Ligue1 Premier League

အင်္ကျီရောင်းချမှုမှာ မက်ဆီကို စံချိန်တင်ကျော်ဖြတ်တဲ့ မန်ယူနိုက်တက်ရဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းကို အပြောင်းအရွှေ့ ဈေးကွက်ပိတ်ချိန်မှာ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို အနေနဲ့ သူ့ရဲ့ ကျောနံပါတ် ၇ နဲ့ အသင်းသစ် အင်္ကျီကို ရောင်းချမှုမှာ စံချိန်တင် ငွေကြေးပမာဏကို ရရှိသွားခဲ့ပြီး အနီးကပ်ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ကျော်ဖြတ်သွားနိုင်ခဲ့တယ်လို့ သိရရပါတယ်။

အသင်းသစ်နဲ့ ထရိန်နင် ဆင်းရုံသာရှိသေးပြီး တစ်ပွဲမှ မကစားရသေးတဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးဟာ အချိန်တိုအတွင်းမှာ ဂျာစီ ပေါင် ၁၈၇.၁ သန်းဖိုး ရောင်းချခဲ့ရတာဖြစ်ပြီး တစ်ကမ္ဘာလုံးက မန်ယူနိုက်တက်နဲ့ သူ့ရဲ့ပရိသတ်တွေကြားမှာ အော်ဒါများသွားခဲ့တာဖြစ်သလို ဒီအသက်အရွယ်မှာတောင် ယှဉ်နိုင်သူ မရှိသေးတဲ့ ဂုဏ်ယူစရာ ပမာဏလည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအင်္ကျီရောင်းချမှုကို ခံစားခွင့်ရရှိသူကတော့ မန်ချက်စတာယူနိုက်တက်မဟုတ်ဘဲ ပေါ်တူဂီ GOAT ကြီးသာဖြစ်ခဲ့သလို ပေါင် ၁၈၇.၁ သန်းမှာ ပေါင် ၁၇၄ သန်းကို သိမ်းပိုက်သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ပေါင် ၁၃.၁ သန်းကို ကော်မရှင်အဖြစ် ရရှိခဲ့ချိန်မှာ သူ့အတွက် ကနဦး ပေးချေထားရတဲ့ ပေါင် ၁၂.၉ သန်း ပြောင်းရွှေ့ကြေးကို ပြန်လည်ကာမိသွားခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် မက်ဆီကတော့ ပီအက်စ်ဂျီအသင်းမှာ အင်္ကျီ ပေါင် ၁၀၃.၈ သန်းဖိုး ရောင်းချထားရပြီး သူ့ရဲ့ နာမည်အရတော့ အနည်းငယ် နည်းနေတဲ့ ပမာဏဖြစ်နေသလို ဒါဟာ သူ့ရဲ့ နံပါတ်ဟာ ၁၀ မဟုတ်ဘဲ ၃၀ ဖြစ်နေလို့များလားလို့ မေးစရာလည်းဖြစ်ခဲ့တာပါ။

မက်ဆီကတော့ သူ့ရဲ့ အင်္ကျီရောင်းချခဲ့ရမှုထဲက ခံစားခွင့်အဖြစ် ပေါင် ၉၆.၅ သန်းကို သိမ်းပိုက်သွားခဲ့ပြီး ပီအက်စ်ဂျီအသင်းကတော့ ပေါင် ၇.၃ သန်းပဲ ခံစားခွင့်ရရှိခဲ့တာဖြစ်ချိန်မှာ အာဂျင်တီးနားသားကြီးအတွက် ကနဦး ခေါ်ယူဖို့ ကုန်ကျထားခဲ့တဲ့ ပေါင် ၂၅ သန်းရဲ့ သုံးပုံတစ်ပုံကိုတောင် မကာမိနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂျာနယ်လစ် ကီရန် မက်ဂွိုင်းယားရဲ့ ဖော်ပြမှုအရတော့ ဈေးကွက်တွင်း ရှာဖွေလေ့လာမှုတွေအရ ရော်နယ်လ်ဒိုရဲ့ အင်္ကျီကို ဝယ်ယူလိုတဲ့ ပရိသတ်တွေက အက်ဒီးဒတ်စ်ကုမ္ပဏီရဲ့ စက်ရုံတွေနဲ့ အရောင်းဆိုင်တွေကနေ ထုတ်လုပ်ပေးနိုင်တာထက်တောင် များပြားနေပြီး ဝယ်လိုအားကို ရောင်းလိုအားက မလိုက်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ရှိရာ အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ဂိုးသွင်းရှင် ရော်နယ်လ်ဒိုကတော့ သူ့အနေနဲ့ ဒီအသင်းမှာ ဘာလုပ်နိုင်မယ်ဆိုတာကို ခိုင်ခိုင်မာမာ ယုံကြည်လို့ လာခဲ့တာဖြစ်ပြီး အပန်းဖြေခရီးထွက်လာတာ မဟုတ်ဘူးလို့ ပြောခဲ့သလို အသင်းကို နိုင်ပွဲတွေနဲ့ နောက်သုံးလေးနှစ်လောက် ဦးဆောင်ပေးလိမ့်မယ်လို့ ဆိုထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းကို အေျပာင္းအေ႐ႊ႕ ေဈးကြက္ပိတ္ခ်ိန္မွာ ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို အေနနဲ႔ သူ႔ရဲ႕ ေက်ာနံပါတ္ ၇ နဲ႔ အသင္းသစ္ အက်ႌကို ေရာင္းခ်မႈမွာ စံခ်ိန္တင္ ေငြေၾကးပမာဏကို ရရွိသြားခဲ့ၿပီး အနီးကပ္ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့တယ္လို႔ သိရရပါတယ္။

အသင္းသစ္နဲ႔ ထရိန္နင္ ဆင္း႐ုံသာရွိေသးၿပီး တစ္ပြဲမွ မကစားရေသးတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးဟာ အခ်ိန္တိုအတြင္းမွာ ဂ်ာစီ ေပါင္ ၁၈၇.၁ သန္းဖိုး ေရာင္းခ်ခဲ့ရတာျဖစ္ၿပီး တစ္ကမာၻလုံးက မန္ယူႏိုက္တက္နဲ႔ သူ႔ရဲ႕ပရိသတ္ေတြၾကားမွာ ေအာ္ဒါမ်ားသြားခဲ့တာျဖစ္သလို ဒီအသက္အ႐ြယ္မွာေတာင္ ယွဥ္ႏိုင္သူ မရွိေသးတဲ့ ဂုဏ္ယူစရာ ပမာဏလည္းျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ဒီအက်ႌေရာင္းခ်မႈကို ခံစားခြင့္ရရွိသူကေတာ့ မန္ခ်က္စတာယူႏိုက္တက္မဟုတ္ဘဲ ေပၚတူဂီ GOAT ႀကီးသာျဖစ္ခဲ့သလို ေပါင္ ၁၈၇.၁ သန္းမွာ ေပါင္ ၁၇၄ သန္းကို သိမ္းပိုက္သြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ေပါင္ ၁၃.၁ သန္းကို ေကာ္မရွင္အျဖစ္ ရရွိခဲ့ခ်ိန္မွာ သူ႔အတြက္ ကနဦး ေပးေခ်ထားရတဲ့ ေပါင္ ၁၂.၉ သန္း ေျပာင္းေ႐ႊ႕ေၾကးကို ျပန္လည္ကာမိသြားခဲ့တာျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာ သူ႔ရဲ႕ အနီးကပ္ဆုံးၿပိဳင္ဘက္ မက္ဆီကေတာ့ ပီအက္စ္ဂ်ီအသင္းမွာ အက်ႌ ေပါင္ ၁၀၃.၈ သန္းဖိုး ေရာင္းခ်ထားရၿပီး သူ႔ရဲ႕ နာမည္အရေတာ့ အနည္းငယ္ နည္းေနတဲ့ ပမာဏျဖစ္ေနသလို ဒါဟာ သူ႔ရဲ႕ နံပါတ္ဟာ ၁၀ မဟုတ္ဘဲ ၃၀ ျဖစ္ေနလို႔မ်ားလားလို႔ ေမးစရာလည္းျဖစ္ခဲ့တာပါ။

မက္ဆီကေတာ့ သူ႔ရဲ႕ အက်ႌေရာင္းခ်ခဲ့ရမႈထဲက ခံစားခြင့္အျဖစ္ ေပါင္ ၉၆.၅ သန္းကို သိမ္းပိုက္သြားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းကေတာ့ ေပါင္ ၇.၃ သန္းပဲ ခံစားခြင့္ရရွိခဲ့တာျဖစ္ခ်ိန္မွာ အာဂ်င္တီးနားသားႀကီးအတြက္ ကနဦး ေခၚယူဖို႔ ကုန္က်ထားခဲ့တဲ့ ေပါင္ ၂၅ သန္းရဲ႕ သုံးပုံတစ္ပုံကိုေတာင္ မကာမိႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဂ်ာနယ္လစ္ ကီရန္ မက္ဂြိဳင္းယားရဲ႕ ေဖာ္ျပမႈအရေတာ့ ေဈးကြက္တြင္း ရွာေဖြေလ့လာမႈေတြအရ ေရာ္နယ္လ္ဒိုရဲ႕ အက်ႌကို ဝယ္ယူလိုတဲ့ ပရိသတ္ေတြက အက္ဒီးဒတ္စ္ကုမၸဏီရဲ႕ စက္႐ုံေတြနဲ႔ အေရာင္းဆိုင္ေတြကေန ထုတ္လုပ္ေပးႏိုင္တာထက္ေတာင္ မ်ားျပားေနၿပီး ဝယ္လိုအားကို ေရာင္းလိုအားက မလိုက္ႏိုင္ခဲ့ဘူးလို႔လည္း သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရွိရာ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တဲ့ ကမာၻ႔စံခ်ိန္တင္ ဂိုးသြင္းရွင္ ေရာ္နယ္လ္ဒိုကေတာ့ သူ႔အေနနဲ႔ ဒီအသင္းမွာ ဘာလုပ္ႏိုင္မယ္ဆိုတာကို ခိုင္ခိုင္မာမာ ယုံၾကည္လို႔ လာခဲ့တာျဖစ္ၿပီး အပန္းေျဖခရီးထြက္လာတာ မဟုတ္ဘူးလို႔ ေျပာခဲ့သလို အသင္းကို ႏိုင္ပြဲေတြနဲ႔ ေနာက္သုံးေလးႏွစ္ေလာက္ ဦးေဆာင္ေပးလိမ့္မယ္လို႔ ဆိုထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.