Other Premier League

ပြိုင်ဘက်တွေ ချန်ပီယံလိဂ်ကစားနေတာကို ​ထိုင်ကြည့်နေရတာ ရင်နာမိတယ်လို့ ဆိုလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက မိမိတို့အသင်းရဲ့ ပရီးမီးယားလိဂ်အင်အားကြီးပြိုင်ဘက်အသင်းတွေဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ယှဥ်ပြိုင်ကစားနေကြချိန်မှာ မိမိတို့အာဆင်နယ်အသင်း မပါဝင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုသွားခဲ့ပြီး အခုရာသီမှာ ဒီနာကျည်းမှုကို စိတ်ခွန်အားအဖြစ် အသုံးချသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ အင်္ဂါနေ့ည ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကစားခဲ့ကြသလို လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာလည်း ဗုဒ္ဓဟူးနေ့ညမှာ အသီးသီးကစားခဲ့ကြပါတယ်။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက အဆင့် ၈ နေရာနဲ့သာ ဇာတ်သိမ်းခဲ့တာကြောင့် ဥရောပတန်းမဝင်ခဲ့ဘဲ ပြည်တွင်းပြိုင်ပွဲတွေကိုသာ အဓိကအာရုံစိုက်နေရတာပါ။

” ပြီးခဲ့တဲ့ရက်ပိုင်းတွေက တီဗွီကို ဖွင့်ကြည့်တိုင်း စိတ်ထဲမှာ နာကျင်ရပါတယ်။ အသင်းကြီးတွေကတော့ ကစားနေကြချိန်မှာ အာဆင်နယ်ကတော့ ချန်ပီယံလိဂ်မှာ မပါလာဘူးဗျာ။ အင်မတန်ကို နာကျင်ရတာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ပါပဲဗျာ။ အာဆင်နယ်မပါတဲ့ ချန်ပီယံလိဂ်ကို လက်ပိုက်ကြည့်မနေချင်ပါဘူး” လို့ အာတီတာက ဘန်လေနဲ့ပွဲကြိုမှာ ပြောသွားခဲ့ပါတယ်။

ဒီတပတ်ပရီးမီးယားလိဂ်မှာတော့ ဂန်းနားတို့ဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က နောဝစ်ချ်အသင်းကို ၁-၀ နဲ့ အနိုင်ယူပြီး အခုရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရှာတွေ့ခဲ့တဲ့နောက် အာဆင်နယ်ရဲ့ရာဇဝင်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ၅ ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ဂန်းနားပရိသတ်တွေကို အာတီတာက နှစ်သိမ့်စကားပြောသွားခဲ့တယ်လို့ ဆိုရမှာပါ။

အမ်းမရိတ်စ်နည်းပြ အာတီတာအနေနဲ့ ဘန်လေနဲ့ ကစားရမယ့်ပွဲစဥ်နဲ့ ပတ်သက်ပြီး Turf Moor ကွင်းမှာ သူ့အသင်းသားတွေကို ခက်ခဲမယ့်ပွဲတပွဲကို ကစားရမယ်လို့ ကြိုတင်သတိပေးသွားခဲ့သလို မာကျောလွန်းတဲ့ ဘန်လေအသင်းကို ကျော်ဖြတ်ဖို့ဆိုတာ နော်ဝစ်ချ်ကို ကစားရတာနဲ့ မတူညီကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

” ဘန်လေနဲ့ ကစားရတာဟာ ပရီးမီးယားလိဂ်ရဲ့ အကျပ်ဆုံးပွဲစဥ်တွေထဲက တပွဲပါ။ ကစားပွဲထဲမှာ သူတို့ ခေါ်ဆောင်သမျှအရာတွေကို ငြင်းပယ်ပြီး ဆန့်ကျင်ဘက်အရာတွေကို လုပ်ပြရပါလိမ့်မယ်။ နည်းပြ ရှောင်ဒိုက်ဟာ သူ့အသင်းကို ရှိတာလေးနဲ့ လှအောင်ဆင်ထားတာက တကယ်ကိုချီးကျူးထိုက်ပါတယ်။ သူက သူ့လမ်းသူဖောက်ပြီး သူ့လမ်းစဥ်ကို ဖော်ဆောင်ခဲ့တာပါ။ သူ့အသင်းရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကိုလည်း တည်ဆောက်ထားနိုင်တာပါ” လို့ အာတီတာက ဘန်လေနဲ့ပွဲကြိုမှာ ပြောသွားတာပါ။

သူ့အနေနဲ့ ကစားသမားဘဝတုန်းက ကြုံခဲ့ရတဲ့ ဒုက္ခတခုကိုလည်း ပြန်ပြောင်းပြောသွားခဲ့ပြီး ” ရီးရဲလ် ဆိုစီဒက်မှာ အရန်ခုံထိုင်ရတုန်းက စိတ်မှာ တော်တော်လေးခံစားခဲ့ရဖူးပါတယ်။ ကျွန်တော်ပွဲကစားခွင့်မရဘူး။ ဘဝမှာ အဲဒီအချိန်က အရေးအပါဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်တယ်၊ ဒေါသထွက်တယ်။ လူတိုင်းကို အမြင်မကြည်တော့ပါဘူး။ ဒါပေမယ့် အခုပြန်စဥ်းစားရင်တော့ တကယ့်ကို အလှည့်အပြောင်းဖြစ်ခဲ့ရတဲ့ ခံစားမှုပါ” လို့ သူ့အသင်းခံစားနေရတဲ့ ပွဲမတိုးမှုကို သူ့အတွေ့အကြုံနဲ့ နှိုင်းယှဥ်ပြီး စိတ်ဓာတ်မြှင့်တင်ပေးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာက မိမိတို႔အသင္းရဲ႕ ပရီးမီးယားလိဂ္အင္အားႀကီးၿပိဳင္ဘက္အသင္းေတြဟာ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲႀကီးကို ယွဥ္ၿပိဳင္ကစားေနၾကခ်ိန္မွာ မိမိတို႔အာဆင္နယ္အသင္း မပါဝင္တာကိုေတာ့ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆိုသြားခဲ့ၿပီး အခုရာသီမွာ ဒီနာက်ည္းမႈကို စိတ္ခြန္အားအျဖစ္ အသုံးခ်သြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲ႔ မန္ယူႏိုက္တက္အသင္းတို႔ဟာ အဂၤါေန႔ည ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ကစားခဲ့ၾကသလို လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ဟာလည္း ဗုဒၶဟူးေန႔ညမွာ အသီးသီးကစားခဲ့ၾကပါတယ္။ အာဆင္နယ္အသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီက အဆင့္ ၈ ေနရာနဲ႔သာ ဇာတ္သိမ္းခဲ့တာေၾကာင့္ ဥေရာပတန္းမဝင္ခဲ့ဘဲ ျပည္တြင္းၿပိဳင္ပြဲေတြကိုသာ အဓိကအာ႐ုံစိုက္ေနရတာပါ။

” ၿပီးခဲ့တဲ့ရက္ပိုင္းေတြက တီဗြီကို ဖြင့္ၾကည့္တိုင္း စိတ္ထဲမွာ နာက်င္ရပါတယ္။ အသင္းႀကီးေတြကေတာ့ ကစားေနၾကခ်ိန္မွာ အာဆင္နယ္ကေတာ့ ခ်န္ပီယံလိဂ္မွာ မပါလာဘူးဗ်ာ။ အင္မတန္ကို နာက်င္ရတာေတာ့ ၁၀၀ ရာခိုင္ႏႈန္းအျပည့္ပါပဲဗ်ာ။ အာဆင္နယ္မပါတဲ့ ခ်န္ပီယံလိဂ္ကို လက္ပိုက္ၾကည့္မေနခ်င္ပါဘူး” လို႔ အာတီတာက ဘန္ေလနဲ႔ပြဲႀကိဳမွာ ေျပာသြားခဲ့ပါတယ္။

ဒီတပတ္ပရီးမီးယားလိဂ္မွာေတာ့ ဂန္းနားတို႔ဟာ ဘန္ေလအသင္းကို အေဝးကြင္းမွာ သြားကစားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့တပတ္က ေနာဝစ္ခ်္အသင္းကို ၁-၀ နဲ႔ အႏိုင္ယူၿပီး အခုရာသီရဲ႕ ပထမဆုံးႏိုင္ပြဲကို ရွာေတြ႕ခဲ့တဲ့ေနာက္ အာဆင္နယ္ရဲ႕ရာဇဝင္ကို ျပန္ၾကည့္မယ္ဆိုရင္လည္း ၅ ရာသီဆက္တိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့တာေၾကာင့္ ဂန္းနားပရိသတ္ေတြကို အာတီတာက ႏွစ္သိမ့္စကားေျပာသြားခဲ့တယ္လို႔ ဆိုရမွာပါ။

အမ္းမရိတ္စ္နည္းျပ အာတီတာအေနနဲ႔ ဘန္ေလနဲ႔ ကစားရမယ့္ပြဲစဥ္နဲ႔ ပတ္သက္ၿပီး Turf Moor ကြင္းမွာ သူ႔အသင္းသားေတြကို ခက္ခဲမယ့္ပြဲတပြဲကို ကစားရမယ္လို႔ ႀကိဳတင္သတိေပးသြားခဲ့သလို မာေက်ာလြန္းတဲ့ ဘန္ေလအသင္းကို ေက်ာ္ျဖတ္ဖို႔ဆိုတာ ေနာ္ဝစ္ခ်္ကို ကစားရတာနဲ႔ မတူညီေၾကာင္း ေျပာၾကားသြားခဲ့ပါေသးတယ္။

” ဘန္ေလနဲ႔ ကစားရတာဟာ ပရီးမီးယားလိဂ္ရဲ႕ အက်ပ္ဆုံးပြဲစဥ္ေတြထဲက တပြဲပါ။ ကစားပြဲထဲမွာ သူတို႔ ေခၚေဆာင္သမွ်အရာေတြကို ျငင္းပယ္ၿပီး ဆန္႔က်င္ဘက္အရာေတြကို လုပ္ျပရပါလိမ့္မယ္။ နည္းျပ ေရွာင္ဒိုက္ဟာ သူ႔အသင္းကို ရွိတာေလးနဲ႔ လွေအာင္ဆင္ထားတာက တကယ္ကိုခ်ီးက်ဴးထိုက္ပါတယ္။ သူက သူ႔လမ္းသူေဖာက္ၿပီး သူ႔လမ္းစဥ္ကို ေဖာ္ေဆာင္ခဲ့တာပါ။ သူ႔အသင္းရဲ႕ ကိုယ္ပိုင္အမွတ္လကၡဏာကိုလည္း တည္ေဆာက္ထားႏိုင္တာပါ” လို႔ အာတီတာက ဘန္ေလနဲ႔ပြဲႀကိဳမွာ ေျပာသြားတာပါ။

သူ႔အေနနဲ႔ ကစားသမားဘဝတုန္းက ႀကဳံခဲ့ရတဲ့ ဒုကၡတခုကိုလည္း ျပန္ေျပာင္းေျပာသြားခဲ့ၿပီး ” ရီးရဲလ္ ဆိုစီဒက္မွာ အရန္ခုံထိုင္ရတုန္းက စိတ္မွာ ေတာ္ေတာ္ေလးခံစားခဲ့ရဖူးပါတယ္။ ကြၽန္ေတာ္ပြဲကစားခြင့္မရဘူး။ ဘဝမွာ အဲဒီအခ်ိန္က အေရးအပါဆုံးပါပဲ။ ကိုယ့္ကိုယ္ကိုယ္စိတ္ပ်က္တယ္၊ ေဒါသထြက္တယ္။ လူတိုင္းကို အျမင္မၾကည္ေတာ့ပါဘူး။ ဒါေပမယ့္ အခုျပန္စဥ္းစားရင္ေတာ့ တကယ့္ကို အလွည့္အေျပာင္းျဖစ္ခဲ့ရတဲ့ ခံစားမႈပါ” လို႔ သူ႔အသင္းခံစားေနရတဲ့ ပြဲမတိုးမႈကို သူ႔အေတြ႕အႀကဳံနဲ႔ ႏႈိင္းယွဥ္ၿပီး စိတ္ဓာတ္ျမႇင့္တင္ေပးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.