Article Other Premier League

ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဖြစ်ပေမယ့် မိန်းမ ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆွန်ဟောင်မင် ဘာလို့ပြောလိုက်သလဲ

တောင်ကိုရီးယားသားတဦးဖြစ်တဲ့ စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အာရှတိုက်ဂုဏ်ဆောင်နေတဲ့ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို ၂၀၁၅ ခုနှစ် ဂျာမန်ဘွန်ဒက်လီဂါက လေဗာကူဆင်အသင်းကနေ စပါးစ်ဆီရောက်လာတဲ့နောက် သူ့ရဲ့အမြင့်ပျံနိုင်စွမ်းဟာ ကောက်ရိုးမီးမဟုတ်ခဲ့သလို တိုက်ဆိုင်မှုတခုလည်း မဟုတ်ခဲ့ပါဘူး။

အလုပ်ကြိုးစားမှု၊ ပြင်းပြင်းထန်ထန် ပေးဆပ်မှု၊ ရဲရဲရင့်ရင့် အာရုံစူးစိုက်မှုတွေနဲ့အတူ ဘောလုံးမှ ဘောလုံးဆိုတဲ့ တချောင်းထဲသောစိတ်ကို ဆွဲကိုင်ပြီး သူ့ကို ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို ရောက်ရှိစေခဲ့တာဖြစ်သလို သူ့ရဲ့အလုပ်လုပ်ရာမှာ ပြတ်သားမှု၊ စည်းစနစ်ကျမှုနဲ့ ဘောလုံးခံယူချက်အပိုင်းတွေမှာလည်း အမှတ်ပြည့်ပေးပြီး ချီးကျူးခံထားရပါတယ်။

ဒါဟာ အသက် ၂၉ နှစ်သားအတွက် ဘောလုံးလောကကို နှုတ်ဆက်ပြီး ကစားသမားဘဝကနေ အနားမယူခင်အချိန်အထိ အိမ်ထောင်ရက်သားမကျချင်ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ရုပ်လုံး ပေါ်စေခဲ့ပြီး ဒီနောက်ကွယ်မှာတော့ သူ့ရဲ့စိတ်ဓာတ်ခံယူချက်ပိုင်းနဲ့ ဘောလုံးကို စိတ်အားထက်သန်မှုတွေက ထင်းထင်ကြီးမြင်တွေ့ခဲ့ရပါတယ်။

The Guardian က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ဆွန်ဟောင်မင်က သူ့ဘဝနဲ့ပတ်သက်လို့ အနာဂတ်အစီအစဥ်မှာ ဘယ်လိုကြံစည်ထားလဲဆိုတာကို ပြောပြသွားခဲ့ပြီး လူမှုဘဝနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘယ်လိုခွဲခြားထားလဲ၊ သူ့ရဲ့လူမျိုးနဲ့ တိုင်းပြည်အတွက် ဘယ်လောက်ထိတောင် ပေးဆပ်ချင်နေလဲဆိုတဲ့အထိပါ နက်နက်ရှိုင်းရှိူင်းသိခွင့်ရခဲ့ပါတယ်။

” ကျွန်တော့်ဖခင်ပြောသလိုပဲ ကျွန်တော်လည်းလက်ခံထားပါတယ်။ ခင်ဗျား အိမ်ထောင်ကျသွားပြီဆိုရင် မိသားစုဘဝနဲ့ သားမယားက ခင်ဗျားရဲ့ နံပါတ်တစ်ဖြစ်လာလိမ့်မယ်။ ဘောလုံးက နံပါတ်နှစ်ဦးစားပေးဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ အမြင့်ဆုံးအဆင့်အထိ စွမ်းဆောင်ရည်ပြနိုင်ဖို့ ဘောလုံးကို နံပါတ်တစ်ဦးစားပေးပြီး ကစားသွားချင်ပါတယ်”

” ခင်ဗျားအနားယူလိုက်ပြီဆိုပါစို့။ အသက် ၃၃၊ ၃၄ နှစ်ဗျာ။ မိသားစုဘဝအတွက် အချိန်တွေအများကြီး ကျန်ရှိနေဦးမှာပါ။ ပြီးတော့ ကွင်းပြင်ပမှာ မူးယစ်သေစာသုံးစွဲတာ၊ အပျော်အပါးလိုက်စားတာတွေကိုလည်း ကျွန်တော် မကြိုက်နှစ်သက်ပါဘူး။ ကမ္ဘာ့အဆင့်မှာ အချိန်ကြာကြာကစားပြီး ကျွန်တော့်လူမျိုးကို ပျော်ရွှင်အောင်ထားပေးချင်ပါတယ်”

” ဥပမာကြည့်ဗျာ။ ဝင်ဘလေကွင်းမှာ စပါးစ်အသင်းအတွက် ကစားပေးတုန်းက တောင်ကိုရီးယားအလံတွေက ခင်ဗျားဘယ်လောက်တောင်မြင်တွေ့လိုက်ရလဲ? ဒါကြောင့် သူတို့အတွက် ကျွန်တော်ပြန်ပေးဆပ်ချင်ပါတယ်။ အလုပ်ကြိုးစားပြီးတော့ပေါ့ဗျာ”

” ထိပ်တန်းအဆင့်မှာ အချိန်နဲ့အမျှ ကစားသွားချင်ပါတယ်။ ဒါဟာ ကျွန်တော်လူမျိုးတွေရဲ့ အားပေးမှုကို ပြန်ပေးဆပ်ပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ချင်လို့ပါ။ ဒီအရာက ကျွန်တော့်အတွက် အရေးကြီးဆုံးကိစ္စတခုပါ။ ကိုယ့်နိုင်ငံအတွက် သံတမန်တဦးလို ခံစားနေရလားဆိုတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို ဝင့်ကြွားစေချင်တာပေါ့ဗျာ”

” နောက်တခုကပေါ့ဗျာ။ ကျွန်တော်တို့ ညနေ ၃ နာရီမှာ ပွဲကစားတယ်ဆိုပါစို့။ အဲဒါဟာ ကိုရီးယားမှာ ညသန်းခေါင်ယံအချိန်ဖြစ်နေပါပြီ။ ချန်ပီယံလိဂ်ပွဲကို ည ၈ နာရီမှာ ကစားတယ်ဆိုရင် ကိုရီးယားမှာ မနက် ၅ နာရီထိုးနေပါပြီ။ ဒါပေမယ့် သူတို့အားလုံးဟာ ရုပ်သံကနေ မလွတ်တမ်းစောင့်ကြည့်ပြီး အားပေးနေကြပါတယ်”

” ကျွန်တော်ပြန်ပေးဆပ်ရပါဦးမယ်။ အောင်မြင်မှုနဲ့အတူပေါ့ဗျာ။ ဒါဟာ တကယ့်ကို ပခုံးထမ်းရမယ့် တာဝန်တရပ်ပါ။ ကျွန်တော်က ဘောလုံးကို ချစ်မြတ်နိုးတယ်။ နှစ်နှစ်ကာကာရှိလှပါတယ်။ ​ဖခင်ရဲ့ သင်ကြားပြသမှုနဲ့ ကျွန်တော် ဘောလုံးလေ့ကျင်ခဲ့ရတာပါ။ သူက ကျွန်တော့်ကျောင်းမှာလည်း ဘောလုံးနည်းပြတဦးပါ”

” ခြေထောက်နှစ်ချောင်းစလုံး သန်မာနေအောင် လေ့ကျင့်ခဲ့တယ်။ ဒါမှ ဘောလုံးကို လွတ်လွတ်လပ်လပ်၊ ကျင်ကျင်လည်လည်နဲ့ ရဲရဲတင်းတင်း ကိုင်ကစားနိုင်မှာပါ။ ဒီလို ကျွမ်းကျွမ်းကျင်ကျင်၊ ရဲရဲရင့်ရင့်ကစားရတာမျိုးကိုပဲ ကျွန်တော်နှစ်သက်ပါတယ်။” လို့ ဆွန်နီက ပြောကြားသွားခဲ့တာပါ။

ဆွန်ဟောင်မင်အနေနဲ့ ချစ်သူရည်စားတော့ မရှိသူမဟုတ်ပဲ ၂၀၁၄ လောက်က Girl’s Day’s အဖွဲ့မှ အဆိုတော် Bang Min-ah ( Minah) နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ဂျူလိုင်လ ၁၆ နဲ့ ၁၇ နှစ်ရက်မှာ ဂန်းနမ် ဘူတာနဲ့ ဟန်မြစ်ပန်းခြံနားတဝိုက်တို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ကိုရီးယားမီဒီယာ တချို့က ဖော်ပြခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက တနှစ်လောက်ပဲ ကြာမြင့်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။

ဒီနောက်တော့ ၂၀၁၈ လောက်မှာ ဆွန်ဟောင်မင်ဟာ ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင်လည်းဖြစ်တဲ့ Yoo So-young နဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပြီး နိုဝင်ဘာ ၁၁ မှာ ကျရောက်လေ့ရှိတဲ့ Pepero Day ( ကိုရီးယားဗယ်လင်တိုင်းဒေး) မှာ ဒိတ်လုပ်တွေ့ဆုံခဲ့ကြပြီး ဆွန်က Yoo So-young ကို Pepero လက်ဆောင်ပေးခဲ့တယ်လို့သိရပြီး The Fact နဲ့ ဖုန်းအင်တာဗျူးမှာ Yoo က ” ဆွန်နဲ့ ကျွန်မတို့ဟာ စိတ်ခံစားမှု တူညီကြသလို သူမအနေနဲ့ ဆွန်ကို ခွန်အားတွေအမြဲပေးချင်ပြီး တယောက်နဲ့တယောက် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကာ ချစ်ခရီးကို အမြဲဖြောင့်ဖြူးစေချင်တယ်”လို့ ဖြေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာပဲ ဆွန်နဲ့ Yoo တို့ လမ်းခွဲခဲ့ကြပြီး အဲဒီလိုလမ်းခွဲခဲ့ရတာဟာ ဆွန်နဲ့ သူမ ချစ်သူရည်းစားဖြစ်ကြတာကို ဆွန်ရဲ့ ဖခင်သိရှိသွားရာကနေ ဆွန်ဘက်က စပြီးလမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဆွန်ရဲ့ ချစ်သူရည်းစားအဖြစ်နောက်ဆုံးကြားသိရသူကတော့ Black Pink အဖွဲ့ဝင်အဆိုတော် Jisoo ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက် စပါးစ်ကွင်းမှာ စပါးစ်နဲ့ ခရစ်စတယ်ပဲလေ့တို့ပွဲကို Jisoo က ဆွန်ရဲ့ နာမည်နဲ့ ကျောနံပါတ်ပါ ဂျာစီကိုဝတ်ပြီး လာရောက်အားပေးခဲ့တာတွေ့ရှိရတဲ့သတင်းကို သတင်းဌာနကြီးများက ဖော်ပြခဲ့ပေမယ့် အရင်ရည်းစားနှစ်ယောက်နဲ့ ပတ်သတ်အပြီး ဆွန်ရဲ့ ဖခင်ကို ပေးထားတဲ့ ကစားသမားဘဝက အနားမယူခင် ချစ်သူရည်းစားမထား အိမ်ထောင်မပြုဘူးဆိုတော့ ဂတိကြောင့် ဆွန်နဲ့ Jisoo တို့ ဇာတ်လမ်းဟာ အသံတိတ် ဇာတ်လမ်းအဖြစ်ပြောင်းလဲခဲ့ရပြီး ပျိုတိုင်းကြိုက်တဲ့ ဆွန်တစ်ယောက် ကစားသမားဘဝက အနားယူမှ အိမ်ထောင်ပြုမယ်ဆိုတဲ့ဂတိကြောင့် အချိန်လွန်ပြီး စိတ်တူကိုယ်တူရှာမတွေ့ပဲ လူပျိုကြီးဖြစ်သွားမလား သူ့ပရိသတ်များက တွေးပူနေကြကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေတာင္ကိုရီးယားသားတဦးျဖစ္တဲ့ စပါးစ္တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ အဂၤလန္ပရီးမီးယားလိဂ္မွာ အာရွတိုက္ဂုဏ္ေဆာင္ေနတဲ့ ကမာၻ႔အဆင့္ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူျဖစ္သလို ၂၀၁၅ ခုႏွစ္ ဂ်ာမန္ဘြန္ဒက္လီဂါက ေလဗာကူဆင္အသင္းကေန စပါးစ္ဆီေရာက္လာတဲ့ေနာက္ သူ႔ရဲ႕အျမင့္ပ်ံႏိုင္စြမ္းဟာ ေကာက္႐ိုးမီးမဟုတ္ခဲ့သလို တိုက္ဆိုင္မႈတခုလည္း မဟုတ္ခဲ့ပါဘူး။

အလုပ္ႀကိဳးစားမႈ၊ ျပင္းျပင္းထန္ထန္ ေပးဆပ္မႈ၊ ရဲရဲရင့္ရင့္ အာ႐ုံစူးစိုက္မႈေတြနဲ႔အတူ ေဘာလုံးမွ ေဘာလုံးဆိုတဲ့ တေခ်ာင္းထဲေသာစိတ္ကို ဆြဲကိုင္ၿပီး သူ႔ကို ကမာၻ႔ေဘာလုံးစင္ျမင့္ထက္ကို ေရာက္ရွိေစခဲ့တာျဖစ္သလို သူ႔ရဲ႕အလုပ္လုပ္ရာမွာ ျပတ္သားမႈ၊ စည္းစနစ္က်မႈနဲ႔ ေဘာလုံးခံယူခ်က္အပိုင္းေတြမွာလည္း အမွတ္ျပည့္ေပးၿပီး ခ်ီးက်ဴးခံထားရပါတယ္။

ဒါဟာ အသက္ ၂၉ ႏွစ္သားအတြက္ ေဘာလုံးေလာကကို ႏႈတ္ဆက္ၿပီး ကစားသမားဘဝကေန အနားမယူခင္အခ်ိန္အထိ အိမ္ေထာင္ရက္သားမက်ခ်င္ဘူးဆိုတဲ့ စိတ္ပိုင္းျဖတ္မႈကို ႐ုပ္လုံး ေပၚေစခဲ့ၿပီး ဒီေနာက္ကြယ္မွာေတာ့ သူ႔ရဲ႕စိတ္ဓာတ္ခံယူခ်က္ပိုင္းနဲ႔ ေဘာလုံးကို စိတ္အားထက္သန္မႈေတြက ထင္းထင္ႀကီးျမင္ေတြ႕ခဲ့ရပါတယ္။

The Guardian က ျပဳလုပ္တဲ့ အင္တာဗ်ဴးတခုမွာ ဆြန္ေဟာင္မင္က သူ႔ဘဝနဲ႔ပတ္သက္လို႔ အနာဂတ္အစီအစဥ္မွာ ဘယ္လိုႀကံစည္ထားလဲဆိုတာကို ေျပာျပသြားခဲ့ၿပီး လူမႈဘဝနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ဘယ္လိုခြဲျခားထားလဲ၊ သူ႔ရဲ႕လူမ်ိဳးနဲ႔ တိုင္းျပည္အတြက္ ဘယ္ေလာက္ထိေတာင္ ေပးဆပ္ခ်င္ေနလဲဆိုတဲ့အထိပါ နက္နက္ရႈိင္းရွိူင္းသိခြင့္ရခဲ့ပါတယ္။

” ကြၽန္ေတာ့္ဖခင္ေျပာသလိုပဲ ကြၽန္ေတာ္လည္းလက္ခံထားပါတယ္။ ခင္ဗ်ား အိမ္ေထာင္က်သြားၿပီဆိုရင္ မိသားစုဘဝနဲ႔ သားမယားက ခင္ဗ်ားရဲ႕ နံပါတ္တစ္ျဖစ္လာလိမ့္မယ္။ ေဘာလုံးက နံပါတ္ႏွစ္ဦးစားေပးျဖစ္သြားမွာပါ။ ကြၽန္ေတာ္ကေတာ့ အျမင့္ဆုံးအဆင့္အထိ စြမ္းေဆာင္ရည္ျပႏိုင္ဖို႔ ေဘာလုံးကို နံပါတ္တစ္ဦးစားေပးၿပီး ကစားသြားခ်င္ပါတယ္”

” ခင္ဗ်ားအနားယူလိုက္ၿပီဆိုပါစို႔။ အသက္ ၃၃၊ ၃၄ ႏွစ္ဗ်ာ။ မိသားစုဘဝအတြက္ အခ်ိန္ေတြအမ်ားႀကီး က်န္ရွိေနဦးမွာပါ။ ၿပီးေတာ့ ကြင္းျပင္ပမွာ မူးယစ္ေသစာသုံးစြဲတာ၊ အေပ်ာ္အပါးလိုက္စားတာေတြကိုလည္း ကြၽန္ေတာ္ မႀကိဳက္ႏွစ္သက္ပါဘူး။ ကမာၻ႔အဆင့္မွာ အခ်ိန္ၾကာၾကာကစားၿပီး ကြၽန္ေတာ့္လူမ်ိဳးကို ေပ်ာ္႐ႊင္ေအာင္ထားေပးခ်င္ပါတယ္”

” ဥပမာၾကည့္ဗ်ာ။ ဝင္ဘေလကြင္းမွာ စပါးစ္အသင္းအတြက္ ကစားေပးတုန္းက ေတာင္ကိုရီးယားအလံေတြက ခင္ဗ်ားဘယ္ေလာက္ေတာင္ျမင္ေတြ႕လိုက္ရလဲ? ဒါေၾကာင့္ သူတို႔အတြက္ ကြၽန္ေတာ္ျပန္ေပးဆပ္ခ်င္ပါတယ္။ အလုပ္ႀကိဳးစားၿပီးေတာ့ေပါ့ဗ်ာ”

” ထိပ္တန္းအဆင့္မွာ အခ်ိန္နဲ႔အမွ် ကစားသြားခ်င္ပါတယ္။ ဒါဟာ ကြၽန္ေတာ္လူမ်ိဳးေတြရဲ႕ အားေပးမႈကို ျပန္ေပးဆပ္ၿပီး ႏိုင္ငံအတြက္ ဂုဏ္ေဆာင္ခ်င္လို႔ပါ။ ဒီအရာက ကြၽန္ေတာ့္အတြက္ အေရးႀကီးဆုံးကိစၥတခုပါ။ ကိုယ့္ႏိုင္ငံအတြက္ သံတမန္တဦးလို ခံစားေနရလားဆိုေတာ့ အမွန္ပါပဲ။ ကိုယ့္ႏိုင္ငံရဲ႕ပုံရိပ္ကို ဝင့္ႂကြားေစခ်င္တာေပါ့ဗ်ာ”

” ေနာက္တခုကေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ ညေန ၃ နာရီမွာ ပြဲကစားတယ္ဆိုပါစို႔။ အဲဒါဟာ ကိုရီးယားမွာ ညသန္းေခါင္ယံအခ်ိန္ျဖစ္ေနပါၿပီ။ ခ်န္ပီယံလိဂ္ပြဲကို ည ၈ နာရီမွာ ကစားတယ္ဆိုရင္ ကိုရီးယားမွာ မနက္ ၅ နာရီထိုးေနပါၿပီ။ ဒါေပမယ့္ သူတို႔အားလုံးဟာ ႐ုပ္သံကေန မလြတ္တမ္းေစာင့္ၾကည့္ၿပီး အားေပးေနၾကပါတယ္”

” ကြၽန္ေတာ္ျပန္ေပးဆပ္ရပါဦးမယ္။ ေအာင္ျမင္မႈနဲ႔အတူေပါ့ဗ်ာ။ ဒါဟာ တကယ့္ကို ပခုံးထမ္းရမယ့္ တာဝန္တရပ္ပါ။ ကြၽန္ေတာ္က ေဘာလုံးကို ခ်စ္ျမတ္ႏိုးတယ္။ ႏွစ္ႏွစ္ကာကာရွိလွပါတယ္။ ​ဖခင္ရဲ႕ သင္ၾကားျပသမႈနဲ႔ ကြၽန္ေတာ္ ေဘာလုံးေလ့က်င္ခဲ့ရတာပါ။ သူက ကြၽန္ေတာ့္ေက်ာင္းမွာလည္း ေဘာလုံးနည္းျပတဦးပါ”

” ေျခေထာက္ႏွစ္ေခ်ာင္းစလုံး သန္မာေနေအာင္ ေလ့က်င့္ခဲ့တယ္။ ဒါမွ ေဘာလုံးကို လြတ္လြတ္လပ္လပ္၊ က်င္က်င္လည္လည္နဲ႔ ရဲရဲတင္းတင္း ကိုင္ကစားႏိုင္မွာပါ။ ဒီလို ကြၽမ္းကြၽမ္းက်င္က်င္၊ ရဲရဲရင့္ရင့္ကစားရတာမ်ိဳးကိုပဲ ကြၽန္ေတာ္ႏွစ္သက္ပါတယ္။” လို႔ ဆြန္နီက ေျပာၾကားသြားခဲ့တာပါ။

ဆြန္ေဟာင္မင္အေနနဲ႔ ခ်စ္သူရည္စားေတာ့ မရွိသူမဟုတ္ပဲ ၂၀၁၄ ေလာက္က Girl’s Day’s အဖြဲ႕မွ အဆိုေတာ္ Bang Min-ah ( Minah) နဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၾကၿပီး ၂၀၁၄ ဂ်ဴလိုင္လ ၁၆ နဲ႔ ၁၇ ႏွစ္ရက္မွာ ဂန္းနမ္ ဘူတာနဲ႔ ဟန္ျမစ္ပန္းၿခံနားတဝိုက္တို႔မွာ ေတြ႕ဆုံခဲ့ၾကတယ္လို႔ ကိုရီးယားမီဒီယာ တခ်ိဳ႕က ေဖာ္ျပခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းက တႏွစ္ေလာက္ပဲ ၾကာျမင့္ၿပီး အဆုံးသတ္သြားခဲ့ပါတယ္။

ဒီေနာက္ေတာ့ ၂၀၁၈ ေလာက္မွာ ဆြန္ေဟာင္မင္ဟာ ကိုရီးယား အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ Yoo So-young နဲ႔ ခ်စ္ႀကိဳက္ခဲ့တယ္လို႔ သိရၿပီး ႏိုဝင္ဘာ ၁၁ မွာ က်ေရာက္ေလ့ရွိတဲ့ Pepero Day ( ကိုရီးယားဗယ္လင္တိုင္းေဒး) မွာ ဒိတ္လုပ္ေတြ႕ဆုံခဲ့ၾကၿပီး ဆြန္က Yoo So-young ကို Pepero လက္ေဆာင္ေပးခဲ့တယ္လို႔သိရၿပီး The Fact နဲ႔ ဖုန္းအင္တာဗ်ဴးမွာ Yoo က ” ဆြန္နဲ႔ ကြၽန္မတို႔ဟာ စိတ္ခံစားမႈ တူညီၾကသလို သူမအေနနဲ႔ ဆြန္ကို ခြန္အားေတြအၿမဲေပးခ်င္ၿပီး တေယာက္နဲ႔တေယာက္ နက္နက္ရႈိင္းရႈိင္းခ်စ္ျမတ္ႏိုးကာ ခ်စ္ခရီးကို အၿမဲေျဖာင့္ျဖဴးေစခ်င္တယ္”လို႔ ေျဖၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ လအနည္းငယ္အၾကာမွာပဲ ဆြန္နဲ႔ Yoo တို႔ လမ္းခြဲခဲ့ၾကၿပီး အဲဒီလိုလမ္းခြဲခဲ့ရတာဟာ ဆြန္နဲ႔ သူမ ခ်စ္သူရည္းစားျဖစ္ၾကတာကို ဆြန္ရဲ႕ ဖခင္သိရွိသြားရာကေန ဆြန္ဘက္က စၿပီးလမ္းခြဲခဲ့တယ္လို႔ ဆိုပါတယ္။

ဆြန္ရဲ႕ ခ်စ္သူရည္းစားအျဖစ္ေနာက္ဆုံးၾကားသိရသူကေတာ့ Black Pink အဖြဲ႕ဝင္အဆိုေတာ္ Jisoo ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၄ ရက္ စပါးစ္ကြင္းမွာ စပါးစ္နဲ႔ ခရစ္စတယ္ပဲေလ့တို႔ပြဲကို Jisoo က ဆြန္ရဲ႕ နာမည္နဲ႔ ေက်ာနံပါတ္ပါ ဂ်ာစီကိုဝတ္ၿပီး လာေရာက္အားေပးခဲ့တာေတြ႕ရွိရတဲ့သတင္းကို သတင္းဌာနႀကီးမ်ားက ေဖာ္ျပခဲ့ေပမယ့္ အရင္ရည္းစားႏွစ္ေယာက္နဲ႔ ပတ္သတ္အၿပီး ဆြန္ရဲ႕ ဖခင္ကို ေပးထားတဲ့ ကစားသမားဘဝက အနားမယူခင္ ခ်စ္သူရည္းစားမထား အိမ္ေထာင္မျပဳဘူးဆိုေတာ့ ဂတိေၾကာင့္ ဆြန္နဲ႔ Jisoo တို႔ ဇာတ္လမ္းဟာ အသံတိတ္ ဇာတ္လမ္းအျဖစ္ေျပာင္းလဲခဲ့ရၿပီး ပ်ိဳတိုင္းႀကိဳက္တဲ့ ဆြန္တစ္ေယာက္ ကစားသမားဘဝက အနားယူမွ အိမ္ေထာင္ျပဳမယ္ဆိုတဲ့ဂတိေၾကာင့္ အခ်ိန္လြန္ၿပီး စိတ္တူကိုယ္တူရွာမေတြ႕ပဲ လူပ်ိဳႀကီးျဖစ္သြားမလား သူ႔ပရိသတ္မ်ားက ေတြးပူေနၾကေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.