Analysis Premier League

ဂိုးရာပြည့် ဆာလားနဲ့ လိဒ်စ် 0-3 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ပရီးမီးယားလိဂ်မှာ ရာပြည့်ဂိုးရခဲ့တဲ့ ဆာလား
လီဗာပူးလ်အသင်းအတွက် ဒီနေ့မှာ အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ သူတို့အတွက် သွင်းဂိုး ၉၈ ဂိုးနဲ့အတူ ချဲလ်ဆီးမှာတုန်းက ရခဲ့တဲ့ ၂ ဂိုးနဲ့ ပေါင်းလိုက်ရင် ပရီးမီးယားလိဂ်မှာ ၃၀ ဦးမြောက်အဖြစ် ဂိုးရာပြည့်ခဲ့တာလည်းဖြစ်ပါတယ်။ အီဂျစ်သားအနေနဲ့ ဒီစံချိန်ကို ပွဲပေါင်း ၁၆၂ ပွဲမှာ ပဉ္စမမြောက် အမြန်ဆုံးအဖြစ် ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရှေ့မှာတော့ သီယာရီ အွန်နရီ (ပွဲ ၁၆၀)၊ ဆာဂျီယို အဂွေရို (၁၄၇ ပွဲ)၊ ဟာရီကိန်း (၁၄၁ ပွဲ)နဲ့ အလန် ရှီးရား (၁၂၄ ပွဲ)တို့ ရှိနေခဲ့ကြပါတယ်။

တစ်ဖက်အသင်းကို အနားမပေးတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ သူတို့တွေရဲ့ Trade Mark ဖြစ်တဲ့ တစ်ဖက်အသင်းကို အနားမပေးဘဲ ဘောလုံးမရချိန်မှာ တရစပ် ဖိအားပေးမှုနဲ့ ဘောလုံးပိုင်ဆိုင်ချိန်မှာ ဂိုးပေါက်ဆက်တိုက် ခြိမ်းခြောက်မှုတွေကို ဒီနေ့ပွဲမှာ အကောင်းဆုံး Presentation လုပ်သွားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိ ပြုလုပ်နိုင်ခဲ့သလို တိုက်စစ်ပိုင်းက အဆုံးသတ်မှုတွေ ညံ့ဖျင်းခဲ့လို့သာ သုံးဂိုးဆိုတဲ့ ရလဒ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်သလို တစ်ပွဲလုံးကစားပုံကတော့ အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိခဲ့တာပါ။

ကျဆုံးချိန်တန်လာပြီလား ဘီယယ်လ်ဆာ
မာဆယ်လို ဘီယယ်လ်ဆာဟာ ဥရောပရဲ့ ထိပ်တန်းနည်းနစ်မှူးတွေထဲက တစ်ဦးဖြစ်ပေမယ့် ပုံစံကောင်းကို ကြာကြာမထိန်းသိမ်းနိုင်ဘဲ ကျဆုံးရတတ်ပုံကတော့ အစဉ်အလာလိုဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ အောင်မြင်ခဲ့ပေမယ့် ကလပ်အသင်းနည်းပြဘဝမှာတော့ အစကောင်းပြီး အနှောင်းမသေချာတဲ့ ပုံစံက လိဒ်စ်ယူနိုက်တက်လို ချန်ပီယံရှစ်ကို ရောက်နေတဲ့ အသင်းဆီ ရောက်သွားခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံးပုံစံရတဲ့ ၃-၃-၃-၁
ကစားကွက်ကို ဖျက်ပြီး ၄-၁-၄-၁ ကို စပိန်ဂျင်းသုံးကောင်ဖြစ်တဲ့ ယော်ရန်တေ၊ ဖာပို၊ ရိုဒရီဂိုတို့နဲ့ ပြောင်းလဲခဲ့ရာမှာ ၄ ပွဲမှာ ၂ မှတ်သာ ရခဲ့သေးတာပါ၊

၀.၁ ဆာဒီယို မာနေး
အသင်းရဲ့ တိုက်စစ်ပိုင်းက ကစားပုံဆိုးရွားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီကစလို့ ဒီရာသီအထိ အခွင့်အရေး များစွာကို ဖြုန်းတီးခဲ့ပြီး လီဗာပူးလ်ကွင်းလယ်နဲ့ ခံစစ်တောင်ပံတွေရဲ့ ဖန်တီးမှုကောင်းလို့သာ ဂိုးသွင်းစာရင်းမှာ ပါဝင်နေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဂိုးပေါက်ကန်ခွင့် ၁၀ ကြိမ်မှာ ထိရုံနဲ့ ဝင်မယ့် အလွယ်တကူ ဂိုးမျိုးကို ဘားကျော်အောင်ကန်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောကနေ နောက်တန်းနှစ်ယောက်ကြားက လှည့်ပြီး ခက်ခဲတဲ့ ဂိုးမျိုးမှ ဝင်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်မှုရာခိုင်နှုန်းအရ ၁၀ ရာခိုင်နှုန်း (၀.၁ ဂိုးသာ) ပြုလုပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ငယ်ငယ်မှာပဲ ၃၅ ဂိုးဖန်တီးမှု စံချိန်ကောင်းရခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်
ပရီးမီးယားလိဂ်မှာ အသင်းဖော်တွေ ဂိုးသွင်းဖို့အတွက် ဖန်တီးမှု ၃၅ ကြိမ်အထိ ပြည့်မြောက်ခဲ့တဲ့ စံချိန်ကို ဒီနေ့ပွဲမှာ မိုဟာမက် ဆာလားအတွက် ဖန်တီးပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်တစ်ယောက် ရယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးမှုနှုန်းထားကတော့ သာမန်ကွင်းလယ်ဖန်တီးရှင်တစ်ဦးထက်လည်း သာလွန်နေတာကို တွေ့ရမှာဖြစ်ပြီး အသက် ၂၂ နှစ်နဲ့ ၃၄၀ ရက်မှာပဲ ကွင်းလယ်နဲ့ တောင်ပံကစားသမားတွေသာ ရထားခဲ့တဲ့ စံချိန်မျိုးကို စတုတ္ထမြောက် အသက်အငယ်ဆုံး အဖြစ်နဲ့ ပိုင်ဆိုင်သွားနိုင်ခဲ့တာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စုစုပေါင်းထက်ပါ တစ်ဂိုးပိုဖန်တီးနိုင်ခဲ့တာပါ။

ခြေစွမ်းပြနေတဲ့ အဲလီးယော့နဲ့မှ ကြုံခဲ့ရတဲ့ ဒဏ်ရာ
ပွဲချိန်တစ်နာရီဝန်းကျင်မှာ တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဟာဗီ အဲလီးယော့ကို နောက်ကနေ ဝိုက်ဖျက်ဖို့ ကြိုးစားတဲ့ လိဒ်စ် နောက်ခံလူ ပါစကယ်လ် စထရိုက်ခ်ရဲ့ လျှောထိုးမှုက လိုရာမရောက်ခဲ့တာကြောင့် ၁၈ နှစ်သားအနေနဲ့ ခြေကျင်းဝတ်ကို ထိခိုက်မိခဲ့ပြီး ကွင်းထဲက ထမ်းထုတ်ခဲ့ရသလို ပရိသတ်တွေကတော့ သိပ်မဆိုးရွားဖို့ မျှော်လင့်နေကြပါတယ်။ ဟန်ဒါဆန်၊ သီယာဂို၊ ကီးတားတို့လို့ ကစားသမားတွေ မကစားနိုင်ချိန်မှာ ဝင်ရောက်ခြေစွမ်းပြနေတဲ့ တောင်ပံသမားဟောင်း ကွင်းလယ်လူအနေနဲ့ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ လီဗာပူးလ်အသင်းဘက်ကတော့ အတည်ပြုသွားခဲ့ပါတယ်။

ပြင်းထန်လွန်းတဲ့ နှစ်သိမ့်မှု အနီကတ်
ဗန်ဒိုက်လက်သစ်လို့ နာမည်ရနေတဲ့ ဒတ်ချ်နောက်ခံလူ စထရိုက်ခ်ကို တိုက်ရိုက်ထုတ်ပယ်ခဲ့တဲ့ ခရိတ် ပေါ်ဆန်ရဲ့ ဆုံးဖြတ်ချက်ကတော့ များလွန်းတယ်လို့ ဂယ်ရီ နဗီးလ်၊ ဂျေမီ ရက်ဒ်နက်ပ်နဲ့ ဂျင်မီဖလွိုက် ဟတ်ဆယ်ဘိန့်ခ်တို့က တစ်ညီတစ်ညွတ်တည်း ဝေဖန်ခဲ့ကြပြီး ဒေါသထွက်နေတဲ့ ကလော့ပ်အပေါ် နှစ်သိမ့်မှုလို့ အမည်ပေးခဲ့ကြတာပါ။ သူတို့သုံးဦးစလုံးနေနဲ့ စကိုင်းစပို့စ်ကနေ ဒီထက်ဆိုးရွားတဲ့ ဖျက်ထုတ်မှုတွေမှာ ဘာမှ မဖြစ်ခဲ့လို့ ဘာကတ်မှ မပြဖြစ်ခဲ့ချိန်မျိုးတွေတောင် ရှိတယ်လို့ လိဒ်စ်နောက်ခံလူဘက်က ကာကွယ်ပေးခဲ့ကြပြီး သူ့အနေနဲ့ ဘောလုံးကိုသာ ရည်ရွယ်ခဲ့ကြောင်းလည်း ထောက်ခံပေးသွားခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ရာျပည့္ဂိုးရခဲ့တဲ့ ဆာလား
လီဗာပူးလ္အသင္းအတြက္ ဒီေန႔မွာ အဖြင့္ဂိုး စတင္သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားကေတာ့ သူတို႔အတြက္ သြင္းဂိုး ၉၈ ဂိုးနဲ႔အတူ ခ်ဲလ္ဆီးမွာတုန္းက ရခဲ့တဲ့ ၂ ဂိုးနဲ႔ ေပါင္းလိုက္ရင္ ပရီးမီးယားလိဂ္မွာ ၃၀ ဦးေျမာက္အျဖစ္ ဂိုးရာျပည့္ခဲ့တာလည္းျဖစ္ပါတယ္။ အီဂ်စ္သားအေနနဲ႔ ဒီစံခ်ိန္ကို ပြဲေပါင္း ၁၆၂ ပြဲမွာ ပၪၥမေျမာက္ အျမန္ဆုံးအျဖစ္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ေရွ႕မွာေတာ့ သီယာရီ အြန္နရီ (ပြဲ ၁၆၀)၊ ဆာဂ်ီယို အေဂြ႐ို (၁၄၇ ပြဲ)၊ ဟာရီကိန္း (၁၄၁ ပြဲ)နဲ႔ အလန္ ရွီးရား (၁၂၄ ပြဲ)တို႔ ရွိေနခဲ့ၾကပါတယ္။

တစ္ဖက္အသင္းကို အနားမေပးတဲ့ လီဗာပူးလ္
လီဗာပူးလ္အသင္းဟာ သူတို႔ေတြရဲ႕ Trade Mark ျဖစ္တဲ့ တစ္ဖက္အသင္းကို အနားမေပးဘဲ ေဘာလုံးမရခ်ိန္မွာ တရစပ္ ဖိအားေပးမႈနဲ႔ ေဘာလုံးပိုင္ဆိုင္ခ်ိန္မွာ ဂိုးေပါက္ဆက္တိုက္ ၿခိမ္းေျခာက္မႈေတြကို ဒီေန႔ပြဲမွာ အေကာင္းဆုံး Presentation လုပ္သြားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၃၀ အထိ ျပဳလုပ္ႏိုင္ခဲ့သလို တိုက္စစ္ပိုင္းက အဆုံးသတ္မႈေတြ ညံ့ဖ်င္းခဲ့လို႔သာ သုံးဂိုးဆိုတဲ့ ရလဒ္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္သလို တစ္ပြဲလုံးကစားပုံကေတာ့ အေကာင္းဆုံးအေနအထားတစ္ရပ္မွာ ရွိခဲ့တာပါ။

က်ဆုံးခ်ိန္တန္လာၿပီလား ဘီယယ္လ္ဆာ
မာဆယ္လို ဘီယယ္လ္ဆာဟာ ဥေရာပရဲ႕ ထိပ္တန္းနည္းနစ္မႉးေတြထဲက တစ္ဦးျဖစ္ေပမယ့္ ပုံစံေကာင္းကို ၾကာၾကာမထိန္းသိမ္းႏိုင္ဘဲ က်ဆုံးရတတ္ပုံကေတာ့ အစဥ္အလာလိုျဖစ္ေနခဲ့ပါတယ္။ အာဂ်င္တီးနားနဲ႔ ေအာင္ျမင္ခဲ့ေပမယ့္ ကလပ္အသင္းနည္းျပဘဝမွာေတာ့ အစေကာင္းၿပီး အေႏွာင္းမေသခ်ာတဲ့ ပုံစံက လိဒ္စ္ယူႏိုက္တက္လို ခ်န္ပီယံရွစ္ကို ေရာက္ေနတဲ့ အသင္းဆီ ေရာက္သြားခဲ့ရတဲ့အထိျဖစ္ခဲ့ၿပီး လက္ရွိမွာလည္း ၿပီးခဲ့တဲ့ ရာသီက အေကာင္းဆုံးပုံစံရတဲ့ ၃-၃-၃-၁
ကစားကြက္ကို ဖ်က္ၿပီး ၄-၁-၄-၁ ကို စပိန္ဂ်င္းသုံးေကာင္ျဖစ္တဲ့ ေယာ္ရန္ေတ၊ ဖာပို၊ ႐ိုဒရီဂိုတို႔နဲ႔ ေျပာင္းလဲခဲ့ရာမွာ ၄ ပြဲမွာ ၂ မွတ္သာ ရခဲ့ေသးတာပါ၊

၀.၁ ဆာဒီယို မာေနး
အသင္းရဲ႕ တိုက္စစ္ပိုင္းက ကစားပုံဆိုး႐ြားသူေတြထဲက တစ္ဦးျဖစ္တဲ့ ဆီနီေဂါတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ရာသီကစလို႔ ဒီရာသီအထိ အခြင့္အေရး မ်ားစြာကို ျဖဳန္းတီးခဲ့ၿပီး လီဗာပူးလ္ကြင္းလယ္နဲ႔ ခံစစ္ေတာင္ပံေတြရဲ႕ ဖန္တီးမႈေကာင္းလို႔သာ ဂိုးသြင္းစာရင္းမွာ ပါဝင္ေနႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ဂိုးေပါက္ကန္ခြင့္ ၁၀ ႀကိမ္မွာ ထိ႐ုံနဲ႔ ဝင္မယ့္ အလြယ္တကူ ဂိုးမ်ိဳးကို ဘားေက်ာ္ေအာင္ကန္ခဲ့ၿပီး ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုက်မွ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ျဖတ္တင္ေဘာကေန ေနာက္တန္းႏွစ္ေယာက္ၾကားက လွည့္ၿပီး ခက္ခဲတဲ့ ဂိုးမ်ိဳးမွ ဝင္ခဲ့လို႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္မႈရာခိုင္ႏႈန္းအရ ၁၀ ရာခိုင္ႏႈန္း (၀.၁ ဂိုးသာ) ျပဳလုပ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ငယ္ငယ္မွာပဲ ၃၅ ဂိုးဖန္တီးမႈ စံခ်ိန္ေကာင္းရခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္
ပရီးမီးယားလိဂ္မွာ အသင္းေဖာ္ေတြ ဂိုးသြင္းဖို႔အတြက္ ဖန္တီးမႈ ၃၅ ႀကိမ္အထိ ျပည့္ေျမာက္ခဲ့တဲ့ စံခ်ိန္ကို ဒီေန႔ပြဲမွာ မိုဟာမက္ ဆာလားအတြက္ ဖန္တီးၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္တစ္ေယာက္ ရယူသြားႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ဖန္တီးမႈႏႈန္းထားကေတာ့ သာမန္ကြင္းလယ္ဖန္တီးရွင္တစ္ဦးထက္လည္း သာလြန္ေနတာကို ေတြ႕ရမွာျဖစ္ၿပီး အသက္ ၂၂ ႏွစ္နဲ႔ ၃၄၀ ရက္မွာပဲ ကြင္းလယ္နဲ႔ ေတာင္ပံကစားသမားေတြသာ ရထားခဲ့တဲ့ စံခ်ိန္မ်ိဳးကို စတုတၳေျမာက္ အသက္အငယ္ဆုံး အျဖစ္နဲ႔ ပိုင္ဆိုင္သြားႏိုင္ခဲ့တာျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စုစုေပါင္းထက္ပါ တစ္ဂိုးပိုဖန္တီးႏိုင္ခဲ့တာပါ။

ေျခစြမ္းျပေနတဲ့ အဲလီးေယာ့နဲ႔မွ ႀကဳံခဲ့ရတဲ့ ဒဏ္ရာ
ပြဲခ်ိန္တစ္နာရီဝန္းက်င္မွာ တန္ျပန္တိုက္စစ္ဆင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဟာဗီ အဲလီးေယာ့ကို ေနာက္ကေန ဝိုက္ဖ်က္ဖို႔ ႀကိဳးစားတဲ့ လိဒ္စ္ ေနာက္ခံလူ ပါစကယ္လ္ စထ႐ိုက္ခ္ရဲ႕ ေလွ်ာထိုးမႈက လိုရာမေရာက္ခဲ့တာေၾကာင့္ ၁၈ ႏွစ္သားအေနနဲ႔ ေျခက်င္းဝတ္ကို ထိခိုက္မိခဲ့ၿပီး ကြင္းထဲက ထမ္းထုတ္ခဲ့ရသလို ပရိသတ္ေတြကေတာ့ သိပ္မဆိုး႐ြားဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ဟန္ဒါဆန္၊ သီယာဂို၊ ကီးတားတို႔လို႔ ကစားသမားေတြ မကစားႏိုင္ခ်ိန္မွာ ဝင္ေရာက္ေျခစြမ္းျပေနတဲ့ ေတာင္ပံသမားေဟာင္း ကြင္းလယ္လူအေနနဲ႔ ခြဲစိတ္ကုသမႈ ခံယူရမယ္လို႔ လီဗာပူးလ္အသင္းဘက္ကေတာ့ အတည္ျပဳသြားခဲ့ပါတယ္။

ျပင္းထန္လြန္းတဲ့ ႏွစ္သိမ့္မႈ အနီကတ္
ဗန္ဒိုက္လက္သစ္လို႔ နာမည္ရေနတဲ့ ဒတ္ခ်္ေနာက္ခံလူ စထ႐ိုက္ခ္ကို တိုက္႐ိုက္ထုတ္ပယ္ခဲ့တဲ့ ခရိတ္ ေပၚဆန္ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ မ်ားလြန္းတယ္လို႔ ဂယ္ရီ နဗီးလ္၊ ေဂ်မီ ရက္ဒ္နက္ပ္နဲ႔ ဂ်င္မီဖလြိဳက္ ဟတ္ဆယ္ဘိန႔္ခ္တို႔က တစ္ညီတစ္ၫြတ္တည္း ေဝဖန္ခဲ့ၾကၿပီး ေဒါသထြက္ေနတဲ့ ကေလာ့ပ္အေပၚ ႏွစ္သိမ့္မႈလို႔ အမည္ေပးခဲ့ၾကတာပါ။ သူတို႔သုံးဦးစလုံးေနနဲ႔ စကိုင္းစပို႔စ္ကေန ဒီထက္ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈေတြမွာ ဘာမွ မျဖစ္ခဲ့လို႔ ဘာကတ္မွ မျပျဖစ္ခဲ့ခ်ိန္မ်ိဳးေတြေတာင္ ရွိတယ္လို႔ လိဒ္စ္ေနာက္ခံလူဘက္က ကာကြယ္ေပးခဲ့ၾကၿပီး သူ႔အေနနဲ႔ ေဘာလုံးကိုသာ ရည္႐ြယ္ခဲ့ေၾကာင္းလည္း ေထာက္ခံေပးသြားခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.