Article La Liga Ligue1

မက်ဆီနဲ့ ပိုချက်တီနိုတို့ ပြဿနာစတော့မှာလားနဲ့ အတိတ်က GOAT ရှာခဲ့တဲ့ပွဲများ

ပြီးခဲ့တဲ့ လီယွန်အသင်းနဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနိုကို မကြာခင်အချိန်အတွင်းမှာ ပြဿနာရှာဖို့ နီးစပ်နေပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပြီး အာဂျင်တီးနားသားဟာ လူစားလဲခံရတာကို လုံးဝ သဘောမကျကြောင်းနဲ့ အတိတ်က ပြဿနာရှာခဲ့ပုံတွေကို စုစည်းဖော်ပြခဲ့ကြပါတယ်။

လူစားလဲစဉ်မှာ ပိုချက်တီနိုရဲ့ လက်ဆွဲနှုတ်ဆက်မှုကို ငြင်းပယ်ခဲ့အပြီး သူ့အတွက် ပိုပြီးအဆင်မပြေစရာဖြစ်ခဲ့တာကတော့ ရန်ဘက် အီကာဒီက အနိုင်ဂိုးဝင်သွင်းသွားတာပါ။ မက်ဆီအနေနဲ့ ဒဏ်ရာရရှိနေတာကလွဲလို့ ပွဲထွက်ကစားဖို့နဲ့ ကွင်းထဲက လူစားလဲခံဖို့ကို လုံးဝမနှစ်သက်ဘူးလို့လည်း သိရပြီး ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းမှာလည်း ဒီလိုအဖြစ်မျိုးတွေအတွက် မကြာခဏ ပြဿနာရှာခဲ့တဲ့အပြင် သူ့အတွက် နည်းပြတွေ ကစားသမားတွေနဲ့ကြားမှာ ကာတာလန်ကလပ်အနေနဲ့ ဗျာများခဲ့ရသေးတာပါ။

၁။ ဂွါဒီယိုလာ လူလဲလို့ ထရိန်နင်မဆင်းခြင်း
နည်းပြ ဂွါဒီယိုလာ အသင်းကို ကိုင်တွယ်နေစဉ်မှာ အာဂျင်တီးနားသားအနေနဲ့ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး အသင်းအတွက် ဘယ်လိုမှ သက်ရောက်မှု မရှိနိုင်တဲ့ ကိုးမိနစ်အလိုက ဆုံးဖြတ်ချက်က သူ့ကို စိတ်ပျက်စေခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ မက်ဆီဟာ ထရိန်နင် ဆင်းရမယ့်နေ့မှာ ပျောက်နေခဲ့ပြီး ဘာစီလိုနာကစားသမားတွေရဲ့ သူ့အိမ်ကို ဆက်တိုက် ဖုန်းခေါ်မှုတွေအပြီးမှာတော့ လေ့ကျင့်ကွင်းကို ရောက်လာခဲ့ပေမယ့် အဝတ်လဲဖို့တော့ ငြင်းဆန်နေခဲ့တာပါ။ ကာတာလန်ကလပ်ကတော့ မက်ဆီမှာ ဒဏ်ရာ အနည်းငယ်ရှိနေလို့ ထရိန်နင် မဆင်းတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ငွေကိုတော့ တိုးတိုးတိတ်တိတ် ကြိတ်ရိုက်ခဲ့တယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။

၂။ အီဘရာဟီမိုဗစ်ချ်ကို အချွန်နဲ့မ,ခြင်း
ပွဲပြီးခါနီး လူစားလဲတာထက် သူထပ်ရှာခဲ့တဲ့ ပြဿနာကတော့ အီဘရာဟီမိုဗစ်ချ်ကို အချွန်နဲ့ မ,ခဲ့တာပါ။ ဆွီဒင်သားဟာ ဘာစီလိုနာရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်လည်းဖြစ်ခဲ့ပြီး ဆင်မြူယယ် အီတူးနဲ့ ပေါင် ၃၉ သန်း အလိုက်ပေးခဲ့ရချိန်မှာ သူ့ရဲ့ ပထမလေးလမှာ အသင်းသစ်အတွက် ၁၁ ဂိုးသွင်းပြီး သုံးခဲ့ရတဲ့ ငွေကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အချိန်တိုအတွင်းမှာ ဒါတွေက ပြောင်းလဲသွားခဲ့ပြီး အဲ့ဒီတုန်းက ညာတောင်ပံမှာ ကစားနေရတဲ့ အသက် ၂၂ နှစ်အရွယ် မက်ဆီအနေနဲ့ ဂွါဒီယိုလာဆီ အသင်းဘတ်စ်ရဲ့ ထိုင်ခုံနောက်ဆုံးတန်းကနေ “ကျွန်တော်က သူ့လောက် အရေးမပါတော့ဘူးပေါ့လေ… ဒီလိုဆိုရင် ဘာလုပ်သင့်သလဲ”ဆိုပြီး အသင်းက ထွက်ခွာဖို့ ခြိမ်းခြောက်မှုဆန်ဆန် ဖုန်းမက်ဆေ့ချ်ပို့ပြီး ဖိအားပေးခဲ့တာပါ။

နောက်ဆုံးမှာတော့ မက်ဆီကို ညာတောင်ပံကနေ False 9 နဲ့ အလယ်မှာ ကစားဖို့ အခန်းကဏ္ဍကို ပြောင်းရွှေ့ပေးခဲ့ရပြီး ဆွီဒင်သားကတော့ ညာတောင်ပံ ထွက်ကစားခဲ့ရသလို ထင်သလောက် ခြေစွမ်းမပြနိုင်တော့တာပါ။ အီဘရာဟီမိုဗစ်ချ်အနေနဲ့ နောက်ပိုင်းမှာ “ဂွါဒီယိုလာက မက်ဆီကို ပျော်စေဖို့ပဲ သိပြီး သူ့ကို တန်ဖိုး မထားဘူး”လို့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ်မှာ ဝေဖန်သွားခဲ့ပါတယ်။

၃။ နည်းပြ လူးဝစ် အန်ရီကေရဲ့ ရာထူးကို ခြိမ်းခြောက်ခြင်း
ဘာစီလိုနာမှာ မက်ဆီရဲ့ ပွဲရှာမှုတွေထဲမှာ ဂဠုန်အဆန်ခဲ့ဆုံးကတော့ ၂၀၁၅ ဇန်နဝါရီက ဆိုစီဒက်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရတာအတွက်ပါပဲ။ ခရစ္စမတ်နဲ့ နိုင်ငံတကာပွဲတွေအတွက် နားချိန်ကနေ ပထမဆုံး ပြန်အစမှာ သူ့နဲ့ နေမာကို အရန်ခုံထိုင်ခိုင်းပြီး လူးဝစ် ဆွာရက်ဇ် တစ်ယောက်တည်းကိုပဲ တိုက်စစ်မှာ ဦးဆောင်ဖို့ နည်းပြ အန်ရီကေက လုပ်ခဲ့တာပါ။ ပထမပိုင်းအပြီးမှာ ဂျော်ဒီ အယ်လ်ဘာရဲ့ အုန်းဂိုးနဲ့ ရှုံးနေခဲ့ပြီး ဒုတိယပိုင်းမှာ သူရော နေမာကိုပါ ထည့်ခဲ့ပေမယ့် ဒေးဗစ်မွိုက်စ်ရဲ့ လူတွေက ဂိုးပြန်မပေးရဖို့ တတ်နိုင်ခဲ့ပြီး လာလီဂါချန်ပီယံဆုကိုပါ ခြိမ်းခြောက်ခံခဲ့ရတာပါ။

ရှုံးပွဲအပြီး နောက်တစ်နေ့မှာတော့ ထရိန်နင်ကနေ မက်ဆီတစ်ယောက် ပျောက်ဆုံးနေသလို သွားရောက်အားပေးမြဲဖြစ်တဲ့ ကလေးဆေးရုံတွေကို လည်ပတ်မှုကနေလည်း ရှောင်လွှဲနေခဲ့တာပါ။ အန်ရီကေကတော့ နောက်ပွဲစဉ်ဖြစ်တဲ့ အယ်လ်ချီနဲ့ပွဲမှာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပြီး မက်ဆီကတော့ ဥက္ကဌ ဘာတိုမြူကို နည်းပြကို ဖြုတ်မလား၊ ကျုပ်ထွက်ရမလားလို့ သွားမေးခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုနဲ့ အဆင်ပြေတယ် မဟုတ်ပေမယ့်လည်း အလုပ်ပြန်ဖြစ်သွားခဲ့ပြီး သူတို့ရဲ့ MSN တိုက်စစ်အတွဲက လက်ရှိချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို ၃-၁ နဲ့ ဝုန်းခဲ့ကြသလို တစ်ရာသီလုံးမှာလည်း ဖလားသုံးလုံးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လူးဝစ် အန်ရီကေကတော့ မေးမြန်းမှုတွေမှာ အာဂျင်တီးနားသားနဲ့ အဆင်မပြေမှုတွေလည်း ရှိခဲ့ပေမယ့် ကောင်းတာလေးတွေပဲ ရွေးပြောချင်ပါတယ်လေလို့ ဆိုခဲ့ပါတယ်။

၄။ ကီကေး ဆီတီယန်ကို ဆရာကြီးလုပ်ခြင်း
ဆီတီယန်ရဲ့ အရင်လူဖြစ်ပြီး စုတ်ပြတ်သတ်နေတဲ့ ရလဒ်တွေကြောင့် ရာထူးက အထုတ်ခံလိုက်ရတဲ့ အာနက်စတို ဗယ်လ်ဗာဒီက မက်ဆီနဲ့ ဆက်ဆံရေးကောင်းသူဖြစ်ပြီး သူ့အနေနဲ့ အိတ်ထဲ ကောက်ထည့်ထားတယ်လို့ ပြောနိုင်ပါတယ်။ နည်းပြ အဖြုတ်ခံလိုက်ရတော့ အသင်းဖော်ဟောင်း အားကစားဒါရိုက်တာ အဲရစ် အဘီဒယ်လ်ကိုလည်း မက်ဆီက အင်စတာဂရမ်မှာ ကောင်းကောင်း ကလော်တုတ်ခဲ့သေးတာပါ။

ဒါပေမယ့် နည်းပြသစ်ဖြစ်လာတဲ့ ဆီတီယန်ကို သူ့အနေနဲ့ ကလေးတုန်းကလို မရင့်ကျက်တဲ့ ကလန်ကဆန်မှုတွေ မလုပ်တော့ဘဲ အမှားကို စောင့်ပြီးမှ ကပ်ဖြုတ်တဲ့နည်းနဲ့ ဆော်ခဲ့တာပါ။ ဘက်တစ်နဲ့ပွဲတုန်းက ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ဂျူနီယာ ဖာပိုလိုလူမျိုးကို ဘယ်နောက်ခံမှာ ထည့်သုံးတာကို မက်ဆီက ပေါက်ကွဲခဲ့ပြီး သူ့အစား သူငယ်ချင်းဖြစ်သူ ဂျော်ဒီ အယ်လ်ဘာကို သုံးစေချင်ခဲ့သလို နှစ်ဂိုးစီ သရေကျနေတဲ့ ပထမပိုင်းအပြီးမှာ စတင်ပြီး တူးဆွခဲ့တယ်လို့ ဂျာနယ်လစ် ဆီမွန် ကူးပါးက ထုတ်ဖော်ခဲ့ပါတယ်။

“ကဲ… အခု ခင်ဗျား ဘာပြောမလဲ… ဒါ လူငယ်အသင်းပွဲ မဟုတ်ဘူးဗျ။ ခင်ဗျားမှာ ရှိတဲ့ အကောင်းဆုံးလူ အကုန်သုံးရလိမ့်မယ်”လို့ ဆီတီယန်ကို အာဂျင်တီးနားသားကြီးက ကျပ်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ဂျော်ဒီ အယ်လ်ဘာကို ထည့်သွင်းအပြီးမှာ မက်ဆီရဲ့ ဒိုင်ခံဖန်တီးမှု သုံးကြိမ်နဲ့ အနိုင်ရခဲ့တာပါ။
ပိုချက်တီနိုနဲ့ ဘာတွေဖြစ်လာနိုင်သေးသလဲ။

မက်ဆီအနေနဲ့ အသက်ကြီးလာချိန်မှာ ငယ်စဉ်ကလို အကွက်တွေ မသုံးတော့တာကိုတော့ ဆီတီယန်နဲ့အဖြစ်မှာ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် နယ်မြေသစ်ဖြစ်ပြီး သူ့ထက် ပုံရိပ်ငယ်တဲ့ နည်းပြ ပိုချက်တီနိုနဲ့အတွေ့မှာ ဒီလိုမျိုးလုပ်ဦးမလား၊ အမှားစောင့်ကြည့်ပြီးမှ ကပ်ဖြုတ်ဦးမလားကတော့ စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီး တစ်နှစ်လုပ်ခ ယူရိုသန်း ၇၀ ကျော် ရရှိနေတဲ့ GOAT အနေနဲ့ သူ့ကို လူစားလဲမှုအတွက် ဘယ်လို ပြဿနာရှာပြီး ဂဠုန်ဆန်လာဦးမလဲဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ လီယြန္အသင္းနဲ႔ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၇၆ မိနစ္မွာ လူစားလဲခံခဲ့ရတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုကို မၾကာခင္အခ်ိန္အတြင္းမွာ ျပႆနာရွာဖို႔ နီးစပ္ေနၿပီလို႔ မီဒီယာေတြက ခန႔္မွန္းခဲ့ၾကၿပီး အာဂ်င္တီးနားသားဟာ လူစားလဲခံရတာကို လုံးဝ သေဘာမက်ေၾကာင္းနဲ႔ အတိတ္က ျပႆနာရွာခဲ့ပုံေတြကို စုစည္းေဖာ္ျပခဲ့ၾကပါတယ္။

လူစားလဲစဥ္မွာ ပိုခ်က္တီႏိုရဲ႕ လက္ဆြဲႏႈတ္ဆက္မႈကို ျငင္းပယ္ခဲ့အၿပီး သူ႔အတြက္ ပိုၿပီးအဆင္မေျပစရာျဖစ္ခဲ့တာကေတာ့ ရန္ဘက္ အီကာဒီက အႏိုင္ဂိုးဝင္သြင္းသြားတာပါ။ မက္ဆီအေနနဲ႔ ဒဏ္ရာရရွိေနတာကလြဲလို႔ ပြဲထြက္ကစားဖို႔နဲ႔ ကြင္းထဲက လူစားလဲခံဖို႔ကို လုံးဝမႏွစ္သက္ဘူးလို႔လည္း သိရၿပီး ၿပီးခဲ့တဲ့ ဘာစီလိုနာအသင္းမွာလည္း ဒီလိုအျဖစ္မ်ိဳးေတြအတြက္ မၾကာခဏ ျပႆနာရွာခဲ့တဲ့အျပင္ သူ႔အတြက္ နည္းျပေတြ ကစားသမားေတြနဲ႔ၾကားမွာ ကာတာလန္ကလပ္အေနနဲ႔ ဗ်ာမ်ားခဲ့ရေသးတာပါ။

၁။ ဂြါဒီယိုလာ လူလဲလို႔ ထရိန္နင္မဆင္းျခင္း
နည္းျပ ဂြါဒီယိုလာ အသင္းကို ကိုင္တြယ္ေနစဥ္မွာ အာဂ်င္တီးနားသားအေနနဲ႔ ဘာစီလိုနာအသင္းက ဗလင္စီယာအသင္းကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၈၁ မိနစ္မွာ လူစားလဲခံခဲ့ရတာျဖစ္ၿပီး အသင္းအတြက္ ဘယ္လိုမွ သက္ေရာက္မႈ မရွိႏိုင္တဲ့ ကိုးမိနစ္အလိုက ဆုံးျဖတ္ခ်က္က သူ႔ကို စိတ္ပ်က္ေစခဲ့ပါတယ္။

ေနာက္တစ္ရက္မွာေတာ့ မက္ဆီဟာ ထရိန္နင္ ဆင္းရမယ့္ေန႔မွာ ေပ်ာက္ေနခဲ့ၿပီး ဘာစီလိုနာကစားသမားေတြရဲ႕ သူ႔အိမ္ကို ဆက္တိုက္ ဖုန္းေခၚမႈေတြအၿပီးမွာေတာ့ ေလ့က်င့္ကြင္းကို ေရာက္လာခဲ့ေပမယ့္ အဝတ္လဲဖို႔ေတာ့ ျငင္းဆန္ေနခဲ့တာပါ။ ကာတာလန္ကလပ္ကေတာ့ မက္ဆီမွာ ဒဏ္ရာ အနည္းငယ္ရွိေနလို႔ ထရိန္နင္ မဆင္းတာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ၿပီး ဒဏ္ေငြကိုေတာ့ တိုးတိုးတိတ္တိတ္ ႀကိတ္႐ိုက္ခဲ့တယ္လို႔ ေနာက္ပိုင္းမွာ သိရပါတယ္။

၂။ အီဘရာဟီမိုဗစ္ခ်္ကို အခြၽန္နဲ႔မ,ျခင္း
ပြဲၿပီးခါနီး လူစားလဲတာထက္ သူထပ္ရွာခဲ့တဲ့ ျပႆနာကေတာ့ အီဘရာဟီမိုဗစ္ခ်္ကို အခြၽန္နဲ႔ မ,ခဲ့တာပါ။ ဆြီဒင္သားဟာ ဘာစီလိုနာရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္လည္းျဖစ္ခဲ့ၿပီး ဆင္ျမဴယယ္ အီတူးနဲ႔ ေပါင္ ၃၉ သန္း အလိုက္ေပးခဲ့ရခ်ိန္မွာ သူ႔ရဲ႕ ပထမေလးလမွာ အသင္းသစ္အတြက္ ၁၁ ဂိုးသြင္းၿပီး သုံးခဲ့ရတဲ့ ေငြေၾကးနဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အခ်ိန္တိုအတြင္းမွာ ဒါေတြက ေျပာင္းလဲသြားခဲ့ၿပီး အဲ့ဒီတုန္းက ညာေတာင္ပံမွာ ကစားေနရတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ မက္ဆီအေနနဲ႔ ဂြါဒီယိုလာဆီ အသင္းဘတ္စ္ရဲ႕ ထိုင္ခုံေနာက္ဆုံးတန္းကေန “ကြၽန္ေတာ္က သူ႔ေလာက္ အေရးမပါေတာ့ဘူးေပါ့ေလ… ဒီလိုဆိုရင္ ဘာလုပ္သင့္သလဲ”ဆိုၿပီး အသင္းက ထြက္ခြာဖို႔ ၿခိမ္းေျခာက္မႈဆန္ဆန္ ဖုန္းမက္ေဆ့ခ်္ပို႔ၿပီး ဖိအားေပးခဲ့တာပါ။

ေနာက္ဆုံးမွာေတာ့ မက္ဆီကို ညာေတာင္ပံကေန False 9 နဲ႔ အလယ္မွာ ကစားဖို႔ အခန္းက႑ကို ေျပာင္းေ႐ႊ႕ေပးခဲ့ရၿပီး ဆြီဒင္သားကေတာ့ ညာေတာင္ပံ ထြက္ကစားခဲ့ရသလို ထင္သေလာက္ ေျခစြမ္းမျပႏိုင္ေတာ့တာပါ။ အီဘရာဟီမိုဗစ္ခ်္အေနနဲ႔ ေနာက္ပိုင္းမွာ “ဂြါဒီယိုလာက မက္ဆီကို ေပ်ာ္ေစဖို႔ပဲ သိၿပီး သူ႔ကို တန္ဖိုး မထားဘူး”လို႔ ကိုယ္ေရးအတၳဳပတၱိစာအုပ္မွာ ေဝဖန္သြားခဲ့ပါတယ္။

၃။ နည္းျပ လူးဝစ္ အန္ရီေကရဲ႕ ရာထူးကို ၿခိမ္းေျခာက္ျခင္း
ဘာစီလိုနာမွာ မက္ဆီရဲ႕ ပြဲရွာမႈေတြထဲမွာ ဂဠဳန္အဆန္ခဲ့ဆုံးကေတာ့ ၂၀၁၅ ဇန္နဝါရီက ဆိုစီဒက္နဲ႔ပြဲမွာ အရန္ခုံထိုင္ခဲ့ရတာအတြက္ပါပဲ။ ခရစၥမတ္နဲ႔ ႏိုင္ငံတကာပြဲေတြအတြက္ နားခ်ိန္ကေန ပထမဆုံး ျပန္အစမွာ သူ႔နဲ႔ ေနမာကို အရန္ခုံထိုင္ခိုင္းၿပီး လူးဝစ္ ဆြာရက္ဇ္ တစ္ေယာက္တည္းကိုပဲ တိုက္စစ္မွာ ဦးေဆာင္ဖို႔ နည္းျပ အန္ရီေကက လုပ္ခဲ့တာပါ။ ပထမပိုင္းအၿပီးမွာ ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ အုန္းဂိုးနဲ႔ ရႈံးေနခဲ့ၿပီး ဒုတိယပိုင္းမွာ သူေရာ ေနမာကိုပါ ထည့္ခဲ့ေပမယ့္ ေဒးဗစ္မြိဳက္စ္ရဲ႕ လူေတြက ဂိုးျပန္မေပးရဖို႔ တတ္ႏိုင္ခဲ့ၿပီး လာလီဂါခ်န္ပီယံဆုကိုပါ ၿခိမ္းေျခာက္ခံခဲ့ရတာပါ။

ရႈံးပြဲအၿပီး ေနာက္တစ္ေန႔မွာေတာ့ ထရိန္နင္ကေန မက္ဆီတစ္ေယာက္ ေပ်ာက္ဆုံးေနသလို သြားေရာက္အားေပးၿမဲျဖစ္တဲ့ ကေလးေဆး႐ုံေတြကို လည္ပတ္မႈကေနလည္း ေရွာင္လႊဲေနခဲ့တာပါ။ အန္ရီေကကေတာ့ ေနာက္ပြဲစဥ္ျဖစ္တဲ့ အယ္လ္ခ်ီနဲ႔ပြဲမွာ ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းခံခဲ့ရၿပီး မက္ဆီကေတာ့ ဥကၠဌ ဘာတိုျမဴကို နည္းျပကို ျဖဳတ္မလား၊ က်ဳပ္ထြက္ရမလားလို႔ သြားေမးခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာအသင္းေခါင္းေဆာင္ ဇာဗီ ဟာနန္ဒက္ဇ္ရဲ႕ ၾကားဝင္ျဖန္ေျဖေပးမႈနဲ႔ အဆင္ေျပတယ္ မဟုတ္ေပမယ့္လည္း အလုပ္ျပန္ျဖစ္သြားခဲ့ၿပီး သူတို႔ရဲ႕ MSN တိုက္စစ္အတြဲက လက္ရွိခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္ကို ၃-၁ နဲ႔ ဝုန္းခဲ့ၾကသလို တစ္ရာသီလုံးမွာလည္း ဖလားသုံးလုံးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ လူးဝစ္ အန္ရီေကကေတာ့ ေမးျမန္းမႈေတြမွာ အာဂ်င္တီးနားသားနဲ႔ အဆင္မေျပမႈေတြလည္း ရွိခဲ့ေပမယ့္ ေကာင္းတာေလးေတြပဲ ေ႐ြးေျပာခ်င္ပါတယ္ေလလို႔ ဆိုခဲ့ပါတယ္။

၄။ ကီေကး ဆီတီယန္ကို ဆရာႀကီးလုပ္ျခင္း
ဆီတီယန္ရဲ႕ အရင္လူျဖစ္ၿပီး စုတ္ျပတ္သတ္ေနတဲ့ ရလဒ္ေတြေၾကာင့္ ရာထူးက အထုတ္ခံလိုက္ရတဲ့ အာနက္စတို ဗယ္လ္ဗာဒီက မက္ဆီနဲ႔ ဆက္ဆံေရးေကာင္းသူျဖစ္ၿပီး သူ႔အေနနဲ႔ အိတ္ထဲ ေကာက္ထည့္ထားတယ္လို႔ ေျပာႏိုင္ပါတယ္။ နည္းျပ အျဖဳတ္ခံလိုက္ရေတာ့ အသင္းေဖာ္ေဟာင္း အားကစားဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္ကိုလည္း မက္ဆီက အင္စတာဂရမ္မွာ ေကာင္းေကာင္း ကေလာ္တုတ္ခဲ့ေသးတာပါ။

ဒါေပမယ့္ နည္းျပသစ္ျဖစ္လာတဲ့ ဆီတီယန္ကို သူ႔အေနနဲ႔ ကေလးတုန္းကလို မရင့္က်က္တဲ့ ကလန္ကဆန္မႈေတြ မလုပ္ေတာ့ဘဲ အမွားကို ေစာင့္ၿပီးမွ ကပ္ျဖဳတ္တဲ့နည္းနဲ႔ ေဆာ္ခဲ့တာပါ။ ဘက္တစ္နဲ႔ပြဲတုန္းက ကမာၻ႔အေကာင္းဆုံးအသင္းမွာ ဂ်ဴနီယာ ဖာပိုလိုလူမ်ိဳးကို ဘယ္ေနာက္ခံမွာ ထည့္သုံးတာကို မက္ဆီက ေပါက္ကြဲခဲ့ၿပီး သူ႔အစား သူငယ္ခ်င္းျဖစ္သူ ေဂ်ာ္ဒီ အယ္လ္ဘာကို သုံးေစခ်င္ခဲ့သလို ႏွစ္ဂိုးစီ သေရက်ေနတဲ့ ပထမပိုင္းအၿပီးမွာ စတင္ၿပီး တူးဆြခဲ့တယ္လို႔ ဂ်ာနယ္လစ္ ဆီမြန္ ကူးပါးက ထုတ္ေဖာ္ခဲ့ပါတယ္။

“ကဲ… အခု ခင္ဗ်ား ဘာေျပာမလဲ… ဒါ လူငယ္အသင္းပြဲ မဟုတ္ဘူးဗ်။ ခင္ဗ်ားမွာ ရွိတဲ့ အေကာင္းဆုံးလူ အကုန္သုံးရလိမ့္မယ္”လို႔ ဆီတီယန္ကို အာဂ်င္တီးနားသားႀကီးက က်ပ္ခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ေဂ်ာ္ဒီ အယ္လ္ဘာကို ထည့္သြင္းအၿပီးမွာ မက္ဆီရဲ႕ ဒိုင္ခံဖန္တီးမႈ သုံးႀကိမ္နဲ႔ အႏိုင္ရခဲ့တာပါ။
ပိုခ်က္တီႏိုနဲ႔ ဘာေတြျဖစ္လာႏိုင္ေသးသလဲ။

မက္ဆီအေနနဲ႔ အသက္ႀကီးလာခ်ိန္မွာ ငယ္စဥ္ကလို အကြက္ေတြ မသုံးေတာ့တာကိုေတာ့ ဆီတီယန္နဲ႔အျဖစ္မွာ ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ နယ္ေျမသစ္ျဖစ္ၿပီး သူ႔ထက္ ပုံရိပ္ငယ္တဲ့ နည္းျပ ပိုခ်က္တီႏိုနဲ႔အေတြ႕မွာ ဒီလိုမ်ိဳးလုပ္ဦးမလား၊ အမွားေစာင့္ၾကည့္ၿပီးမွ ကပ္ျဖဳတ္ဦးမလားကေတာ့ စိတ္ဝင္စားစရာျဖစ္လာခဲ့ၿပီး တစ္ႏွစ္လုပ္ခ ယူ႐ိုသန္း ၇၀ ေက်ာ္ ရရွိေနတဲ့ GOAT အေနနဲ႔ သူ႔ကို လူစားလဲမႈအတြက္ ဘယ္လို ျပႆနာရွာၿပီး ဂဠဳန္ဆန္လာဦးမလဲဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.