Premier League Transfer News

ရော်နယ်လ်ဒို အိမ်ပြန်ရောက်လာလို့ သူ့ခံစားချက်တွေကို ရင်ဖွင့်ပြောသွားခဲ့တဲ့ ဝိန်းရွန်နီ

လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ခေတ်က မန်ယူနိုက်တက်အသင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ၅ နှစ်ကြာ တွဲကစားခဲ့ဖူးပြီး အကောင်းဆုံးအသင်းဖော်တွေအဖြစ် ပေးဆပ်ပြီး ရပ်တည်ပြခဲ့တဲ့ တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်နီက ” သူ့ဘော်ဒါကြီး ” တယောက် အိပ်မက်ကဇာတ်ရုံမှာ တကျော့ပြန်ခိုနားလာခဲ့လို့ ဝမ်းသားပီတိဖြစ်နေပြီး အတိတ်ကတွဲကစားခဲ့တဲ့ အမှတ်တရတွေနဲ့အတူ အသင်းရဲ့အနာဂတ်အောင်မြင်မှုအတွက်ပါ ရင်ဖွင့်သွားခဲ့ကြောင်း The Sun သတင်းက ဖော်ပြလာခဲ့ပါတယ်။

” ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ကို ပြန်လည်အခြေချလိုက်တာပါ။ ဒါဟာ ဘယ်လောက်ထိ စိန်ခေါ်မှုပြင်းထန်မလဲဆိုတာကို သူသိရှိထားပြီးပါ။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်မှာပဲ တကျော့ပြန်နားခိုနိုင်ခဲ့တာပေါ့လေ။ သူက သူ့အတွက် အမြင့်ဆုံးစံညွှန်းတွေကို သတ်မှတ်ထားရှိပြီးသားပါ။ ကမ္ဘာမှာ စိန်ခေါ်မှုတွေကြားက အပြောင်မြောက်ဆုံးလူသားကိုပြောရင် ရော်နယ်လ်ဒိုပါပဲ”

“အရင်က ပရီးမီးယားလိဂ်မှာကစားခဲ့စဥ်နဲ့ လက်ရှိရော်နယ်လ်ဒိုက လုံးဝခြားနားသွားခဲ့ပါပြီ။ အရင်က သူက ဘောလုံးကို လိမ်မယ်။ ခေါက်မယ်။ ကျော်ဖြတ်ပြေးမယ်။ အရှိန်ပြင်းပြင်းနဲ့ ပါဝါပြင်းပြင်းအသုံးချမယ်။ အခုတော့ သူက ဂိုးမုဆိုးစစ်စစ်ဖြစ်သွားပါပြီ။ ဒီလိုအချိုးအကွေ့မျိုးနဲ့ ပြောင်းလဲကစားနိုင်လို့လည်း အသက် ၃၆ နှစ်အထိ ဖိုးသက်ရှည်ကြီးဖြစ်နေတာ​ကို ကျွန်တော်မအံ့သြမိတော့ပါဘူး”

” သူ့အစွမ်းစစ်စစ်က တချက်တည်းပါပဲ။ သူ့ကိုယ်သူ လုံးဝအထိအခိုက်မခံခဲ့ဘဲ အပြည့်ဝဆုံးစောင့်ရှောက်ခဲ့တာပါ။ သူ့ခန္ဓာကိုယ်ကို ခင်ဗျားမြင်တွေ့ကြရမှာပါ။ သိပ်ကိုကြံ့ခိုင်လွန်းတဲ့ အနေအထားမှာပါ။ ဒါကြောင့် သူဟာ ဂိုးတွေတဒိုင်းဒိုင်းသွင်းယူရင်းနဲ့ ဂစ်ဆီ (ရိုင်ယန်ဂစ်) လိုမျိုး အသက် ၄၀ အထိ ကစားသွားမယ်ဆိုရင်လည်း မဆန်းတော့ပါဘူး”

” ယေဘုယအချက်ကို ပြောရရင် ခင်ဗျားအသက်ကြီးလာတာနဲ့အမျှ အနောက်ကို ဆင်းဆော့ချင်တော့တာပါ။ ရော်နယ်လ်ဒိုနဲ့ဆိုရင်တော့ ဒါကပြောင်းပြန်ပါ။ ပြီးတော့ လီယွန်နယ် မက်ဆီလည်း ထိုနည်းတူပါပဲ။ သူတို့က ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာပဲ ကစားချင်ကြပါတယ်။”

“ဒီလိုအဆင့်မျိုးမှာ နှစ်ပေါင်းများစွာတိုင်အောင် ကစားနိုင်တဲ့ အထူးခြားဆုံးလူသားနှစ်ဦးပါ။ မှန်ပါတယ်။ Box to box ကစားပြီး ပြင်းအားမြင့် ခံစစ်အဖျက်ကစားရတာ အတော်လေးအားအင်ကုန်ဆုံးစေပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ကစားရင်တော့ ခင်ဗျားလုပ်စရာတခုပဲ ရှိပါတယ်။ အဲဒါ ဂိုးသွင်းဖို့ပါ။”

” သူ့အသင်းဖော်တွေကတော့ သူ့ကိုပံ့ပိုးပေးနိုင်ဖို့ နည်းနည်းလေးအလုပ်ပိုကြိုးစားရပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့သူနဲ့ တွဲကစားခဲ့တဲ့ နောက်ဆုံး ၂ နှစ်ကို ပြန်ကြည့်ရင် ယူနိုက်တက်အသင်းကိုက သူလုပ်ချင်တာကို ခွင့်ပြုပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက ဂိုးတွေသွင်းပြီး ခင်ဗျားနိုင်ပွဲတွေ ရယူပေးသူမလို့ပါ” လို့ ရွန်နီက ပြည့်ပြည့်စုံစုံလေး ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္ေခတ္က မန္ယူႏိုက္တက္အသင္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔အတူ ၅ ႏွစ္ၾကာ တြဲကစားခဲ့ဖူးၿပီး အေကာင္းဆုံးအသင္းေဖာ္ေတြအျဖစ္ ေပးဆပ္ၿပီး ရပ္တည္ျပခဲ့တဲ့ တိုက္စစ္မႉးေဟာင္းႀကီး ဝိန္း႐ြန္နီက “သူ႔ေဘာ္ဒါၾကီး” တေယာက္ အိပ္မက္ကဇာတ္႐ုံမွာ တေက်ာ့ျပန္ခိုနားလာခဲ့လို႔ ဝမ္းသားပီတိျဖစ္ေနၿပီး အတိတ္ကတြဲကစားခဲ့တဲ့ အမွတ္တရေတြနဲ႔အတူ အသင္းရဲ႕အနာဂတ္ေအာင္ျမင္မႈအတြက္ပါ ရင္ဖြင့္သြားခဲ့ေၾကာင္း The Sun သတင္းက ေဖာ္ျပလာခဲ့ပါတယ္။

” ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကမာၻ႔အေကာင္းဆုံးလိဂ္ကို ျပန္လည္အေျခခ်လိုက္တာပါ။ ဒါဟာ ဘယ္ေလာက္ထိ စိန္ေခၚမႈျပင္းထန္မလဲဆိုတာကို သူသိရွိထားၿပီးပါ။ ၿပီးေတာ့ မန္ခ်က္စတာ ယူႏိုက္တက္မွာပဲ တေက်ာ့ျပန္နားခိုႏိုင္ခဲ့တာေပါ့ေလ။ သူက သူ႔အတြက္ အျမင့္ဆုံးစံၫႊန္းေတြကို သတ္မွတ္ထားရွိၿပီးသားပါ။ ကမာၻမွာ စိန္ေခၚမႈေတြၾကားက အေျပာင္ေျမာက္ဆုံးလူသားကိုေျပာရင္ ေရာ္နယ္လ္ဒိုပါပဲ”

“အရင္က ပရီးမီးယားလိဂ္မွာကစားခဲ့စဥ္နဲ႔ လက္ရွိေရာ္နယ္လ္ဒိုက လုံးဝျခားနားသြားခဲ့ပါၿပီ။ အရင္က သူက ေဘာလုံးကို လိမ္မယ္။ ေခါက္မယ္။ ေက်ာ္ျဖတ္ေျပးမယ္။ အရွိန္ျပင္းျပင္းနဲ႔ ပါဝါျပင္းျပင္းအသုံးခ်မယ္။ အခုေတာ့ သူက ဂိုးမုဆိုးစစ္စစ္ျဖစ္သြားပါၿပီ။ ဒီလိုအခ်ိဳးအေကြ႕မ်ိဳးနဲ႔ ေျပာင္းလဲကစားႏိုင္လို႔လည္း အသက္ ၃၆ ႏွစ္အထိ ဖိုးသက္ရွည္ႀကီးျဖစ္ေနတာ​ကို ကြၽန္ေတာ္မအံ့ၾသမိေတာ့ပါဘူး”

” သူ႔အစြမ္းစစ္စစ္က တခ်က္တည္းပါပဲ။ သူ႔ကိုယ္သူ လုံးဝအထိအခိုက္မခံခဲ့ဘဲ အျပည့္ဝဆုံးေစာင့္ေရွာက္ခဲ့တာပါ။ သူ႔ခႏၶာကိုယ္ကို ခင္ဗ်ားျမင္ေတြ႕ၾကရမွာပါ။ သိပ္ကိုႀကံ့ခိုင္လြန္းတဲ့ အေနအထားမွာပါ။ ဒါေၾကာင့္ သူဟာ ဂိုးေတြတဒိုင္းဒိုင္းသြင္းယူရင္းနဲ႔ ဂစ္ဆီ (႐ိုင္ယန္ဂစ္) လိုမ်ိဳး အသက္ ၄၀ အထိ ကစားသြားမယ္ဆိုရင္လည္း မဆန္းေတာ့ပါဘူး”

” ေယဘုယအခ်က္ကို ေျပာရရင္ ခင္ဗ်ားအသက္ႀကီးလာတာနဲ႔အမွ် အေနာက္ကို ဆင္းေဆာ့ခ်င္ေတာ့တာပါ။ ေရာ္နယ္လ္ဒိုနဲ႔ဆိုရင္ေတာ့ ဒါကေျပာင္းျပန္ပါ။ ၿပီးေတာ့ လီယြန္နယ္ မက္ဆီလည္း ထိုနည္းတူပါပဲ။ သူတို႔က ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာပဲ ကစားခ်င္ၾကပါတယ္။”

“ဒီလိုအဆင့္မ်ိဳးမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ကစားႏိုင္တဲ့ အထူးျခားဆုံးလူသားႏွစ္ဦးပါ။ မွန္ပါတယ္။ Box to box ကစားၿပီး ျပင္းအားျမင့္ ခံစစ္အဖ်က္ကစားရတာ အေတာ္ေလးအားအင္ကုန္ဆုံးေစပါတယ္။ ဒါေပမယ့္ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ကစားရင္ေတာ့ ခင္ဗ်ားလုပ္စရာတခုပဲ ရွိပါတယ္။ အဲဒါ ဂိုးသြင္းဖို႔ပါ။”

” သူ႔အသင္းေဖာ္ေတြကေတာ့ သူ႔ကိုပံ့ပိုးေပးႏိုင္ဖို႔ နည္းနည္းေလးအလုပ္ပိုႀကိဳးစားရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္နဲ႔သူနဲ႔ တြဲကစားခဲ့တဲ့ ေနာက္ဆုံး ၂ ႏွစ္ကို ျပန္ၾကည့္ရင္ ယူႏိုက္တက္အသင္းကိုက သူလုပ္ခ်င္တာကို ခြင့္ျပဳေပးခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ သူက ဂိုးေတြသြင္းၿပီး ခင္ဗ်ားႏိုင္ပြဲေတြ ရယူေပးသူမလို႔ပါ” လို႔ ႐ြန္နီက ျပည့္ျပည့္စုံစုံေလး ေျပာျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z