Premier League Serie A Transfer News

အီတလီကို သူ႕ရဲ႕ကစားသမား ျပန္ေတာ့မယ္လို႔ ေျပာခဲ့တဲ့ ေတာ္ရဲရားရဲ႕ ေအးဂ်င့္

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ လာမယ့္ အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ခ်ိန္မွာ အီတလီေျမ စီးရီးေအကို ေျပာင္းေရႊ႕ကစားဖို႔ ရွိေနေၾကာင္းနဲ႔ သူ႕မွာ ခ်ိတ္ဆက္မွဳေတြ ရွိေနေၾကာင္း ေအးဂ်င့္ျဖစ္သူ ပါဘလို ဘင္တန္ကာက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

ဥ႐ုေဂြးကြင္းလယ္လူအေနနဲ႔ေတာ့ ဒီရာသီမွာ ႐ုန္းကန္ေနခဲ့ရၿပီး နည္းျပေဟာင္း အူႏုိင္း အမ္မရီလက္ထက္မွာ ေနရာေျပာင္းကစားခဲ့ရသလို နည္းျပသစ္ မီခယ္လ္ အာတီတာလိုခ်င္တဲ့ ပုံစံမ်ဳိးကုိလည္း အျပည့္အဝ လုိက္ပါလုပ္ေဆာင္ေပးႏုိင္ျခင္းမရွိဘဲလည္းျဖစ္ေနခဲ့ပါတယ္။

ဒီၾကားထဲမွာ ဒဏ္ရာေၾကာင့္ ထပ္မံအနားယူခဲ့ရၿပီး သူ႕ရဲ႕ေနရာကို အငွားကစားသမား ဒါနီ စီဘာေယာ့စ္ဆီ လႊဲေပးခဲ့ရသလို အာတီတာရဲ႕ ပြဲထြက္တစ္ေနရာကို ရယူဖို႔ အခက္အခဲေတြရွိလာခဲ့ၿပီး သူ႕ရဲ႕ ကိုယ္လုံးကိုယ္ထည္နဲ႔ ပရီးမီးယားလိဂ္က နည္းနည္းလည္း ဓာတ္မတည့္သလုိ ျဖစ္လာခဲ့တာပါ။

“သူ႕မွာ ကစားရတဲ့ နည္းစနစ္ပုိင္းအတြက္ စိတ္ပ်က္ေနခဲ့ရၿပီး ေနာက္ေတာ့ ေျပလည္သြားလို႔ ေတာ္ပါေသးတယ္။ ဒဏ္ရာကေတာ့ ထင္ထားတာေလာက္ မဆုိးရြားဘဲ အခု ျပန္လည္ေကာင္းမြန္ေနၿပီး လာမယ့္ ေဈးကြက္ထဲမွာ ေျပာင္းေရႊ႕ႏုိင္ပါၿပီ။ အာဆင္နယ္အသင္းနဲ႔ ကၽြန္ေတာ္ ေဆြးေႏြးသြားဖို႔ရွိေနၿပီး အီတလီကို ျပန္ဖို႔ ကစားသမားအေနနဲ႔ ဆႏၵရွိေနပါတယ္”လို႔ ဘင္တန္ကာက ေျပာသြားပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေတာ္ရဲရားအတြက္ ေပါင္ ၃၅ သန္းရရွိမွ ေရာင္းခ်သြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး ေအစီမီလန္ အသင္းနဲ႔ သေဘာတူညီမွဳေတြ ျပဳလုပ္သြားႏုိင္မယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကသလို နာပုိလီအသင္းကလည္း ေစာင့္ၾကည့္ေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ လာမယ့် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ အီတလီမြေ စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ ရှိနေကြောင်းနဲ့ သူ့မှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အေးဂျင့်ဖြစ်သူ ပါဘလို ဘင်တန်ကာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဥရုဂွေးကွင်းလယ်လူအနေနဲ့တော့ ဒီရာသီမှာ ရုန်းကန်နေခဲ့ရပြီး နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်မှာ နေရာပြောင်းကစားခဲ့ရသလို နည်းပြသစ် မီခယ်လ် အာတီတာလိုချင်တဲ့ ပုံစံမျိုးကိုလည်း အပြည့်အဝ လိုက်ပါလုပ်ဆောင်ပေးနိုင်ခြင်းမရှိဘဲလည်းဖြစ်နေခဲ့ပါတယ်။

ဒီကြားထဲမှာ ဒဏ်ရာကြောင့် ထပ်မံအနားယူခဲ့ရပြီး သူ့ရဲ့နေရာကို အငှားကစားသမား ဒါနီ စီဘာယော့စ်ဆီ လွှဲပေးခဲ့ရသလို အာတီတာရဲ့ ပွဲထွက်တစ်နေရာကို ရယူဖို့ အခက်အခဲတွေရှိလာခဲ့ပြီး သူ့ရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ ပရီးမီးယားလိဂ်က နည်းနည်းလည်း ဓာတ်မတည့်သလို ဖြစ်လာခဲ့တာပါ။

“သူ့မှာ ကစားရတဲ့ နည်းစနစ်ပိုင်းအတွက် စိတ်ပျက်နေခဲ့ရပြီး နောက်တော့ ပြေလည်သွားလို့ တော်ပါသေးတယ်။ ဒဏ်ရာကတော့ ထင်ထားတာလောက် မဆိုးရွားဘဲ အခု ပြန်လည်ကောင်းမွန်နေပြီး လာမယ့် ဈေးကွက်ထဲမှာ ပြောင်းရွှေ့နိုင်ပါပြီ။ အာဆင်နယ်အသင်းနဲ့ ကျွန်တော် ဆွေးနွေးသွားဖို့ရှိနေပြီး အီတလီကို ပြန်ဖို့ ကစားသမားအနေနဲ့ ဆန္ဒရှိနေပါတယ်”လို့ ဘင်တန်ကာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ တော်ရဲရားအတွက် ပေါင် ၃၅ သန်းရရှိမှ ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အေစီမီလန် အသင်းနဲ့ သဘောတူညီမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြသလို နာပိုလီအသင်းကလည်း စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.