Premier League

လီဗာပူးလ်ကို ဆာလားအတွက် အာဆင်နယ်နဲ့ အူဘာလမ်းစဉ်မလိုက်ဖို့ ဂန္ထဝင် သတိပေး

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက် ဆာလားအတွက် လိုအပ်တာထက်ပိုပြီး လစာငွေကြေး မသုံးစွဲသင့်ကြောင်း အသင်းအတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားပေးခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ကန့်ကွက်လိုက်ပြီး အာဆင်နယ်နဲ့ အူဘာမီယန်းတို့ရဲ့ အဖြစ်ကို သင်ခန်းစာယူပြီး အမှားမကျူးလွန်ဖို့ သတိပေးလိုက်ပါတယ်။

အီဂျစ်သားအနေနဲ့ မာဆေးဆိုက်အခြေစိုက် အနီရောင်တွေနဲ့ နွေရာသီကတည်းက စာချုပ်သစ်ချုပ်ဖို့ စကားပြောခဲ့တာဖြစ်ပေမယ့် တစ်ပတ်ကို ပေါင်ငါးသိန်းအထိ အလိုရှိနေတာကြောင့် အသင်းနဲ့ အဆင်မပြေခဲ့သလို အနာဂတ်အတွက်လည်း မရေမရာဖြစ်နေပြီး ခြေစွမ်းပုံမှန်မရမှုတွေမှာလည်း ဒါက အကြောင်းအရာတစ်ခုလို ဖြစ်နေခဲ့တာပါ။

နှစ်နှစ်အောက်မှာသာ ကျန်ရှိတော့တဲ့ စာချုပ်ကို သက်တမ်းတိုးဖို့အတွက်တော့ လီဗာပူးလ်အတွက် ၁၅၈ ဂိုး ရှာဖွေပေးထားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းက စိုးရိမ်နေပြီး ဆာလားတောင်းတဲ့အတိုင်း ပေးလိုက်မယ်ဆိုရင် အာဆင်နယ်နဲ့ ဂါဘွန်သားလို ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ နှစ်ရာသီဆက်တိုက် ၂၂ ဂိုးသွင်းယူပေးအပြီးမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်း လိုချင်တဲ့အတိုင်း ပေးလိုက်တဲ့ စာချုပ်နောက်ပိုင်း ကစားသမားအနေနဲ့ ခြေစွမ်းမပြနိုင်တော့သလို သူ့ရဲ့ ကြီးမားတဲ့ လုပ်ခအတွက်လည်း ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပြီး အသင်းမှာ လစာညာယူနေတယ်လို့ စွပ်စွဲမှုတွေပါ ရှိလာခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ်မှာ ဥရောပအသင်းကြီးတွေဆီ ပြောင်းရွှေ့ပြီး အောင်မြင်မှု မရှာနိုင်တော့တဲ့ ဂါဘွန်သားအတွက် အာဆင်နယ်ဟာ မလှုပ်မရှုပ်မပြုတ်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး လက်ကျန်စာချုပ်သက်တမ်းမှာ တစ်ပတ် သုံးသိန်းခွဲ ထိုင်ယူနေဖို့နဲ့ အသင်းရှုံးနေလည်း ကွင်းထဲမှာ ကပ္ပတိန်လက်ပတ်ကြီးနဲ့ ဟီးဟီးဟားဟားလုပ်နေလို့ အဆင်ပြေနေတာလည်းဖြစ်ပါတယ်။

“လူတွေကတော့ ဆာလားဟာ အသင်းရဲ့ အဓိက ဂိုးသွင်းရှင်ဖြစ်လို့ လူတွေက သူလိုချင်တာ ပေးလိုက်ပါလို့ ပြောမှာ အမှန်ပဲ။ ဒါပေမယ့် အသင်းဘက်က ကြည့်ရမယ်လေ… တစ်ခုခု မှားယွင်းတာနဲ့ အသင်းရဲ့ တည်ဆောက်ပုံက ပျက်ပြားသွားနိုင်ပါတယ်။ သူ့ကို ဗန်ဒိုက်ရဲ့ လစာနှစ်ဆအထိ ပေးလိုက်မယ်ဆိုရင် လေ့ကျင့်ရေးကွင်းမှာ ဘာတွေဖြစ်သွားနိုင်သလဲဆိုတာမျိုးပေါ့…”

“ကျွန်တော်တို့တွေအနေနဲ့ အာဆင်နယ်နဲ့ အူဘာမီယန်း ဘာဖြစ်သွားသလဲ လက်တွေ့ မြင်ထားခဲ့ကြရတာပါ။ သူလိုချင်တာ ပေးလိုက်တော့ အခု ဘာဖြစ်သွားသလဲ? ဒါက သူ့ရဲ့ ကစားသမားဘဝအတွက် နောက်ဆုံးအနေနဲ့ အကြီးမားဆုံး ရရှိနိုင်တဲ့ ပမာဏပါ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အဲဒီမှာ ကျောက်ချနေပြီး အပတ်တိုင်း ဘာပဲဖြစ်ဖြစ် သူစိတ်မဝင်စားတော့ဘူးလေ”လို့ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ အသင်းကို အိုဝင်က ထောက်ပြလိုက်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဆာလားကို အလွယ်တကူ လက်လွှတ်သွားဖို့က ဘဏ္ဏာရေးအရရော လိုအပ်မှုအရပါ မဖြစ်နိုင်သေးဘဲ အသင်းရဲ့ ဒိုင်ခံဂိုးသွင်းသူဖြစ်နေတဲ့ ၂၉ နှစ်သားအနေနဲ့ ဒီရာသီမှာ ၅ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားပေးခဲ့ချိန်မှာ သူ့ကို အစားထိုးနိုင်မယ့်သူမျိုးကိုလည်း ကိုဗစ်အလွန်မှာ ငွေကြေးမြင့်မြင့်မားမား သုံးစွဲခေါ်ယူဖို့ မဖြစ်နိုင်သေးတာပါ။

“ဆာလားအနေနဲ့ လီဗာပူးလ်ရဲ့ လစာအများဆုံးတော့ ဖြစ်လာနိုင်ပေမယ့် သူတောင်းတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ အသင်းနဲ့ သူနဲ့ ကြားက ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာစေမယ့်လမ်းကို ရှာဖွေသွားမှာဖြစ်ပြီး သင့်တော်ပြီး ဖြစ်နိုင်တယ့် ပမာဏမျိုးမှာ သဘောတူညီသွားနိုင်ဖို့တော့ လီဗာပူးလ်ဘက်က လုပ်သင့်ပါတယ်”လို့ အိုဝင်က သုံးသပ်သွားပါတယ်။

BT Sport မှာ ဖွင့်ဟလိုက်တဲ့ အိုဝင်ကို တွဲဖက် ရီယို ဖာဒီနန်ကလည်း ထောက်ခံဆွေးနွေးသွားပြီး ဆာလားကို သူတောင်းတဲ့အတိုင်း ပေးလိုက်ရင် သူ့ရှေ့က မကြာခင်မှ စာချုပ်ချုပ်ထားတဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ဖာဘင်ညိုနဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေနိုင်ကြောင်းနဲ့ လီဗာပူးလ်အနေနဲ့ အီဂျစ်သားကို အန်းဖီးလ်မှာ ဆက်လက်ထိန်းသိမ်းသင့်ပေမယ့် တရားလွန်လိုက်လျောမှုမျိုးတော့ မလုပ်သင့်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိကတိုက္စစ္မႉး မိုဟာမက္ ဆာလားအတြက္ လိုအပ္တာထက္ပိုၿပီး လစာေငြေၾကး မသုံးစြဲသင့္ေၾကာင္း အသင္းအတြက္ ပြဲေပါင္း ၃၀၀ နီးပါး ကစားေပးခဲ့တဲ့ ဂႏၴဝင္တိုက္စစ္မႉး မိုက္ကယ္ အိုဝင္က ကန႔္ကြက္လိုက္ၿပီး အာဆင္နယ္နဲ႔ အူဘာမီယန္းတို႔ရဲ႕ အျဖစ္ကို သင္ခန္းစာယူၿပီး အမွားမက်ဴးလြန္ဖို႔ သတိေပးလိုက္ပါတယ္။

အီဂ်စ္သားအေနနဲ႔ မာေဆးဆိုက္အေျခစိုက္ အနီေရာင္ေတြနဲ႔ ေႏြရာသီကတည္းက စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ စကားေျပာခဲ့တာျဖစ္ေပမယ့္ တစ္ပတ္ကို ေပါင္ငါးသိန္းအထိ အလိုရွိေနတာေၾကာင့္ အသင္းနဲ႔ အဆင္မေျပခဲ့သလို အနာဂတ္အတြက္လည္း မေရမရာျဖစ္ေနၿပီး ေျခစြမ္းပုံမွန္မရမႈေတြမွာလည္း ဒါက အေၾကာင္းအရာတစ္ခုလို ျဖစ္ေနခဲ့တာပါ။

ႏွစ္ႏွစ္ေအာက္မွာသာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔အတြက္ေတာ့ လီဗာပူးလ္အတြက္ ၁၅၈ ဂိုး ရွာေဖြေပးထားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးေဟာင္းက စိုးရိမ္ေနၿပီး ဆာလားေတာင္းတဲ့အတိုင္း ေပးလိုက္မယ္ဆိုရင္ အာဆင္နယ္နဲ႔ ဂါဘြန္သားလို ျဖစ္လာခဲ့ရင္ ဘယ္လိုလုပ္မလဲဆိုၿပီး ေမးခြန္းထုတ္လိုက္တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ႏွစ္ရာသီဆက္တိုက္ ၂၂ ဂိုးသြင္းယူေပးအၿပီးမွာ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္း လိုခ်င္တဲ့အတိုင္း ေပးလိုက္တဲ့ စာခ်ဳပ္ေနာက္ပိုင္း ကစားသမားအေနနဲ႔ ေျခစြမ္းမျပႏိုင္ေတာ့သလို သူ႔ရဲ႕ ႀကီးမားတဲ့ လုပ္ခအတြက္လည္း ပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၾကၿပီး အသင္းမွာ လစာညာယူေနတယ္လို႔ စြပ္စြဲမႈေတြပါ ရွိလာခဲ့တာပါ။

အသက္ ၃၂ ႏွစ္အ႐ြယ္မွာ ဥေရာပအသင္းႀကီးေတြဆီ ေျပာင္းေ႐ႊ႕ၿပီး ေအာင္ျမင္မႈ မရွာႏိုင္ေတာ့တဲ့ ဂါဘြန္သားအတြက္ အာဆင္နယ္ဟာ မလႈပ္မရႈပ္မျပဳတ္လုပ္ဖို႔ အေကာင္းဆုံးေနရာျဖစ္ၿပီး လက္က်န္စာခ်ဳပ္သက္တမ္းမွာ တစ္ပတ္ သုံးသိန္းခြဲ ထိုင္ယူေနဖို႔နဲ႔ အသင္းရႈံးေနလည္း ကြင္းထဲမွာ ကပၸတိန္လက္ပတ္ႀကီးနဲ႔ ဟီးဟီးဟားဟားလုပ္ေနလို႔ အဆင္ေျပေနတာလည္းျဖစ္ပါတယ္။

“လူေတြကေတာ့ ဆာလားဟာ အသင္းရဲ႕ အဓိက ဂိုးသြင္းရွင္ျဖစ္လို႔ လူေတြက သူလိုခ်င္တာ ေပးလိုက္ပါလို႔ ေျပာမွာ အမွန္ပဲ။ ဒါေပမယ့္ အသင္းဘက္က ၾကည့္ရမယ္ေလ… တစ္ခုခု မွားယြင္းတာနဲ႔ အသင္းရဲ႕ တည္ေဆာက္ပုံက ပ်က္ျပားသြားႏိုင္ပါတယ္။ သူ႔ကို ဗန္ဒိုက္ရဲ႕ လစာႏွစ္ဆအထိ ေပးလိုက္မယ္ဆိုရင္ ေလ့က်င့္ေရးကြင္းမွာ ဘာေတြျဖစ္သြားႏိုင္သလဲဆိုတာမ်ိဳးေပါ့…”

“ကြၽန္ေတာ္တို႔ေတြအေနနဲ႔ အာဆင္နယ္နဲ႔ အူဘာမီယန္း ဘာျဖစ္သြားသလဲ လက္ေတြ႕ ျမင္ထားခဲ့ၾကရတာပါ။ သူလိုခ်င္တာ ေပးလိုက္ေတာ့ အခု ဘာျဖစ္သြားသလဲ? ဒါက သူ႔ရဲ႕ ကစားသမားဘဝအတြက္ ေနာက္ဆုံးအေနနဲ႔ အႀကီးမားဆုံး ရရွိႏိုင္တဲ့ ပမာဏပါ။ ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ အဲဒီမွာ ေက်ာက္ခ်ေနၿပီး အပတ္တိုင္း ဘာပဲျဖစ္ျဖစ္ သူစိတ္မဝင္စားေတာ့ဘူးေလ”လို႔ ၿပိဳင္ဘက္ျဖစ္ခဲ့ဖူးတဲ့ အသင္းကို အိုဝင္က ေထာက္ျပလိုက္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ဆာလားကို အလြယ္တကူ လက္လႊတ္သြားဖို႔က ဘဏၰာေရးအရေရာ လိုအပ္မႈအရပါ မျဖစ္ႏိုင္ေသးဘဲ အသင္းရဲ႕ ဒိုင္ခံဂိုးသြင္းသူျဖစ္ေနတဲ့ ၂၉ ႏွစ္သားအေနနဲ႔ ဒီရာသီမွာ ၅ ပြဲကစားၿပီး ၄ ဂိုးသြင္းယူထားေပးခဲ့ခ်ိန္မွာ သူ႔ကို အစားထိုးႏိုင္မယ့္သူမ်ိဳးကိုလည္း ကိုဗစ္အလြန္မွာ ေငြေၾကးျမင့္ျမင့္မားမား သုံးစြဲေခၚယူဖို႔ မျဖစ္ႏိုင္ေသးတာပါ။

“ဆာလားအေနနဲ႔ လီဗာပူးလ္ရဲ႕ လစာအမ်ားဆုံးေတာ့ ျဖစ္လာႏိုင္ေပမယ့္ သူေတာင္းတာမ်ိဳးေတာ့ မျဖစ္ႏိုင္ပါဘူး။ အသင္းနဲ႔ သူနဲ႔ ၾကားက ရွဥ့္လဲေလွ်ာက္သာ ပ်ားလဲစြဲသာေစမယ့္လမ္းကို ရွာေဖြသြားမွာျဖစ္ၿပီး သင့္ေတာ္ၿပီး ျဖစ္ႏိုင္တယ့္ ပမာဏမ်ိဳးမွာ သေဘာတူညီသြားႏိုင္ဖို႔ေတာ့ လီဗာပူးလ္ဘက္က လုပ္သင့္ပါတယ္”လို႔ အိုဝင္က သုံးသပ္သြားပါတယ္။

BT Sport မွာ ဖြင့္ဟလိုက္တဲ့ အိုဝင္ကို တြဲဖက္ ရီယို ဖာဒီနန္ကလည္း ေထာက္ခံေဆြးေႏြးသြားၿပီး ဆာလားကို သူေတာင္းတဲ့အတိုင္း ေပးလိုက္ရင္ သူ႔ေရွ႕က မၾကာခင္မွ စာခ်ဳပ္ခ်ဳပ္ထားတဲ့ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ဖာဘင္ညိဳနဲ႔ ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာကိုလည္း ထိခိုက္ေစႏိုင္ေၾကာင္းနဲ႔ လီဗာပူးလ္အေနနဲ႔ အီဂ်စ္သားကို အန္းဖီးလ္မွာ ဆက္လက္ထိန္းသိမ္းသင့္ေပမယ့္ တရားလြန္လိုက္ေလ်ာမႈမ်ိဳးေတာ့ မလုပ္သင့္ေၾကာင္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.