Other Premier League

ဒီရာသီမကုန်ခင်မှာ ပြန်ကစားနိုင်တော့မယ့် ဟာဗေး အဲလီးယော့နှင့် အေစီနှင့်ပွဲအတွက် နောက်ဆုံးရ ဒဏ်ရာသတင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးလ်အသင်းက လိဒ်စ်ယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့ပေမယ့် စိတ်ပျက်စရာသတင်းအဖြစ် ဒီရာသီမှာ ခြေစွမ်းကောင်းရနေတဲ့ အသက် ၁၈ နှစ်သားလေး ကွင်းလယ်လူ ဟာဗေး အဲလီးယော့ရဲ့ ​ခြေကျင်းဝတ်အဆစ်လွဲတဲ့ ဒဏ်ရာကို မလွဲမရှောင်သာဘဲ ကြုံတွေ့ခဲ့ရပါတယ်။

သူ့အနေနဲ့ အင်္ဂါနေ့မှာ ဒဏ်ရာကို ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီလို့ သိရှိရပြီး အန်ဖီးလ်ပရိသတ်တွေအတွက် စိတ်ပူသက်သာစေခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်အတွက် လပိုင်းအနည်းငယ်ကတော့ ဆက်လက်အနားယူရဦးမှာပါ။ ဒီအတွက် သူ့ကို ဘယ်အချိန်ပြန်ကစားနိုင်မယ်လို့တော့ အတိအကျဖိအားမပေးလိုကြောင်း အသင်းရဲ့ဆရာဝန် ဂျင်မ်မိုဆွန်က ပြောကြားသွားခဲ့ပြီး ဒီရာသီမကုန်ခင်မှာတော့ ပြန်လာနိုင်လိမ့်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

” ဟာဗေးဟာ ဘယ်ခြေကျင်းဝတ်အဆစ်လွဲသွားခဲ့တာပါ။ ကွင်းထဲမှာတင် သူ့​ခြေကျင်းဝတ်ကို အဆစ်ပြန်တည့်အောင် ကျွန်တော်တို့ အနည်းနဲ့အများ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ထိခိုက်မှုကိုကုစားဖို့နဲ့ အရွတ်စုတ်ပြဲမှုတွေကို ဒီနေ့မှာပဲ ခွဲစိတ်ကုသလိုက်နိုင်ပါပြီ။ ခွဲစိတ်မှုအောင်မြင်ပါတယ်။ ဒါကြောင့် သူပြန်လာနိုင်ပါလိမ့်မယ်”

” ကျွန်တော်တို့ သူ့ကို ဘယ်အချိန်အတိုင်းအတာအတွင်း ပြန်ကစားနိုင်ရမယ်လို့ ဖိအားပေးသွားမှာ မဟုတ်ပါဘူး။ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေကို ကောင်းကောင်းလုပ်ဆောင်ပေးရဦးမှာပါ။ ပွဲပြန်ကစားဖို့ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့နေ့၊ ဒီရာသီအတွင်းမှာတော့ ပြန်ကစားနိုင်ဖို့ သေချာသလောက်ရှိနေပါတယ်” လို့ အဆိုပါဆရာဝန်က အသင်းတရားဝင်ဝက်ဘ်ဆိုက်ကနေတဆင့် ကြေငြာသွားခဲ့ပါတယ်။

အင်္ဂါနေ့အစောပိုင်းက ပြုလုပ်တဲ့ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲကြို အင်တာဗျူးမှာ လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း သူ့အားထားရတဲ့ လီဗာပူးလ်လူငယ်ကြယ်ပွင့်လေး ဟာဗေး အဲလီးယော့ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး ခုလို ပြောသွားခဲ့ပါတယ်။

” လိဒ်စ်ယူနိုက်တက်နဲ့ပွဲပြီးပြီးချင်းမှာပဲ ကျွန်တော် သူနဲ့စကားပြောဖြစ်ပါတယ်။ သူ့အနေအထားက မျှော်လင့်စရာအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ အချိန်တန်ကြာတော့ ပွဲကစားခွင့်လွဲချော်ရဦးမယ်ဆိုတာကို သူ့အနေနဲ့ တည်တည်ငြိမ်ငြိမ်ပဲ လက်သင့်ခံထားပါတယ်”

” သူ လန်ဒန်မြို့မှာ ရောက်နေပါတယ်။ (ဒီနေ့) အင်္ဂါနေ့မှာ ခွဲစိတ်မှုခံယူပါလိမ့်မယ်။ သူပြန်လာဖို့ နောက်တဆင့်ကြိုးစားနေတာဖြစ်ပါတယ်။ သတင်းကောင်းကိုကြားရဖို့ ကျွန်တော်တို့အားလုံးစောင့်နေကြပါပြီ” လို့ နည်းပြ ယာဂင် ကလေ့ာပ်ကလည်း ချန်ပီယံလိဂ်ပွဲကြိုမှာ ပြောကြားသွားခဲ့သေးတာပါ။

အဲလီးယော့အနေနဲ့ သူ့ကို ဖျက်ထုတ်ခဲ့တဲ့ လိဒ်စ်ကစားသမား ပါစကယ်လ် စထွိုက်ခ်ကိုလည်း အပြစ်မတင်လိုကြောင်း ဖြေသိမ့်သွားခဲ့သလို အခုဖြစ်ရပ်ဟာ ရည်ရွယ်ချက်မရှိဘဲ မတော်တဆထိခိုက်မှုသာဖြစ်ကြောင်း ပရိသတ်ကိုပါ နှစ်သိမ့်သွားခဲ့ပြီး သူ့ဒဏ်ရာကို အချိန်မီတာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ လိဒ်စ်ဆေးအဖွဲ့နဲ့ ဂရုစိုက်မှုပေးခဲ့တဲ့ လိဒ်စ်အထွေထွေဆေးရုံကိုလည်း ကျေးဇူးတင်ရှိကြောင်း သဘောထားကြီးကြီးနဲ့ လူကြီးလူကောင်းဆန်ဆန် ပြောကြားသွားခဲ့တာပါ။

ယခုရာသီမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ညာခြမ်းမှာ ဆာလား၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ ချိတ်ဆက်ကစားပြီး ခြေစွမ်းပြနေတဲ့ အဲလီးယော့ ဒဏ်ရာကြောင့် လအနည်းငယ်ကြာ နားရမှာ ဖြစ်တဲ့အတွက် သူ့နေရာအစားထိုးဖို့ လီဗာပူးလ်နည်းပြကလော့ပ်အတွက် အနည်းငယ် ခေါင်းခဲစရာဖြစ်ပြီး ထိုနေရာအတွက် နာဘီ ကီတာကို ကစားခိုင်းနိုင်သလို လူငယ်ကစားသမားလေး ကာတစ်ဂျုံးစ်ကိုလည်း အခွင့်ရေးပေးလာနိုင်ချေရှိနေပါတယ်။

ယနေ့ည အန်းဖီးလ်မှာ အေစီမီလန်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းမှ ပြီးခဲ့တဲ့ တနင်္ဂနွေက ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ရောဘတ်တို ဖာမင်နိုနဲ့ မီနာမီနိုတို့ပါဝင်ဖို့ မသေချာသေးတာကလွဲရင် ကျန်ကစားသမားများ ဒဏ်ရာကင်းစင်နေပြီး အေစီမီလန်အသင်းဘက်မှတော့ အားထားရတဲ့ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ဒဏ်ရာကြောင့် သေချာပေါက်လွဲချော်မှာဖြစ်ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အိုလီဗာ ဂျရူးပွဲထွက်ကစားလာဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္အသင္းက လိဒ္စ္ယူႏိုက္တက္ကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ကစားခဲ့ေပမယ့္ စိတ္ပ်က္စရာသတင္းအျဖစ္ ဒီရာသီမွာ ေျခစြမ္းေကာင္းရေနတဲ့ အသက္ ၁၈ ႏွစ္သားေလး ကြင္းလယ္လူ ဟာေဗး အဲလီးေယာ့ရဲ႕ ​ေျခက်င္းဝတ္အဆစ္လြဲတဲ့ ဒဏ္ရာကို မလြဲမေရွာင္သာဘဲ ႀကဳံေတြ႕ခဲ့ရပါတယ္။

သူ႔အေနနဲ႔ အဂၤါေန႔မွာ ဒဏ္ရာကို ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ၿပီလို႔ သိရွိရၿပီး အန္ဖီးလ္ပရိသတ္ေတြအတြက္ စိတ္ပူသက္သာေစခဲ့သလို ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္အတြက္ လပိုင္းအနည္းငယ္ကေတာ့ ဆက္လက္အနားယူရဦးမွာပါ။ ဒီအတြက္ သူ႔ကို ဘယ္အခ်ိန္ျပန္ကစားႏိုင္မယ္လို႔ေတာ့ အတိအက်ဖိအားမေပးလိုေၾကာင္း အသင္းရဲ႕ဆရာဝန္ ဂ်င္မ္မိုဆြန္က ေျပာၾကားသြားခဲ့ၿပီး ဒီရာသီမကုန္ခင္မွာေတာ့ ျပန္လာႏိုင္လိမ့္မယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။

” ဟာေဗးဟာ ဘယ္ေျခက်င္းဝတ္အဆစ္လြဲသြားခဲ့တာပါ။ ကြင္းထဲမွာတင္ သူ႔​ေျခက်င္းဝတ္ကို အဆစ္ျပန္တည့္ေအာင္ ကြၽန္ေတာ္တို႔ အနည္းနဲ႔အမ်ား လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ထိခိုက္မႈကိုကုစားဖို႔နဲ႔ အ႐ြတ္စုတ္ၿပဲမႈေတြကို ဒီေန႔မွာပဲ ခြဲစိတ္ကုသလိုက္ႏိုင္ပါၿပီ။ ခြဲစိတ္မႈေအာင္ျမင္ပါတယ္။ ဒါေၾကာင့္ သူျပန္လာႏိုင္ပါလိမ့္မယ္”

” ကြၽန္ေတာ္တို႔ သူ႔ကို ဘယ္အခ်ိန္အတိုင္းအတာအတြင္း ျပန္ကစားႏိုင္ရမယ္လို႔ ဖိအားေပးသြားမွာ မဟုတ္ပါဘူး။ ျပန္လည္ထူေထာင္ေရးေလ့က်င့္ခန္းေတြကို ေကာင္းေကာင္းလုပ္ေဆာင္ေပးရဦးမွာပါ။ ပြဲျပန္ကစားဖို႔ သူ႔ကိုယ္သူ ယုံၾကည္မႈရွိတဲ့ေန႔၊ ဒီရာသီအတြင္းမွာေတာ့ ျပန္ကစားႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္” လို႔ အဆိုပါဆရာဝန္က အသင္းတရားဝင္ဝက္ဘ္ဆိုက္ကေနတဆင့္ ေၾကျငာသြားခဲ့ပါတယ္။

အဂၤါေန႔အေစာပိုင္းက ျပဳလုပ္တဲ့ ေအစီမီလန္နဲ႔ ခ်န္ပီယံလိဂ္ပြဲႀကိဳ အင္တာဗ်ဴးမွာ လီဗာပူးလ္နည္းျပ ကေလာ့ပ္ကလည္း သူ႔အားထားရတဲ့ လီဗာပူးလ္လူငယ္ၾကယ္ပြင့္ေလး ဟာေဗး အဲလီးေယာ့ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပတ္သတ္ၿပီး ခုလို ေျပာသြားခဲ့ပါတယ္။

” လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲၿပီးၿပီးခ်င္းမွာပဲ ကြၽန္ေတာ္ သူနဲ႔စကားေျပာျဖစ္ပါတယ္။ သူ႔အေနအထားက ေမွ်ာ္လင့္စရာအေကာင္းဆုံးအေနအထားမွာရွိေနပါတယ္။ အခ်ိန္တန္ၾကာေတာ့ ပြဲကစားခြင့္လြဲေခ်ာ္ရဦးမယ္ဆိုတာကို သူ႔အေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ပဲ လက္သင့္ခံထားပါတယ္”

” သူ လန္ဒန္ၿမိဳ႕မွာ ေရာက္ေနပါတယ္။ (ဒီေန႔) အဂၤါေန႔မွာ ခြဲစိတ္မႈခံယူပါလိမ့္မယ္။ သူျပန္လာဖို႔ ေနာက္တဆင့္ႀကိဳးစားေနတာျဖစ္ပါတယ္။ သတင္းေကာင္းကိုၾကားရဖို႔ ကြၽန္ေတာ္တို႔အားလုံးေစာင့္ေနၾကပါၿပီ” လို႔ နည္းျပ ယာဂင္ ကေလ့ာပ္ကလည္း ခ်န္ပီယံလိဂ္ပြဲႀကိဳမွာ ေျပာၾကားသြားခဲ့ေသးတာပါ။

အဲလီးေယာ့အေနနဲ႔ သူ႔ကို ဖ်က္ထုတ္ခဲ့တဲ့ လိဒ္စ္ကစားသမား ပါစကယ္လ္ စထြိဳက္ခ္ကိုလည္း အျပစ္မတင္လိုေၾကာင္း ေျဖသိမ့္သြားခဲ့သလို အခုျဖစ္ရပ္ဟာ ရည္႐ြယ္ခ်က္မရွိဘဲ မေတာ္တဆထိခိုက္မႈသာျဖစ္ေၾကာင္း ပရိသတ္ကိုပါ ႏွစ္သိမ့္သြားခဲ့ၿပီး သူ႔ဒဏ္ရာကို အခ်ိန္မီတာဝန္ယူေဆာင္႐ြက္ေပးခဲ့တဲ့ လိဒ္စ္ေဆးအဖြဲ႕နဲ႔ ဂ႐ုစိုက္မႈေပးခဲ့တဲ့ လိဒ္စ္အေထြေထြေဆး႐ုံကိုလည္း ေက်းဇူးတင္ရွိေၾကာင္း သေဘာထားႀကီးႀကီးနဲ႔ လူႀကီးလူေကာင္းဆန္ဆန္ ေျပာၾကားသြားခဲ့တာပါ။

ယခုရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ ညာျခမ္းမွာ ဆာလား၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔နဲ႔ ခ်ိတ္ဆက္ကစားၿပီး ေျခစြမ္းျပေနတဲ့ အဲလီးေယာ့ ဒဏ္ရာေၾကာင့္ လအနည္းငယ္ၾကာ နားရမွာ ျဖစ္တဲ့အတြက္ သူ႔ေနရာအစားထိုးဖို႔ လီဗာပူးလ္နည္းျပကေလာ့ပ္အတြက္ အနည္းငယ္ ေခါင္းခဲစရာျဖစ္ၿပီး ထိုေနရာအတြက္ နာဘီ ကီတာကို ကစားခိုင္းႏိုင္သလို လူငယ္ကစားသမားေလး ကာတစ္ဂ်ဳံးစ္ကိုလည္း အခြင့္ေရးေပးလာႏိုင္ေခ်ရွိေနပါတယ္။

ယေန႔ည အန္းဖီးလ္မွာ ေအစီမီလန္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လီဗာပူးလ္အသင္းမွ ၿပီးခဲ့တဲ့ တနဂၤေႏြက ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ ေရာဘတ္တို ဖာမင္ႏိုနဲ႔ မီနာမီႏိုတို႔ပါဝင္ဖို႔ မေသခ်ာေသးတာကလြဲရင္ က်န္ကစားသမားမ်ား ဒဏ္ရာကင္းစင္ေနၿပီး ေအစီမီလန္အသင္းဘက္မွေတာ့ အားထားရတဲ့ တိုက္စစ္မႉး ဇလာတန္ အီဘရာဟီမိုဗစ္ ဒဏ္ရာေၾကာင့္ ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း အိုလီဗာ ဂ်႐ူးပြဲထြက္ကစားလာဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z