Ligue1 Other Premier League

CR7ကသာ အကောင်းဆုံးလို့ပြောလိုက်တဲ့ နဗီးလ်ကို မက်ဆီကသာအကောင်းဆုံးဆိုတာ မြင်အောင်ကြည့်ဖို့ ကာရေဂါက ဘယ်လိုထိုးနှက်ပြောသွားခဲ့သလဲ?

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုတယောက် အိုးထရက်ဖို့ဒ်အိမ်ကို ပြန်ရောက်လာခဲ့ချိန်မှာ ပရိသတ်တွေအတွက် ပျော်ပွဲရွှင်ပွဲတခုလိုကို ကျေနပ်ခံစားခဲ့ပြီး တခဲနက်နဲ့ သောင်းသောင်းဖျဖျအားပေးပြီး ပေါက်ကွဲထွက်ခဲ့ချိန်မှာ တဖက်မှာလည်း ဒီအဖြစ်ကို မနာလိုမှုတွေရှိနေဟန်ရှိတဲ့ ဂျေမီ ကာရေဂါရဲ့အမြင်တွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဂယ်ရီနဗီးလ်နဲ့ ဂျေမီ ကာရေဂါတို့ နှစ်ဦးဟာ ရော်နယ်လ်ဒို Vs မက်ဆီ ဘယ်သူက ထာဝရအကြီးကျယ်ဆုံးလဲဆိုတဲ့ ကမ္ဘာ့အငြင်းအခုန်တိုက်ပွဲကြီးကို ဝင်ရောက်ဆင်နွှဲသွားခဲ့ပြီး ကြည့်ကောင်းခဲ့သလို ပေါက်ကွဲမှုအရှိန်တွေက မြင့်တက်ခဲ့ပြီး နဗီးလ်က ပေါ်တူဂီသားကြီးကသာ သူ့အတွက် ထာဝရအကောင်းဆုံးဖြစ်တယ်လို့ ဆိုလိုက်ချိန်မှာ ကာရေဂါကလည်း အားကျမခံ မက်ဆီမှ မက်ဆီဆိုပြီး ဘက်ကန်ခဲ့တာပါ။

နဗီးလ်က ” ရော်နယ်လ်ဒိုနဲ့ မက်ဆီဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်အမြဲလျစ်လျူရှုခဲ့တာပါ။ သူတို့ကို မြင်တွေ့နေရတာကိုက စိတ်ကူးယဥ်အိပ်မက်တခုဖြစ်ပြီး နှစ်ဦးစလုံးကစားတာကို အရသာခံကြည့်ရှုသင့်ပါတယ်။ မနက်အစောပိုင်းမှာ ကျွန်တော့်ကို လူကြီးလူကောင်းတဦးက မေးဖူးပါတယ်။ ခင်ဗျားအသင်းကို အနိုင်ရဖို့ အရန်ခုံကနေ ထလာပြီး ကူညီပေးမယ့် ကစားသမားတယောက်ဆိုရင် သမိုင်းထဲမှာ ဘယ်သူ့ကို ရွေးမလဲတဲ့”

” ကျွန်တော်ကတော့ ခြွင်းချက်မရှိ ခရစ္စတီယာနို ရော်နယ်လ်ဒိုပါပဲ။ ဒီကမ္ဘာမှာ မွေးဖွားဖူးခဲ့သမျှထဲက ထာဝရအကြီးကျယ်ဆုံး ကစားသမားဆိုတာကို ငြင်းလို့မရသလို ဒါဟာ ဘက်လိုက်မှုမရှိတဲ့အမြင်ပါ။ မက်ဆီကတော့ သိပ်ကို ကြမ်းတမ်းရက်စက်လွန်းတဲ့ ကစားသမားတဦးပါ။ မရေမတွက်နိုင်အောင်ကို သူသွင်းခဲ့တဲ့ဂိုးတွေက များပြားလွန်းပါတယ်”

” ညာခြေနဲ့ ဂိုးသွင်းတာတို့၊ ခေါင်းတိုက်ဂိုးတို့၊ ပင်နယ်တီတို့ မပါဝင်ခြင်းကလွဲရင် သူ့ရဲ့မှတ်တမ်းကလည်း ကြောက်ခမန်းလိလိပါ။ ဒါကြောင့် ကျွန်တော့်အတွက်ဆိုရင်တော့ ကစားပွဲတခုလုံးရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းအဖြစ်ဆိုရင်တော့ CR7 က ပိုပြီးတောင်ပြီးပြည့်စုံသူလို့ ဆိုနိုင်ပါတယ်။”

” နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်၊ ထာဝရဂိုးသွင်းအများဆုံးစံချိန်၊ မက်ဆီရဲ့ဘာစီလိုနာထက် တဆင့်နိမ့်တဲ့ အသင်းတွေမှာ ကစားပြီး ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ် ကိုင်မြှောက်မှု၊ ဒီအချက်တွေက ကျွန်တော့်ကို လှုံဆော်မှုပေးပါတယ်။” လို့ ဆိုသွားခဲ့တာဖြစ်ပြီး သူ့ရဲ့အကြောင်းရင်းက မလုံလောက်သေးဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ကာရေဂါကတော့ မက်ဆီဘက်တော်သားအဖြစ် အခိုင်အမာ ရပ်တည်​ပြခဲ့ပြီး “ရော်နယ်လ်ဒိုက ထာဝရအကောင်းဆုံးမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အဲဒါဟာ မက်ဆီသာလျှင်ဖြစ်ပါတယ်။ ဂိုးပိုက်တွေကို ဂိုးဘယ်လိုဝင်သွားလဲဆိုတာ အရေးမကြီးပါဘူး။ မက်ဆီက ရော်နယ်လ်ဒိုထက် ဂိုးတွေပိုသာထားပါတယ်။ ပြီးတော့ မက်ဆီက ကစားကွက်ဖန်တီးရှင်နေရာကိုလည်း ယူဆောင်ထားနိုင်တာပါ။ သူက ပွဲတပွဲကို မောင်းနှင်လည်ပတ်ပေးနိုင်ပေမယ့် ရော်နယ်လ်ဒိုကတော့ ဒီအလုပ်ကို မလုပ်နိုင်ပါဘူး”

” အရန်ခုန်ကနေ ထလာပြီး ဂိုးအများဆုံး ဘယ်သူသွင်းထားလဲဆိုတဲ့ အချက်အလက်ကိုကြည့်မယ်ဆိုရင်လည်း မက်ဆီကသာ ပိုသာပါတယ်။ ဒါကြောင် ရောင်းရင်းကြီးရေ…. ခင်ဗျားပြောတာ တော်တော်စိတ်ပျက်စရာစကားပါ။ ရော်နယ်လ်ဒိုလုပ်ပြနိုင်တာတွေကို တခြားကစားသမားတွေလည်း လုပ်ပြနိုင်ပါတယ်”

” ဒါပေမယ့် မက်ဆီကတော့ ကျွန်တော်တို့တသက်မှာ တကြိမ်တခါမှ မမြင်ဖူးခဲ့တဲ့အရာတွေကို လုပ်ပြနေတာပါ။ ဂိုးသွင်းတဲ့ကိစ္စကို ကြည့်မယ်ဆိုရင်လည်း ခင်ဗျားပြောတာ မှားယွင်းနေပါတယ်။ ရော်နယ်လ်ဒိုနဲ့ အိမ်ပြန်ရောက်လာတာနဲ့ ပတ်သက်ရင် ကစားသမားဟောင်းတွေအတွက် ပျော်ပွဲရွှင်ပွဲတခုလိုကို ကြိုဆိုစရာဖြစ်နေတယ်။ ဒါကြောင့် ခင်ဗျားလည်း အမြင်မှန်ရအောင် ဆန်းစစ်ကြည့်ပါဦးလား” လို့ ပြန်လည်ခွန်းတုံ့ပြန်သွားခဲ့တာက အရသာတွေ့စရာအနေအထားမှာတော့ ရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတေယာက္ အိုးထရက္ဖို႔ဒ္အိမ္ကို ျပန္ေရာက္လာခဲ့ခ်ိန္မွာ ပရိသတ္ေတြအတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲတခုလိုကို ေက်နပ္ခံစားခဲ့ၿပီး တခဲနက္နဲ႔ ေသာင္းေသာင္းဖ်ဖ်အားေပးၿပီး ေပါက္ကြဲထြက္ခဲ့ခ်ိန္မွာ တဖက္မွာလည္း ဒီအျဖစ္ကို မနာလိုမႈေတြရွိေနဟန္ရွိတဲ့ ေဂ်မီ ကာေရဂါရဲ႕အျမင္ေတြကလည္း ထြက္ေပၚလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔က ဂယ္ရီနဗီးလ္နဲ႔ ေဂ်မီ ကာေရဂါတို႔ ႏွစ္ဦးဟာ ေရာ္နယ္လ္ဒို Vs မက္ဆီ ဘယ္သူက ထာဝရအႀကီးက်ယ္ဆုံးလဲဆိုတဲ့ ကမာၻ႔အျငင္းအခုန္တိုက္ပြဲႀကီးကို ဝင္ေရာက္ဆင္ႏႊဲသြားခဲ့ၿပီး ၾကည့္ေကာင္းခဲ့သလို ေပါက္ကြဲမႈအရွိန္ေတြက ျမင့္တက္ခဲ့ၿပီး နဗီးလ္က ေပၚတူဂီသားႀကီးကသာ သူ႔အတြက္ ထာဝရအေကာင္းဆုံးျဖစ္တယ္လို႔ ဆိုလိုက္ခ်ိန္မွာ ကာေရဂါကလည္း အားက်မခံ မက္ဆီမွ မက္ဆီဆိုၿပီး ဘက္ကန္ခဲ့တာပါ။

နဗီးလ္က ” ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီဘယ္သူပိုေကာင္းလဲဆိုတဲ့ ေမးခြန္းေတြကို ကြၽန္ေတာ္အၿမဲလ်စ္လ်ဴရႈခဲ့တာပါ။ သူတို႔ကို ျမင္ေတြ႕ေနရတာကိုက စိတ္ကူးယဥ္အိပ္မက္တခုျဖစ္ၿပီး ႏွစ္ဦးစလုံးကစားတာကို အရသာခံၾကည့္ရႈသင့္ပါတယ္။ မနက္အေစာပိုင္းမွာ ကြၽန္ေတာ့္ကို လူႀကီးလူေကာင္းတဦးက ေမးဖူးပါတယ္။ ခင္ဗ်ားအသင္းကို အႏိုင္ရဖို႔ အရန္ခုံကေန ထလာၿပီး ကူညီေပးမယ့္ ကစားသမားတေယာက္ဆိုရင္ သမိုင္းထဲမွာ ဘယ္သူ႔ကို ေ႐ြးမလဲတဲ့”

” ကြၽန္ေတာ္ကေတာ့ ႁခြင္းခ်က္မရွိ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုပါပဲ။ ဒီကမာၻမွာ ေမြးဖြားဖူးခဲ့သမွ်ထဲက ထာဝရအႀကီးက်ယ္ဆုံး ကစားသမားဆိုတာကို ျငင္းလို႔မရသလို ဒါဟာ ဘက္လိုက္မႈမရွိတဲ့အျမင္ပါ။ မက္ဆီကေတာ့ သိပ္ကို ၾကမ္းတမ္းရက္စက္လြန္းတဲ့ ကစားသမားတဦးပါ။ မေရမတြက္ႏိုင္ေအာင္ကို သူသြင္းခဲ့တဲ့ဂိုးေတြက မ်ားျပားလြန္းပါတယ္”

” ညာေျခနဲ႔ ဂိုးသြင္းတာတို႔၊ ေခါင္းတိုက္ဂိုးတို႔၊ ပင္နယ္တီတို႔ မပါဝင္ျခင္းကလြဲရင္ သူ႔ရဲ႕မွတ္တမ္းကလည္း ေၾကာက္ခမန္းလိလိပါ။ ဒါေၾကာင့္ ကြၽန္ေတာ့္အတြက္ဆိုရင္ေတာ့ ကစားပြဲတခုလုံးရဲ႕ အေရးအႀကီးဆုံးအစိတ္အပိုင္းအျဖစ္ဆိုရင္ေတာ့ CR7 က ပိုၿပီးေတာင္ၿပီးျပည့္စုံသူလို႔ ဆိုႏိုင္ပါတယ္။”

” ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္၊ ထာဝရဂိုးသြင္းအမ်ားဆုံးစံခ်ိန္၊ မက္ဆီရဲ႕ဘာစီလိုနာထက္ တဆင့္နိမ့္တဲ့ အသင္းေတြမွာ ကစားၿပီး ခ်န္ပီယံလိဂ္ဖလားကို ၅ ႀကိမ္ ကိုင္ေျမႇာက္မႈ၊ ဒီအခ်က္ေတြက ကြၽန္ေတာ့္ကို လႈံေဆာ္မႈေပးပါတယ္။” လို႔ ဆိုသြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အေၾကာင္းရင္းက မလုံေလာက္ေသးဘူးဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

ကာေရဂါကေတာ့ မက္ဆီဘက္ေတာ္သားအျဖစ္ အခိုင္အမာ ရပ္တည္​ျပခဲ့ၿပီး “ေရာ္နယ္လ္ဒိုက ထာဝရအေကာင္းဆုံးမဟုတ္ဘူးလို႔ ေျပာခ်င္ပါတယ္။ အဲဒါဟာ မက္ဆီသာလွ်င္ျဖစ္ပါတယ္။ ဂိုးပိုက္ေတြကို ဂိုးဘယ္လိုဝင္သြားလဲဆိုတာ အေရးမႀကီးပါဘူး။ မက္ဆီက ေရာ္နယ္လ္ဒိုထက္ ဂိုးေတြပိုသာထားပါတယ္။ ၿပီးေတာ့ မက္ဆီက ကစားကြက္ဖန္တီးရွင္ေနရာကိုလည္း ယူေဆာင္ထားႏိုင္တာပါ။ သူက ပြဲတပြဲကို ေမာင္းႏွင္လည္ပတ္ေပးႏိုင္ေပမယ့္ ေရာ္နယ္လ္ဒိုကေတာ့ ဒီအလုပ္ကို မလုပ္ႏိုင္ပါဘူး”

” အရန္ခုန္ကေန ထလာၿပီး ဂိုးအမ်ားဆုံး ဘယ္သူသြင္းထားလဲဆိုတဲ့ အခ်က္အလက္ကိုၾကည့္မယ္ဆိုရင္လည္း မက္ဆီကသာ ပိုသာပါတယ္။ ဒါေၾကာင္ ေရာင္းရင္းႀကီးေရ…. ခင္ဗ်ားေျပာတာ ေတာ္ေတာ္စိတ္ပ်က္စရာစကားပါ။ ေရာ္နယ္လ္ဒိုလုပ္ျပႏိုင္တာေတြကို တျခားကစားသမားေတြလည္း လုပ္ျပႏိုင္ပါတယ္”

” ဒါေပမယ့္ မက္ဆီကေတာ့ ကြၽန္ေတာ္တို႔တသက္မွာ တႀကိမ္တခါမွ မျမင္ဖူးခဲ့တဲ့အရာေတြကို လုပ္ျပေနတာပါ။ ဂိုးသြင္းတဲ့ကိစၥကို ၾကည့္မယ္ဆိုရင္လည္း ခင္ဗ်ားေျပာတာ မွားယြင္းေနပါတယ္။ ေရာ္နယ္လ္ဒိုနဲ႔ အိမ္ျပန္ေရာက္လာတာနဲ႔ ပတ္သက္ရင္ ကစားသမားေဟာင္းေတြအတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲတခုလိုကို ႀကိဳဆိုစရာျဖစ္ေနတယ္။ ဒါေၾကာင့္ ခင္ဗ်ားလည္း အျမင္မွန္ရေအာင္ ဆန္းစစ္ၾကည့္ပါဦးလား” လို႔ ျပန္လည္ခြန္းတုံ႔ျပန္သြားခဲ့တာက အရသာေတြ႕စရာအေနအထားမွာေတာ့ ရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.