Premier League

အာဆင်နယ်ကို အမြဲတမ်း အကောင်းမြင်ထားတယ်လို့ အားပေးလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးအနေနဲ့ အသင်းဟောင်းကို အမြဲတမ်း စောင့်ကြည့်နေဖြစ်ပြီး ရာသီအစမှာ ဆိုးရွားခဲ့တဲ့ ရလဒ်တွေထဲက ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်သလို အမြဲတမ်း အကောင်းမြင်ထားကြောင်း ပြီးခဲ့တဲ့ နော့ဝစ်ချ်စီးတီးနဲ့ အိမ်ကွင်းနိုင်ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရာသီအစမှာ ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့လို ကစားသမားတွေ ဒဏ်ရာရပြီး မပါဝင်နိုင်ချိန်မှာ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ အလက်ဇန်းဒါး လာကာဇက်တို့လို အဓိက တိုက်စစ်မှူးတွေက ကိုဗစ်ကြောင့် နှစ်ပွဲ ဆက်လွဲခဲ့ချိန်မှာ ဘရန့်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ကို ရှုံးပြီး မန်စီးတီးနဲ့ပွဲမှာလည်း ဂရာနစ် ချာကာကြောင့် အဖတ်မဆည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အသင်းရဲ့ အဓိက ကစားသမားအချို့ ပြန်လာနိုင်မှုနဲ့အတူ အိမ်ကွင်းမှာ တန်းတက် နော့ဝစ်ချ်ကို ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ဆိုးရွားခဲ့ပေမယ့်လည်း နိုင်ပွဲအတွက် လိုအပ်တဲ့ တစ်ဂိုးကိုတော့ သွင်းယူနိုင်ခဲ့သလို ရမှတ် ၃ မှတ်နဲ့ အဆင့် ၂၀ ကနေ အဆင့် ၁၆ ကို တက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ပထမဆုံးပြောရရင်တော့ အာဆင်နယ်အသင်းကို ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော် ယုံကြည်ထားပြီး လက်ရှိအခြေအနေကိုတော့ နားလည်မှုတွေ လွဲမှားသွားနိုင်တဲ့ ဝေဖန်မှုမျိုးတွေတော့ မပြုလုပ်ချင်တာ အမှန်ပါပဲ။ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပြောရရင် လက်ရှိ လူစာရင်းမှာ ကောင်းမွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး ရလဒ်ကောင်းတွေ ရယူနိုင်စွမ်း ရှိနေပါတယ်”

“ကျွန်တော်ကတော့ အသင်းကို အဆိုးမြင်မှာ မဟုတ်ဘဲ အသင်းအနေနဲ့ ရလဒ်တွေ ဆိုးရွားခဲ့တာဟာ ခက်ခဲတဲ့ ပြိုင်ဘက်နှစ်သင်းကို သုံးပွဲအတွင်းမှာ တွေ့ဆုံခဲ့ရလို့ဆိုပြီးပဲ သုံးသပ်ချင်ပါတယ်။ ချဲလ်ဆီးကို အိမ်ကွင်းမှာ ခက်ခဲနေတဲ့ အချိန်မျိုးမှာ ရှုံးခဲ့ပြီး မန်စီးတီးကိုတော့ ဒီလိုပုံစံနဲ့ အဝေးကွင်းမှာ သွားကစားရင် အမှတ်ဆုံးရှုံးမှာပဲဆိုတာ အားလုံးသိအပြီးလည်းဖြစ်ကြမှာပါ”

“ပထမဆုံးပွဲမှာ ဘရန့်ဖို့ဒ်ကို ရှုံးလိုက်တော့ အသင်းအနေနဲ့ နောက်ပြန်လျှောက်သွားနေသလိုဖြစ်သွားပြီး ဒါက သက်ရောက်မှု ကြီးမားခဲ့တာပါ။ အသင်းကို အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်နိုင်ဖို့နဲ့ ခြေမှန်ပြန်ရဖို့ အမြဲဆန္ဒရှိခဲ့ပြီး အသင်းရဲ့ အရည်အသွေးအရ သူတို့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီးသားပါ”လို့ နော့ဝစ်ချ်နဲ့ပွဲအပြီးမှာ အာဆင်ဝင်းဂါးက ပြောကြားသွားခဲ့ပါတယ်။

နည်းပြ မီခယ်လ် အာတီတာကတော့ သူတို့အနေနဲ့ နိုင်ငံတကာပွဲတွေ ကစားချိန်မှာ ၁၀ ရက် ၁၅ ရက်လောက် အနားရလိုက်တာဟာ သူ့အတွက် ပျော်ရွှင်စရာ အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပြီး ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းဟာ ဒီရက်ပိုင်းအတွင်းမှာ နိုင်ပွဲရနိုင်တဲ့ အနေအထားဆီ တိုးတက်လာခဲ့သလို ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေဆီ ကြိုးစားသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာဆင္ဝင္းဂါးအေနနဲ႔ အသင္းေဟာင္းကို အၿမဲတမ္း ေစာင့္ၾကည့္ေနျဖစ္ၿပီး ရာသီအစမွာ ဆိုး႐ြားခဲ့တဲ့ ရလဒ္ေတြထဲက ႐ုန္းထြက္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္သလို အၿမဲတမ္း အေကာင္းျမင္ထားေၾကာင္း ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္စီးတီးနဲ႔ အိမ္ကြင္းႏိုင္ပြဲအၿပီးမွာ ေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိဂ္ရာသီအစမွာ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔လို ကစားသမားေတြ ဒဏ္ရာရၿပီး မပါဝင္ႏိုင္ခ်ိန္မွာ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔လို အဓိက တိုက္စစ္မႉးေတြက ကိုဗစ္ေၾကာင့္ ႏွစ္ပြဲ ဆက္လြဲခဲ့ခ်ိန္မွာ ဘရန႔္ဖို႔ဒ္နဲ႔ ခ်ဲလ္ဆီးတို႔ကို ရႈံးၿပီး မန္စီးတီးနဲ႔ပြဲမွာလည္း ဂရာနစ္ ခ်ာကာေၾကာင့္ အဖတ္မဆည္ႏိုင္ေအာင္ျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာေတာ့ အသင္းရဲ႕ အဓိက ကစားသမားအခ်ိဳ႕ ျပန္လာႏိုင္မႈနဲ႔အတူ အိမ္ကြင္းမွာ တန္းတက္ ေနာ့ဝစ္ခ်္ကို ဖိကစားႏိုင္ခဲ့ၿပီး တိုက္စစ္ပိုင္းက ဆိုး႐ြားခဲ့ေပမယ့္လည္း ႏိုင္ပြဲအတြက္ လိုအပ္တဲ့ တစ္ဂိုးကိုေတာ့ သြင္းယူႏိုင္ခဲ့သလို ရမွတ္ ၃ မွတ္နဲ႔ အဆင့္ ၂၀ ကေန အဆင့္ ၁၆ ကို တက္လွမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

“ပထမဆုံးေျပာရရင္ေတာ့ အာဆင္နယ္အသင္းကို ပရိသတ္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ယုံၾကည္ထားၿပီး လက္ရွိအေျခအေနကိုေတာ့ နားလည္မႈေတြ လြဲမွားသြားႏိုင္တဲ့ ေဝဖန္မႈမ်ိဳးေတြေတာ့ မျပဳလုပ္ခ်င္တာ အမွန္ပါပဲ။ အခ်ိန္အခါနဲ႔ အေျခအေနေပၚမွာ မူတည္ၿပီး ေျပာရရင္ လက္ရွိ လူစာရင္းမွာ ေကာင္းမြန္တဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားၿပီး ရလဒ္ေကာင္းေတြ ရယူႏိုင္စြမ္း ရွိေနပါတယ္”

“ကြၽန္ေတာ္ကေတာ့ အသင္းကို အဆိုးျမင္မွာ မဟုတ္ဘဲ အသင္းအေနနဲ႔ ရလဒ္ေတြ ဆိုး႐ြားခဲ့တာဟာ ခက္ခဲတဲ့ ၿပိဳင္ဘက္ႏွစ္သင္းကို သုံးပြဲအတြင္းမွာ ေတြ႕ဆုံခဲ့ရလို႔ဆိုၿပီးပဲ သုံးသပ္ခ်င္ပါတယ္။ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ခက္ခဲေနတဲ့ အခ်ိန္မ်ိဳးမွာ ရႈံးခဲ့ၿပီး မန္စီးတီးကိုေတာ့ ဒီလိုပုံစံနဲ႔ အေဝးကြင္းမွာ သြားကစားရင္ အမွတ္ဆုံးရႈံးမွာပဲဆိုတာ အားလုံးသိအၿပီးလည္းျဖစ္ၾကမွာပါ”

“ပထမဆုံးပြဲမွာ ဘရန႔္ဖို႔ဒ္ကို ရႈံးလိုက္ေတာ့ အသင္းအေနနဲ႔ ေနာက္ျပန္ေလွ်ာက္သြားေနသလိုျဖစ္သြားၿပီး ဒါက သက္ေရာက္မႈ ႀကီးမားခဲ့တာပါ။ အသင္းကို အေကာင္းဆုံးရလဒ္ေတြကို ပိုင္ဆိုင္ႏိုင္ဖို႔နဲ႔ ေျခမွန္ျပန္ရဖို႔ အၿမဲဆႏၵရွိခဲ့ၿပီး အသင္းရဲ႕ အရည္အေသြးအရ သူတို႔ ျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ၿပီးသားပါ”လို႔ ေနာ့ဝစ္ခ်္နဲ႔ပြဲအၿပီးမွာ အာဆင္ဝင္းဂါးက ေျပာၾကားသြားခဲ့ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာကေတာ့ သူတို႔အေနနဲ႔ ႏိုင္ငံတကာပြဲေတြ ကစားခ်ိန္မွာ ၁၀ ရက္ ၁၅ ရက္ေလာက္ အနားရလိုက္တာဟာ သူ႔အတြက္ ေပ်ာ္႐ႊင္စရာ အခိုက္အတန႔္ျဖစ္ခဲ့တယ္လို႔ ဆိုလိုက္ၿပီး ကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔ စိတ္ဓာတ္ပိုင္းဟာ ဒီရက္ပိုင္းအတြင္းမွာ ႏိုင္ပြဲရႏိုင္တဲ့ အေနအထားဆီ တိုးတက္လာခဲ့သလို ပိုၿပီးေကာင္းမြန္တဲ့ ရလဒ္ေတြဆီ ႀကိဳးစားသြားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားထားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.