Article Bundesliga Premier League

ဂိုးသွင်းဖို့အတွက် နေရာယူပြေးလွှားပုံ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦး

ဒီနေ့ခေတ်မှာ ဂိုးသွင်းမှ ကြိုက်တတ်တဲ့ ဘောလုံးပရိသတ်တွေအတွက် နေရာစုံကနေ ဂိုးသွင်းနိုင်သူတွေ ပေါများလာခဲ့ပေမယ့် တစ်ချိန်တည်းမှာ နံပါတ် ၉ တိုက်စစ်မှူးနေရာကနေ ဂိုးသွင်းနိုင်တဲ့ အထောင်တိုက်စစ်မှူးကောင်းတွေလည်း လျော့ကျလာခဲ့ပါတယ်။ ဒီထဲကမှ စိုးရိမ်ရတဲ့ ဇီဝမျိုးစိတ်လိုမျိုး ဖြစ်နေတဲ့ နံပါတ် ၉ တွေထဲမှာ ဂိုးသွင်းဖို့အတွက် နေရာယူပြေးလွှားပုံ အကောင်းဆုံး ၅ ဦးကို ရွေးထုတ်ဖော်ပြပေးသွားမှာပါ။

၅။ အက်ဒင်ဆန် ကာဗာနီ
အသက် ၃၄ နှစ်ရှိသွားပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ဂိုးရှေ့မှာ အလစ်ပေးလို့ မရတဲ့သူမျိုးအဖြစ် နာမည်ကြီးသူဖြစ်ပြီး ဧရိယာထဲမှာ နေရာယူပုံ ပါးနပ်လွန်းတဲ့ Fox in the Box ဆိုတဲ့ ကစားသမားမျိုးလည်းဖြစ်ပါတယ်။ သူ့ကို အာရုံစူးစိုက်မှု တစ်ချက်လွတ်လိုက်တာနဲ့ မထင်တဲ့ နေရာကို ပြေးလွှား သွားတတ်ပြီး ဂိုးသွင်းဖို့အတွက်မှ ဖျတ်ကနဲဆိုသလို ပြန်ပေါ်လာတတ်သူမျိုးပါ။ မန်ချက်စတာယူနိုက်တက်ကို သူရောက်လာတော့ လူတွေက ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်ကို လူရာမသွင်းချင်တော့တဲ့အထိ အားလုံးက ဖြုန်းကနဲ ဒိုင်းကနဲ အံ့ဩခဲ့ရအောင် အတွေ့အကြုံကောင်းတွေနဲ့အတူ ပြသခဲ့တာဖြစ်ပါတယ်။

၄။ အာလင်း ဟားလန်း
ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကတော့ ဥရောပအသင်းကြီးတွေအားလုံး အလိုရှိနေကြသူဖြစ်ပြီး ငယ်ရွယ်သလို အင်အားကောင်းသူ ပါဝါမြင့်တိုက်စစ်မှူးတစ်ဦးပါ။ ဂိုးဧရိယာအတွင်းမှာ စောင့်နေပြီး ရွေ့လျားနေရာယူတာမျိုးထက် အသင်းဖော်တွေဆီက ဘောလုံးရောက်လာနိုင်မယ့် နေရာကို တွက်ချက်ပြေးဝင်တတ်တဲ့ အဆင့်မြင့် ကစားပုံကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဂျာမန်မြေကို မပြောင်းရွှေ့ခင်ကတည်းက ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်မှာ ကစားခဲ့တဲ့သူ့ကို လိုချင်သူက တော်တော်များခဲ့သလို လက်ရှိမှာတော့ မြန်နှုန်း၊ အဆုံးသတ်မှု၊ ကြံ့ခိုင်မှုနဲ့ ရုန်းအားတွေက ဘွန်ဒက်စ်လီဂါမှာ အစမ်းသပ်ခံပြီးဖြစ်သလို ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၆၅ ပွဲမှာ ၆၅ ဂိုးရယူထားနိုင်ခဲ့ပြီး အာနိုးလ်ဒ် ရှဝါဇနက်ဂါ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် စက်ရုပ်လူသားနာမည်ဖြစ်တဲ့ “တာမီနေတာ”လို့လည်း အမည်ပြောင်ရရှိထားခဲ့တာပါ။

၃။ ဟာရီကိန်း
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာလည်း ဘောလုံးကို ဉာဏ်ရည်မြင့်မားမှုနဲ့အတူ တွက်ချက်ကစားပုံ ကောင်းမွန်သူဖြစ်ပြီး တော့တင်ဟမ် ဟော့စပါးစ်မှာ သူ့ရဲ့ နေရာယူပုံတွေက ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ အသင်းမှာ မရပ်မနား ပြေးလွှားနေတဲ့ ဆွန်ဟောင်မင်ကြောင့် ဟာရီကိန်းအနေနဲ့ မော်ဒန် နံပါတ် ၉ အဖြစ် နောက်ကိုပါ ဆင်းပြီး ဖန်တီးမှုတွေ ပြုလုပ်နေသလို ဒီရာသီမှာတော့ အပြောင်းအရွှေ့ကိစ္စတွေကြောင့် ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

တစ်ဆင့်မြင့်လာတဲ့ ကစားပုံနဲ့အတူ ဂိုးဧရိယာအပြင်မှာ နေရာယူကစားတတ်တဲ့ ဟာရီကိန်းဟာ တောင်ပံတွေက ဖြတ်တင်ဘောတွေအတွက် လိုအပ်ချိန်မှာ အဆင်သင့် ရောက်ရှိနိုင်အောင် ပြေးလွှားအဆုံးသတ်လေ့ရှိပြီး သူ့ရဲ့ ဒိုက်ဗင်ထိုး ခေါင်းတိုက်ပုံတွေက ကိုယ်ပိုင်ပုံစံလို့ ချီးကျူးရမယ့်အထိ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးလည်း ဖြစ်နေခဲ့တာပါ။

၂။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး
ဘောလုံးနဲ့ မပြေးဘဲ ဘောလုံးမပါဘဲ ပြေးပြတတ်တဲ့ ဘိုင်ယန်မြူးနစ်က တိုက်စစ်သမားနှစ်ဦးမှာ တစ်ဦးက ကစားဖော်တွေကို နေရာလွတ်ရဖို့ ချဲထုတ်ပြေးတတ်တဲ့ Raumdeuter လို့ ခေါ်တဲ့ ပံ့ပိုးမှုတာဝန်နဲ့ သောမတ်စ် မူလာဖြစ်ပြီး နောက်တစ်ဦးကတော့ ထင်မှတ်မထားတဲ့ နေရာတွေကို ပြေးဝင် အဆုံးသတ်လေ့ရှိတဲ့ လီဗန်ဒေါ့ဗ်စကီးပဲဖြစ်ပါတယ်။

ပိုလန်သားဘယ်လောက်ကောင်းတယ်ဆိုတာကတော့ လျှောက်ပြောရင် လေကုန်ရုံပဲဖြစ်ပြီး ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၃၃၄ ပွဲမှာ ၃၀၂ ဂိုး ရယူထားနိုင်တာကို ထောက်ပြရင် ပြည့်စုံနိုင်သလို အနီးကပ်နေရာတွေကိုမှ ရွေးပြီး အဆုံးသတ်တတ်တဲ့ လီဗန်ဒေါ့ဗ်စကီးအတွက် ဘောလုံး ဘယ်ရောက်မယ်ဆိုတာကို ကြိုသိနေတဲ့ ပုံစံနဲ့ ဉာဏ်ရည်မြင့်မားမှုကို ပြသပြေးလွှားနေတာကိုလည်း ပွဲတိုင်းမှာ မြင်ရမှာပါ။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို
တောင်ပံကနေ ဘောလုံးကို ခြေနဲ့မခွာဘဲ ပြေးလွှားခဲ့တဲ့ လူငယ်တောင်ပံသမားတစ်ယောက်အဖြစ် ပရိသတ်တွေ မျက်စိထဲကို ရောက်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသက်အရွယ်ကြီးရင့်လာချိန်မှာတော့ ဒီပုံစံကို တတ်နိုင်သလောက် စွန့်လွှတ်ခဲ့ပြီး မလိုအပ်ဘဲ ဘောလုံးနဲ့ လှည့်စားမှုတွေကို မလုပ်တော့သလို အဓိကကျတဲ့ ဂိုးသွင်းယူဖို့ကိုပဲ နံပါတ် ၉ နေရာ ပြောင်းလဲကစားမှုနဲ့အတူ ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။

ပေါ်တူဂီသားကြီးအနေနဲ့ သူ့ရဲ့ နိုင်ငံအသင်းမှာ ဘောလုံးမပါဘဲ ကွင်းလယ်နဲ့ ကိုယ့်ဂိုးဘက်ကနေ ပြေးလွှားတဲ့ တစ်နာရီ ၃၂ ကီလိုအထက် Intelligent Run တွေကို တွေ့မြင်ရမှာဖြစ်သလို ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲထွက်မှုမှာလည်း ပထမဂိုးမှာ ဂရင်းဝုဒ် စကန်ကတည်း ဂိုးရှေ့ကို ပြေးဝင်ခဲ့သလို ဒုတိယဂိုးမှာလည်း လုခ်ရှော ဘောလုံးရကတည်းက နောက်ခံလူနှစ်ယောက်ကြား နေရာလွတ်ကို မှုန်နေအောင် ပြေးပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေန႔ေခတ္မွာ ဂိုးသြင္းမွ ႀကိဳက္တတ္တဲ့ ေဘာလုံးပရိသတ္ေတြအတြက္ ေနရာစုံကေန ဂိုးသြင္းႏိုင္သူေတြ ေပါမ်ားလာခဲ့ေပမယ့္ တစ္ခ်ိန္တည္းမွာ နံပါတ္ ၉ တိုက္စစ္မႉးေနရာကေန ဂိုးသြင္းႏိုင္တဲ့ အေထာင္တိုက္စစ္မႉးေကာင္းေတြလည္း ေလ်ာ့က်လာခဲ့ပါတယ္။ ဒီထဲကမွ စိုးရိမ္ရတဲ့ ဇီဝမ်ိဳးစိတ္လိုမ်ိဳး ျဖစ္ေနတဲ့ နံပါတ္ ၉ ေတြထဲမွာ ဂိုးသြင္းဖို႔အတြက္ ေနရာယူေျပးလႊားပုံ အေကာင္းဆုံး ၅ ဦးကို ေ႐ြးထုတ္ေဖာ္ျပေပးသြားမွာပါ။

၅။ အက္ဒင္ဆန္ ကာဗာနီ
အသက္ ၃၄ ႏွစ္ရွိသြားၿပီျဖစ္တဲ့ တိုက္စစ္မႉးဟာ ဂိုးေရွ႕မွာ အလစ္ေပးလို႔ မရတဲ့သူမ်ိဳးအျဖစ္ နာမည္ႀကီးသူျဖစ္ၿပီး ဧရိယာထဲမွာ ေနရာယူပုံ ပါးနပ္လြန္းတဲ့ Fox in the Box ဆိုတဲ့ ကစားသမားမ်ိဳးလည္းျဖစ္ပါတယ္။ သူ႔ကို အာ႐ုံစူးစိုက္မႈ တစ္ခ်က္လြတ္လိုက္တာနဲ႔ မထင္တဲ့ ေနရာကို ေျပးလႊား သြားတတ္ၿပီး ဂိုးသြင္းဖို႔အတြက္မွ ဖ်တ္ကနဲဆိုသလို ျပန္ေပၚလာတတ္သူမ်ိဳးပါ။ မန္ခ်က္စတာယူႏိုက္တက္ကို သူေရာက္လာေတာ့ လူေတြက ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္ကို လူရာမသြင္းခ်င္ေတာ့တဲ့အထိ အားလုံးက ျဖဳန္းကနဲ ဒိုင္းကနဲ အံ့ဩခဲ့ရေအာင္ အေတြ႕အႀကဳံေကာင္းေတြနဲ႔အတူ ျပသခဲ့တာျဖစ္ပါတယ္။

၄။ အာလင္း ဟားလန္း
ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကေတာ့ ဥေရာပအသင္းႀကီးေတြအားလုံး အလိုရွိေနၾကသူျဖစ္ၿပီး ငယ္႐ြယ္သလို အင္အားေကာင္းသူ ပါဝါျမင့္တိုက္စစ္မႉးတစ္ဦးပါ။ ဂိုးဧရိယာအတြင္းမွာ ေစာင့္ေနၿပီး ေ႐ြ႕လ်ားေနရာယူတာမ်ိဳးထက္ အသင္းေဖာ္ေတြဆီက ေဘာလုံးေရာက္လာႏိုင္မယ့္ ေနရာကို တြက္ခ်က္ေျပးဝင္တတ္တဲ့ အဆင့္ျမင့္ ကစားပုံကိုလည္း ပိုင္ဆိုင္ထားပါတယ္။

ဂ်ာမန္ေျမကို မေျပာင္းေ႐ႊ႕ခင္ကတည္းက ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္မွာ ကစားခဲ့တဲ့သူ႔ကို လိုခ်င္သူက ေတာ္ေတာ္မ်ားခဲ့သလို လက္ရွိမွာေတာ့ ျမန္ႏႈန္း၊ အဆုံးသတ္မႈ၊ ႀကံ့ခိုင္မႈနဲ႔ ႐ုန္းအားေတြက ဘြန္ဒက္စ္လီဂါမွာ အစမ္းသပ္ခံၿပီးျဖစ္သလို ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၆၅ ပြဲမွာ ၆၅ ဂိုးရယူထားႏိုင္ခဲ့ၿပီး အာႏိုးလ္ဒ္ ရွဝါဇနက္ဂါ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ စက္႐ုပ္လူသားနာမည္ျဖစ္တဲ့ “တာမီေနတာ”လို႔လည္း အမည္ေျပာင္ရရွိထားခဲ့တာပါ။

၃။ ဟာရီကိန္း
အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းဟာလည္း ေဘာလုံးကို ဉာဏ္ရည္ျမင့္မားမႈနဲ႔အတူ တြက္ခ်က္ကစားပုံ ေကာင္းမြန္သူျဖစ္ၿပီး ေတာ့တင္ဟမ္ ေဟာ့စပါးစ္မွာ သူ႔ရဲ႕ ေနရာယူပုံေတြက ေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။ အသင္းမွာ မရပ္မနား ေျပးလႊားေနတဲ့ ဆြန္ေဟာင္မင္ေၾကာင့္ ဟာရီကိန္းအေနနဲ႔ ေမာ္ဒန္ နံပါတ္ ၉ အျဖစ္ ေနာက္ကိုပါ ဆင္းၿပီး ဖန္တီးမႈေတြ ျပဳလုပ္ေနသလို ဒီရာသီမွာေတာ့ အေျပာင္းအေ႐ႊ႕ကိစၥေတြေၾကာင့္ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

တစ္ဆင့္ျမင့္လာတဲ့ ကစားပုံနဲ႔အတူ ဂိုးဧရိယာအျပင္မွာ ေနရာယူကစားတတ္တဲ့ ဟာရီကိန္းဟာ ေတာင္ပံေတြက ျဖတ္တင္ေဘာေတြအတြက္ လိုအပ္ခ်ိန္မွာ အဆင္သင့္ ေရာက္ရွိႏိုင္ေအာင္ ေျပးလႊားအဆုံးသတ္ေလ့ရွိၿပီး သူ႔ရဲ႕ ဒိုက္ဗင္ထိုး ေခါင္းတိုက္ပုံေတြက ကိုယ္ပိုင္ပုံစံလို႔ ခ်ီးက်ဴးရမယ့္အထိ ျဖစ္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးလည္း ျဖစ္ေနခဲ့တာပါ။

၂။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး
ေဘာလုံးနဲ႔ မေျပးဘဲ ေဘာလုံးမပါဘဲ ေျပးျပတတ္တဲ့ ဘိုင္ယန္ျမဴးနစ္က တိုက္စစ္သမားႏွစ္ဦးမွာ တစ္ဦးက ကစားေဖာ္ေတြကို ေနရာလြတ္ရဖို႔ ခ်ဲထုတ္ေျပးတတ္တဲ့ Raumdeuter လို႔ ေခၚတဲ့ ပံ့ပိုးမႈတာဝန္နဲ႔ ေသာမတ္စ္ မူလာျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ ထင္မွတ္မထားတဲ့ ေနရာေတြကို ေျပးဝင္ အဆုံးသတ္ေလ့ရွိတဲ့ လီဗန္ေဒါ့ဗ္စကီးပဲျဖစ္ပါတယ္။

ပိုလန္သားဘယ္ေလာက္ေကာင္းတယ္ဆိုတာကေတာ့ ေလွ်ာက္ေျပာရင္ ေလကုန္႐ုံပဲျဖစ္ၿပီး ဘိုင္ယန္အတြက္ ၿပိဳင္ပြဲစုံ ၃၃၄ ပြဲမွာ ၃၀၂ ဂိုး ရယူထားႏိုင္တာကို ေထာက္ျပရင္ ျပည့္စုံႏိုင္သလို အနီးကပ္ေနရာေတြကိုမွ ေ႐ြးၿပီး အဆုံးသတ္တတ္တဲ့ လီဗန္ေဒါ့ဗ္စကီးအတြက္ ေဘာလုံး ဘယ္ေရာက္မယ္ဆိုတာကို ႀကိဳသိေနတဲ့ ပုံစံနဲ႔ ဉာဏ္ရည္ျမင့္မားမႈကို ျပသေျပးလႊားေနတာကိုလည္း ပြဲတိုင္းမွာ ျမင္ရမွာပါ။

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
ေတာင္ပံကေန ေဘာလုံးကို ေျခနဲ႔မခြာဘဲ ေျပးလႊားခဲ့တဲ့ လူငယ္ေတာင္ပံသမားတစ္ေယာက္အျဖစ္ ပရိသတ္ေတြ မ်က္စိထဲကို ေရာက္လာခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ အသက္အ႐ြယ္ႀကီးရင့္လာခ်ိန္မွာေတာ့ ဒီပုံစံကို တတ္ႏိုင္သေလာက္ စြန႔္လႊတ္ခဲ့ၿပီး မလိုအပ္ဘဲ ေဘာလုံးနဲ႔ လွည့္စားမႈေတြကို မလုပ္ေတာ့သလို အဓိကက်တဲ့ ဂိုးသြင္းယူဖို႔ကိုပဲ နံပါတ္ ၉ ေနရာ ေျပာင္းလဲကစားမႈနဲ႔အတူ ပိုၿပီး အာ႐ုံစိုက္လာခဲ့ပါတယ္။

ေပၚတူဂီသားႀကီးအေနနဲ႔ သူ႔ရဲ႕ ႏိုင္ငံအသင္းမွာ ေဘာလုံးမပါဘဲ ကြင္းလယ္နဲ႔ ကိုယ့္ဂိုးဘက္ကေန ေျပးလႊားတဲ့ တစ္နာရီ ၃၂ ကီလိုအထက္ Intelligent Run ေတြကို ေတြ႕ျမင္ရမွာျဖစ္သလို ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲထြက္မႈမွာလည္း ပထမဂိုးမွာ ဂရင္းဝုဒ္ စကန္ကတည္း ဂိုးေရွ႕ကို ေျပးဝင္ခဲ့သလို ဒုတိယဂိုးမွာလည္း လုခ္ေရွာ ေဘာလုံးရကတည္းက ေနာက္ခံလူႏွစ္ေယာက္ၾကား ေနရာလြတ္ကို မႈန္ေနေအာင္ ေျပးျပသြားခဲ့တာပါ။