Premier League

အသက်က ၄၀၊ ဒူးဒဏ်ရာဆိုးကပြန်အလာ ဂိုးသွင်းရုံမက ဆာရီပါ အထုတ်ခံရအောင် ဇလာတန်ဘယ်လိုတွေ စွမ်းဆောင်သွားနိုင်ခဲ့လဲ

အီတလီစီးရီးအေပြိုင်ပွဲရဲ့ အေစီမီလန်အသင်းက လာဇီယိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာကြောင့် ဇွန်လလောက်ကတည်းက အနားယူနေရတဲ့ ဆန်စီရိုတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ်တယောက် တကျော့ပြန်ပွဲဦးထွက်ကို ကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက ဆွီဒင်သားကြီးရဲ့ အမွှေဇာတ်လမ်းကြောင့်လည်း လာဇီယိုနည်းပြ ဆာရီတယောက် အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ရာဖေးလ် Leao က ပထမပိုင်းမပြီးခင် အေစီမီလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပြီး ဦးဆောင်ခဲ့သလို ပြဿနာတွေကို မီးထွန်းရှာတတ်တဲ့ ဇလာတန်ကလည်း ပွဲချိန် ၁နာရီဝန်းကျင်မှာ လူစားလဲဝင်လာခဲ့ပြီးချိန်မှာ ဒုတိယဦးဆောင်ဂိုးကို ရယူခဲ့ပြီး ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာတော့ ကွင်းဘေးစည်းနားမှာ သူက ဘောလုံးကို ကိုင်ထားခဲ့ပြီး အချိန်ဖြုန်းချိန်မှာ လာဇီယိုကစားသမား လူးကပ်စ် လီဗာက ဖျက်ထုတ်သွားခဲ့ရာကနေ ပြဿနာကြီးထွားသွားခဲ့တာပါ။

ပွဲပြီးတော့မယ်လို့ ယူဆခဲ့ပေမယ့် မာန်မလျှော့သေးတဲ့ အသက် ၃၉ နှစ်သားကြီးကတော့ လာဇီယိုကစားသမားရဲ့လည်ပင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲဲ့ပြီး လူးကပ်စ်က ပြန်လည်တုံ့ပြန်ခဲ့ရာမှာတော့ အခြားအသင်းသားတွေပါ ပါဝင်လာခဲ့ပြီး ရှုပ်ထွေးတဲ့ ရန်ပွဲအဖြစ် တမဟုတ်ချင်း အသွင်ပြောင်းလဲသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဆာရီရဲ့ မျက်စိရှေ့မှာတင် ဖြစ်ပွားခဲ့ချိန်မှာ ဒေါသအိုးပေါက်ကွဲသွားခဲ့တဲ့ ချယ်လ်ဆီးနည်းပြဟောင်းကြီးတယောက် စည်းကို ကျော်လွန်ပြီး ကွင်းထဲကို ဝင်ရောက်လာခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက မဆိုင်းမတွဘဲ အနီကတ်ပြပြီး ထုတ်ပယ်သွားခဲ့သလို ကြီးမားလာတဲ့ ရန်ပွဲမီးကို ထိန်းသွားခဲ့တာပါ။

စိတ်မထိန်းနိုင်ခဲ့တဲ့ ဆာရီအနေနဲ့ အေစီမီလန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့လည်း စကားများရန်ဖြစ်ခဲ့သလို ဥမင်လိုဏ်ဂူအတွင်းကို ပြန်လည်ဝင်ရောက်ချိန်မှာလည်း ဇလာတန်ကို ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး ဖြေရှင်းခဲ့သေးသလို နောက်ဆုံးမှာတော့ အသင်းနှစ်သင်းစလုံးဟာ ရန်ပွဲကို အဆုံးသတ်ပြီး ဖျန်ဖြေနိုင်ခဲ့သလို အဝတ်လဲခန်းတွင်းကို ပြန်လည်ဝင်ရောက်သွားခဲ့တာပါ။

အေစီမီလန်အသင်းအနေနဲ့ ဒီရာသီမှာ ၃ ပွဲကစားပြီး ရာနှုန်းပြည့်အောင်ပွဲခံသွားခဲ့သလို ဒီရာသီရဲ့ စကူဒတ်တိုတိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို မြင်ရဖွယ်ရှိနေသလို အဆင့် ၁ နေရာက နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းကို ရမှတ်တူ ဂိုးအကွာနဲ့ ဆက်လက်ဖိအားပေးနေတာပါ။ နောက်လဆိုရင် အသက် ၄၀ တင်းတင်းပြည့်တော့မယ့် ဆွီဒင်သားကြီးကတော့ သူဂိုးသွင်းနိုင်ခဲ့တဲ့ ၂၆ ရာသီမြောက် ဘောလုံးရာသီအဖြစ်လည်း သူ့ရဲ့သက်တော်ရှည်မှတ်တမ်းကို ရေးထိုးသွားနိုင်ခဲ့တာပါ။

ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိသွားသောကြောင့် ဘောလုံးမြက်စိမ်းခင်းနဲ့ လေးလကြာကင်းကွာနေပြီးနောက် ကွင်းထဲကို ရောက်ရောက်ချင်း ၇ မိနစ်အကြာမှာပဲ သွင်းဂိုးရယူခဲ့တဲ့ သူ့ရဲ့အားကစားစိတ်ဓာတ်ကလည်း ပြင်းထန်လွန်းလှကြောင်း အထူးချီးကျူးစရာဖြစ်ခဲ့သလို တိုက်စစ်မှူးတဦးရဲ့ မာန်ကိုလည်း တလက်မမှ အလျော့မခံသလို အကောင်းဆုံးတွေကို ယှဉ်ပြိုင်ကျော်ဖြတ်ရယူဖို့ အစွမ်းကုန်လေ့ကျင့်ထားသူလို့ ဆိုရမှာပါ။

” အီဘရာဟီမိုဗစ်ချ်ဟာ ဘယ်တော့မှ အသက်ကြီးရင့်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ သူ့ရဲ့ရင်ထဲက မီးတောက်က ထာဝရတောက်လောင်နေတာပါ။ ပြီးတော့ သူက အားကစားကို အရူးအမူးခုန်မင်တတ်သူပါ။ သူက အနိုင်ရဖို့ ယှဥ်ပြိုင်ကစားတယ်။ အမြင့်ဆုံးအထိ ညှစ်ထုတ်ပြီးလေ့ကျင့်တယ်။ ‘အခုလိုအားထုတ်နေရတာကို သူအရမ်းပျော်ရွှင်ပါတယ်။ ဒီလိုသာကစားနေမယ်ဆိုရင်တော့ နှစ်တွေကုန်ဆုံးသွားမှန်းတောင် ခင်ဗျားသိလိုက်မှာမဟုတ်ပါဘူး” လို့ အေစီမီလ်နည်းပြ စတီဖာနို ပီအိုလီကလည်း ပြောပြသွားခဲ့တာပါ။

လာမယ့် ရက် ၂၀ အတွင်း အသက် ၄၀ အရွယ်ဆိုတဲ့ ဘောလုံးသမားဘဝမှတ်တိုင်တခုကို စိုက်ထူတော့မယ့် ဇလာတန်အနေနဲ့ “လူအိုကြီး” ဆိုတဲ့စကားကို အစွမ်းကုန်ချေဖျက်ပြခဲ့သလို အေစီမီလန်အသင်းကို ဒီရာသီမှာ စီးရီးအေချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးသွားနိုင်ဦးမယ်လို့လည်း မျှော်လင့်ခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

အီတလီစီးရီးေအၿပိဳင္ပြဲရဲ႕ ေအစီမီလန္အသင္းက လာဇီယိုအသင္းကို ၂ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒူးဒဏ္ရာေၾကာင့္ ဇြန္လေလာက္ကတည္းက အနားယူေနရတဲ့ ဆန္စီ႐ိုတိုက္စစ္မႉး ဇလာတန္ အီဘရာဟီမိုဗစ္ခ်္တေယာက္ တေက်ာ့ျပန္ပြဲဦးထြက္ကို ကစားႏိုင္ခဲ့ၿပီး ဂိုးသြင္းယူႏိုင္ခဲ့႐ုံသာမက ဆြီဒင္သားႀကီးရဲ႕ အေမႊဇာတ္လမ္းေၾကာင့္လည္း လာဇီယိုနည္းျပ ဆာရီတေယာက္ အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရပါေသးတယ္။

ရာေဖးလ္ Leao က ပထမပိုင္းမၿပီးခင္ ေအစီမီလန္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူၿပီး ဦးေဆာင္ခဲ့သလို ျပႆနာေတြကို မီးထြန္းရွာတတ္တဲ့ ဇလာတန္ကလည္း ပြဲခ်ိန္ ၁နာရီဝန္းက်င္မွာ လူစားလဲဝင္လာခဲ့ၿပီးခ်ိန္မွာ ဒုတိယဦးေဆာင္ဂိုးကို ရယူခဲ့ၿပီး ပြဲၿပီးဖို႔ စကၠန္႔ပိုင္းအလိုမွာေတာ့ ကြင္းေဘးစည္းနားမွာ သူက ေဘာလုံးကို ကိုင္ထားခဲ့ၿပီး အခ်ိန္ျဖဳန္းခ်ိန္မွာ လာဇီယိုကစားသမား လူးကပ္စ္ လီဗာက ဖ်က္ထုတ္သြားခဲ့ရာကေန ျပႆနာႀကီးထြားသြားခဲ့တာပါ။

ပြဲၿပီးေတာ့မယ္လို႔ ယူဆခဲ့ေပမယ့္ မာန္မေလွ်ာ့ေသးတဲ့ အသက္ ၃၉ ႏွစ္သားႀကီးကေတာ့ လာဇီယိုကစားသမားရဲ႕လည္ပင္းကို မလႊတ္တမ္းဆုပ္ကိုင္ထားခဲဲ့ၿပီး လူးကပ္စ္က ျပန္လည္တုံ႔ျပန္ခဲ့ရာမွာေတာ့ အျခားအသင္းသားေတြပါ ပါဝင္လာခဲ့ၿပီး ရႈပ္ေထြးတဲ့ ရန္ပြဲအျဖစ္ တမဟုတ္ခ်င္း အသြင္ေျပာင္းလဲသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ဆာရီရဲ႕ မ်က္စိေရွ႕မွာတင္ ျဖစ္ပြားခဲ့ခ်ိန္မွာ ေဒါသအိုးေပါက္ကြဲသြားခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပေဟာင္းႀကီးတေယာက္ စည္းကို ေက်ာ္လြန္ၿပီး ကြင္းထဲကို ဝင္ေရာက္လာခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္လူႀကီးက မဆိုင္းမတြဘဲ အနီကတ္ျပၿပီး ထုတ္ပယ္သြားခဲ့သလို ႀကီးမားလာတဲ့ ရန္ပြဲမီးကို ထိန္းသြားခဲ့တာပါ။

စိတ္မထိန္းႏိုင္ခဲ့တဲ့ ဆာရီအေနနဲ႔ ေအစီမီလန္အသင္းရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔လည္း စကားမ်ားရန္ျဖစ္ခဲ့သလို ဥမင္လိုဏ္ဂူအတြင္းကို ျပန္လည္ဝင္ေရာက္ခ်ိန္မွာလည္း ဇလာတန္ကို ထိပ္တိုက္ရင္ဆိုင္ေတြ႕ၿပီး ေျဖရွင္းခဲ့ေသးသလို ေနာက္ဆုံးမွာေတာ့ အသင္းႏွစ္သင္းစလုံးဟာ ရန္ပြဲကို အဆုံးသတ္ၿပီး ဖ်န္ေျဖႏိုင္ခဲ့သလို အဝတ္လဲခန္းတြင္းကို ျပန္လည္ဝင္ေရာက္သြားခဲ့တာပါ။

ေအစီမီလန္အသင္းအေနနဲ႔ ဒီရာသီမွာ ၃ ပြဲကစားၿပီး ရာႏႈန္းျပည့္ေအာင္ပြဲခံသြားခဲ့သလို ဒီရာသီရဲ႕ စကူဒတ္တိုတိုက္ပြဲမွာ အျပင္းထန္ဆုံးအေျခအေနကို ျမင္ရဖြယ္ရွိေနသလို အဆင့္ ၁ ေနရာက နည္းျပ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းကို ရမွတ္တူ ဂိုးအကြာနဲ႔ ဆက္လက္ဖိအားေပးေနတာပါ။ ေနာက္လဆိုရင္ အသက္ ၄၀ တင္းတင္းျပည့္ေတာ့မယ့္ ဆြီဒင္သားႀကီးကေတာ့ သူဂိုးသြင္းႏိုင္ခဲ့တဲ့ ၂၆ ရာသီေျမာက္ ေဘာလုံးရာသီအျဖစ္လည္း သူ႔ရဲ႕သက္ေတာ္ရွည္မွတ္တမ္းကို ေရးထိုးသြားႏိုင္ခဲ့တာပါ။

ျပင္းထန္တဲ့ ဒူးဒဏ္ရာရရွိသြားေသာေၾကာင့္ ေဘာလုံးျမက္စိမ္းခင္းနဲ႔ ေလးလၾကာကင္းကြာေနၿပီးေနာက္ ကြင္းထဲကို ေရာက္ေရာက္ခ်င္း ၇ မိနစ္အၾကာမွာပဲ သြင္းဂိုးရယူခဲ့တဲ့ သူ႔ရဲ႕အားကစားစိတ္ဓာတ္ကလည္း ျပင္းထန္လြန္းလွေၾကာင္း အထူးခ်ီးက်ဴးစရာျဖစ္ခဲ့သလို တိုက္စစ္မႉးတဦးရဲ႕ မာန္ကိုလည္း တလက္မမွ အေလ်ာ့မခံသလို အေကာင္းဆုံးေတြကို ယွဥ္ၿပိဳင္ေက်ာ္ျဖတ္ရယူဖို႔ အစြမ္းကုန္ေလ့က်င့္ထားသူလို႔ ဆိုရမွာပါ။

” အီဘရာဟီမိုဗစ္ခ်္ဟာ ဘယ္ေတာ့မွ အသက္ႀကီးရင့္သြားတယ္ဆိုတာ မရွိခဲ့ပါဘူး။ သူ႔ရဲ႕ရင္ထဲက မီးေတာက္က ထာဝရေတာက္ေလာင္ေနတာပါ။ ၿပီးေတာ့ သူက အားကစားကို အ႐ူးအမူးခုန္မင္တတ္သူပါ။ သူက အႏိုင္ရဖို႔ ယွဥ္ၿပိဳင္ကစားတယ္။ အျမင့္ဆုံးအထိ ညႇစ္ထုတ္ၿပီးေလ့က်င့္တယ္။ ‘အခုလိုအားထုတ္ေနရတာကို သူအရမ္းေပ်ာ္႐ႊင္ပါတယ္။ ဒီလိုသာကစားေနမယ္ဆိုရင္ေတာ့ ႏွစ္ေတြကုန္ဆုံးသြားမွန္းေတာင္ ခင္ဗ်ားသိလိုက္မွာမဟုတ္ပါဘူး” လို႔ ေအစီမီလ္နည္းျပ စတီဖာႏို ပီအိုလီကလည္း ေျပာျပသြားခဲ့တာပါ။

လာမယ့္ ရက္ ၂၀ အတြင္း အသက္ ၄၀ အ႐ြယ္ဆိုတဲ့ ေဘာလုံးသမားဘဝမွတ္တိုင္တခုကို စိုက္ထူေတာ့မယ့္ ဇလာတန္အေနနဲ႔ “လူအိုႀကီး” ဆိုတဲ့စကားကို အစြမ္းကုန္ေခ်ဖ်က္ျပခဲ့သလို ေအစီမီလန္အသင္းကို ဒီရာသီမွာ စီးရီးေအခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးသြားႏိုင္ဦးမယ္လို႔လည္း ေမွ်ာ္လင့္ခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.