Premier League

အာဆင်နယ်ကွင်းလယ်မှာ ပါတေးကို ဘာခိုင်းထားလဲ ပြောပြလိုက်တဲ့ အာတီတာ

ရာသီကြိုမှာ ဒဏ်ရာရသွားခဲ့ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့ရတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ဒီတစ်ပတ် ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ အပြည့်အ‌ဝလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး သူ့အတွက် ဘယ်လိုအခန်းကဏ္ဍကို ပေးအပ်သွားမလဲဆိုတာကို အာဆင်နယ် နည်းပြ မီခယ်လ် အာတီက ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ ပွဲမှာ ၉ ဂိုးအထိ ပေးခဲ့ရတဲ့ အာဆင်နယ်ခံစစ်မှာ ပါတေးလို ကွင်းလယ်လူမျိုး ရှေ့ကနေ ကာဆီးပေးမထားခဲ့တာက သိသာလွန်းခဲ့ပြီး အသင်းကို စိတ်အလိုလိုက်မှုတွေနဲ့ ထိုးကျွေးခဲ့တဲ့ ဂရာနစ် ချာကာလို ကစားသမားမျိုးကို အားကိုးနေရချိန်မှာ ရလဒ်တွေက တော်တော်လေး ဆိုးရွားခဲ့ရသလို နှစ်ပေါင်းများစွာက စံချိန်ဆိုးတွေကိုလည်း တစ်ကျော့ပြန် ရရှိသွားခဲ့တာပါ။

ရလဒ်တွေ ဆိုးရွားခဲ့တဲ့ ဩဂုတ်လအပြီးမှာတော့ အာဆင်နယ်တို့အနေနဲ့ နိုင်ငံတကာပွဲတွေကြားမှာ အသင်းကို ပြင်ဆင်ချိန်ရခဲ့သလို အသက် ၂၈ နှစ်အရွယ် ဂါနာသားအနေနဲ့လည်း ကွင်းလယ်မှာ ပြန်လည်အားဖြည့်နိုင်တော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ အားတက်စရာဖြစ်ခဲ့ချိန်မှာ အာတီတာက ဒီလိုဆိုပါတယ်။

“သူက ပြီးခဲ့တဲ့ ရာသီကလည်း ဒီလိုပဲ ရာသီဖွင့်မှာ ဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တစ်နှစ်လုံးမှာ ၆ လလောက် မကစားနိုင်ဘဲဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းကို အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်မှ ရောက်လာပြီး ဒီက ပြင်ဆင်မှုတွေကို လိုက်မမီခဲ့လို့လည်း ဖြစ်ပါတယ်”

“ဒီရာသီမှာတော့ သူ့ကို အသင်းကို ဦးဆောင်ပေးမယ့် ကစားသမားတစ်ယောက်အဖြစ် ထည့်တွက်ထားပါတယ်။ သူဟာ ကွင်းလယ်ရဲ့ ဆရာကြီးနဲ့ ဦးစီးခေါင်းဆောင်ဖြစ်ရပါလိမ့်မယ်။ စီနီယာကစားသမားတစ်ယောက်အနေနဲ့ လူငယ်တွေကိုလည်း လက်တွဲခေါ်ယူရမယ့် တာဝန်ကို ယူရမှာ ဖြစ်ပါတယ်”လို့ အာတီတာက ဆိုပါတယ်။

“သူက ကျွန်တော်တို့အတွက် အချိန်ကောင်းတွေမှာ ဒဏ်ရာရနေခဲ့တာက ဆိုးပါတယ်။ ဒါပေမယ့် သူဟာ နိုင်ပွဲတွေနဲ့ အသားကျနေတဲ့သူမျိုးဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေကို ရယူခဲ့ပြီးပါပြီ။ သူ့လို ကစားသမားမျိုးက အသင်းအတွက် အလွန်တရာ အရေးပါပြီး ကြီးမားတဲ့ အခန်းကဏ္ဍလည်း ရှိနေပါတယ်” ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂါနာသားကို နည်းပြက တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာတော့ ပါတေးနဲ့ ဆမ်ဘီလို ကွန်ဂါတို့ရှေ့က မာတင် အော်ဒီဂွါဒ် ကစားမယ့် တြိဂံပုံစံကို ပရိသတ်တွေက မျှော်လင့်နေကြပြီး လာမယ့် နော့ဝစ်ချ်နဲ့ပွဲမှာတော့ အားနည်းတဲ့ ပြိုင်ဘက်နဲ့ ဖြစ်တာကြောင့် တိုက်စစ်အသားပေးလူစာရင်းနဲ့ ပွဲထွက်လာမယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာသီႀကိဳမွာ ဒဏ္ရာရသြားခဲ့ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္ခဲ့ရတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ဒီတစ္ပတ္ ပြဲစဥ္ေတြမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ အျပည့္အ‌ဝေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီး သူ႔အတြက္ ဘယ္လိုအခန္းက႑ကို ေပးအပ္သြားမလဲဆိုတာကို အာဆင္နယ္ နည္းျပ မီခယ္လ္ အာတီက ေျပာျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၃ ပြဲမွာ ၉ ဂိုးအထိ ေပးခဲ့ရတဲ့ အာဆင္နယ္ခံစစ္မွာ ပါေတးလို ကြင္းလယ္လူမ်ိဳး ေရွ႕ကေန ကာဆီးေပးမထားခဲ့တာက သိသာလြန္းခဲ့ၿပီး အသင္းကို စိတ္အလိုလိုက္မႈေတြနဲ႔ ထိုးေကြၽးခဲ့တဲ့ ဂရာနစ္ ခ်ာကာလို ကစားသမားမ်ိဳးကို အားကိုးေနရခ်ိန္မွာ ရလဒ္ေတြက ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ရသလို ႏွစ္ေပါင္းမ်ားစြာက စံခ်ိန္ဆိုးေတြကိုလည္း တစ္ေက်ာ့ျပန္ ရရွိသြားခဲ့တာပါ။

ရလဒ္ေတြ ဆိုး႐ြားခဲ့တဲ့ ဩဂုတ္လအၿပီးမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ႏိုင္ငံတကာပြဲေတြၾကားမွာ အသင္းကို ျပင္ဆင္ခ်ိန္ရခဲ့သလို အသက္ ၂၈ ႏွစ္အ႐ြယ္ ဂါနာသားအေနနဲ႔လည္း ကြင္းလယ္မွာ ျပန္လည္အားျဖည့္ႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ ပရိသတ္ေတြကေတာ့ အားတက္စရာျဖစ္ခဲ့ခ်ိန္မွာ အာတီတာက ဒီလိုဆိုပါတယ္။

“သူက ၿပီးခဲ့တဲ့ ရာသီကလည္း ဒီလိုပဲ ရာသီဖြင့္မွာ ဒဏ္ရာနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး တစ္ႏွစ္လုံးမွာ ၆ လေလာက္ မကစားႏိုင္ဘဲျဖစ္ခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အသင္းကို အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးအခ်ိန္မွ ေရာက္လာၿပီး ဒီက ျပင္ဆင္မႈေတြကို လိုက္မမီခဲ့လို႔လည္း ျဖစ္ပါတယ္”

“ဒီရာသီမွာေတာ့ သူ႔ကို အသင္းကို ဦးေဆာင္ေပးမယ့္ ကစားသမားတစ္ေယာက္အျဖစ္ ထည့္တြက္ထားပါတယ္။ သူဟာ ကြင္းလယ္ရဲ႕ ဆရာႀကီးနဲ႔ ဦးစီးေခါင္းေဆာင္ျဖစ္ရပါလိမ့္မယ္။ စီနီယာကစားသမားတစ္ေယာက္အေနနဲ႔ လူငယ္ေတြကိုလည္း လက္တြဲေခၚယူရမယ့္ တာဝန္ကို ယူရမွာ ျဖစ္ပါတယ္”လို႔ အာတီတာက ဆိုပါတယ္။

“သူက ကြၽန္ေတာ္တို႔အတြက္ အခ်ိန္ေကာင္းေတြမွာ ဒဏ္ရာရေနခဲ့တာက ဆိုးပါတယ္။ ဒါေပမယ့္ သူဟာ ႏိုင္ပြဲေတြနဲ႔ အသားက်ေနတဲ့သူမ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ ကစားသမားဘဝမွာလည္း ေအာင္ျမင္မႈေတြကို ရယူခဲ့ၿပီးပါၿပီ။ သူ႔လို ကစားသမားမ်ိဳးက အသင္းအတြက္ အလြန္တရာ အေရးပါၿပီး ႀကီးမားတဲ့ အခန္းက႑လည္း ရွိေနပါတယ္” ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဂါနာသားကို နည္းျပက တာဝန္ေပးလိုက္တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာေတာ့ ပါေတးနဲ႔ ဆမ္ဘီလို ကြန္ဂါတို႔ေရွ႕က မာတင္ ေအာ္ဒီဂြါဒ္ ကစားမယ့္ ႀတိဂံပုံစံကို ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကၿပီး လာမယ့္ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာေတာ့ အားနည္းတဲ့ ၿပိဳင္ဘက္နဲ႔ ျဖစ္တာေၾကာင့္ တိုက္စစ္အသားေပးလူစာရင္းနဲ႔ ပြဲထြက္လာမယ္လို႔လည္း ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.