Analysis Other Premier League

ပွဲဆက်များနေတဲ့ အချိန်ဇယားအတွက် ဒီတစ်ပတ်မှာ ချဲလ်ဆီးကို တူဟယ်လ် ဘယ်လိုပြင်ဆင်လာနိုင်သလဲ

ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားရမယ့် သုံးပတ်တာ ကာလအတွင်းမှာ ပွဲစဉ် ၇ ပွဲတောင် ရှိနေတဲ့အတွက် ဒဏ်ရာရနဲ့ အရန်ကစားသမားတွေကို အလဲအလှယ်လုပ် ပြင်ဆင်လာရဖွယ်ရှိနေပြီး ပွဲကျပ်ကာလမှာ အသင်းသားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့နဲ့ ပွဲမပန်းစေဖို့ ဒီတစ်ပတ် အက်စတန်ဗီလာနဲ့ပွဲကနေ စတင်ပလန်ချလာဖို့ ရှိနေပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒီညနေ ကစားရမယ့် ပွဲစဉ်အတွက် တူဟယ်လ်အနေနဲ့ အသင်းရဲ့ ရှေ့ပိုင်းပွဲစဉ်တွေမှာ မပါဝင်ခဲ့တဲ့သူတွေထဲက သုံးလေးဦးကို ပြန်လည်ထည့်သွင်းကစားဖွယ်ရှိနေပြီး ဂျက်ခ် ဂရီးလစ်ရှ်မရှိတော့လို့ ပုံမှန်ကစားကွက်နဲ့ ရုန်းအားကို မတည်ဆောက်နိုင်သေးတဲ့ ဗီလာကို စမ်းသပ်မှုတွေ ပြုလုပ်လာဖို့ကလည်း သေချာနေတာပါ။

ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ထားမှုကို နည်းပြ တူဟယ်လ်ကလည်း ထောက်ခံလိုက်ပြီး သူတို့တွေအနေနဲ့ ရည်မှန်းချက်နဲ့ အဆင့်အတန်းကို ခပ်မြင့်မြင့် သတ်မှတ်ရမှာဖြစ်ပြီး ဒါမှလည်း အသင်းအနေနဲ့ ဖြစ်နိုင်ဖွယ် ပြဿနာအရပ်ရပ်ကို ရှောင်လွှဲနိုင်မှာလို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

တူဟယ်လ်အနေနဲ့ ပထမဆုံး အပြောင်းအလဲလုပ်ဖို့ ရှိနေတာကတော့ ဒီရာသီမှာ တစ်ပွဲမှ ကစားခွင့် မရသေးတဲ့ ဘယ်နောက်ခံလူ ချေးလ်ဝဲလ်ကို မားကို့စ် အလွန်ဆိုရဲ့ နေရာမှာ ထည့်သုံးဖို့ ရှိနေတာဖြစ်ပြီး အင်္ဂလန်နဲ့ အချိန်ကုန်နေလို့ ရာသီကြိုလေ့ကျင့်မှုတွေမှာ အပြည့်အဝ မပါဝင်နိုင်ခဲ့တဲ့ သူ့ကို ပြန်လည်သုံးစွဲဖို့ အချိန်ရောက်ခဲ့ချိန်မှာ ၂၄ နှစ်သားရဲ့ အမြန်နှုန်းက အသင်းကို ပိုအဆင်ပြေစေမှာလည်းဖြစ်ပါတယ်။

သူမပါဝင်နိုင်ချိန်မှာ ဂျာမန်နည်းပြရဲ့ ဦးစားပေးဖြစ်နေခဲ့တဲ့ အသက် ၃၀ အရွယ် စပိန်နောက်ခံလူ အလွန်ဆိုအနေနဲ့ ဘယ်တောင်ပံမှာ ကြံ့ခိုင်မှုနဲ့ တိုက်စစ်လိုက်ပါပုံတွေ ကောင်းမွန်ခဲ့သလို ဖရီးကစ်ကနေ တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ပွဲက ပင်နယ်တီပေးခဲ့ရမှုအပေါ် သူ့ဆီက အမှားကနေ မြစ်ဖျားခံတယ်လို့ ပရိသတ်တွေရဲ့ ပေါက်ကွဲနေကြမှုကို ကုလားဖန်ထိုးလာဖို့လည်းရှိနေပါတယ်။

အလွန်ဆိုရဲ့ ပျာယာခတ်မှုမှာ ဓားစာခံဖြစ်ခဲ့ပြီး အန်းဖီးလ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ရီးစ်ဂျိမ်းစ်ရဲ့ နေရာအတွက်တော့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ထည့်သွင်းလာဖို့ ရှိနေပြီး ဒါကတော့ သိပ်စဉ်းစားစရာ မလိုတဲ့ အချက်ဖြစ်သလို တူဟယ်လ်အနေနဲ့ ခံစစ်ကို ပိုမိုအားပြုချင်ရင်တော့ အက်ဇ်ပီလီကွေတာကို သုံးယောက်တန်းမှာ ကစားခိုင်းမယ့်အစား ချာလိုဘာကို ရွေးချယ်လာနိုင်ပါတယ်။

သီယာဂို ဆေးလ်ဗား ပွဲပယ်မခံရနိုင်တော့တာကြောင့် နောက်ခံမှာ သူနဲ့ ခရစ္စတင်ဆန်၊ ရူဒီဂါတို့ကို တွဲသုံးပြီး စပိန်သားကပ္ပတိန်ကို ရှေ့မှာ သုံးစွဲလာဖို့ကတော့ လက်ရွေးစင်မှာ နှစ်ပွဲနဲ့ တဝက် ကစားထားတဲ့ အချိန်မျိုးမှာ လွန်းထိုးကစားရဖို့ဖြစ်တဲ့ Wing Back နေရာမှာ ထည့်သွင်းလောက်အောင် တူဟယ်လ်အနေနဲ့ မစွန့်စားလောက်ဘူးလို့တော့ ခန့်မှန်းရပါတယ်။

တိုက်စစ်မှာတော့ ဂျာမနီနဲ့ ပွဲပန်းနေတဲ့ ခိုင်ဟာဗတ်ဇ်အစား မော်ရိုကိုနဲ့ ပြဿနာတက်ပြီး အသင်းမှာ အနားရနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ကို ထည့်သွင်းသွားဖို့ ရှိနေနိုင်ပြီး ခရစ္စတီယန် ပူလီရှစ်ချ်နဲ့ အန်ဂိုလို ကွန်တေတို့ကတော့ ဒီတစ်ပတ်ပွဲကို လွဲချော်ဖို့ ရှိနေချိန်မှာ တူဟယ်လ်အနေနဲ့ တီမို ဗာနာနဲ့ လူကာကူးတို့ကို မော်ရိုကိုသားနဲ့အတူ တိုက်စစ်မှာ တွဲဖက်လာနိုင်တာပါ။

ကွင်းလယ်မှာတော့ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်ကိုပဲ မြင်ရနိုင်ပြီး ကစားသမားသစ် ဆာအူးလ် ညီးရက်ဇ်ရဲ့ ဒုတိယပိုင်း လူစားဝင်မှုကိုပဲ မြင်ရမလား၊ အားလုံး အံ့အားသင့်ရအောင်ပဲ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်သွားမလားတော့ စောင့်ကြည့်ရဖို့ ရှိနေသလို ပြီးခဲ့တဲ့ ပွဲတွေကထက် တိုက်စစ်ကို ပိုမို အားပြုမယ့် လူစာရင်းကိုတော့ တွေ့မြင်ရဖွယ်ရှိနေကြောင်း ခန့်မှန်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ကစားရမယ့္ သုံးပတ္တာ ကာလအတြင္းမွာ ပြဲစဥ္ ၇ ပြဲေတာင္ ရွိေနတဲ့အတြက္ ဒဏ္ရာရနဲ႔ အရန္ကစားသမားေတြကို အလဲအလွယ္လုပ္ ျပင္ဆင္လာရဖြယ္ရွိေနၿပီး ပြဲက်ပ္ကာလမွာ အသင္းသားေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးႏိုင္ဖို႔နဲ႔ ပြဲမပန္းေစဖို႔ ဒီတစ္ပတ္ အက္စတန္ဗီလာနဲ႔ပြဲကေန စတင္ပလန္ခ်လာဖို႔ ရွိေနပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဒီညေန ကစားရမယ့္ ပြဲစဥ္အတြက္ တူဟယ္လ္အေနနဲ႔ အသင္းရဲ႕ ေရွ႕ပိုင္းပြဲစဥ္ေတြမွာ မပါဝင္ခဲ့တဲ့သူေတြထဲက သုံးေလးဦးကို ျပန္လည္ထည့္သြင္းကစားဖြယ္ရွိေနၿပီး ဂ်က္ခ္ ဂရီးလစ္ရွ္မရွိေတာ့လို႔ ပုံမွန္ကစားကြက္နဲ႔ ႐ုန္းအားကို မတည္ေဆာက္ႏိုင္ေသးတဲ့ ဗီလာကို စမ္းသပ္မႈေတြ ျပဳလုပ္လာဖို႔ကလည္း ေသခ်ာေနတာပါ။

ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ပစ္မွတ္ထားမႈကို နည္းျပ တူဟယ္လ္ကလည္း ေထာက္ခံလိုက္ၿပီး သူတို႔ေတြအေနနဲ႔ ရည္မွန္းခ်က္နဲ႔ အဆင့္အတန္းကို ခပ္ျမင့္ျမင့္ သတ္မွတ္ရမွာျဖစ္ၿပီး ဒါမွလည္း အသင္းအေနနဲ႔ ျဖစ္ႏိုင္ဖြယ္ ျပႆနာအရပ္ရပ္ကို ေရွာင္လႊဲႏိုင္မွာလို႔ ဆိုထားခဲ့တာျဖစ္ပါတယ္။

တူဟယ္လ္အေနနဲ႔ ပထမဆုံး အေျပာင္းအလဲလုပ္ဖို႔ ရွိေနတာကေတာ့ ဒီရာသီမွာ တစ္ပြဲမွ ကစားခြင့္ မရေသးတဲ့ ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္ကို မားကို႔စ္ အလြန္ဆိုရဲ႕ ေနရာမွာ ထည့္သုံးဖို႔ ရွိေနတာျဖစ္ၿပီး အဂၤလန္နဲ႔ အခ်ိန္ကုန္ေနလို႔ ရာသီႀကိဳေလ့က်င့္မႈေတြမွာ အျပည့္အဝ မပါဝင္ႏိုင္ခဲ့တဲ့ သူ႔ကို ျပန္လည္သုံးစြဲဖို႔ အခ်ိန္ေရာက္ခဲ့ခ်ိန္မွာ ၂၄ ႏွစ္သားရဲ႕ အျမန္ႏႈန္းက အသင္းကို ပိုအဆင္ေျပေစမွာလည္းျဖစ္ပါတယ္။

သူမပါဝင္ႏိုင္ခ်ိန္မွာ ဂ်ာမန္နည္းျပရဲ႕ ဦးစားေပးျဖစ္ေနခဲ့တဲ့ အသက္ ၃၀ အ႐ြယ္ စပိန္ေနာက္ခံလူ အလြန္ဆိုအေနနဲ႔ ဘယ္ေတာင္ပံမွာ ႀကံ့ခိုင္မႈနဲ႔ တိုက္စစ္လိုက္ပါပုံေတြ ေကာင္းမြန္ခဲ့သလို ဖရီးကစ္ကေန တစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္နဲ႔ပြဲက ပင္နယ္တီေပးခဲ့ရမႈအေပၚ သူ႔ဆီက အမွားကေန ျမစ္ဖ်ားခံတယ္လို႔ ပရိသတ္ေတြရဲ႕ ေပါက္ကြဲေနၾကမႈကို ကုလားဖန္ထိုးလာဖို႔လည္းရွိေနပါတယ္။

အလြန္ဆိုရဲ႕ ပ်ာယာခတ္မႈမွာ ဓားစာခံျဖစ္ခဲ့ၿပီး အန္းဖီးလ္မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ ေနရာအတြက္ေတာ့ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကို ထည့္သြင္းလာဖို႔ ရွိေနၿပီး ဒါကေတာ့ သိပ္စဥ္းစားစရာ မလိုတဲ့ အခ်က္ျဖစ္သလို တူဟယ္လ္အေနနဲ႔ ခံစစ္ကို ပိုမိုအားျပဳခ်င္ရင္ေတာ့ အက္ဇ္ပီလီေကြတာကို သုံးေယာက္တန္းမွာ ကစားခိုင္းမယ့္အစား ခ်ာလိုဘာကို ေ႐ြးခ်ယ္လာႏိုင္ပါတယ္။

သီယာဂို ေဆးလ္ဗား ပြဲပယ္မခံရႏိုင္ေတာ့တာေၾကာင့္ ေနာက္ခံမွာ သူနဲ႔ ခရစၥတင္ဆန္၊ ႐ူဒီဂါတို႔ကို တြဲသုံးၿပီး စပိန္သားကပၸတိန္ကို ေရွ႕မွာ သုံးစြဲလာဖို႔ကေတာ့ လက္ေ႐ြးစင္မွာ ႏွစ္ပြဲနဲ႔ တဝက္ ကစားထားတဲ့ အခ်ိန္မ်ိဳးမွာ လြန္းထိုးကစားရဖို႔ျဖစ္တဲ့ Wing Back ေနရာမွာ ထည့္သြင္းေလာက္ေအာင္ တူဟယ္လ္အေနနဲ႔ မစြန႔္စားေလာက္ဘူးလို႔ေတာ့ ခန႔္မွန္းရပါတယ္။

တိုက္စစ္မွာေတာ့ ဂ်ာမနီနဲ႔ ပြဲပန္းေနတဲ့ ခိုင္ဟာဗတ္ဇ္အစား ေမာ္႐ိုကိုနဲ႔ ျပႆနာတက္ၿပီး အသင္းမွာ အနားရေနတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ကို ထည့္သြင္းသြားဖို႔ ရွိေနႏိုင္ၿပီး ခရစၥတီယန္ ပူလီရွစ္ခ်္နဲ႔ အန္ဂိုလို ကြန္ေတတို႔ကေတာ့ ဒီတစ္ပတ္ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနခ်ိန္မွာ တူဟယ္လ္အေနနဲ႔ တီမို ဗာနာနဲ႔ လူကာကူးတို႔ကို ေမာ္႐ိုကိုသားနဲ႔အတူ တိုက္စစ္မွာ တြဲဖက္လာႏိုင္တာပါ။

ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္ကိုပဲ ျမင္ရႏိုင္ၿပီး ကစားသမားသစ္ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ ဒုတိယပိုင္း လူစားဝင္မႈကိုပဲ ျမင္ရမလား၊ အားလုံး အံ့အားသင့္ရေအာင္ပဲ ပြဲထြက္ကစားသမားအျဖစ္ ေ႐ြးခ်ယ္သြားမလားေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိေနသလို ၿပီးခဲ့တဲ့ ပြဲေတြကထက္ တိုက္စစ္ကို ပိုမို အားျပဳမယ့္ လူစာရင္းကိုေတာ့ ေတြ႕ျမင္ရဖြယ္ရွိေနေၾကာင္း ခန႔္မွန္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.