Analysis Premier League UCL&UEL

CR177၊ လင်ဂတ်၊ ဝန်ဘစ်ဆာကာနဲ့ ယန်းဘွိုင်းစ် 2-1 ယူနိုက်တက်ပွဲအပြီး ပြောစရာ 7 ချက်

ပွဲထွက်တိုင်း ဟော့နေပေမယ့် စိတ်ပျက်ခဲ့ရတဲ့ ရော်နယ်လ်ဒို
မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို ပြန်လည်ရယူခဲ့တဲ့ ရော်နယ်လ်ဒိုကတော့ အသင်းအတွက် ပွဲထွက်တိုင်းမှာ မီးတောက်နေတဲ့ စွမ်းအားကို ပြသနေခဲ့ပြီး ဒီနေ့ပွဲမှာလည် အသင်းအတွက် တာ‌ဝန်ကျေစွာနဲ့ အဖွင့်ဂိုး ရှာဖွေပေးခဲ့သလို အသင်းရဲ့ ရှားရှားပါးပါးရတဲ့ ဂိုးပေါက်ကန်ချက်နှစ်ကြိမ်ကိုလည်း နှစ်ကြိမ်စလုံး ဂိုးပေါက်တည့်စေနိုင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးအနေနဲ့ ဒုတိယပိုင်းမှာ ထိုးဖောက်ရင်း ပင်နယ်တီရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပြင်သစ်ဒိုင်လူကြီးက ပယ်ချသွားခဲ့လို့သာ ဂိုးထပ်မရှာနိုင်တော့တာဖြစ်ပြီး အသင်းဖော်တွေကတော့ သူ့လို အောင်စိတ်ကို အိတ်ဆောင်ထားတဲ့သူမျိုးကို စိတ်ပျက်စေခဲ့ပါတယ်။

စိတ်ပျက်စရာ အနီကတ်နဲ့ ဝန်ဘစ်ဆာကာ
ဒိုင်လူကြီးဆုံးဖြတ်ချက် ပြင်းတယ်ပျော့တယ်ဆိုတာထက် ဘောလုံးကို ထိန်းပုံမှားပြီး ရုပ်ပျက်ဆင်းပျက် ဝင်လုတဲ့ ဝန်ဘစ်ဆာကာရဲ့ လုပ်ရပ်က ပိုပြီး စိတ်ပျက်စရာကောင်းပါတယ်။ ကိုယ်က အမှားမလုပ်ရင် ဘယ်သူကမှ အပြစ်ပေးလို့ မရတဲ့ ဘောလုံးပွဲတစ်ပွဲမှာ သူများ ခြေကျင်းဝတ်ကို တက်နင်းလိုက်ပြီဆိုရင် ကျန်တာ ကိုယ့်အပိုင်း မဟုတ်တော့ဘဲ တစ်ဖက်ကစားသမားက လူးလှိမ့်နေခဲ့ချိန်မှာ အနီကတ်က ထွက်ပေါ်လာခဲ့ပြီး မန်ယူနိုက်တက်ကစားသမားဟောင်း ပေါလ် စခိုးလ်ကတော့ သူ့ရဲ့ ဘောလုံးထိန်းပုံကို အပြစ်တင်သွားခဲ့သလို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဂျိုးကိုးလ်၊ ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန်တို့နဲ့အတူ ထောက်ခံသွားခဲ့တာပါ။

အသင်းကို အချိန်ကိုက် ဆေးထိုးတဲ့ လင်ဂတ်ဒင်ညို
ဘောလုံးပရိသတ်တွေရဲ့ စိတ်ထဲမှာ အဆီတဝင်းဝင်း သဲတရှပ်ရှပ်ဆိုတာ လင်ဂတ်တစ်ယောက်ပဲ ရှိပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဟမ်းမှာ ခြေစွမ်းပြပြီး ဒီနှစ်မှာ အပြောင်းအရွှေ့အတွက် သဘောမတူနိုင်ခဲ့ချိန်မှာ အင်္ဂလန်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ ဂိုးတစ်ဂိုး သွင်းပြနိုင်ခဲ့တော့ ဒီရာသီမှာ အသင်းကို ကူညီနိုင်တော့မယ်လို့ ထင်ခဲ့ကြတာပါ။ ဒီနေ့ပွဲမှာတော့ ဆိုးရွားတဲ့ အမှားနဲ့ အသင်းကို ရောင်းစားခဲ့ပြီး မက်ဂွိုင်းယား၊ ဗာရွန်းနဲ့ ဒဟေးယားတို့ထဲက ဘယ်သူ့ဆီကိုမှ မရောက်ခဲ့တဲ့ နောက်ပြန်ပေးမှုက ဆွစ်ဇာလန်မြေမှာ ရှုံးပွဲတွေ့စေခဲ့သလို တစ်ယောက်လျော့ အသင်းရဲ့ ခုခံအားကို မျက်နှာပျက်စေခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းပြနေဆဲမှာ အနစ်နာခံခဲ့ရတဲ့ ဆန်ချို
ပွဲထွက်ခွင့် ပုံမှန်ရရှိနေတဲ့ ဆန်ချိုအနေနဲ့ ယုံကြည်မှု ပိုမိုရရှိလာခဲ့သလို ၁၁ ယောက်ချင်းဆိုရင် ခြေစွမ်းပြနိုင်မယ့် ပုံစံမှာ ရှိနေပေမယ့် ဝန်ဘစ်ဆာကာရဲ့ အခြေခံ မကြေညက်တဲ့ အမှားနဲ့ အနီထိပြီး အသင်းကို တစ်ယောက်လျော့သွားစေခဲ့ချိန်မှာတော့ ညာနောက်ခံနေရာမှာ ကစားဖို့ ဒီယိုဂို ဒါလော့ကို ထည့်သွင်းချိန်မှာ အနစ်နာခံရသူက ဆန်ချိုပဲဖြစ်ခဲ့တာပါ။ အင်္ဂလန်သားအနေနဲ့ ဒီနေ့ပုံစံကို ကြည့်ရရင်တော့ လာမယ့်ပွဲတွေမှာ ပေါ်တူဂီသားကြီးဆီက ပညာတွေ ရယူပြီး ပိုကောင်းလာနိုင်တယ်လို့ ဆိုနေကြပေမယ့် ဒီနေ့ လူစားလဲခံရမှုက သူ့ကို မထိခိုက်စေဖို့တော့ မျှော်လင့်ရပါတယ်။

လုပ်စားလို့ မရသေးတဲ့ ဗန်ဒဘိခ်
ဒီနေ့ပွဲမှာ ကွင်းလယ်အထိုင်မှာ ဖရက်ဒ်နဲ့အတူ ပွဲထွက်လာခဲ့တဲ့ ဒွန်နီ ဗန်ဒဘိခ်အနေနဲ့တော့ အသင်းရဲ့ ကစားကွက်နဲ့ အသင်းဖော်တွေရဲ့ ရစ်သမ်ကို လိုက်မမီသေးတာကို တွေ့ရပြီး အားနည်းတဲ့ ပြိုင်ဘက်လို့ တွက်ချက်ထားတဲ့ ယန်းဘွိုင်းစ်နဲ့ပွဲမှာ ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ဘဲ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့ အနိုင်ဂိုးကို ကာကွယ်ဖို့အတွက် နောက်ခံလူ ဗာရွန်းနဲ့ လူစားလဲခဲ့ရပေမယ့် သူ့ရဲ့ ပုံစံကလည်း လူလဲမယ်ဆို သူ့အရင်လဲဟေ့လို့ ဝိုင်းလက်ညှိုးထိုးချင်စရာ ဆိုးရွားလွန်းခဲ့ပြီး ဒတ်ချ်ကစားသမားနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လမိုင်းကပ်ဖို့ အုန်းပွဲငှက်ပျောပွဲ ၁၀၈ ပွဲနဲ့တောင် ရပါ့မလားလို့ တွေးချင်စရာဖြစ်ခဲ့တာပါ။

ဆိုးလ်ရှားရဲ့ ဆိုးရွားတဲ့ ချန်ပီယံလိဂ်မှတ်တမ်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှား ကိုင်တွယ်ခဲ့တဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဆိုးလ်ရှားအနေနဲ့ ယန်းဘွိုင်းစ်ကို အသင်းကြီးတစ်သင်း မပီသတဲ့ ကစားဟန်နဲ့ ဂိုးပေါက် ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့သလို ခံစစ်ကစားပြီး အနိုင်ဂိုးကို ထိန်းဖို့လည်း လိုအပ်တဲ့ အလုပ်ကို လုပ်မပြနိုင်ခဲ့တာပါ။ ပွဲချိန် ၈၉ မိနစ်မှာ ကွင်းလယ်ခံစစ်သမား ဖရက်ဒ်အစား မာစီယယ်လ်ကို လဲခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း ချာတူးလန်ခဲ့ပြီး နောက်များနေတာလားလို့ ထင်ခဲ့ရသလို သူ့အနေနဲ့ ပြင်သစ်သားအစား နောက်ခံလူ အဲရစ် ဘိုင်လီကိုပဲ ထည့်သွင်းခဲ့သင့်တာဖြစ်ပါတယ်။

စံချိန်ကောင်းတွေကို ထပ်မံရယူခဲ့တဲ့ CR177
တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုကတော့ ဒီနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ် ၁၇၇ ပွဲပြည့်မြောက်ခဲ့တာဖြစ်ပြီး အီကာ ကာဆီးယာ့စ်ရဲ့ အများဆုံးစံချိန်ကို တူညီနိုင်ခဲ့သလို လာမယ့်ပွဲတွေမျာ ချိုးဖျက်သွားဖို့ပဲ ရှိပါတော့တယ်။ အသက် ၃၀ ပြည့်ခဲ့ပြီးချိန်ကနေ လက်ရှိအချိန်အထိ ချန်ပီယံလိဂ် ၆၈ ပွဲမှာ ၆၃ ဂိုး သွင်းယူထားတာကလည်း အံ့မခန်းစံချိန်ဖြစ်သလို ပြိုင်ဘက်ဝါရင့်တိုင်းထက် အနည်းဆုံး ၃၅ ဂိုး သာလွန်ခဲ့ပြီး ယန်းဘွိုင်းစ်ကတော့ သူ့ရဲ့ ၃၆ သင်းမြောက်အသင်းလည်းဖြစ်ခဲ့သလို အနီးကပ်ပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ အသင်းအများဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း တူညီနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပြဲထြက္တိုင္း ေဟာ့ေနေပမယ့္ စိတ္ပ်က္ခဲ့ရတဲ့ ေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ကို ျပန္လည္ရယူခဲ့တဲ့ ေရာ္နယ္လ္ဒိုကေတာ့ အသင္းအတြက္ ပြဲထြက္တိုင္းမွာ မီးေတာက္ေနတဲ့ စြမ္းအားကို ျပသေနခဲ့ၿပီး ဒီေန႔ပြဲမွာလည္ အသင္းအတြက္ တာ‌ဝန္ေက်စြာနဲ႔ အဖြင့္ဂိုး ရွာေဖြေပးခဲ့သလို အသင္းရဲ႕ ရွားရွားပါးပါးရတဲ့ ဂိုးေပါက္ကန္ခ်က္ႏွစ္ႀကိမ္ကိုလည္း ႏွစ္ႀကိမ္စလုံး ဂိုးေပါက္တည့္ေစႏိုင္ခဲ့တာပါ။ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအေနနဲ႔ ဒုတိယပိုင္းမွာ ထိုးေဖာက္ရင္း ပင္နယ္တီရဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ျပင္သစ္ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့လို႔သာ ဂိုးထပ္မရွာႏိုင္ေတာ့တာျဖစ္ၿပီး အသင္းေဖာ္ေတြကေတာ့ သူ႔လို ေအာင္စိတ္ကို အိတ္ေဆာင္ထားတဲ့သူမ်ိဳးကို စိတ္ပ်က္ေစခဲ့ပါတယ္။

စိတ္ပ်က္စရာ အနီကတ္နဲ႔ ဝန္ဘစ္ဆာကာ
ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ ျပင္းတယ္ေပ်ာ့တယ္ဆိုတာထက္ ေဘာလုံးကို ထိန္းပုံမွားၿပီး ႐ုပ္ပ်က္ဆင္းပ်က္ ဝင္လုတဲ့ ဝန္ဘစ္ဆာကာရဲ႕ လုပ္ရပ္က ပိုၿပီး စိတ္ပ်က္စရာေကာင္းပါတယ္။ ကိုယ္က အမွားမလုပ္ရင္ ဘယ္သူကမွ အျပစ္ေပးလို႔ မရတဲ့ ေဘာလုံးပြဲတစ္ပြဲမွာ သူမ်ား ေျခက်င္းဝတ္ကို တက္နင္းလိုက္ၿပီဆိုရင္ က်န္တာ ကိုယ့္အပိုင္း မဟုတ္ေတာ့ဘဲ တစ္ဖက္ကစားသမားက လူးလွိမ့္ေနခဲ့ခ်ိန္မွာ အနီကတ္က ထြက္ေပၚလာခဲ့ၿပီး မန္ယူႏိုက္တက္ကစားသမားေဟာင္း ေပါလ္ စခိုးလ္ကေတာ့ သူ႔ရဲ႕ ေဘာလုံးထိန္းပုံကို အျပစ္တင္သြားခဲ့သလို ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ဂ်ိဳးကိုးလ္၊ ဒိုင္လူႀကီးေဟာင္း ပီတာ ေဝၚလ္တန္တို႔နဲ႔အတူ ေထာက္ခံသြားခဲ့တာပါ။

အသင္းကို အခ်ိန္ကိုက္ ေဆးထိုးတဲ့ လင္ဂတ္ဒင္ညိဳ
ေဘာလုံးပရိသတ္ေတြရဲ႕ စိတ္ထဲမွာ အဆီတဝင္းဝင္း သဲတရွပ္ရွပ္ဆိုတာ လင္ဂတ္တစ္ေယာက္ပဲ ရွိပါလိမ့္မယ္။ ၿပီးခဲ့တဲ့ ရာသီက ဝက္စ္ဟမ္းမွာ ေျခစြမ္းျပၿပီး ဒီႏွစ္မွာ အေျပာင္းအေ႐ႊ႕အတြက္ သေဘာမတူႏိုင္ခဲ့ခ်ိန္မွာ အဂၤလန္သားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ရွိၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ ဂိုးတစ္ဂိုး သြင္းျပႏိုင္ခဲ့ေတာ့ ဒီရာသီမွာ အသင္းကို ကူညီႏိုင္ေတာ့မယ္လို႔ ထင္ခဲ့ၾကတာပါ။ ဒီေန႔ပြဲမွာေတာ့ ဆိုး႐ြားတဲ့ အမွားနဲ႔ အသင္းကို ေရာင္းစားခဲ့ၿပီး မက္ဂြိဳင္းယား၊ ဗာ႐ြန္းနဲ႔ ဒေဟးယားတို႔ထဲက ဘယ္သူ႔ဆီကိုမွ မေရာက္ခဲ့တဲ့ ေနာက္ျပန္ေပးမႈက ဆြစ္ဇာလန္ေျမမွာ ရႈံးပြဲေတြ႕ေစခဲ့သလို တစ္ေယာက္ေလ်ာ့ အသင္းရဲ႕ ခုခံအားကို မ်က္ႏွာပ်က္ေစခဲ့တာျဖစ္ပါတယ္။

ေျခစြမ္းျပေနဆဲမွာ အနစ္နာခံခဲ့ရတဲ့ ဆန္ခ်ိဳ
ပြဲထြက္ခြင့္ ပုံမွန္ရရွိေနတဲ့ ဆန္ခ်ိဳအေနနဲ႔ ယုံၾကည္မႈ ပိုမိုရရွိလာခဲ့သလို ၁၁ ေယာက္ခ်င္းဆိုရင္ ေျခစြမ္းျပႏိုင္မယ့္ ပုံစံမွာ ရွိေနေပမယ့္ ဝန္ဘစ္ဆာကာရဲ႕ အေျခခံ မေၾကညက္တဲ့ အမွားနဲ႔ အနီထိၿပီး အသင္းကို တစ္ေယာက္ေလ်ာ့သြားေစခဲ့ခ်ိန္မွာေတာ့ ညာေနာက္ခံေနရာမွာ ကစားဖို႔ ဒီယိုဂို ဒါေလာ့ကို ထည့္သြင္းခ်ိန္မွာ အနစ္နာခံရသူက ဆန္ခ်ိဳပဲျဖစ္ခဲ့တာပါ။ အဂၤလန္သားအေနနဲ႔ ဒီေန႔ပုံစံကို ၾကည့္ရရင္ေတာ့ လာမယ့္ပြဲေတြမွာ ေပၚတူဂီသားႀကီးဆီက ပညာေတြ ရယူၿပီး ပိုေကာင္းလာႏိုင္တယ္လို႔ ဆိုေနၾကေပမယ့္ ဒီေန႔ လူစားလဲခံရမႈက သူ႔ကို မထိခိုက္ေစဖို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

လုပ္စားလို႔ မရေသးတဲ့ ဗန္ဒဘိခ္
ဒီေန႔ပြဲမွာ ကြင္းလယ္အထိုင္မွာ ဖရက္ဒ္နဲ႔အတူ ပြဲထြက္လာခဲ့တဲ့ ဒြန္နီ ဗန္ဒဘိခ္အေနနဲ႔ေတာ့ အသင္းရဲ႕ ကစားကြက္နဲ႔ အသင္းေဖာ္ေတြရဲ႕ ရစ္သမ္ကို လိုက္မမီေသးတာကို ေတြ႕ရၿပီး အားနည္းတဲ့ ၿပိဳင္ဘက္လို႔ တြက္ခ်က္ထားတဲ့ ယန္းဘြိဳင္းစ္နဲ႔ပြဲမွာ ဘာမွ မယ္မယ္ရရ မလုပ္ႏိုင္ခဲ့ဘဲ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။ အသင္းရဲ႕ အႏိုင္ဂိုးကို ကာကြယ္ဖို႔အတြက္ ေနာက္ခံလူ ဗာ႐ြန္းနဲ႔ လူစားလဲခဲ့ရေပမယ့္ သူ႔ရဲ႕ ပုံစံကလည္း လူလဲမယ္ဆို သူ႔အရင္လဲေဟ့လို႔ ဝိုင္းလက္ညႇိဳးထိုးခ်င္စရာ ဆိုး႐ြားလြန္းခဲ့ၿပီး ဒတ္ခ်္ကစားသမားနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ လမိုင္းကပ္ဖို႔ အုန္းပြဲငွက္ေပ်ာပြဲ ၁၀၈ ပြဲနဲ႔ေတာင္ ရပါ့မလားလို႔ ေတြးခ်င္စရာျဖစ္ခဲ့တာပါ။

ဆိုးလ္ရွားရဲ႕ ဆိုး႐ြားတဲ့ ခ်န္ပီယံလိဂ္မွတ္တမ္း
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပ ဆိုးလ္ရွား ကိုင္တြယ္ခဲ့တဲ့ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ ၁၁ ပြဲမွာ ၄ ပြဲသာ အႏိုင္ရထားခဲ့တာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ဆိုးလ္ရွားအေနနဲ႔ ယန္းဘြိဳင္းစ္ကို အသင္းႀကီးတစ္သင္း မပီသတဲ့ ကစားဟန္နဲ႔ ဂိုးေပါက္ ၂ ႀကိမ္သာ ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ခံစစ္ကစားၿပီး အႏိုင္ဂိုးကို ထိန္းဖို႔လည္း လိုအပ္တဲ့ အလုပ္ကို လုပ္မျပႏိုင္ခဲ့တာပါ။ ပြဲခ်ိန္ ၈၉ မိနစ္မွာ ကြင္းလယ္ခံစစ္သမား ဖရက္ဒ္အစား မာစီယယ္လ္ကို လဲခဲ့တဲ့ ဆုံးျဖတ္ခ်က္ကလည္း ခ်ာတူးလန္ခဲ့ၿပီး ေနာက္မ်ားေနတာလားလို႔ ထင္ခဲ့ရသလို သူ႔အေနနဲ႔ ျပင္သစ္သားအစား ေနာက္ခံလူ အဲရစ္ ဘိုင္လီကိုပဲ ထည့္သြင္းခဲ့သင့္တာျဖစ္ပါတယ္။

စံခ်ိန္ေကာင္းေတြကို ထပ္မံရယူခဲ့တဲ့ CR177
တိုက္စစ္မႉးႀကီး ေရာ္နယ္လ္ဒိုကေတာ့ ဒီေန႔မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ ၁၇၇ ပြဲျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး အီကာ ကာဆီးယာ့စ္ရဲ႕ အမ်ားဆုံးစံခ်ိန္ကို တူညီႏိုင္ခဲ့သလို လာမယ့္ပြဲေတြမ်ာ ခ်ိဳးဖ်က္သြားဖို႔ပဲ ရွိပါေတာ့တယ္။ အသက္ ၃၀ ျပည့္ခဲ့ၿပီးခ်ိန္ကေန လက္ရွိအခ်ိန္အထိ ခ်န္ပီယံလိဂ္ ၆၈ ပြဲမွာ ၆၃ ဂိုး သြင္းယူထားတာကလည္း အံ့မခန္းစံခ်ိန္ျဖစ္သလို ၿပိဳင္ဘက္ဝါရင့္တိုင္းထက္ အနည္းဆုံး ၃၅ ဂိုး သာလြန္ခဲ့ၿပီး ယန္းဘြိဳင္းစ္ကေတာ့ သူ႔ရဲ႕ ၃၆ သင္းေျမာက္အသင္းလည္းျဖစ္ခဲ့သလို အနီးကပ္ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီနဲ႔ အသင္းအမ်ားဆုံး ဂိုးသြင္းႏိုင္တဲ့ စံခ်ိန္ကိုလည္း တူညီႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.