Premier League UCL&UEL

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့်သူက PSG ကို ကျော်ဖြတ်ပြီး ယူနိုက်တက်ဖြစ်မယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း

၂၀၂၁-၂၂ ချန်ပီယံလိဂ်ရာသီကတော့ ဒီနေ့ညမှာ ပြန်လည်စတင်ကစားတော့မှာဖြစ်ပြီး ချန်ပီယံဖြစ်မယ်လို့ ဘွတ်ကီတွေရဲ့ တစ်ပေးခြင်းခံထားရတဲ့ လီယွန်နယ် မက်ဆီရဲ့ PSG အသင်းထက်ပိုပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ဦးဆောင်လာမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ ပိုများပြားသွားခဲ့ကြောင်း စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

ယူနိုက်တက်အပါအဝင် မနှစ်က ချန်ပီယံသရဖူကို ဆောင်းထားတဲ့ ချဲလ်ဆီး၊ မနှစ်ကပဲ ဗိုလ်လုပွဲအထိ တက်ရောက်ထားတဲ့ မန်ချက်စတာစီးတီးနဲ့ ၂၀၁၉ ခုနှစ်ရဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့ လီဗာပူးလ်အသင်းတို့က ဥရောပချန်ပီယံလိဂ်မှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ လွှမ်းမိုးမှုထားတဲ့ ခေတ်တစ်ခေတ်ကို ပြန်လည်ရောက်ရှိလာစေတော့မလားဆိုတဲ့ သုံးသပ်ချက်တွေက ထွက်ပေါ်နေတာပါ။

လီယွန်နယ် မက်ဆီကို ခေါ်ယူပြီးချိန်မှာ PSG အသင်းက ချန်ပီယံဖြစ်ဖို့ ဘွတ်ကီတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့ပေမယ့် Five Thirty Eight ရဲ့ စူပါကွန်ပျူတာကတော့ ယူနိုက်တက်အသင်းဟာ ရော်နယ်လ်ဒို လာရောက်ပူးပေါင်းခဲ့ပြီးချိန်မှာ ချန်ပီယံလုပွဲမှာ မက်ဆီ၊ နေမာ၊ ခီလီယန် အမ်ဘာပေဆိုတဲ့ ကြောက်ခမန်းလိလိအတွဲကို ပိုင်ဆိုင်ထားတဲ့ ပါရီကလပ်ထက် ချန်ပီယံဆုနဲ့ ပိုနီးစပ်ခဲ့ကြောင်း တွက်ချက်သွားခဲ့တာပါ။

ဒီနေရာမှာတော့ လက်တစ်ကမ်းအလိုမှာ လက်ထဲကနေ ဖလားပြုတ်ကျခဲ့ရတဲ့ မန်စီးတီးအသင်းက ချန်ပီယံဖြစ်မယ့် နံပါတ် ၁ အသင်းအဖြစ် ၁၆ ရာခိုင်နှုန်းနဲ့ တွက်ချက်ခံထားရပြီး ၂၀၂၀ ခုနှစ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ၁၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ၊ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ပြင်ဆင်လာမယ့် ချဲလ်ဆီးအသင်းက ၁၀ ရာခိုင်နှုန်းအနေအထားရှိနေတာပါ။

စူပါကွန်ပျူတာရဲ့ခန့်မှန်းမှုမှာ ထိပ်သီး ၃ သင်းအဖြစ် တည်ရှိနေခဲ့တဲ့ အဆိုပါအသင်းတွေအပြင် သူတို့ရဲ့နောက်မှာ လီဗာပူးလ်အသင်းက ၉ ရာခိုင်နှုန်း၊ ဘာစီလိုနာအသင်းက ၈ ရာခိုင်နှုန်း၊ ရီးရဲလ်မက်ဒရစ်အသင်းက ၆ ရာခိုင်နှုန်း၊ မန်ချက်စတာယူနိုက်တက်အသင်းက ၅ ရာခိုင်နှုန်းနဲ့ အစဥ်အတိုင်းရပ်တည်နေနိုင်ခဲ့ပါတယ်။

PSG အသင်းကတော့ ချန်ပီယံဖြစ်နိုင်ခြေ ၄ ရာခိုင်နှုန်းနဲ့သာ အဆင့် ၇ နေရာမှာ ရပ်တည်နေသလို CR7 ရဲ့ပူးပေါင်းမှုမှာ ယူနိုက်တက်အသင်းက အခုထက်ပိုပြီး ချန်ပီယံဖြစ်နိုင်ခြေ ပိုများပြားသွားခဲ့ကြောင်းလည်း အဆိုပြုမှုတွေ တက်လာခဲ့သလို ဒီနေ့ညမှာတော့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်အနေနဲ့ ဆွစ်ဇာလန်ကလပ် BSC ယန်းဘွိုင်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာမို့ စောင့်ကြည့်ရဦးမှာပါ။

“ကျွန်တော်တို့အသင်းမှာ ဧရာမအလားအလာကောင်းကို ပိုင်ဆိုင်ထားပါပြီ။ သိပ်စွမ်းတဲ့ ကစားသမားတွေအပြင် နည်းပြကောင်းတစ်ဦးလည်းရှိနေပြီ။ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ဗိုလ်အဖြစ် ဥရောပကိုပါ တက်သိမ်းဖို့ ကျွန်တော်တို့ရဲ့ အောင်စိတ်ကို အဓိကပြင်ဆင်ထားရတော့မှာပါ”လို့ နယူးကာဆယ်လ်ကို ၂ ဂိုးသွင်းပြီး တစ်ကျော့ပြန် တာထွက်လှခဲ့တဲ့ CR7 ကလည်း ပြောကြားထားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁-၂၂ ခ်န္ပီယံလိဂ္ရာသီကေတာ့ ဒီေန႔ညမွာ ျပန္လည္စတင္ကစားေတာ့မွာျဖစ္ၿပီး ခ်န္ပီယံျဖစ္မယ္လို႔ ဘြတ္ကီေတြရဲ႕ တစ္ေပးျခင္းခံထားရတဲ့ လီယြန္နယ္ မက္ဆီရဲ႕ PSG အသင္းထက္ပိုၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဦးေဆာင္လာမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ခ်န္ပီယံျဖစ္ႏိုင္ေျခ ပိုမ်ားျပားသြားခဲ့ေၾကာင္း စူပါကြန္ပ်ဴတာရဲ႕ ခန္႔မွန္းခ်က္အရ သိရပါတယ္။

ယူႏိုက္တက္အပါအဝင္ မႏွစ္က ခ်န္ပီယံသရဖူကို ေဆာင္းထားတဲ့ ခ်ဲလ္ဆီး၊ မႏွစ္ကပဲ ဗိုလ္လုပြဲအထိ တက္ေရာက္ထားတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ၂၀၁၉ ခုႏွစ္ရဲ႕ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲထားတဲ့ လီဗာပူးလ္အသင္းတို႔က ဥေရာပခ်န္ပီယံလိဂ္မွာ အဂၤလန္ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ လႊမ္းမိုးမႈထားတဲ့ ေခတ္တစ္ေခတ္ကို ျပန္လည္ေရာက္ရွိလာေစေတာ့မလားဆိုတဲ့ သုံးသပ္ခ်က္ေတြက ထြက္ေပၚေနတာပါ။

လီယြန္နယ္ မက္ဆီကို ေခၚယူၿပီးခ်ိန္မွာ PSG အသင္းက ခ်န္ပီယံျဖစ္ဖို႔ ဘြတ္ကီေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားလာခဲ့ေပမယ့္ Five Thirty Eight ရဲ႕ စူပါကြန္ပ်ဴတာကေတာ့ ယူႏိုက္တက္အသင္းဟာ ေရာ္နယ္လ္ဒို လာေရာက္ပူးေပါင္းခဲ့ၿပီးခ်ိန္မွာ ခ်န္ပီယံလုပြဲမွာ မက္ဆီ၊ ေနမာ၊ ခီလီယန္ အမ္ဘာေပဆိုတဲ့ ေၾကာက္ခမန္းလိလိအတြဲကို ပိုင္ဆိုင္ထားတဲ့ ပါရီကလပ္ထက္ ခ်န္ပီယံဆုနဲ႔ ပိုနီးစပ္ခဲ့ေၾကာင္း တြက္ခ်က္သြားခဲ့တာပါ။

ဒီေနရာမွာေတာ့ လက္တစ္ကမ္းအလိုမွာ လက္ထဲကေန ဖလားျပဳတ္က်ခဲ့ရတဲ့ မန္စီးတီးအသင္းက ခ်န္ပီယံျဖစ္မယ့္ နံပါတ္ ၁ အသင္းအျဖစ္ ၁၆ ရာခိုင္ႏႈန္းနဲ႔ တြက္ခ်က္ခံထားရၿပီး ၂၀၂၀ ခုႏွစ္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းက ၁၁ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာ၊ လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔ ျပင္ဆင္လာမယ့္ ခ်ဲလ္ဆီးအသင္းက ၁၀ ရာခိုင္ႏႈန္းအေနအထားရွိေနတာပါ။

စူပါကြန္ပ်ဴတာရဲ႕ခန္႔မွန္းမႈမွာ ထိပ္သီး ၃ သင္းအျဖစ္ တည္ရွိေနခဲ့တဲ့ အဆိုပါအသင္းေတြအျပင္ သူတို႔ရဲ႕ေနာက္မွာ လီဗာပူးလ္အသင္းက ၉ ရာခိုင္ႏႈန္း၊ ဘာစီလိုနာအသင္းက ၈ ရာခိုင္ႏႈန္း၊ ရီးရဲလ္မက္ဒရစ္အသင္းက ၆ ရာခိုင္ႏႈန္း၊ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၅ ရာခိုင္ႏႈန္းနဲ႔ အစဥ္အတိုင္းရပ္တည္ေနႏိုင္ခဲ့ပါတယ္။

PSG အသင္းကေတာ့ ခ်န္ပီယံျဖစ္ႏိုင္ေျခ ၄ ရာခိုင္ႏႈန္းနဲ႔သာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနသလို CR7 ရဲ႕ပူးေပါင္းမႈမွာ ယူႏိုက္တက္အသင္းက အခုထက္ပိုၿပီး ခ်န္ပီယံျဖစ္ႏိုင္ေျခ ပိုမ်ားျပားသြားခဲ့ေၾကာင္းလည္း အဆိုျပဳမႈေတြ တက္လာခဲ့သလို ဒီေန႔ညမွာေတာ့ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္အေနနဲ႔ ဆြစ္ဇာလန္ကလပ္ BSC ယန္းဘြိဳင္းအသင္းကို အေဝးကြင္းမွာ သြားေရာက္ကစားရမွာမို႔ ေစာင့္ၾကည့္ရဦးမွာပါ။

“ကြၽန္ေတာ္တို႔အသင္းမွာ ဧရာမအလားအလာေကာင္းကို ပိုင္ဆိုင္ထားပါၿပီ။ သိပ္စြမ္းတဲ့ ကစားသမားေတြအျပင္ နည္းျပေကာင္းတစ္ဦးလည္းရွိေနၿပီ။ ပရီးမီးယားလိဂ္ဖလားအျပင္ ခ်န္ပီယံလိဂ္ဗိုလ္အျဖစ္ ဥေရာပကိုပါ တက္သိမ္းဖို႔ ကြၽန္ေတာ္တို႔ရဲ႕ ေအာင္စိတ္ကို အဓိကျပင္ဆင္ထားရေတာ့မွာပါ”လို႔ နယူးကာဆယ္လ္ကို ၂ ဂိုးသြင္းၿပီး တစ္ေက်ာ့ျပန္ တာထြက္လွခဲ့တဲ့ CR7 ကလည္း ေျပာၾကားထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.