Premier League Transfer News

ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံဖို့ ယူနိုက်တက်ကွင်းလယ်ကို ဆိုးလ်ရှား ဘယ်လိုအားဖြည့်သွားမလဲ

ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံဖို့ ရည်မှန်းချက်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အားနည်းပြီး မတည်ငြိမ်ဖြစ်နေတဲ့ ကွင်းလယ်ကို အဓိကထားပြင်ဆင်ဖို့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။

ပရီးမီယားလိဂ်ချန်ပီယံဖြစ်ချင်တဲ့အသင်းတွေအနေနဲ့ တရာသီလုံး ရှေ့၊လယ်၊နောက်၊ဂိုးသမားနေရာတွေ တည်ငြိမ်ဖို့လိုနေပြီး ခြေစွမ်းမငြိမ်တဲ့ မာစီယယ်လ်၊ ရက်ဖို့ဒ်တို့ရှိတဲ့ ရှေ့တန်းအနေနဲ့ ယခုအခါမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို တကျော့ပြန်ရောက်ရှိလာမှုနဲ့အတူ တည်ငြိမ်ပြီး ဂိုးသွင်းစက် ရှေ့တန်းဖြစ်လာခဲ့ဖြစ်သလို နောက်တန်းမှာလည်း အတွေ့အကြုံရှိ ဗာရွန်းကို ခေါ်ယူအားဖြည့်မှုနဲ့အတူ ပိုမိုတည်ငြိမ်လာခဲ့နေပြီဖြစ်ပါတယ်။

ယခု ယူနိုက်တက်အသင်းကို အသင်းတိုင်း ထိုးနှက်လို့ရတဲ့ ဟာကွက်ကြီးကတော့ ကွင်းလယ်ဖြစ်ပြီး ယခုထိ နည်းပြဆိုးလ်ရှား အဖြေရှာမရသေးတဲ့ ပုဒ်စာတစ်ပုဒ်လည်း ဖြစ်နေသေးပါတယ်။ အကြောင်းပြချက် ခိုင်မာစွာ မပေးဘဲ တိုက်စစ်ရော ခံစစ်ပါ စွယ်စုံရသူလို့ သတ်မှတ်ခံရတဲ့ ဗန်ဒဘိခ်ကို အရန်အနေနဲ့တောင် ဖြစ်ဖြစ်မြောက်မြောက် ပွဲထွက်ခွင့်မပေးပဲ ခြေစွမ်းကျလာပြီဖြစ်တဲ့ မာတစ်ချ်၊ အသင်းကြီးတွေဆို ခြေစွမ်းပျောက်နေတတ်တဲ့ ဖရက်ဒ်တို့ကို သုံးစွဲနေတဲ့အတွက် ယူနိုက်တက်ကွင်းလယ်ဟာ အသင်းတိုင်းအတွက် ထိုးနှက်လို့ရတဲ့ ပျော့ကွက်တခုဖြစ်နေခဲ့ပါတယ်။

ဒီကြားထဲ အပြောင်းအရွှေ့ကာလရောက်တိုင်း အေးဂျင့် ရိုင်ယိုလာရဲ့ သွေးထိုးမှုကြောင့် မငြိမ်မသက်ဖြစ်တတ်တဲ့ ပေါ့ဘာပါ ပေါင်းလိုက်ရင်ဖြင့် ပွဲကြပ်ကာလတွေ ဖြတ်သန်းရမယ့်အချိန် ယူနိုက်တက် ရှေ့ရေးက ရတက်မအေးစရာပါ။

ဒါကို စဉ်းစားမိတဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ဝှိုက်ဟတ်လိန်းပရိသတ်တွေနဲ့ သိပ်အဆင်ပြေခြင်းမရှိတဲ့ ကွင်းလယ်ခံစစ်သမား တွန်ဂီး အန်ဒွမ်ဘီလီကို လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူမယ်လို့ သတင်းများအရ သိရပါတယ်။

အန်ဒွမ်ဘီလီဟာ စပါးစ်အသင်းနဲ့ ၂၀၂၅ ထိ စာချုပ်ရှိပေမယ့် ပေါင် ၄၅ သန်းပေးရင် စပါးစ်အသင်းက ပြောင်းရွှေ့ခွင့်ပေးမယ်လို့ ခန့်မှန်းရပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီပြင်သစ်ကွင်းလယ်ကစားသမားအနေနဲ့ ပေါ့ဘာနေရာမှာ အစားထိုးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

အပြောင်းအရွှေ့တွေမှာ စိတ်မထင်ရင် လက်ပေါက်ကပ်တတ်တဲ့ စပါးစ်ဥက္ကဌ လီဗိုင်းကြောင့် အန်ဒွမ်ဘီလီကို မခေါ်ယူနိုင်ခဲ့ရင် အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်ဆီယေးကို ရအောင်ခေါ်ယူဖို့လည်း စောင့်ကြည့်နေပြီး ၂၄ နှစ်အရွယ် အိုင်ဗရီကို့စ်ကွင်းလယ်ခံစစ်သမားအနေနဲ့ စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယခုရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံဖို႔ ရည္မွန္းခ်က္ထားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ အားနည္းၿပီး မတည္ၿငိမ္ျဖစ္ေနတဲ့ ကြင္းလယ္ကို အဓိကထားျပင္ဆင္ဖို႔ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ပရီးမီယားလိဂ္ခ်န္ပီယံျဖစ္ခ်င္တဲ့အသင္းေတြအေနနဲ႔ တရာသီလုံး ေရွ႕၊လယ္၊ေနာက္၊ဂိုးသမားေနရာေတြ တည္ၿငိမ္ဖို႔လိုေနၿပီး ေျခစြမ္းမၿငိမ္တဲ့ မာစီယယ္လ္၊ ရက္ဖို႔ဒ္တို႔ရွိတဲ့ ေရွ႕တန္းအေနနဲ႔ ယခုအခါမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္ဒို တေက်ာ့ျပန္ေရာက္ရွိလာမႈနဲ႔အတူ တည္ၿငိမ္ၿပီး ဂိုးသြင္းစက္ ေရွ႕တန္းျဖစ္လာခဲ့ျဖစ္သလို ေနာက္တန္းမွာလည္း အေတြ႕အႀကဳံရွိ ဗာ႐ြန္းကို ေခၚယူအားျဖည့္မႈနဲ႔အတူ ပိုမိုတည္ၿငိမ္လာခဲ့ေနၿပီျဖစ္ပါတယ္။

ယခု ယူႏိုက္တက္အသင္းကို အသင္းတိုင္း ထိုးႏွက္လို႔ရတဲ့ ဟာကြက္ႀကီးကေတာ့ ကြင္းလယ္ျဖစ္ၿပီး ယခုထိ နည္းျပဆိုးလ္ရွား အေျဖရွာမရေသးတဲ့ ပုဒ္စာတစ္ပုဒ္လည္း ျဖစ္ေနေသးပါတယ္။ အေၾကာင္းျပခ်က္ ခိုင္မာစြာ မေပးဘဲ တိုက္စစ္ေရာ ခံစစ္ပါ စြယ္စုံရသူလို႔ သတ္မွတ္ခံရတဲ့ ဗန္ဒဘိခ္ကို အရန္အေနနဲ႔ေတာင္ ျဖစ္ျဖစ္ေျမာက္ေျမာက္ ပြဲထြက္ခြင့္မေပးပဲ ေျခစြမ္းက်လာၿပီျဖစ္တဲ့ မာတစ္ခ်္၊ အသင္းႀကီးေတြဆို ေျခစြမ္းေပ်ာက္ေနတတ္တဲ့ ဖရက္ဒ္တို႔ကို သုံးစြဲေနတဲ့အတြက္ ယူႏိုက္တက္ကြင္းလယ္ဟာ အသင္းတိုင္းအတြက္ ထိုးႏွက္လို႔ရတဲ့ ေပ်ာ့ကြက္တခုျဖစ္ေနခဲ့ပါတယ္။

ဒီၾကားထဲ အေျပာင္းအေ႐ႊ႕ကာလေရာက္တိုင္း ေအးဂ်င့္ ႐ိုင္ယိုလာရဲ႕ ေသြးထိုးမႈေၾကာင့္ မၿငိမ္မသက္ျဖစ္တတ္တဲ့ ေပါ့ဘာပါ ေပါင္းလိုက္ရင္ျဖင့္ ပြဲၾကပ္ကာလေတြ ျဖတ္သန္းရမယ့္အခ်ိန္ ယူႏိုက္တက္ ေရွ႕ေရးက ရတက္မေအးစရာပါ။

ဒါကို စဥ္းစားမိတဲ့ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ဝႈိက္ဟတ္လိန္းပရိသတ္ေတြနဲ႔ သိပ္အဆင္ေျပျခင္းမရွိတဲ့ ကြင္းလယ္ခံစစ္သမား တြန္ဂီး အန္ဒြမ္ဘီလီကို လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူမယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

အန္ဒြမ္ဘီလီဟာ စပါးစ္အသင္းနဲ႔ ၂၀၂၅ ထိ စာခ်ဳပ္ရွိေပမယ့္ ေပါင္ ၄၅ သန္းေပးရင္ စပါးစ္အသင္းက ေျပာင္းေ႐ႊ႕ခြင့္ေပးမယ္လို႔ ခန႔္မွန္းရၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒီျပင္သစ္ကြင္းလယ္ကစားသမားအေနနဲ႔ ေပါ့ဘာေနရာမွာ အစားထိုးႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

အေျပာင္းအေ႐ႊ႕ေတြမွာ စိတ္မထင္ရင္ လက္ေပါက္ကပ္တတ္တဲ့ စပါးစ္ဥကၠဌ လီဗိုင္းေၾကာင့္ အန္ဒြမ္ဘီလီကို မေခၚယူႏိုင္ခဲ့ရင္ ေအစီမီလန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ကက္ဆီေယးကို ရေအာင္ေခၚယူဖို႔လည္း ေစာင့္ၾကည့္ေနၿပီး ၂၄ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ကြင္းလယ္ခံစစ္သမားအေနနဲ႔ စာခ်ဳပ္ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီး အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.