တဲ့ အာဆင္နယ္အသင္းက လိဒ္စ္ယူႏိုက္တက္ကို အိမ္ကြင္း အမ္းမရိတ္မွာ လက္ခံကစားဖို႔ျဖစ္လာခဲ့တာပါ။

တတိယေျမာက္အျဖစ္ေတာ့ အနီအျဖဴက်ားအသင္းႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကၿပီး ခ်န္ပီယံရွစ္ကလပ္ စတုတ္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္မွာ တန္းတက္ၿပီး ေျခစြမ္းျပေနတဲ့ ဘရန႔္ဖို႔ဒ္တို႔ စတုတ္ကြင္းမွာ ကစားၾကမွာျဖစ္သလို စတုတၱအတြဲအျဖစ္ေတာ့ မဲႏႈိက္သူႏွစ္ဦးရဲ႕ အသင္းေဟာင္းေတြျဖစ္ၾကတဲ့ ဝက္စ္ဟမ္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ ဟမ္းမားေတြရဲ႕ လန္ဒန္အားကစားကြင္းႀကီးမွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ပၪၥမေျမာက္အတြဲအျဖစ္ လက္စတာစီးတီးအသင္းကေတာ့ သူတို႔ကို VAR နဲ႔ ဒဏ္ရာေတြ ေပးသြားတဲ့ ဘ႐ိုက္တန္တို႔ကို အိမ္ကြင္း ကင္းပါဝါမွာ တစ္ဖန္ ျပန္လည္ဧည့္ခံရဖို႔ ရွိေနၿပီး ဆ႒မေျမာက္အတြဲအျဖစ္ေတာ့ ဘန္ေလနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ေျမ႐ိုင္းကြင္းေခၚ တာ့ဖ္မိုးရ္မွာ ကစားရဖို႔ ရွိလာခဲ့တာပါ။

သတၱမေျမာက္အတြဲကေတာ့ လိဂ္ခ်န္ပီယံရွစ္က က်ဴပီအာနဲ႔ ပထမတန္းက ဆန္ဒါးလန္းတို႔ လန္ဒန္က ေလာ့ဖ္တပ္စ္႐ုတ္ဒ္မွာ ကစားရဖို႔ျဖစ္ၿပီး ေနာက္ဆုံးအတြဲအျဖစ္ေတာ့ ခ်န္ပီယံရွစ္ကလပ္ ပရက္စ္တန္နဲ႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးလ္တို႔ ဒိ(ပ္)ေဒးလ္ကြင္းမွာ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေတာ့ အားလုံးထဲမွာ ပြဲအေခ်ာင္ဆုံးျဖစ္ေနၿပီး ပုံစံေကာင္းရေနတဲ့ ခ်ဲလ္ဆီးက ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ လက္ခံဖို႔ လြယ္ကူႏိုင္သလို မန္ခ်က္စတာႏွစ္သင္းနဲ႔ ဆက္တိုက္ေတြ႕ဆုံမယ့္ ဝက္စ္ဟမ္းကေတာ့ အိမ္ကြင္းမွာ လက္ရွိခ်န္ပီယံစီးတီးတို႔ကို တီးဦးမလားေတာ့ စိတ္လႈပ္ရွားစရာျဖစ္လာခဲ့ပါတယ္။

အာဆင္နယ္နဲ႔ လိဒ္စ္တို႔ပြဲမွာေတာ့ လန္ဒန္သား ဂန္းနားေတြ ေနာက္တစ္ဆင့္တက္ဖို႔ ခန႔္မွန္းရသလို ဘန္ေလကို စပါးစ္တို႔ ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ႏိုင္ဖြယ္ရွိေနၿပီး က်န္အသင္းေတြထဲကေတာ့ လက္စတာ၊ ဘရန႔္ဖို႔ဒ္နဲ႔ က်ဴပီအာတို႔ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ၾကလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ရေၾကာင္း ခန႔္မွန္းေဖာ္ျပလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.