Other Leagues Premier League Transfer News

ဘယ္လင္ဂမ္အျပင္ သူ႕ရဲ႕ညီကိုပါ အတြဲလိုက္ေခၚယူသြားမယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ပစ္မွတ္ျဖစ္တဲ့ ဘာမင္ဂမ္စီးတီးကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေခၚယူဖို႔ ေဆြးေႏြးေနတဲ့အျပင္ သူ႕ရဲ႕ ညီျဖစ္သူကိုပါ တစ္ပါတည္းေခၚယူႏုိင္ဖို႔ ဗ်ဴဟာေျမာက္ ေရႊ႕ကြက္အျဖစ္ အသုံးျပဳလာခဲ့တယ္လို႔ သိရပါတယ္။

ဘယ္လင္ဂမ္နဲ႔ သူ႕ရဲ႕ မိဘႏွစ္ပါးကို ကာရင္တန္ေလ့က်င့္ေရးကြင္းဆီ ဖိတ္ေခၚၿပီး ဂႏၴဝင္နည္းျပႀကီး ဆာအဲလ္စ္ ဖာဂူဆန္နဲ႔ ေတြ႕ဆုံခဲ့ဖူးတဲ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းကမွ အသက္ ၁၅ ႏွစ္ျပည့္ခဲ့တဲ့ ဂ်ဳိ႕ဘ္လို႔ အမည္ရတဲ့ ညီျဖစ္သူအတြက္လည္း တစ္ပါတည္း ေဆြးေႏြးသြားဖို႔ ရွိေနတာပါ။

ဘာမင္ဂမ္အသင္းမွာ တစ္ပတ္လုပ္ခ ၁၄၅ ေပါင္ ရရွိေနတဲ့ ဘယ္လင္ဂမ္အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေဒါ့မြန္အသင္းတုိ႔ အဓိက ၿပဳိင္ဆုိင္ေနခဲ့ရၿပီး ဂ်ာမန္အသင္းဘက္က သူ႕ကို တစ္ပတ္ကို ေပါင္ေျခာက္ေသာင္းေပးမယ္လို႔ ကမ္းလွမ္းထားခဲ့ၿပီး အုိးလ္ထရက္ဖို႔ဒ္မွာေတာ့ အမ်ားဆုံး ဒီတစ္ဝက္ကိုပဲ ရရွိႏုိင္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

လာမယ့္ ရာသီကုန္ခ်ိန္ ဇြန္လမွာမွ အသက္ ၁၇ ႏွစ္ျပည့္ေျမာက္မယ့္ ဘယ္လင္ဂမ္အေနနဲ႔ေတာ့ မန္ခ်က္စတာစီးတီးရဲ႕ ေဂ်ဒန္ ဆန္ခ်ဳိ၊ ရက္ဘီ မာတြန္ဒိုတုိ႔လိုမ်ဳိး ဘြန္ဒက္စ္လီဂါကို သြားဖို႔ ျဖစ္ႏုိင္ေျခနည္းေနတယ္လုိ႔လည္း ခန္႔မွန္းရၿပီး ယူႏုိက္တက္ရဲ႕ ညီျဖစ္သူကိုပါ ေခၚယူမယ္ဆုိတဲ့ ညႇိႏွဳိင္းမွဳကေတာ့ မိဘေတြကိုပါ ေထာက္ခံမဲယူလုိက္တဲ့ စည္း႐ုံးမွဳမ်ဳိးလည္းျဖစ္ေနလို႔ အခြင့္အေရးသာလာဖြယ္လည္းရွိေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဂ်ဳဒ္ ဘယ္လင္ဂမ္အတြက္ ေပါင္ ၃၅ သန္း စတင္ေပးေခ်ၿပီး ေအာင္ျမင္မွဳေတြအရ ေပါင္သန္း ၅၀ အထိ ခံစားခြင့္ကိုလည္း ကမ္းလွမ္းသြားမွာျဖစ္ၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက စိတ္ဝင္စားေနတဲ့ ညီျဖစ္သူ ဂ်ဳိ႕ဘ္အတြက္ေတာ့ ဘာမင္ဂမ္အသင္းဆီ ေလ့က်င့္ေရးစရိတ္ကို ေပးေလ်ာ္ၿပီး ေခၚယူႏုိင္မွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘာမင်ဂမ်စီးတီးကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့အပြင် သူ့ရဲ့ ညီဖြစ်သူကိုပါ တစ်ပါတည်းခေါ်ယူနိုင်ဖို့ ဗျူဟာမြောက် ရွှေ့ကွက်အဖြစ် အသုံးပြုလာခဲ့တယ်လို့ သိရပါတယ်။

ဘယ်လင်ဂမ်နဲ့ သူ့ရဲ့ မိဘနှစ်ပါးကို ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ဖိတ်ခေါ်ပြီး ဂန္ထဝင်နည်းပြကြီး ဆာအဲလ်စ် ဖာဂူဆန်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အသက် ၁၅ နှစ်ပြည့်ခဲ့တဲ့ ဂျို့ဘ်လို့ အမည်ရတဲ့ ညီဖြစ်သူအတွက်လည်း တစ်ပါတည်း ဆွေးနွေးသွားဖို့ ရှိနေတာပါ။

ဘာမင်ဂမ်အသင်းမှာ တစ်ပတ်လုပ်ခ ၁၄၅ ပေါင် ရရှိနေတဲ့ ဘယ်လင်ဂမ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ အဓိက ပြိုင်ဆိုင်နေခဲ့ရပြီး ဂျာမန်အသင်းဘက်က သူ့ကို တစ်ပတ်ကို ပေါင်ခြောက်သောင်းပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာတော့ အများဆုံး ဒီတစ်ဝက်ကိုပဲ ရရှိနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လာမယ့် ရာသီကုန်ချိန် ဇွန်လမှာမှ အသက် ၁၇ နှစ်ပြည့်မြောက်မယ့် ဘယ်လင်ဂမ်အနေနဲ့တော့ မန်ချက်စတာစီးတီးရဲ့ ဂျေဒန် ဆန်ချို၊ ရက်ဘီ မာတွန်ဒိုတို့လိုမျိုး ဘွန်ဒက်စ်လီဂါကို သွားဖို့ ဖြစ်နိုင်ခြေနည်းနေတယ်လို့လည်း ခန့်မှန်းရပြီး ယူနိုက်တက်ရဲ့ ညီဖြစ်သူကိုပါ ခေါ်ယူမယ်ဆိုတဲ့ ညှိနှိုင်းမှုကတော့ မိဘတွေကိုပါ ထောက်ခံမဲယူလိုက်တဲ့ စည်းရုံးမှုမျိုးလည်းဖြစ်နေလို့ အခွင့်အရေးသာလာဖွယ်လည်းရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂျုဒ် ဘယ်လင်ဂမ်အတွက် ပေါင် ၃၅ သန်း စတင်ပေးချေပြီး အောင်မြင်မှုတွေအရ ပေါင်သန်း ၅၀ အထိ ခံစားခွင့်ကိုလည်း ကမ်းလှမ်းသွားမှာဖြစ်ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက စိတ်ဝင်စားနေတဲ့ ညီဖြစ်သူ ဂျို့ဘ်အတွက်တော့ ဘာမင်ဂမ်အသင်းဆီ လေ့ကျင့်ရေးစရိတ်ကို ပေးလျော်ပြီး ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.