Analysis Premier League

အာတီတာကို ဖိအားလျှော့တဲ့ အူဘာနဲ့ အာဆင်နယ် 1-0 နော့ဝစ်ချ်ပွဲအပြီး ပြောစရာ 7 ချက်

အာတီတာကို ဖိအားလျှော့ပေးတဲ့ အူဘာမီယန်း
အာဆင်နယ်အသင်းရဲ့ ဆိုးရွားတဲ့ ရာသီအစပွဲစဉ်တွေက နည်းပြ မီခယ်လ် အာတီတာကို ဖိအားဝင်စေပြီး ပြုတ်စော်နံစေသလို ပရိသတ်တွေရဲ့ ထွက်သွားဖို့ တောင်းဆိုမှုတွေနဲ့ပါ ရင်ဆိုင်စေခဲ့တာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ဂန်းနားတွေကို ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရစေဖို့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းက တစ်လုံးတည်းသော ဂိုးနဲ့ သုံးမှတ်ရှာဖွေပေးနိုင်ခဲ့ပြီး အသင်းရဲ့ ငါးနာရီကျော် ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း ချိုးဖျက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

တောက်ပခဲ့တဲ့ တိုမီယာစု
အာဆင်နယ်အသင်းရဲ့ ညာနောက်ခံနေရာမှာ ပွဲထွက်ခဲ့တဲ့ ကစားသမားသစ် တာကဲဟီရို တိုမီယာစုကတော့ ဒီနေ့ပွဲမှာ လှပတဲ့ ကန်ချက်တစ်ခုနဲ့ လူတွေ သတိထားမိအောင် ပြုလုပ်နိုင်ခဲ့ပြီး ခံစစ်တာဝန်လည်း ကျေခဲ့သလို အရပ်အမောင်းမြင့်မားမှုနဲ့အတူ လေထဲက ဘောလုံးလုယူမှု ၅ ကြိမ်မှာ ၅ ကြိမ်ကို ရာနှုန်းပြည့်အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကိုလည်း လိုက်ပါကစားခဲ့တဲ့ ဂျပန်သားအနေနဲ့ ပရီးမီးယားလိဂ်အသားကျ အစွန်လူ တစ်ယောက် မဖြစ်လာသေးတာကလွဲရင် သူ့ရဲ့ အစွမ်းအစကို ပြသခဲ့ပြီး ပရိသတ်တွေ မျှော်လင့်စရာလည်းဖြစ်ခဲ့တာပါ။

ပွဲထွက်တစ်နေရာ ရယူဖို့ ရှိနေတဲ့ လိုကွန်ဂါ
အန်ဒါလက်ချ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယမ်ကစားသမားသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါအနေနဲ့ အသင်းရဲ့ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ပွဲကြီးတွေမှာ ရှေ့လျှောက်တိုးတက်လာနိုင်ဖို့ မျှော်လင့်ခံခဲ့ရတာပါ။ သူ့ရဲ့ ဒီနေ့တွဲဖက် မိတ်လန်းနိုင်းလ်စ်ကတော့ ထင်သလောက် ခြေစွမ်းမပြနိုင်ချိန်မှာ လိုကွန်ဂါကို ပရိသတ်တွေက အော်ဟစ်အားပေးခဲ့ကြပြီး ဒုတိယပိုင်းမှာ သူနဲ့ လူစားလဲကစားခဲ့တဲ့ စီနီယာကွင်းလယ် ကစားသမား သောမတ်စ် ပါတေးနဲ့အတူ အကောင်းဆုံး ကွင်းလယ်အတွဲအဖက်တစ်ခု တည်ဆောက်လာနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဆရာများလို့ မဟုတ်ဘဲ နေရာများလို့ သားသေတဲ့ AMN
AMN လို့ အတိုကောက်ခေါ်တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ဟာ နေရာစုံကစားနိုင်တယ်လို့ ထန်းပင်တက်လက်မှတ် ရရှိထားမှုက သူ့ရဲ့ ကစားသမားဘဝကို ဆုတ်ယုတ်စေခဲ့သလို ဘယ်နေရာဟာ သူ့ရဲ့ အကောင်းဆုံးလဲဆိုတာ ဘယ်နည်းပြမှ မဆုံးဖြတ်နိုင်ဘဲ သူတို့တွေရဲ့ ထင်မြင်ချက်နဲ့ မကိုက်ညီတဲ့အခါတွေမှာ စိတ်ပျက်စရာပဲဖြစ်ခဲ့တာပါ။ တောင်ပံတိုက်စစ်ရော ခံစစ်တွေမှာပါ ကစားခဲ့ရပြီးတဲ့နောက် ကွင်းလယ်မှာ ပြန်ကစားချိန်မှာ သူ့ရဲ့ ပုံစံကတော့ လိုအပ်ချက်တွေ များနေသေးပြီး ကွင်းလယ်လူတွေ များနေချိန်မှာ အာတီတာတစ်ယောက် ခေါင်းစားရမယ့် ပြဿနာတစ်ခုလည်းဖြစ်နေတာပါ။

အာတီတာရဲ့ ခေါင်းကိုက်ရောဂါ စမစ်ရိုး
အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးနောက် နေရာတိုင်းမှာ ကစားနိုင်တဲ့ စမစ်ရိုးဟာ ခြေစွမ်းအရ ချန်လှပ်ထားဖို့ ခက်ခဲတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး သူ့ရဲ့ အကောင်းဆုံးနှစ်နေရာဖြစ်တဲ့ ကွင်းလယ်နံပါတ် ၁၀ နဲ့ ဘယ်ခြမ်းတွေက ပွဲထွက်ခိုင်းဖို့ ဆုံးဖြတ်ချက်ချရာမှာ အာတီတာကို ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ အော်ဒီဂွါဒ်၊ ပေပေ၊ ဆာကာတို့အပြင် အူဘာမီယန်းကိုပါ ထည့်သွင်းစဉ်းစားရမယ့် နေရာတွေအတွက် နည်းပြအနေနဲ့ အိုင်ဗရီကို့စ်သားကို စွန့်လွှတ်ဖို့ ခက်ခဲနေချိန်မှာ နော်ဝေသားကိုလည်း သူ့ရဲ့ အကောင်းဆုံးနေရာမှာ ထားကစားရဦးမှာဖြစ်ပါတယ်။ တချို့ပရိသတ်တွေကတော့ ပေပေကို အရန်ခုံပို့ပြီး အော်ဒီဂွါဒ်ကို ညာ၊ စမစ်ရိုးကို အလယ်နဲ့ ဆာကာကို ဘယ်ခြမ်းမှာ ထားကြည့်ဖို့ အကြံပေးနေကြတာပါ။

ရမ်းစ်ဒေးလ်က ပြုပြင်ပြောင်းလဲမှုရဲ့ သင်္ကေတလား
အာဆင်နယ်အသင်းရဲ့ ဂိုးပေါက်ကို နော့ဝစ်ချ်နဲ့ပွဲမှာ ကြိုတင်ထားသိထားရတဲ့အတိုင်းပဲ အာရွန် ရမ်းစ်ဒေးလ်က စောင့်ရှောက်ခဲ့ပြီး သူ့ရဲ့ တည်ငြိမ်တဲ့ လက်စွမ်းကို ပိုသဘောကျတယ်လို့ အာတီတာက ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။ အမှားတွေ လုပ်တတ်တဲ့ လီနိုကို ခေါက်ထားပြီး ပညာပေးခဲ့တာဟာ အမှန်တကယ်သာဆိုရင်တော့ အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ သူ့ရဲ့ ရာထူးတည်မြဲရေးနဲ့ ရလဒ်တွေ ကောင်းမွန်ရေးမှာ ဘယ်သူ့ကိုမှာ ချမ်းသာပေးမှာ မဟုတ်ဘူးလို့ နမူနာတစ်ခု ဖန်တီးပြခဲ့တာလည်းဖြစ်နိုင်ပါတယ်။

ဂိုးရှေ့မှာ နင်းစရာ အိုးခွက်အပြည့်နဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက်ကန်ခွင့်အကြိမ် ၃၀ ရရှိခဲ့တာမှာ ၇ ကြိမ်(တချို့က ၆ ကြိမ်လို့ဆို)သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်ဂိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဖန်တီးမှုပိုင်းမှာ တိုးတက်လာပေမယ့် အဆုံးသတ်မှုပိုင်းကတော့ အိုးနင်းခွက်နင်းဖြစ်လွန်းနေပြီး ဒီလောက်တောင်မှပဲ လွဲချော်မှုတွေ များရသလားလို့ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပါတယ်။ တစ်လုံးတည်းသောဂိုးမှာဆိုရင် ပေပေတစ်ယောက် ဘယ်လိုတွေ လွဲချော်ပြီးမှ ဘောလုံးက အမြီးအမောက်မတည့်ဘဲ အူဘာမီယန်းရှေ့ ရောက်လာခဲ့တာလဲဆိုတာက ငိုအားထက် ရယ်အားသန်ခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာတီတာကို ဖိအားေလွ်ာ့ေပးတဲ့ အူဘာမီယန္း
အာဆင္နယ္အသင္းရဲ႕ ဆိုး႐ြားတဲ့ ရာသီအစပြဲစဥ္ေတြက နည္းျပ မီခယ္လ္ အာတီတာကို ဖိအားဝင္ေစၿပီး ျပဳတ္ေစာ္နံေစသလို ပရိသတ္ေတြရဲ႕ ထြက္သြားဖို႔ ေတာင္းဆိုမႈေတြနဲ႔ပါ ရင္ဆိုင္ေစခဲ့တာပါ။ ဒါေပမယ့္ ဒီေန႔မွာေတာ့ ဂန္းနားေတြကို ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲရေစဖို႔ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္းက တစ္လုံးတည္းေသာ ဂိုးနဲ႔ သုံးမွတ္ရွာေဖြေပးႏိုင္ခဲ့ၿပီး အသင္းရဲ႕ ငါးနာရီေက်ာ္ ဂိုးမသြင္းႏိုင္ခဲ့တဲ့ မွတ္တမ္းဆိုးကိုလည္း ခ်ိဳးဖ်က္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေတာက္ပခဲ့တဲ့ တိုမီယာစု
အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံေနရာမွာ ပြဲထြက္ခဲ့တဲ့ ကစားသမားသစ္ တာကဲဟီ႐ို တိုမီယာစုကေတာ့ ဒီေန႔ပြဲမွာ လွပတဲ့ ကန္ခ်က္တစ္ခုနဲ႔ လူေတြ သတိထားမိေအာင္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ခံစစ္တာဝန္လည္း ေက်ခဲ့သလို အရပ္အေမာင္းျမင့္မားမႈနဲ႔အတူ ေလထဲက ေဘာလုံးလုယူမႈ ၅ ႀကိမ္မွာ ၅ ႀကိမ္ကို ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။ တိုက္စစ္ပိုင္းကိုလည္း လိုက္ပါကစားခဲ့တဲ့ ဂ်ပန္သားအေနနဲ႔ ပရီးမီးယားလိဂ္အသားက် အစြန္လူ တစ္ေယာက္ မျဖစ္လာေသးတာကလြဲရင္ သူ႔ရဲ႕ အစြမ္းအစကို ျပသခဲ့ၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္စရာလည္းျဖစ္ခဲ့တာပါ။

ပြဲထြက္တစ္ေနရာ ရယူဖို႔ ရွိေနတဲ့ လိုကြန္ဂါ
အန္ဒါလက္ခ်္အသင္းကေန ေရာက္ရွိလာခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကစားသမားသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါအေနနဲ႔ အသင္းရဲ႕ ကြင္းလယ္မွာ ေဘာလုံးျဖန႔္ေဝမႈေတြကို ျပဳလုပ္ႏိုင္ခဲ့ၿပီး ပြဲႀကီးေတြမွာ ေရွ႕ေလွ်ာက္တိုးတက္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခံခဲ့ရတာပါ။ သူ႔ရဲ႕ ဒီေန႔တြဲဖက္ မိတ္လန္းႏိုင္းလ္စ္ကေတာ့ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ခ်ိန္မွာ လိုကြန္ဂါကို ပရိသတ္ေတြက ေအာ္ဟစ္အားေပးခဲ့ၾကၿပီး ဒုတိယပိုင္းမွာ သူနဲ႔ လူစားလဲကစားခဲ့တဲ့ စီနီယာကြင္းလယ္ ကစားသမား ေသာမတ္စ္ ပါေတးနဲ႔အတူ အေကာင္းဆုံး ကြင္းလယ္အတြဲအဖက္တစ္ခု တည္ေဆာက္လာႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဆရာမ်ားလို႔ မဟုတ္ဘဲ ေနရာမ်ားလို႔ သားေသတဲ့ AMN
AMN လို႔ အတိုေကာက္ေခၚတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ဟာ ေနရာစုံကစားႏိုင္တယ္လို႔ ထန္းပင္တက္လက္မွတ္ ရရွိထားမႈက သူ႔ရဲ႕ ကစားသမားဘဝကို ဆုတ္ယုတ္ေစခဲ့သလို ဘယ္ေနရာဟာ သူ႔ရဲ႕ အေကာင္းဆုံးလဲဆိုတာ ဘယ္နည္းျပမွ မဆုံးျဖတ္ႏိုင္ဘဲ သူတို႔ေတြရဲ႕ ထင္ျမင္ခ်က္နဲ႔ မကိုက္ညီတဲ့အခါေတြမွာ စိတ္ပ်က္စရာပဲျဖစ္ခဲ့တာပါ။ ေတာင္ပံတိုက္စစ္ေရာ ခံစစ္ေတြမွာပါ ကစားခဲ့ရၿပီးတဲ့ေနာက္ ကြင္းလယ္မွာ ျပန္ကစားခ်ိန္မွာ သူ႔ရဲ႕ ပုံစံကေတာ့ လိုအပ္ခ်က္ေတြ မ်ားေနေသးၿပီး ကြင္းလယ္လူေတြ မ်ားေနခ်ိန္မွာ အာတီတာတစ္ေယာက္ ေခါင္းစားရမယ့္ ျပႆနာတစ္ခုလည္းျဖစ္ေနတာပါ။

အာတီတာရဲ႕ ေခါင္းကိုက္ေရာဂါ စမစ္႐ိုး
အာဆင္နယ္အသင္းမွာ တိုက္စစ္မႉးေနာက္ ေနရာတိုင္းမွာ ကစားႏိုင္တဲ့ စမစ္႐ိုးဟာ ေျခစြမ္းအရ ခ်န္လွပ္ထားဖို႔ ခက္ခဲတဲ့ ကစားသမားတစ္ဦး ျဖစ္ေနၿပီး သူ႔ရဲ႕ အေကာင္းဆုံးႏွစ္ေနရာျဖစ္တဲ့ ကြင္းလယ္နံပါတ္ ၁၀ နဲ႔ ဘယ္ျခမ္းေတြက ပြဲထြက္ခိုင္းဖို႔ ဆုံးျဖတ္ခ်က္ခ်ရာမွာ အာတီတာကို ေခါင္းကိုက္ေစမွာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္၊ ေပေပ၊ ဆာကာတို႔အျပင္ အူဘာမီယန္းကိုပါ ထည့္သြင္းစဥ္းစားရမယ့္ ေနရာေတြအတြက္ နည္းျပအေနနဲ႔ အိုင္ဗရီကို႔စ္သားကို စြန႔္လႊတ္ဖို႔ ခက္ခဲေနခ်ိန္မွာ ေနာ္ေဝသားကိုလည္း သူ႔ရဲ႕ အေကာင္းဆုံးေနရာမွာ ထားကစားရဦးမွာျဖစ္ပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ ေပေပကို အရန္ခုံပို႔ၿပီး ေအာ္ဒီဂြါဒ္ကို ညာ၊ စမစ္႐ိုးကို အလယ္နဲ႔ ဆာကာကို ဘယ္ျခမ္းမွာ ထားၾကည့္ဖို႔ အႀကံေပးေနၾကတာပါ။

ရမ္းစ္ေဒးလ္က ျပဳျပင္ေျပာင္းလဲမႈရဲ႕ သေကၤတလား
အာဆင္နယ္အသင္းရဲ႕ ဂိုးေပါက္ကို ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ ႀကိဳတင္ထားသိထားရတဲ့အတိုင္းပဲ အာ႐ြန္ ရမ္းစ္ေဒးလ္က ေစာင့္ေရွာက္ခဲ့ၿပီး သူ႔ရဲ႕ တည္ၿငိမ္တဲ့ လက္စြမ္းကို ပိုသေဘာက်တယ္လို႔ အာတီတာက ပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားသြားခဲ့တာပါ။ အမွားေတြ လုပ္တတ္တဲ့ လီႏိုကို ေခါက္ထားၿပီး ပညာေပးခဲ့တာဟာ အမွန္တကယ္သာဆိုရင္ေတာ့ အသင္းေခါင္းေဆာင္ေဟာင္းအေနနဲ႔ သူ႔ရဲ႕ ရာထူးတည္ၿမဲေရးနဲ႔ ရလဒ္ေတြ ေကာင္းမြန္ေရးမွာ ဘယ္သူ႔ကိုမွာ ခ်မ္းသာေပးမွာ မဟုတ္ဘူးလို႔ နမူနာတစ္ခု ဖန္တီးျပခဲ့တာလည္းျဖစ္ႏိုင္ပါတယ္။

ဂိုးေရွ႕မွာ နင္းစရာ အိုးခြက္အျပည့္နဲ႔ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးေပါက္ကန္ခြင့္အႀကိမ္ ၃၀ ရရွိခဲ့တာမွာ ၇ ႀကိမ္(တခ်ိဳ႕က ၆ ႀကိမ္လို႔ဆို)သာ ဂိုးေပါက္တည့္ခဲ့ၿပီး တစ္ဂိုးသာ ရရွိခဲ့တာျဖစ္ပါတယ္။ ဖန္တီးမႈပိုင္းမွာ တိုးတက္လာေပမယ့္ အဆုံးသတ္မႈပိုင္းကေတာ့ အိုးနင္းခြက္နင္းျဖစ္လြန္းေနၿပီး ဒီေလာက္ေတာင္မွပဲ လြဲေခ်ာ္မႈေတြ မ်ားရသလားလို႔ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ပါတယ္။ တစ္လုံးတည္းေသာဂိုးမွာဆိုရင္ ေပေပတစ္ေယာက္ ဘယ္လိုေတြ လြဲေခ်ာ္ၿပီးမွ ေဘာလုံးက အၿမီးအေမာက္မတည့္ဘဲ အူဘာမီယန္းေရွ႕ ေရာက္လာခဲ့တာလဲဆိုတာက ငိုအားထက္ ရယ္အားသန္ခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.