Premier League

UCLအဖွင့်လှသွားတဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီး 1-0 ဇင်းနစ်ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

တူဟယ်လ်အတွက် ကံကောင်းခြင်းလက်ဆောင် လူကာကူး
မန်စီးတီးကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ယူအပြီး ချယ်လ်ဆီးအသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရုရှားကလပ်ကတော့ ဂိုးရှေ့မှာ လူ ၁၁ ယောက်လုံး ပိတ်ဆို့ပြီး ကစားသွားခဲ့လို့ ချယ်လ်ဆီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ တိုက်စစ်မှူး ရိုမီလူ လူကာကူးက ချဲလ်ဆီးရဲ့တည်ကြက်အဖြစ် ဇင်းနစ်ခံစစ်ကို ဖျက်ဆီးနိုင်ခဲ့ပြီး သူ့ရဲ့ခေါင်းတိုက်ဂိုးကနေတဆင့် တလုံးတည်းသောအနိုင်ဂိုးကို ရယူပေးပြီး တူဟယ်လ်အတွက် ကယ်တင်ရှင်လည်းဖြစ်ခဲ့ပါတယ်။

ကျောက်ဆောင်ခံစစ်ရဲ့ မာကျောမှုဟာ အစဉ်အလာမပြတ်
သောမတ်စ် တူဟယ်လ်ရောက်ရှိလာပြီးကတည်းက ချဲလ်ဆီးအသင်းရဲ့ ကျောက်ဆောင်ခံစစ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အသင်းကြီးတွေနဲ့တွေ့ဆုံတိုင်း အကောင်းဆုံးလက်နက်တခုဖြစ်ခဲ့တာပါ။ ဒီနေ့ပွဲမှာလည်း Clean Sheet ကို ရယူပြီး ဂိုးမပေးရအောင် ကျစ်ကျစ်လျစ်လျစ်ကစားနိုင်ခဲ့သလို ဇင်းနစ်ကို အခွင့်အရေးတချို့ပေးခဲ့ရပေမယ့် ဟာကွက်ဖြစ်နေတဲ့ ခံစစ်အပေါက်တွေကိုတော့ ပွဲထွက်ဗဟိုခံစစ်ကြောင်းက အက်ဇ်ပီလီကွေတာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါတို့ ၃ ဦးတွဲက ပြန်လည်ဖာထေးနိုင်ခဲ့ပြီး အပြစ်ပြောစရာမရှိခဲ့ပါဘူး။

အားရစရာမရှိခဲ့တဲ့ တော်ရိလျော်ရိ ကစားပုံနဲ့ မေဆန်မောင်+ဇီးယက်ရှ်အတွဲ
မေဆန်မောင်နဲ့ ပတ်သက်ရင်တော့ သူက ချဲလ်ဆီးအသင်းရဲ့ အနာဂတ်ပါ။ အသက် ၂၂ နှစ်သားဟာ အသင်းရဲ့ဂန္ထဝင်အထိပါ ဖြစ်လာနိုင်တာပါ။ အသင်းကို ကပ္ပတိန်အဖြစ် ဦးဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ မောင့်အပြင် ဟာကင်းမ် ဇီးယက်ရှ်အတွက်လည်း ခက်ခဲတဲ့ပွဲစဉ်တခုဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းက တိုက်စစ်ကို ကူးပြောင်းလာတိုင်း ပြိုင်ဘက်ခံစစ်လိုင်းတွေကြားထဲ တိုးဝင်ကစားပြီး အလုပ်ရှုပ်စေမယ့်အစား သူတို့ရဲ့အလုပ်ကြိုးစားမှုက အားနည်းခဲ့ပြီး ပွဲကိုတော့ လွှမ်းမိုးမကစားနိုင်ခဲ့ပါဘူး။

ဒီရာသီရဲ့အသက်သွေးကြောဖြစ်လာမယ့် ဘန်ချေးလ်ဝဲလ်
ဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲလ်နဲ့ပတ်သက်ရင် ဒီရာသီမှာ တမိနစ်မှ ကစားရခြင်း မရှိသေးပါဘူး။ ပွဲတိုင်းကစားထားရတဲ့ မားကို့စ် အလွန်ဆိုကသာ နည်းပြ တူဟယ်လ်ရဲ့ လက်စွဲတော်ဖြစ်နေရာကနေ ဒီနေ့ပွဲမှာ အင်္ဂလန်သားကို နေရာပေးသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကစားကွက်တည်ဆောက်မှုတိုင်းမှာ သူက အခရာကျတဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပြီး အင်္ဂလန်နဲ့ ယူရိုပြိုင်ပွဲမှာရော၊ ချဲလ်ဆီးနဲ့ ဒီရာသီမှာရော နွေတလျှောက်လုံး ပွဲမကစားရသေးပေမယ့် သူ့ရဲ့အသုံးဝင်တန်ဖိုးကိုတော့ ကောင်းကောင်းပြသသွားခဲ့တာပါ။

အဖွင့်လှပသွားစေတဲ့ အဖိုးတန်အနိုင် ၃ မှတ်
ဥရောပချန်ပီယံလိဂ်မှာ အုပ်စုအဖွင့် ရမှတ် ၃ မှတ်ဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုတော့ အသင်းကြီးတိုင်းက နားလည်ထားကြသလို အပြာရောင်တို့ဟာလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင် ၃ မှတ်နဲ့ အဖွင့်လှပသွားခဲ့ပြီး တဖက်က မယ်လ်မိုအသင်းကို အနိုင်ယူသွားခဲ့တဲ့ ဂျူဗင်တပ်စ်ကိုလည်း လာမယ့် အုပ်စုပွဲစဉ် ၂ မှာ ရင်ဆိုင်သွားရမှာဖြစ်လို့ အဖိုးတန်လွန်းတဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အနာခံပြီး ကာကွယ်သွားခဲ့တဲ့ မန်ဒီ
ဇင်းနစ်တိုက်စစ်မှူးအက်ဇ်မုန် ရဲ့ ဖြတ်တင်ဘောကနေတဆင့် မဲလ်ကွမ်အစား လူစားဝင်လာတဲ့ ရုရှားတိုက်စစ်မှူးဇူးဘား ရဲ့ ကြိုးစားမှုကနေ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အက်ဇ်ပီလီကွေတာနဲ့ ဂိုးသမားမန်ဒီတို့ကြားကနေ လျှောထိုးဂိုးသွင်းဖို့ကြိုးစားခဲ့ပေမယ့် မန်ဒီရဲ့ဗိုက်အလယ်ပိုင်းကို ထိခိုက်မိခဲ့ရာကနေ ဂိုးနဲ့လွဲချော်သွားခဲ့ပြီး ဂိုးသမားကိုလည်း အချိန်ယူကုသမှုပေးခဲ့ရပါသေးတယ်။ ချဲလ်ဆီးအသင်းဂိုးမပေးရဖို့ အနာခံကာကွယ်ပေးခဲ့တဲ့ မန်ဒီရဲ့ ဗိုက်မှာ အနည်းငယ်ဒဏ်ရာရခဲ့သလို ကျောဘက်မှာလည်း ထိခိုက်မိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။

ပွဲရဲ့အကောင်းဆုံးကစားသမား ရူဒီဂါ
ဂိုးရှေ့မှာ အတည်ငြိမ်ဆုံးခြေစွမ်းနဲ့ ခံစစ်ကြောင်းတခုလုံးကို ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ ဂျာမန်သားက ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရှင်ဖြစ်ခဲ့သလို ဇင်းနစ်ကွင်းလယ်ကနေတဆင့် ပင်နယ်တီဧရိယာအထိ လိမ်ခေါက်ကျော်ဖြတ်ပြခဲ့တဲ့ တကွက်လည်း ရင်သပ်ရှူမောဖြစ်ခဲ့ရပြီး သူ့ရဲ့ခြေထောက်ထဲက ဘောလုံးလမ်းကြောင်းတွေနဲ့ ဘောလုံးကိုင်ကစားပုံကလည်း ထိရောက်လွန်းပြီး အလုပ်ဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တူဟယ္လ္အတြက္ ကံေကာင္းျခင္းလက္ေဆာင္ လူကာကူး
မန္စီးတီးကို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အႏိုင္ယူအၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ ပထမဆုံးခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ႐ုရွားကလပ္ကေတာ့ ဂိုးေရွ႕မွာ လူ ၁၁ ေယာက္လုံး ပိတ္ဆို႔ၿပီး ကစားသြားခဲ့လို႔ ခ်ယ္လ္ဆီးတို႔ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးက ခ်ဲလ္ဆီးရဲ႕တည္ၾကက္အျဖစ္ ဇင္းနစ္ခံစစ္ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ေခါင္းတိုက္ဂိုးကေနတဆင့္ တလုံးတည္းေသာအႏိုင္ဂိုးကို ရယူေပးၿပီး တူဟယ္လ္အတြက္ ကယ္တင္ရွင္လည္းျဖစ္ခဲ့ပါတယ္။

ေက်ာက္ေဆာင္ခံစစ္ရဲ႕ မာေက်ာမႈဟာ အစဥ္အလာမျပတ္
ေသာမတ္စ္ တူဟယ္လ္ေရာက္ရွိလာၿပီးကတည္းက ခ်ဲလ္ဆီးအသင္းရဲ႕ ေက်ာက္ေဆာင္ခံစစ္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အသင္းႀကီးေတြနဲ႔ေတြ႕ဆုံတိုင္း အေကာင္းဆုံးလက္နက္တခုျဖစ္ခဲ့တာပါ။ ဒီေန႔ပြဲမွာလည္း Clean Sheet ကို ရယူၿပီး ဂိုးမေပးရေအာင္ က်စ္က်စ္လ်စ္လ်စ္ကစားႏိုင္ခဲ့သလို ဇင္းနစ္ကို အခြင့္အေရးတခ်ိဳ႕ေပးခဲ့ရေပမယ့္ ဟာကြက္ျဖစ္ေနတဲ့ ခံစစ္အေပါက္ေတြကိုေတာ့ ပြဲထြက္ဗဟိုခံစစ္ေၾကာင္းက အက္ဇ္ပီလီေကြတာ၊ ခရစၥတန္ဆန္၊ ႐ူဒီဂါတို႔ ၃ ဦးတြဲက ျပန္လည္ဖာေထးႏိုင္ခဲ့ၿပီး အျပစ္ေျပာစရာမရွိခဲ့ပါဘူး။

အားရစရာမရွိခဲ့တဲ့ ေတာ္ရိေလ်ာ္ရိ ကစားပုံနဲ႔ ေမဆန္ေမာင္+ဇီးယက္ရွ္အတြဲ
ေမဆန္ေမာင္နဲ႔ ပတ္သက္ရင္ေတာ့ သူက ခ်ဲလ္ဆီးအသင္းရဲ႕ အနာဂတ္ပါ။ အသက္ ၂၂ ႏွစ္သားဟာ အသင္းရဲ႕ဂႏၴဝင္အထိပါ ျဖစ္လာႏိုင္တာပါ။ အသင္းကို ကပၸတိန္အျဖစ္ ဦးေဆာင္ႏိုင္သူလည္း ျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေတာ့ ေမာင့္အျပင္ ဟာကင္းမ္ ဇီးယက္ရွ္အတြက္လည္း ခက္ခဲတဲ့ပြဲစဥ္တခုျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းက တိုက္စစ္ကို ကူးေျပာင္းလာတိုင္း ၿပိဳင္ဘက္ခံစစ္လိုင္းေတြၾကားထဲ တိုးဝင္ကစားၿပီး အလုပ္ရႈပ္ေစမယ့္အစား သူတို႔ရဲ႕အလုပ္ႀကိဳးစားမႈက အားနည္းခဲ့ၿပီး ပြဲကိုေတာ့ လႊမ္းမိုးမကစားႏိုင္ခဲ့ပါဘူး။

ဒီရာသီရဲ႕အသက္ေသြးေၾကာျဖစ္လာမယ့္ ဘန္ေခ်းလ္ဝဲလ္
ဘယ္ေနာက္ခံလူ ဘန္ေခ်းလ္ဝဲလ္နဲ႔ပတ္သက္ရင္ ဒီရာသီမွာ တမိနစ္မွ ကစားရျခင္း မရွိေသးပါဘူး။ ပြဲတိုင္းကစားထားရတဲ့ မားကို႔စ္ အလြန္ဆိုကသာ နည္းျပ တူဟယ္လ္ရဲ႕ လက္စြဲေတာ္ျဖစ္ေနရာကေန ဒီေန႔ပြဲမွာ အဂၤလန္သားကို ေနရာေပးသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားကြက္တည္ေဆာက္မႈတိုင္းမွာ သူက အခရာက်တဲ့ စြမ္းေဆာင္ရည္ကို ျပသသြားခဲ့ၿပီး အဂၤလန္နဲ႔ ယူ႐ိုၿပိဳင္ပြဲမွာေရာ၊ ခ်ဲလ္ဆီးနဲ႔ ဒီရာသီမွာေရာ ေႏြတေလွ်ာက္လုံး ပြဲမကစားရေသးေပမယ့္ သူ႔ရဲ႕အသုံးဝင္တန္ဖိုးကိုေတာ့ ေကာင္းေကာင္းျပသသြားခဲ့တာပါ။

အဖြင့္လွပသြားေစတဲ့ အဖိုးတန္အႏိုင္ ၃ မွတ္
ဥေရာပခ်န္ပီယံလိဂ္မွာ အုပ္စုအဖြင့္ ရမွတ္ ၃ မွတ္ဟာ ဘယ္ေလာက္တန္ဖိုးရွိသလဲဆိုတာကိုေတာ့ အသင္းႀကီးတိုင္းက နားလည္ထားၾကသလို အျပာေရာင္တို႔ဟာလည္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အႏိုင္ ၃ မွတ္နဲ႔ အဖြင့္လွပသြားခဲ့ၿပီး တဖက္က မယ္လ္မိုအသင္းကို အႏိုင္ယူသြားခဲ့တဲ့ ဂ်ဴဗင္တပ္စ္ကိုလည္း လာမယ့္ အုပ္စုပြဲစဥ္ ၂ မွာ ရင္ဆိုင္သြားရမွာျဖစ္လို႔ အဖိုးတန္လြန္းတဲ့ ႏိုင္ပြဲလည္း ျဖစ္ခဲ့ပါတယ္။

အနာခံၿပီး ကာကြယ္သြားခဲ့တဲ့ မန္ဒီ
ဇင္းနစ္တိုက္စစ္မႉးအက္ဇ္မုန္ ရဲ႕ ျဖတ္တင္ေဘာကေနတဆင့္ မဲလ္ကြမ္အစား လူစားဝင္လာတဲ့ ႐ုရွားတိုက္စစ္မႉးဇူးဘား ရဲ႕ ႀကိဳးစားမႈကေန ေခ်ပဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ အက္ဇ္ပီလီေကြတာနဲ႔ ဂိုးသမားမန္ဒီတို႔ၾကားကေန ေလွ်ာထိုးဂိုးသြင္းဖို႔ႀကိဳးစားခဲ့ေပမယ့္ မန္ဒီရဲ႕ဗိုက္အလယ္ပိုင္းကို ထိခိုက္မိခဲ့ရာကေန ဂိုးနဲ႔လြဲေခ်ာ္သြားခဲ့ၿပီး ဂိုးသမားကိုလည္း အခ်ိန္ယူကုသမႈေပးခဲ့ရပါေသးတယ္။ ခ်ဲလ္ဆီးအသင္းဂိုးမေပးရဖို႔ အနာခံကာကြယ္ေပးခဲ့တဲ့ မန္ဒီရဲ႕ ဗိုက္မွာ အနည္းငယ္ဒဏ္ရာရခဲ့သလို ေက်ာဘက္မွာလည္း ထိခိုက္မိခဲ့ေပမယ့္ မစိုးရိမ္ရဘူးလို႔လည္း သိရပါတယ္။

ပြဲရဲ႕အေကာင္းဆုံးကစားသမား ႐ူဒီဂါ
ဂိုးေရွ႕မွာ အတည္ၿငိမ္ဆုံးေျခစြမ္းနဲ႔ ခံစစ္ေၾကာင္းတခုလုံးကို ထိန္းေက်ာင္းေပးႏိုင္ခဲ့တဲ့ ဂ်ာမန္သားက ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုရွင္ျဖစ္ခဲ့သလို ဇင္းနစ္ကြင္းလယ္ကေနတဆင့္ ပင္နယ္တီဧရိယာအထိ လိမ္ေခါက္ေက်ာ္ျဖတ္ျပခဲ့တဲ့ တကြက္လည္း ရင္သပ္ရႉေမာျဖစ္ခဲ့ရၿပီး သူ႔ရဲ႕ေျခေထာက္ထဲက ေဘာလုံးလမ္းေၾကာင္းေတြနဲ႔ ေဘာလုံးကိုင္ကစားပုံကလည္း ထိေရာက္လြန္းၿပီး အလုပ္ျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.