Match Report Premier League

ရန်ဘက်ဟောင်း စပါးစ်ကို ပဲလေ့စ်နဲ့ ပညာပေးလိုက်တဲ့ အာဆင်နယ်ဂန္ထဝင်ရဲ့ နိုင်ပွဲ

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သုံးပွဲကစား သုံးပွဲနိုင်ပြီး တစ်လတာ အကောင်းဆုံးနည်းပြဆုကိုပါ ရရှိထားခဲ့တဲ့ နည်းပြ နူနို ဆန်တိုရဲ့ စပါးစ်အသင်းကတော့ လန်ဒန်ဒါဘီအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆဲလ်ဟာ့စ်ပါ့ခ်က ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ မျက်နှာပျက်ခဲ့ရပြီး အာဆင်နယ်ဂန္ထဝင်နဲ့ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာဆီမှာ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပဲလေ့စ်ကို မြေလှန်ပြီး တတ်နိုင်သမျှ အဘိုးကြီးတွေကို မသုံးဘဲ ပြန်လည်တည်ဆောက်နေတဲ့ ဗီယာရာအနေနဲ့ ဒီနေ့မှာ ဆွန်ဟောင်မင် ပါဝင်မလာဘဲ ဟာရီကိန်းကို အယ်လီနဲ့ လူးကပ်စ် မော်ရာတို့ ရံကစားလာတဲ့ စပါးစ်တို့ကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ပါ ကစားသွားနိုင်ခဲ့သလို တောင်ပံသမား ဝီလ်ဖရီးဒ် ဇာဟာ အထူးခြေစွမ်းပြနိုင်ခဲ့တာပါ။

နူနို ဆန်တိုရဲ့ ဒီနေ့ပွဲက ကစားသမားရွေးချယ်မှုကတော လိုအပ်ချက်တွေ များနေခဲ့သလို ကွင်းလယ်မှာ ဟွိုင်ဘယာ့ဂ်ကို ဟာရီ ဝင့်ခ်စ်နဲ့ အိုလီဗာ စကစ်ပ်တို့နဲ့ တွဲပေးခဲ့တာက ပရီးမီးယားလိဂ်အဆင့် မမီခဲ့ဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး ပဲလေ့စ်ရဲ့ မက်ကာသာ၊ ကူယာတေးနဲ့ ဂါလာဂါတို့ရဲ့ ကွင်းလယ်ကို ယှဉ်ကစားဖို့ ခက်ခဲနေခဲ့ပါတယ်။

အာယူးနဲ့ ဘောလုံးယှဉ်လုရာမှာ ဒဏ်ရာရသွားခဲ့တဲ့ အဲရစ် ဒိုင်ယာကို စောစောစီးစီး ရိုဒန်နဲ့ လူစားလဲခဲ့ရတာတော့ စပါးစ်တို့အတွက် ကံဆိုးမှုလို့ ပြောနိုင်သလို သူနဲ့ တာဂန်ဂါတို့ရဲ့ အတွဲအဖက်က ဆိုးရွားသွားခဲ့ပြီး ပထမပိုင်းမှာ ဇာဟာအနေနဲ့ လုပ်ချင်တိုင်းလုပ်နိုင်ခွင့် ရရှိသွားစေခဲ့သလို သူ့ကို ထိန်းဖို့ တာဝန်ကျတဲ့ ညာနောက်ခံလူ အီမာဆန် ရွိုင်ရယ်လ်ကလည်း ပရီးမီးယားလိဂ်မှာ ရေနစ်ဦးမယ့်ပုံစံဖြစ်နေခဲ့တာပါ။

အီမာဆန်ကို လုပ်ချင်တိုင်းလုပ်နေတဲ့ ဇာဟာ ဖန်တီးပေးတဲ့ အကောင်းဆုံးအခွင့်အရေးကို ဂါလာဂါ လွဲချော်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ပဲလေ့စ်တို့ လွဲခဲ့ရပြီး ချဲလ်ဆီးက အငှားချထားတဲ့ လူငယ်ကွင်းလယ်လူအနေနဲ့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ နှစ်ဂိုးသွင်းခဲ့တာကို အနည်းငယ် မြောက်နေသလို ဖြစ်နေတာကြောင့် သူ့ရဲ့ ဒီပွဲခြေစွမ်းက ထင်သလိုမဖြစ်ခဲ့ဘဲ ပထမပိုင်းမှာတော့ ဂိုးမရှိသရေပွဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပဲလေ့စ်တို့ ပွဲကို စိုးမိုးသွားနိုင်ခဲ့ပြီး ဂါလာဂါနဲ့ ဘန်တီကီတို့ တစ်ကြိမ် လုကန်တာကို စပါးစ်တို့ မနည်းကာကွယ်ခဲ့ရသလို ပွဲချိန် ၅၁ မိနစ်မှာတော့ ဘောလုံးကို မဖျက်ဘဲ ဇာဟာကို တွန်းလှဲတဲ့ တာဂန်ဂါကြောင့် ပြဿနာတက်ပြီး တစ်ဝါစီ ထိခဲ့ကြသလို ဆက်ကစားရာမှာတော့ ဘောလုံးက စပါးစ်ဂိုးရှေ့ပဲ ဝဲနေခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ အာယူးကို နောက်တစ်ခါ အဖျက်ကြမ်းခဲ့တဲ့ တာဂန်ဂါ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် စပါးစ်တို့ ပြိုလဲသွားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ဂါလာဂါရဲ့ ဖြတ်တင်ဘောကို လူစားဝင်ကစားသမား ဒေးဗီးစ် လက်နဲ့ ပုတ်မိခဲ့လို့ ပင်နယ်တီဖြစ်ခဲ့ရာမှာ ဇာဟာက အမှားအယွင်းမရှိ ကန်သွင်းပြီး ပဲလေ့စ်တို့အတွက် ဒီရာသီ ပထမဆုံး အိမ်ကွင်းဂိုးကို စတင်ရယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ပဲလေ့စ်ဘက်က ဘန်တီကီအစား တိုက်စစ်မှူးသစ် အေဒူယာ ဝင်ရောက်ကစားခဲ့ပြီး ကွင်းထဲရောက်လို့ ၂၇ စက္ကန့် အကြာမှာပဲ ဘယ်ခြမ်းကနေ ဇာဟာချိုးပေးတဲ့ ဘောလုံးကို ပြင်သစ်သားက ညာခြေနဲ့ ထိန်းပြီး ဘယ်နဲ့ ချိုးကန်ခဲ့ရာမှာ ကန်ချက်က ပျော့ပေမယ့် ဂိုးသမား လိုရစ်လိုက်မမီတဲ့ တိုင်ခြေကို ကွက်တိဝင်သွားခဲ့လို့ အိမ်ရှင်လင်းယုန်တွေ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။

နာကျင်ချိန်ပို ၃ မိနစ်မှာတော့ ပဲလေ့စ်တို့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရလာခဲ့ပြီး ညာခြမ်းကနေ ဂါလာဂါက ဂိုးဧရိယာထဲကို ပြန်ချိုးပေးရာမှာ လူကပ်ခံထားရခြင်းမရှိတဲ့ အေဒူယာဆီကိုပဲ ရောက်သွားခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း လူစားဝင်တိုက်စစ်မှူးက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့လို့ စပါးစ်တို့ အထိနာခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ လန်ဒန်ဒါဘီမှာ ခရစ္စတယ်လ်ပဲလေ့စ်တို့ အောင်ပွဲခံခဲ့ကြပြီး နည်းပြ ဗီယာရာအနေနဲ့လည်း သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝက ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ဒီရာသီ ပထမဆုံး ရှုံးပွဲလက်ဆောင်နဲ့ တာဝန်ကျေစွာနဲ့ နှိပ်ကွပ်သွားနိုင်ခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္းက ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ သုံးပြဲကစား သုံးပြဲႏိုင္ၿပီး တစ္လတာ အေကာင္းဆုံးနည္းျပဆုကိုပါ ရရွိထားခဲ့တဲ့ နည္းျပ ႏူႏို ဆန္တိုရဲ႕ စပါးစ္အသင္းကေတာ့ လန္ဒန္ဒါဘီအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆဲလ္ဟာ့စ္ပါ့ခ္က ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ မ်က္ႏွာပ်က္ခဲ့ရၿပီး အာဆင္နယ္ဂႏၴဝင္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာဆီမွာ ဂိုးျပတ္ရႈံးနိမ့္သြားခဲ့ရတာလည္းျဖစ္ပါတယ္။

ပဲေလ့စ္ကို ေျမလွန္ၿပီး တတ္ႏိုင္သမွ် အဘိုးႀကီးေတြကို မသုံးဘဲ ျပန္လည္တည္ေဆာက္ေနတဲ့ ဗီယာရာအေနနဲ႔ ဒီေန႔မွာ ဆြန္ေဟာင္မင္ ပါဝင္မလာဘဲ ဟာရီကိန္းကို အယ္လီနဲ႔ လူးကပ္စ္ ေမာ္ရာတို႔ ရံကစားလာတဲ့ စပါးစ္တို႔ကို အေကာင္းဆုံး ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ေဘာလုံး ပိုင္ဆိုင္မႈ အသာစီးနဲ႔ပါ ကစားသြားႏိုင္ခဲ့သလို ေတာင္ပံသမား ဝီလ္ဖရီးဒ္ ဇာဟာ အထူးေျခစြမ္းျပႏိုင္ခဲ့တာပါ။

ႏူႏို ဆန္တိုရဲ႕ ဒီေန႔ပြဲက ကစားသမားေ႐ြးခ်ယ္မႈကေတာ လိုအပ္ခ်က္ေတြ မ်ားေနခဲ့သလို ကြင္းလယ္မွာ ဟြိဳင္ဘယာ့ဂ္ကို ဟာရီ ဝင့္ခ္စ္နဲ႔ အိုလီဗာ စကစ္ပ္တို႔နဲ႔ တြဲေပးခဲ့တာက ပရီးမီးယားလိဂ္အဆင့္ မမီခဲ့ဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး ပဲေလ့စ္ရဲ႕ မက္ကာသာ၊ ကူယာေတးနဲ႔ ဂါလာဂါတို႔ရဲ႕ ကြင္းလယ္ကို ယွဥ္ကစားဖို႔ ခက္ခဲေနခဲ့ပါတယ္။

အာယူးနဲ႔ ေဘာလုံးယွဥ္လုရာမွာ ဒဏ္ရာရသြားခဲ့တဲ့ အဲရစ္ ဒိုင္ယာကို ေစာေစာစီးစီး ႐ိုဒန္နဲ႔ လူစားလဲခဲ့ရတာေတာ့ စပါးစ္တို႔အတြက္ ကံဆိုးမႈလို႔ ေျပာႏိုင္သလို သူနဲ႔ တာဂန္ဂါတို႔ရဲ႕ အတြဲအဖက္က ဆိုး႐ြားသြားခဲ့ၿပီး ပထမပိုင္းမွာ ဇာဟာအေနနဲ႔ လုပ္ခ်င္တိုင္းလုပ္ႏိုင္ခြင့္ ရရွိသြားေစခဲ့သလို သူ႔ကို ထိန္းဖို႔ တာဝန္က်တဲ့ ညာေနာက္ခံလူ အီမာဆန္ ႐ြိဳင္ရယ္လ္ကလည္း ပရီးမီးယားလိဂ္မွာ ေရနစ္ဦးမယ့္ပုံစံျဖစ္ေနခဲ့တာပါ။

အီမာဆန္ကို လုပ္ခ်င္တိုင္းလုပ္ေနတဲ့ ဇာဟာ ဖန္တီးေပးတဲ့ အေကာင္းဆုံးအခြင့္အေရးကို ဂါလာဂါ လြဲေခ်ာ္သြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ ပဲေလ့စ္တို႔ လြဲခဲ့ရၿပီး ခ်ဲလ္ဆီးက အငွားခ်ထားတဲ့ လူငယ္ကြင္းလယ္လူအေနနဲ႔ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲမွာ ႏွစ္ဂိုးသြင္းခဲ့တာကို အနည္းငယ္ ေျမာက္ေနသလို ျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕ ဒီပြဲေျခစြမ္းက ထင္သလိုမျဖစ္ခဲ့ဘဲ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပြဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပဲေလ့စ္တို႔ ပြဲကို စိုးမိုးသြားႏိုင္ခဲ့ၿပီး ဂါလာဂါနဲ႔ ဘန္တီကီတို႔ တစ္ႀကိမ္ လုကန္တာကို စပါးစ္တို႔ မနည္းကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေဘာလုံးကို မဖ်က္ဘဲ ဇာဟာကို တြန္းလွဲတဲ့ တာဂန္ဂါေၾကာင့္ ျပႆနာတက္ၿပီး တစ္ဝါစီ ထိခဲ့ၾကသလို ဆက္ကစားရာမွာေတာ့ ေဘာလုံးက စပါးစ္ဂိုးေရွ႕ပဲ ဝဲေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ အာယူးကို ေနာက္တစ္ခါ အဖ်က္ၾကမ္းခဲ့တဲ့ တာဂန္ဂါ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ စပါးစ္တို႔ ၿပိဳလဲသြားခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂါလာဂါရဲ႕ ျဖတ္တင္ေဘာကို လူစားဝင္ကစားသမား ေဒးဗီးစ္ လက္နဲ႔ ပုတ္မိခဲ့လို႔ ပင္နယ္တီျဖစ္ခဲ့ရာမွာ ဇာဟာက အမွားအယြင္းမရွိ ကန္သြင္းၿပီး ပဲေလ့စ္တို႔အတြက္ ဒီရာသီ ပထမဆုံး အိမ္ကြင္းဂိုးကို စတင္ရယူေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ပဲေလ့စ္ဘက္က ဘန္တီကီအစား တိုက္စစ္မႉးသစ္ ေအဒူယာ ဝင္ေရာက္ကစားခဲ့ၿပီး ကြင္းထဲေရာက္လို႔ ၂၇ စကၠန႔္ အၾကာမွာပဲ ဘယ္ျခမ္းကေန ဇာဟာခ်ိဳးေပးတဲ့ ေဘာလုံးကို ျပင္သစ္သားက ညာေျခနဲ႔ ထိန္းၿပီး ဘယ္နဲ႔ ခ်ိဳးကန္ခဲ့ရာမွာ ကန္ခ်က္က ေပ်ာ့ေပမယ့္ ဂိုးသမား လိုရစ္လိုက္မမီတဲ့ တိုင္ေျခကို ကြက္တိဝင္သြားခဲ့လို႔ အိမ္ရွင္လင္းယုန္ေတြ ဒုတိယဂိုးထပ္ရခဲ့ပါတယ္။

နာက်င္ခ်ိန္ပို ၃ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရလာခဲ့ၿပီး ညာျခမ္းကေန ဂါလာဂါက ဂိုးဧရိယာထဲကို ျပန္ခ်ိဳးေပးရာမွာ လူကပ္ခံထားရျခင္းမရွိတဲ့ ေအဒူယာဆီကိုပဲ ေရာက္သြားခဲ့ၿပီး ဒီတစ္ႀကိမ္မွာလည္း လူစားဝင္တိုက္စစ္မႉးက အမွားအယြင္းမရွိ အဆုံးသတ္ႏိုင္ခဲ့လို႔ စပါးစ္တို႔ အထိနာခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လန္ဒန္ဒါဘီမွာ ခရစၥတယ္လ္ပဲေလ့စ္တို႔ ေအာင္ပြဲခံခဲ့ၾကၿပီး နည္းျပ ဗီယာရာအေနနဲ႔လည္း သူ႔ရဲ႕ အာဆင္နယ္ကစားသမားဘဝက ခါးသီးတဲ့ ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ဒီရာသီ ပထမဆုံး ရႈံးပြဲလက္ေဆာင္နဲ႔ တာဝန္ေက်စြာနဲ႔ ႏွိပ္ကြပ္သြားႏိုင္ခဲ့သလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.