Premier League

ဘရာဇီးလ် FA ကို ကျေးဇူးတင်ရတော့မယ့် မန်ချက်စတာစီးတီးဂိုးသမား ကာဆန်

မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသမား စကော့ ကာဆန်အနေနဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို အများက ဝိုင်းဝန်းဆဲဆိုနေကြချိန်မှာ ကျေးဇူးတင်ရမယ့်ကိစ္စဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒါကတော့ အသက် ၃၆ နှစ်အရွယ်ဂိုးသမားအနေနဲ့ သူ့အတွက် ရှားရှားပါးပါး ပွဲထွက်ကစားခွင့်ကို ဒီတစ်ပတ်မှာ ရရှိမယ့်အတွက်ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်၊ လီဗာပူးလ်၊ ချာလ်တန်၊ အက်စ်တန်ဗီလာ၊ ဝက်စ်ဘရွန်း၊ ဘာဆာစပေါ်၊ ဝီဂန်နဲ့ ဒါဘီကောင်တီအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကာဆန်ကို မန်စီးတီးတို့အနေနဲ့ Homegrown နဲ့ ဝါရင့်ဂိုးသမား Backup အဖြစ် ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီနဲ့ ၂၀၂၀-၂၁ ရာသီတွေမှာ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဒါဘီကနေ အလွတ်နဲ့ ထွက်ခွာချိန်မှာ အပြီးသတ် စာချုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်ခါနီး မေလ ၂၁ ရက်နေ့က နယူးကာဆယ်လ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ကာဆန်အနေနဲ့ သူ့ရဲ့ ပထမဆုံး မန်ချက်စတာစီးတီးကို ကိုယ်စားပြုခွင့်ကို ပရီးမီးယားလိဂ်မှာ ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ချန်ပီယံဖြစ်နေခဲ့တဲ့ အသင်းအတွက် အရေးမပါလို့ ပေးကစားခဲ့တာဖြစ်ချိန်မှာ သူ့ရဲ့ ကစားခွင့် တန်ဖိုးသိပ်မရှိခဲ့ဘဲ လက်ရှိမှာတော့ ရာသီအစမှာ ကစားခွင့်ရဖို့ကတော့ ပိုပြီးအဓိပ္ပါယ်ရှိတဲ့ အရာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်အက်ဖ်အေအနေနဲ့ သူတို့ရဲ့ ခြေစစ်ပွဲစဉ်တွေကို လာရောက်ပူးပေါင်းခြင်းမရှိတဲ့ ပရီးမီးယားလိဂ်ကစားသမား ၈ ဦးကို ၅ ရက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အစ်တီဟတ်အသင်းဘက်က ဂိုးသမား အီဒါဆန်နဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ‌ဂျေဆူးစ်တို့ လွဲချော်မှာဖြစ်တဲ့အတွက် ဂိုးသမားနေရာမှာတော့ လူစားထိုးဖို့ လိုလာခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ စီးတီးတို့ရဲ့ နံပါတ် ၂ ဂိုးသမား ဇက်ခ် စတက်ဖင်က အဆင်သင့်လုပ်ထားရဖို့ ရှိနေချိန်မှာ အမေရိကန်သားအနေနဲ့ ကိုဗစ် ကူးစက်မှုခံစားနေရတဲ့အတွက် ဂိုးပေါက်ကို စောင့်ရှောက်ဖို့တာဝန်က ကာဆန်ဆီကို ရောက်လာခဲ့ပြီး သူနဲ့အတူ အကယ်ဒမီဂိုးသမားတစ်ဦးပါ အရန်ခုံမှာ လာရောက်ပူးပေါင်းရဖွယ်ရှိနေတာပါ။

ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ ၃ ဂိုးပေးခဲ့ရတဲ့ ဂိုးသမားဟာ ဖယ်ရန် တောရက်စ်ရဲ့ ဟက်ထရစ်နဲ့ ကယ်တင်မှုကြောင့်သာ မျက်နှာမပျက်ခဲ့ရဘဲ ကံကောင်းခဲ့ချိန်မှာ ဂျိုးဝီလော့ခ်ရဲ့ ပင်နယ်တီတစ်ဂိုးကိုတော့ ကာကွယ်သွားနိုင်ခဲ့ပေမယ့် ဒါက သိပ်အလုပ်မဖြစ်ခဲ့ဘဲ ပြန်ပိတ်သွင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီတစ်ပတ်မှာ လက်စတာစီးတီးအသင်းကို အဝေးကွင်း ကင်းပါဝါမှာ သွားရောက်ကစားရဖို့ ရှိနေပြီး သူတို့ရဲ့
ဘယ်တောင်ပံခံစစ်က အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ချိန်မှာ ဗာဒီဦးဆောင်လာမယ့် တိုက်စစ်ကို ရင်ဆိုင်ဖို့ ကာဆန်အတွက်တော့ ပရိသတ်တွေ စိတ်မချနိုင်စရာဖြစ်နေပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ပွဲနေ့မှာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTO CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဂိုးသမား စေကာ့ ကာဆန္အေနနဲ႔ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကို အမ်ားက ဝိုင္းဝန္းဆဲဆိုေနၾကခ်ိန္မွာ ေက်းဇူးတင္ရမယ့္ကိစၥျဖစ္ေပၚလာခဲ့ၿပီး အဲ့ဒါကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္ဂိုးသမားအေနနဲ႔ သူ႔အတြက္ ရွားရွားပါးပါး ပြဲထြက္ကစားခြင့္ကို ဒီတစ္ပတ္မွာ ရရွိမယ့္အတြက္ျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္၊ လီဗာပူးလ္၊ ခ်ာလ္တန္၊ အက္စ္တန္ဗီလာ၊ ဝက္စ္ဘ႐ြန္း၊ ဘာဆာစေပၚ၊ ဝီဂန္နဲ႔ ဒါဘီေကာင္တီအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ကာဆန္ကို မန္စီးတီးတို႔အေနနဲ႔ Homegrown နဲ႔ ဝါရင့္ဂိုးသမား Backup အျဖစ္ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီနဲ႔ ၂၀၂၀-၂၁ ရာသီေတြမွာ အငွားနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဒီရာသီမွာေတာ့ ဒါဘီကေန အလြတ္နဲ႔ ထြက္ခြာခ်ိန္မွာ အၿပီးသတ္ စာခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီကုန္ခါနီး ေမလ ၂၁ ရက္ေန႔က နယူးကာဆယ္လ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ကာဆန္အေနနဲ႔ သူ႔ရဲ႕ ပထမဆုံး မန္ခ်က္စတာစီးတီးကို ကိုယ္စားျပဳခြင့္ကို ပရီးမီးယားလိဂ္မွာ ရရွိခဲ့တာျဖစ္ၿပီး အဲ့ဒီတုန္းက ခ်န္ပီယံျဖစ္ေနခဲ့တဲ့ အသင္းအတြက္ အေရးမပါလို႔ ေပးကစားခဲ့တာျဖစ္ခ်ိန္မွာ သူ႔ရဲ႕ ကစားခြင့္ တန္ဖိုးသိပ္မရွိခဲ့ဘဲ လက္ရွိမွာေတာ့ ရာသီအစမွာ ကစားခြင့္ရဖို႔ကေတာ့ ပိုၿပီးအဓိပၸါယ္ရွိတဲ့ အရာလည္းျဖစ္ပါတယ္။

ဘရာဇီးလ္အက္ဖ္ေအအေနနဲ႔ သူတို႔ရဲ႕ ေျခစစ္ပြဲစဥ္ေတြကို လာေရာက္ပူးေပါင္းျခင္းမရွိတဲ့ ပရီးမီးယားလိဂ္ကစားသမား ၈ ဦးကို ၅ ရက္ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး အစ္တီဟတ္အသင္းဘက္က ဂိုးသမား အီဒါဆန္နဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ ‌ေဂ်ဆူးစ္တို႔ လြဲေခ်ာ္မွာျဖစ္တဲ့အတြက္ ဂိုးသမားေနရာမွာေတာ့ လူစားထိုးဖို႔ လိုလာခဲ့ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ စီးတီးတို႔ရဲ႕ နံပါတ္ ၂ ဂိုးသမား ဇက္ခ္ စတက္ဖင္က အဆင္သင့္လုပ္ထားရဖို႔ ရွိေနခ်ိန္မွာ အေမရိကန္သားအေနနဲ႔ ကိုဗစ္ ကူးစက္မႈခံစားေနရတဲ့အတြက္ ဂိုးေပါက္ကို ေစာင့္ေရွာက္ဖို႔တာဝန္က ကာဆန္ဆီကို ေရာက္လာခဲ့ၿပီး သူနဲ႔အတူ အကယ္ဒမီဂိုးသမားတစ္ဦးပါ အရန္ခုံမွာ လာေရာက္ပူးေပါင္းရဖြယ္ရွိေနတာပါ။

ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ ၃ ဂိုးေပးခဲ့ရတဲ့ ဂိုးသမားဟာ ဖယ္ရန္ ေတာရက္စ္ရဲ႕ ဟက္ထရစ္နဲ႔ ကယ္တင္မႈေၾကာင့္သာ မ်က္ႏွာမပ်က္ခဲ့ရဘဲ ကံေကာင္းခဲ့ခ်ိန္မွာ ဂ်ိဳးဝီေလာ့ခ္ရဲ႕ ပင္နယ္တီတစ္ဂိုးကိုေတာ့ ကာကြယ္သြားႏိုင္ခဲ့ေပမယ့္ ဒါက သိပ္အလုပ္မျဖစ္ခဲ့ဘဲ ျပန္ပိတ္သြင္းခံခဲ့ရတာလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီတစ္ပတ္မွာ လက္စတာစီးတီးအသင္းကို အေဝးကြင္း ကင္းပါဝါမွာ သြားေရာက္ကစားရဖို႔ ရွိေနၿပီး သူတို႔ရဲ႕
ဘယ္ေတာင္ပံခံစစ္က အေကာင္းဆုံးအေနအထားမွာ ရွိမေနခဲ့ခ်ိန္မွာ ဗာဒီဦးေဆာင္လာမယ့္ တိုက္စစ္ကို ရင္ဆိုင္ဖို႔ ကာဆန္အတြက္ေတာ့ ပရိသတ္ေတြ စိတ္မခ်ႏိုင္စရာျဖစ္ေနၿပီး ဘယ္လိုျဖစ္လာမယ္ဆိုတာေတာ့ ပြဲေန႔မွာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTO CREDIT TO OWNERS
SPORTS A2Z.