Bundesliga Premier League Transfer News

အန္ဟဲလီညဳိနဲ႔ လိုက္ပ္ဇစ္ဆီ အလဲအထပ္ သေဘာတူညီမွဳ ရွာေဖြဖို႔ ရွိေနတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ RB လုိက္ပ္ဇစ္အသင္းဆီ အငွားခ်ထားခဲ့တဲ့ သူတုိ႔ရဲ႕ ဘယ္ေနာက္ခံလူ အန္ဟဲလီညဳိကို အလုိက္ေပးၿပီး ဘြန္ဒက္စ္လီဂါကလပ္ဘက္က ကစားသမားေတြကို ေခၚယူဖို႔ ေဆြးေႏြးမွဳေတြရွိလာႏုိင္တယ္လို႔ ပရိသတ္ေတြက ခန္႔မွန္းေနၾကပါတယ္။

RB လိုက္ပ္ဇစ္ရဲ႕ အားကစားဒါ႐ိုက္တာ မားကပ္စ္ ခ႐ိုရွာကေတာ့ သူတုိ႔အေနနဲ႔ စပိန္ေနာက္ခံလူအတြက္ စီးတီးဘက္က သတ္မွတ္ထားတဲ့ ယူ႐ို ၂၂ သန္းကို မတတ္ႏုိင္ေၾကာင္းနဲ႔ ကစားသမားနဲ႔ အသင္းၾကား အဆင္ေျပေနတာမို႔ ေခၚယူႏုိင္မယ့္ နည္းလမ္းကိုေတာ့ ရွာေဖြသြားမယ္လုိ႔ ေျပာၾကားလိုက္ပါတယ္။

ဒီစကားအေပၚမွာ မူတည္ၿပီး ပရိသတ္ေတြအေနနဲ႔ RB လိုက္ပ္ဇစ္အသင္းက ဥေရာပအသင္းႀကီးေတြၾကား ေရပန္းစားေနတဲ့ ေနာက္ခံလူ ဒါယို အူပါမီကာႏုိနဲ႔ တုိက္စစ္မွဴး တီမို ဗာနာတုိ႔ကို အလဲအထပ္နဲ႔ ေခၚယူဖို႔ကိုလည္း ေတာင္းဆုိေနခဲ့ၾကၿပီး ေပါင္ ၆ သန္းနဲ႔ PSV ကေန ျပန္လည္ေခၚယူထားတဲ့ ေနာက္ခံလူဆီကေန အက်ဳိးျဖစ္ထြန္းဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

အန္ဟဲလီညဳိအေနနဲ႔ကေတာ့ မန္စီးတီးအသင္းမွာ ေနရာမရႏုိင္တာ ေသခ်ာသေလာက္ျဖစ္ေနၿပီး အုိလက္ဇန္ဒါ ဇင္ခ်န္ကိုနဲ႔ ဘင္ဂ်မင္ မန္ဒီတို႔ ႏွစ္ဦးကိုသာ အလွည့္က်သုံးစြဲေနတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ သူ႕ကို ထပ္မံသုံးစြဲဖို႔ စိတ္ကူးမရွိသလို လက္စတာရဲ႕ ဘန္ေခ်းလ္ဝဲလ္ကိုပါ ရႏုိင္ရင္ ေခၚယူခ်င္ေနတာလည္းျဖစ္ပါတယ္။

မန္စီးတီးအေနနဲ႔ေတာ့ လာမယ့္ရာသီမွာ ဗဟိုခံစစ္မွဴးေကာင္းတစ္ဦးကို ဝယ္ယူဖို႔ ျပင္ဆင္ေနၿပီး အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြန္ပနီ ထြက္ခြာသြားကတည္းကေန ျပန္လည္မျဖည့္တင္းႏုိင္တဲ့ ကြက္လပ္ေၾကာင့္ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို လက္လႊတ္ခဲ့ရတဲ့ အျဖစ္မ်ဳိး ထပ္ၿပီး အမွားခံေတာ့မွာ မဟုတ္လို႔ အူပါမီကာႏိုကို ေပါင္သန္း ၃၀ ေလာက္နဲ႔ အန္ဟဲလီညဳိေပးၿပီး ေခၚယူႏိုင္ဖြယ္ အေျခအေနကို ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: SPORT WITNESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ RB လိုက်ပ်ဇစ်အသင်းဆီ အငှားချထားခဲ့တဲ့ သူတို့ရဲ့ ဘယ်နောက်ခံလူ အန်ဟဲလီညိုကို အလိုက်ပေးပြီး ဘွန်ဒက်စ်လီဂါကလပ်ဘက်က ကစားသမားတွေကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိလာနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

RB လိုက်ပ်ဇစ်ရဲ့ အားကစားဒါရိုက်တာ မားကပ်စ် ခရိုရှာကတော့ သူတို့အနေနဲ့ စပိန်နောက်ခံလူအတွက် စီးတီးဘက်က သတ်မှတ်ထားတဲ့ ယူရို ၂၂ သန်းကို မတတ်နိုင်ကြောင်းနဲ့ ကစားသမားနဲ့ အသင်းကြား အဆင်ပြေနေတာမို့ ခေါ်ယူနိုင်မယ့် နည်းလမ်းကိုတော့ ရှာဖွေသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီစကားအပေါ်မှာ မူတည်ပြီး ပရိသတ်တွေအနေနဲ့ RB လိုက်ပ်ဇစ်အသင်းက ဥရောပအသင်းကြီးတွေကြား ရေပန်းစားနေတဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုနဲ့ တိုက်စစ်မှူး တီမို ဗာနာတို့ကို အလဲအထပ်နဲ့ ခေါ်ယူဖို့ကိုလည်း တောင်းဆိုနေခဲ့ကြပြီး ပေါင် ၆ သန်းနဲ့ PSV ကနေ ပြန်လည်ခေါ်ယူထားတဲ့ နောက်ခံလူဆီကနေ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်နေကြပါတယ်။

အန်ဟဲလီညိုအနေနဲ့ကတော့ မန်စီးတီးအသင်းမှာ နေရာမရနိုင်တာ သေချာသလောက်ဖြစ်နေပြီး အိုလက်ဇန်ဒါ ဇင်ချန်ကိုနဲ့ ဘင်ဂျမင် မန်ဒီတို့ နှစ်ဦးကိုသာ အလှည့်ကျသုံးစွဲနေတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ သူ့ကို ထပ်မံသုံးစွဲဖို့ စိတ်ကူးမရှိသလို လက်စတာရဲ့ ဘန်ချေးလ်ဝဲလ်ကိုပါ ရနိုင်ရင် ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့တော့ လာမယ့်ရာသီမှာ ဗဟိုခံစစ်မှူးကောင်းတစ်ဦးကို ဝယ်ယူဖို့ ပြင်ဆင်နေပြီး အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီ ထွက်ခွာသွားကတည်းကနေ ပြန်လည်မဖြည့်တင်းနိုင်တဲ့ ကွက်လပ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရတဲ့ အဖြစ်မျိုး ထပ်ပြီး အမှားခံတော့မှာ မဟုတ်လို့ အူပါမီကာနိုကို ပေါင်သန်း ၃၀ လောက်နဲ့ အန်ဟဲလီညိုပေးပြီး ခေါ်ယူနိုင်ဖွယ် အခြေအနေကို မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: SPORT WITNESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.