Analysis International Premier League

ရယ်စရာ ဆောက်ဂိတ်နဲ့ ပိုလန် 1-1 အင်္ဂလန်ပွဲအပြီး မှတ်မှတ်ရရပြောစရာ 7 ချက်

ဂိုးသွင်းရှင် Genius Kane ရဲ့ ကန်ချက်
ဟာရီကိန်းကတော့ ဒီနေ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ခေါင်းတစ်လုံးသာတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၄၁ ဂိုးနဲ့ အသင်းသမိုင်းမှာ ပဉ္စမမြောက်အများဆုံး ဂိုးသွင်းရှင်လည်းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးကတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ အချိန်မှာ သွင်းယူပြခဲ့တာဖြစ်ပြီး နောက်ခံလူ ဘက်ဒ်နာရက်နဲ့ ကွယ်ပြီး လျှပ်တစ်ပြက်ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့ရာမှာ ပိုလန်ဂိုးသမား ရှချက်စနီ ငုတ်တုတ်မေ့သွားခဲ့ရတာပါ၊ ဒီနေ့ပွဲရဲ့ ပြောစရာအကောင်းဆုံးအချက်လည်းဖြစ်ခဲ့ပါတယ်။

၂၅ နှစ်အတွင်း လူမလဲဘဲ ရှေ့လူကို လိုက်မီတဲ့ ဆောက်ဂိတ်
ယူရို ၉၆ တုန်းက ဒီလိုပဲ ဂျာမနီနဲ့ တစ်ပွဲလုံးမှာ လူမလဲဘဲ ကစားခဲ့တဲ့ အင်္ဂလန်နည်းပြဟောင်း တယ်ရီ ဗင်နေဘယ်လ်စ်ရဲ့ ခေါင်းမာမှုမျိုးကို ဒီနေ့မှာ ဆောက်ဂိတ်တစ်ယောက်လိုက်မီသွားခဲ့တာဖြစ်ပြီး သူ့ရှေ့ကလူကတော့ စပိန်နဲ့ပွဲမှာလည်း အချိန်ပို ၁၀၉ မိနစ်မှာ လူ ၃ ယောက်လဲခဲ့သလို နောက်တစ်ပွဲမှာတော့ ပင်နယ်တီရောက်တဲ့အထိ လူမလဲခဲ့တာပါ။ သူ့အသင်းသူ ဟုတ်လှပြီထင်ပြီး လူမလဲခဲ့တဲ့ ဆောက်ဂိတ်ကတော့ ဟာရီကိန်းရဲ့ ဂိုးကို မထိန်းနိုင်ခဲ့ဘဲ နာကျင်အချိန်ပိုမှာ ရှီမိုင်းစကီးက ချေပဂိုးသွင်းသွားခဲ့လို့ အဖိုးတန်သုံးမှတ် ဆုံးရှုံးပြီး တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

မီဒီယာတွေပေါ်မှာ ရယ်စရာဖြစ်ခဲ့ရတဲ့ နည်းပြရဲ့ ပွဲပြီးပြောစကား
ဂျာမနီနဲ့ လူစားမလဲတဲ့ အင်္ဂလန်အသင်းမှာ ကစားသမားအဖြစ် ကစားခဲ့ပြီး ပင်နယ်တီလွဲပြီး ယူရို ၉၆ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်က ထွက်စေတဲ့ နောက်ခံလူဟောင်း ဂါရက်သ် ဆောက်ဂိတ်ဟာ ၂၅ နှစ် အကြာမှာတော့ ကလပ်အသင်းနည်းပြအဆင့်ကို ဖြတ်သန်းပြီး လက်ရွေးစင်အသင်းရဲ့ နည်းပြလည်းဖြစ်နေခဲ့တာပါ။

ဒီနေ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အင်္ဂလန်အသင်းက ပိုလန်အသင်းကို အလုံးစုံထိန်းချုပ်ထားနိုင်လို့ လူမလဲခဲ့တာဆိုတဲ့ စကားက မီဒီယာတွေပေါ်မှာ ဟားစရာဖြစ်ခဲ့ပြီး ကွင်းလယ်က ဘောလုံးမဖြန့်နိုင်ဘဲ ပေးပို့မှုတွေကို တစ်ဖက်ကွင်းလယ်က ပိတ်ဆို့ထားခဲ့လို့ ဘာမှ လုပ်မရဘဲ ဂိုးပေါက်တည့်မှုက ၂ ကြိမ်သာရှိခဲ့ချိန်မှာ ဒီလိုမျိုး ပြောရဲသလားလို့ လှောင်ပြောင်ခံနေရတာလည်းဖြစ်ပါတယ်။

အသင်းကြီးတွေကို ရှုံးသွားနိုင်တာမို့ ဖြေရှင်းရဦးမယ့် ကွင်းလယ်ပြဿနာ
လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းလို အသင်းလတ်တွေက ကွင်းလယ်လူနှစ်ယောက်ကို အမာခံထားပြီး တည်ဆောက်နေတဲ့ အင်္ဂလန်ရဲ့ ကွင်းလယ်ကတော့ ဖန်တီးမှုပိုင်းမှာ နိမ့်ကျနေခဲ့ပြီး လုပ်အားနှုန်းသက်သက်သာ ရှိနေခဲ့တာက ပြဿနာပါ။ ဒါကို ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာလည်း တွေ့မြင်ခဲ့ရပြီး ဒီနေ့ပွဲမှာ ပိုလန်ရဲ့ စနစ်တကျ ပိတ်ဆို့မှုတွေကြား Passing Lanes တွေ လုံးဝ ပျောက်ဆုံးခဲ့ရသလို မေဆန်မောင့်နဲ့ ဂရီးလစ်ရှ်တို့ဆီပါ ဘောလုံးမပေးနိုင်လို့ နောက်ကို ဆင်းယူနေခဲ့ရပါတယ်။

အသင်းရဲ့ အကောင်းဆုံး ဘောလုံးဖြန့်ဝေသူက ကွင်းလယ်အထိုင်က ရိုက်စ်နဲ့ ဖိလစ်တို့ မဟုတ်ဘဲ နောက်ခံလူ မက်ဂွိုင်းယားဖြစ်နေတာကတော့ ဆောက်ဂိတ်ရဲ့ ညံ့ဖျင်းမှုလည်းဖြစ်ပြီး ကွင်းလယ်မှာ Penetrating Pass တွေ ပေးနိုင်တဲ့ ဟန်ဒါဆန်လို ကစားသမားမျိုးကို ချန်ထားခဲ့တာနဲ့ ပွဲရှိန်ကို အတင်အချ မလုပ်တတ်တာတွေက အသင်းကြီးတွေနဲ့ တွေ့ချိန်မှာ ကောင်းကောင်းဒုက္ခရောက်စေနိုင်ပြီး ဆုဖလားတွေနဲ့ ဝေးသွားစေနိုင်တာလည်း ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီး ဂိုးမသွင်းဖို့ တားဆီးနိုင်ခဲ့ပေမယ့်…
အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ဟာရီ မက်ဂွိုင်းယားတို့ဟာ ပိုလန်အသင်းရဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို မိနစ် ၉၀ အပြည့်အထိ ကန်ခွင့်ကောင်းကောင်းမရအောင် ထိန်းချုပ်သွားနိုင်ခဲ့ပြီး သူနဲ့ ဘူစကာတို့ရဲ့ကြားက အတွဲအဖက်ကိုလည်း အာရုံစူးစိုက်မှု အပြည့်နဲ့ ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ သူ့ရဲ့ အနီးကပ်ဖြတ်တင်ဘောကနေ လူစားဝင်ကွင်းလယ်လူ ရှီမိုင်စကီးရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရတာကတော့ တစ်ပွဲလုံးကောင်းခဲ့သူနှစ်ဦးအတွက် အထိနာခဲ့ရတာပါ။

ဘောလုံးပွဲလား နပမ်းပွဲလား မေးရမယ့်ပွဲ
ဒီနေ့ပွဲမှာ အင်္ဂလန်နောက်ခံလူတွေအနေနဲ့ ထွားကျိုင်းတဲ့ ပိုလန်ရဲ့ တိုက်စစ်မှူးနှစ်ယောက်ကို ကာယအင်အားချင်း ယှဉ်ပြိုင်ခဲ့ရသလို ပိုလန်ရဲ့ ဘက်ဒ်နာရက်၊ ဒါဗီဒိုဗစ်ချ်နဲ့ ဂလစ်ခ်တို့ကလည်း စတာလင်နဲ့ ဟာရီကိန်းတို့ကို ဂိုးဧရိယာထဲ တိုးမရအောင် ပိတ်ဆို့သွားခဲ့ပြီး ကွင်းလယ်မှာလည်း ခရာဟိုဗီယက်ခ်က ဂရီးလစ်ရှ်နဲ့ မေဆန်မောင့်တို့အတွက် အတားအဆီးကြီးဖြစ်ခဲ့တာပါ။ မက်ဂွိုင်းယားနဲ့ ဝေါ်လ်ကာတို့ကတော့ အိမ်ကွင်းအားကိုးနဲ့ ကြမ်းဖို့ကြိုးစားတဲ့ ဂလစ်ခ်ကို ရဲရဲရင့်ရင့် တုံ့ပြန်ခဲ့ကြတာက သိပ်ပြီးကြည့်မကောင်းလှပေမယ့် စိတ်ဓာတ်ကိုတော့ ချီးကျူးစရာဖြစ်ခဲ့ရပါတယ်။

Clean Sheet စံချိန်ချိုးနိုင်ဖို့ စောင့်ဆိုင်းရဦးမယ့် အင်္ဂလန်
အင်္ဂလန်အသင်းရဲ့ ပြက္ခဒိန်တစ်နှစ်တာအတွင်း အများဆုံး Clean Sheet ရယူနိုင်ခဲ့တာကတော့ ကမ္ဘာ့ဖလားရခဲ့တဲ့ ၁၉၆၆ ခုနှစ်ကဖြစ်ပြီး ၁၁ ပွဲ အထိ ဂိုးမပေးရအောင် ကစားနိုင်ခဲ့ကြတာပါ။ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ အန်ဒိုရာနဲ့ပွဲအထိ ၁၄ ပွဲကစားပြီးချိန်မှာ ၁၁ ပွဲ ဂိုးမပေးခဲ့ရတာကြောင့် ၁၅ ပွဲမှာ ၁၂ ပွဲ ဂိုးမပေးရဖို့နဲ့ စံချိန်ချိုးဖို့ မျှော်လင့်ခဲ့ကြပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ အင်္ဂလန်ကို ဂိုးသွင်းနိုင်တဲ့ တစ်သင်းတည်းသောသူတွေဖြစ်တဲ့ ပိုလန်တွေက နာကျင်အချိန်ပိုမှာ ချေပဂိုးနဲ့ စိတ်ပျက်စေခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ စံချိန်ချိုးနိုင်ဖို့တော့ အောက်တိုဘာလမှာ ကစားမယ့် ဟန်ဂေရီနဲ့ အိမ်ကွင်းပွဲစဉ်ကို စောင့်ကြည့်ကြရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးသြင္းရွင္ Genius Kane ရဲ႕ ကန္ခ်က္
ဟာရီကိန္းကေတာ့ ဒီေန႔ပြဲမွာ အဂၤလန္အသင္းအတြက္ ေခါင္းတစ္လုံးသာတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီး သြင္းဂိုး ၄၁ ဂိုးနဲ႔ အသင္းသမိုင္းမွာ ပၪၥမေျမာက္အမ်ားဆုံး ဂိုးသြင္းရွင္လည္းျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ သြင္းဂိုးကေတာ့ ဘယ္သူမွ ထင္မွတ္မထားတဲ့ အခ်ိန္မွာ သြင္းယူျပခဲ့တာျဖစ္ၿပီး ေနာက္ခံလူ ဘက္ဒ္နာရက္နဲ႔ ကြယ္ၿပီး လွ်ပ္တစ္ျပက္ကန္ခ်က္ျပင္းျပင္းနဲ႔ သြင္းယူခဲ့ရာမွာ ပိုလန္ဂိုးသမား ရွခ်က္စနီ ငုတ္တုတ္ေမ့သြားခဲ့ရတာပါ၊ ဒီေန႔ပြဲရဲ႕ ေျပာစရာအေကာင္းဆုံးအခ်က္လည္းျဖစ္ခဲ့ပါတယ္။

၂၅ ႏွစ္အတြင္း လူမလဲဘဲ ေရွ႕လူကို လိုက္မီတဲ့ ေဆာက္ဂိတ္
ယူ႐ို ၉၆ တုန္းက ဒီလိုပဲ ဂ်ာမနီနဲ႔ တစ္ပြဲလုံးမွာ လူမလဲဘဲ ကစားခဲ့တဲ့ အဂၤလန္နည္းျပေဟာင္း တယ္ရီ ဗင္ေနဘယ္လ္စ္ရဲ႕ ေခါင္းမာမႈမ်ိဳးကို ဒီေန႔မွာ ေဆာက္ဂိတ္တစ္ေယာက္လိုက္မီသြားခဲ့တာျဖစ္ၿပီး သူ႔ေရွ႕ကလူကေတာ့ စပိန္နဲ႔ပြဲမွာလည္း အခ်ိန္ပို ၁၀၉ မိနစ္မွာ လူ ၃ ေယာက္လဲခဲ့သလို ေနာက္တစ္ပြဲမွာေတာ့ ပင္နယ္တီေရာက္တဲ့အထိ လူမလဲခဲ့တာပါ။ သူ႔အသင္းသူ ဟုတ္လွၿပီထင္ၿပီး လူမလဲခဲ့တဲ့ ေဆာက္ဂိတ္ကေတာ့ ဟာရီကိန္းရဲ႕ ဂိုးကို မထိန္းႏိုင္ခဲ့ဘဲ နာက်င္အခ်ိန္ပိုမွာ ရွီမိုင္းစကီးက ေခ်ပဂိုးသြင္းသြားခဲ့လို႔ အဖိုးတန္သုံးမွတ္ ဆုံးရႈံးၿပီး တစ္မွတ္နဲ႔ ေက်နပ္ခဲ့ရပါတယ္။

မီဒီယာေတြေပၚမွာ ရယ္စရာျဖစ္ခဲ့ရတဲ့ နည္းျပရဲ႕ ပြဲၿပီးေျပာစကား
ဂ်ာမနီနဲ႔ လူစားမလဲတဲ့ အဂၤလန္အသင္းမွာ ကစားသမားအျဖစ္ ကစားခဲ့ၿပီး ပင္နယ္တီလြဲၿပီး ယူ႐ို ၉၆ ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္က ထြက္ေစတဲ့ ေနာက္ခံလူေဟာင္း ဂါရက္သ္ ေဆာက္ဂိတ္ဟာ ၂၅ ႏွစ္ အၾကာမွာေတာ့ ကလပ္အသင္းနည္းျပအဆင့္ကို ျဖတ္သန္းၿပီး လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပလည္းျဖစ္ေနခဲ့တာပါ။

ဒီေန႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာေတာ့ အဂၤလန္အသင္းက ပိုလန္အသင္းကို အလုံးစုံထိန္းခ်ဳပ္ထားႏိုင္လို႔ လူမလဲခဲ့တာဆိုတဲ့ စကားက မီဒီယာေတြေပၚမွာ ဟားစရာျဖစ္ခဲ့ၿပီး ကြင္းလယ္က ေဘာလုံးမျဖန႔္ႏိုင္ဘဲ ေပးပို႔မႈေတြကို တစ္ဖက္ကြင္းလယ္က ပိတ္ဆို႔ထားခဲ့လို႔ ဘာမွ လုပ္မရဘဲ ဂိုးေပါက္တည့္မႈက ၂ ႀကိမ္သာရွိခဲ့ခ်ိန္မွာ ဒီလိုမ်ိဳး ေျပာရဲသလားလို႔ ေလွာင္ေျပာင္ခံေနရတာလည္းျဖစ္ပါတယ္။

အသင္းႀကီးေတြကို ရႈံးသြားႏိုင္တာမို႔ ေျဖရွင္းရဦးမယ့္ ကြင္းလယ္ျပႆနာ
လိဒ္စ္ယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းလို အသင္းလတ္ေတြက ကြင္းလယ္လူႏွစ္ေယာက္ကို အမာခံထားၿပီး တည္ေဆာက္ေနတဲ့ အဂၤလန္ရဲ႕ ကြင္းလယ္ကေတာ့ ဖန္တီးမႈပိုင္းမွာ နိမ့္က်ေနခဲ့ၿပီး လုပ္အားႏႈန္းသက္သက္သာ ရွိေနခဲ့တာက ျပႆနာပါ။ ဒါကို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း ေတြ႕ျမင္ခဲ့ရၿပီး ဒီေန႔ပြဲမွာ ပိုလန္ရဲ႕ စနစ္တက် ပိတ္ဆို႔မႈေတြၾကား Passing Lanes ေတြ လုံးဝ ေပ်ာက္ဆုံးခဲ့ရသလို ေမဆန္ေမာင့္နဲ႔ ဂရီးလစ္ရွ္တို႔ဆီပါ ေဘာလုံးမေပးႏိုင္လို႔ ေနာက္ကို ဆင္းယူေနခဲ့ရပါတယ္။

အသင္းရဲ႕ အေကာင္းဆုံး ေဘာလုံးျဖန႔္ေဝသူက ကြင္းလယ္အထိုင္က ႐ိုက္စ္နဲ႔ ဖိလစ္တို႔ မဟုတ္ဘဲ ေနာက္ခံလူ မက္ဂြိဳင္းယားျဖစ္ေနတာကေတာ့ ေဆာက္ဂိတ္ရဲ႕ ညံ့ဖ်င္းမႈလည္းျဖစ္ၿပီး ကြင္းလယ္မွာ Penetrating Pass ေတြ ေပးႏိုင္တဲ့ ဟန္ဒါဆန္လို ကစားသမားမ်ိဳးကို ခ်န္ထားခဲ့တာနဲ႔ ပြဲရွိန္ကို အတင္အခ် မလုပ္တတ္တာေတြက အသင္းႀကီးေတြနဲ႔ ေတြ႕ခ်ိန္မွာ ေကာင္းေကာင္းဒုကၡေရာက္ေစႏိုင္ၿပီး ဆုဖလားေတြနဲ႔ ေဝးသြားေစႏိုင္တာလည္း ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီး ဂိုးမသြင္းဖို႔ တားဆီးႏိုင္ခဲ့ေပမယ့္…
အဂၤလန္ေနာက္ခံလူေတြျဖစ္တဲ့ ဂြၽန္စတုန္းစ္နဲ႔ ဟာရီ မက္ဂြိဳင္းယားတို႔ဟာ ပိုလန္အသင္းရဲ႕ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို မိနစ္ ၉၀ အျပည့္အထိ ကန္ခြင့္ေကာင္းေကာင္းမရေအာင္ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီး သူနဲ႔ ဘူစကာတို႔ရဲ႕ၾကားက အတြဲအဖက္ကိုလည္း အာ႐ုံစူးစိုက္မႈ အျပည့္နဲ႔ ဖ်က္ဆီးႏိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ သူ႔ရဲ႕ အနီးကပ္ျဖတ္တင္ေဘာကေန လူစားဝင္ကြင္းလယ္လူ ရွီမိုင္စကီးရဲ႕ ေခါင္းတိုက္ဂိုးကို ခြင့္ျပဳခဲ့ရတာကေတာ့ တစ္ပြဲလုံးေကာင္းခဲ့သူႏွစ္ဦးအတြက္ အထိနာခဲ့ရတာပါ။

ေဘာလုံးပြဲလား နပမ္းပြဲလား ေမးရမယ့္ပြဲ
ဒီေန႔ပြဲမွာ အဂၤလန္ေနာက္ခံလူေတြအေနနဲ႔ ထြားက်ိဳင္းတဲ့ ပိုလန္ရဲ႕ တိုက္စစ္မႉးႏွစ္ေယာက္ကို ကာယအင္အားခ်င္း ယွဥ္ၿပိဳင္ခဲ့ရသလို ပိုလန္ရဲ႕ ဘက္ဒ္နာရက္၊ ဒါဗီဒိုဗစ္ခ်္နဲ႔ ဂလစ္ခ္တို႔ကလည္း စတာလင္နဲ႔ ဟာရီကိန္းတို႔ကို ဂိုးဧရိယာထဲ တိုးမရေအာင္ ပိတ္ဆို႔သြားခဲ့ၿပီး ကြင္းလယ္မွာလည္း ခရာဟိုဗီယက္ခ္က ဂရီးလစ္ရွ္နဲ႔ ေမဆန္ေမာင့္တို႔အတြက္ အတားအဆီးႀကီးျဖစ္ခဲ့တာပါ။ မက္ဂြိဳင္းယားနဲ႔ ေဝၚလ္ကာတို႔ကေတာ့ အိမ္ကြင္းအားကိုးနဲ႔ ၾကမ္းဖို႔ႀကိဳးစားတဲ့ ဂလစ္ခ္ကို ရဲရဲရင့္ရင့္ တုံ႔ျပန္ခဲ့ၾကတာက သိပ္ၿပီးၾကည့္မေကာင္းလွေပမယ့္ စိတ္ဓာတ္ကိုေတာ့ ခ်ီးက်ဴးစရာျဖစ္ခဲ့ရပါတယ္။

Clean Sheet စံခ်ိန္ခ်ိဳးႏိုင္ဖို႔ ေစာင့္ဆိုင္းရဦးမယ့္ အဂၤလန္
အဂၤလန္အသင္းရဲ႕ ျပကၡဒိန္တစ္ႏွစ္တာအတြင္း အမ်ားဆုံး Clean Sheet ရယူႏိုင္ခဲ့တာကေတာ့ ကမာၻ႔ဖလားရခဲ့တဲ့ ၁၉၆၆ ခုႏွစ္ကျဖစ္ၿပီး ၁၁ ပြဲ အထိ ဂိုးမေပးရေအာင္ ကစားႏိုင္ခဲ့ၾကတာပါ။ ဒီႏွစ္မွာလည္း ၿပီးခဲ့တဲ့ အန္ဒိုရာနဲ႔ပြဲအထိ ၁၄ ပြဲကစားၿပီးခ်ိန္မွာ ၁၁ ပြဲ ဂိုးမေပးခဲ့ရတာေၾကာင့္ ၁၅ ပြဲမွာ ၁၂ ပြဲ ဂိုးမေပးရဖို႔နဲ႔ စံခ်ိန္ခ်ိဳးဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ အဂၤလန္ကို ဂိုးသြင္းႏိုင္တဲ့ တစ္သင္းတည္းေသာသူေတြျဖစ္တဲ့ ပိုလန္ေတြက နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုးနဲ႔ စိတ္ပ်က္ေစခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ထဲမွာ စံခ်ိန္ခ်ိဳးႏိုင္ဖို႔ေတာ့ ေအာက္တိုဘာလမွာ ကစားမယ့္ ဟန္ေဂရီနဲ႔ အိမ္ကြင္းပြဲစဥ္ကို ေစာင့္ၾကည့္ၾကရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.