Other Premier League Serie A

ရွန်းနီအနစ်နာခံလုပ်ပေးသမျှကို CR7 စံစားခဲ့ရတာလို့ ဇလာတန် ဘာကြောင့် ထုတ်ပြောခဲ့တာလဲ

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ၁၂ နှစ်ခွဲခွာထားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပေါင်းထုပ်ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ တကျော့ပြန် ပေါက်ကွဲပြဖို့ စိတ်အားထက်သန်နေပြီး ပရိသတ်တွေအတွက် ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်ဂျာစီနဲ့ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်သလို နယူးကာဆယ်နဲ့ပွဲမှာ အိုးထရက်ဖို့ဒ်ပွဲဦးထွက်ကစားနိုင်ဖို့ ရှိနေပါတယ်။

၂၀၀၃ ခုနှစ်က ၂၀၀၉ ခုနှစ်အထိ ၆ နှစ်ကြာ ယူနိုက်တက်မှာ အမြင့်ပျံသန်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဆီ စိန်ခေါ်မှုအသစ်ကို ရှာဖွေသွားခဲ့တဲ့ ပေါ်တူဂီသားကြီးဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးကို အောင်နိုင်ခဲ့သလို ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး အိပ်မက်ကဇာတ်ရုံကြီးမှာ အောင်လံထူနိုင်ခဲ့ပါတယ်။

အခုတကြိမ်မှာလည်း လူငယ်ဘဝတုန်းကလို အောင်မြင်မှုမျိုးကို ထပ်မံရှာဖွေဖို့ ဂျူဗင်တပ်စ်အသင်းကို စွန့်ခွာပြီး အိမ်ပြန်လာခဲ့တဲ့ အသက် ၃၆ နှစ်သားကြီးဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ရည်သန်ထားသလို ယူနိုက်တက်ပရိသတ်တွေကလည်း သူတို့ရဲ့ ဂန္ထဝင်ကစားသမားကြီးကို ပြန်လည်ပွေ့ဖက်ခွင့်ရခဲ့လို့ အထူးဝမ်းသာပီတိဖြစ်နေကြတာပါ။

အင်္ဂလန်မှာ ကစားခဲ့တဲ့ နောက်ဆုံးရာသီမှာ ရော်နယ်လ်ဒိုဟာ ပြိုင်ဘက်တွေ ဘယ်လိုနည်းနဲ့မှ တလက်မတောင် ထိန်းချုပ်လို့မရတဲ့အထိ လောင်မြိုက်နေအောင် ခြေစွမ်းပြကစားသွားခဲ့ပြီး သူ့ရဲ့ကစားအားက ခြောက်အိပ်မက်ဆိုးမက်စေခဲ့သလို ကစားသမားဘဝအကောင်းဆုံးရာသီတွေထဲက တရာသီဖြစ်ခဲ့ပြီး ဘလွန်ဆုကိုပါ ထိုက်ထိုက်တန်တန် စံစားနိုင်ခဲ့သူပါ။

ဒါပေမယ့် ရော်နယ်လ်ဒိုနဲ့ ပတ်သက်လာရင်တော့ အိုးထရက်ဖို့ဒ်က ပထမအကြိမ်အောင်ပွဲခံနိုင်မှုမှာ မထောက်ခံပေးနိုင်တဲ့သူတဦးရှိနေပြီး အဲဒါကတော့ သူ့ရဲ့စီနီယာပြိုင်ဘက်ကောင်းကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ်ပါ။ သူကတော့ ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ခဲ့ချိန်က ​ခြေစွမ်းတွေကို အထင်မကြီးလှဘူးလို့ သိရှိရပါတယ်။

၂၀၁၅ ခုနှစ်က BBC နဲ့ အင်တာဗျူးမှာ မိုဗစ်ချ်က ရော်နယ်လ်ဒိုရဲ့လုပ်ဆောင်မှုတွေနဲ့ အောင်မြင်မှုအများစုဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ကျေးဇူးကြောင့်သာဖြစ်ပြီး ဒီထက်ပိုပြီး ဂုဏ်ပြုထိုက်တဲ့သူက ကွင်းထဲမှာ ရော်နယ်လ်ဒိုတောက်ပနိုင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံပြီး ဝန်းရံပေးဆပ်ခဲ့တဲ့ ဝိန်းရွန်းနီသာဖြစ်တယ်လို့ ခပ်ဘွင်းဘွင်းပဲ ပြောကြားသွားခဲ့တာပါ။

” တကယ့်ကြီးမြတ်ပါတယ်ဆိုတဲ့ ကစားသမားကောင်းတွေဟာ သူတို့ အကောင်းဆုံးအချိန်အခါတွေကို ၁ နှစ်ကနေ ၃ နှစ်ဝန်းကျင်အထိ စံစားခွင့်ရကြပါတယ်။ ဒါကြောင့် ၅ နှစ်ကျော် သို့ ၁၀ နှစ်ဝန်းကျင်အထိ အမြင့်ဆုံးခြေစွမ်းပြနိုင်ဖို့ဆိုရင်တော့ ဝိန်းရွန်နီလို ပေးဆပ်နိုင်တဲ့ အသင်းဖော်ကောင်းမျိုးကို လိုအပ်ပါတယ်”

” သူလုပ်ပြခဲ့သမျှက တကယ်တမ်းမှာ မလွယ်ကူလှပါဘူး။ အသင်းကြီးတသင်းမှာ နေ့တိုင်းခြေစွမ်းပြနိုင်ဖို့ဆိုတာ သက်ရောက်လာတဲ့ ဖိအားဒဏ်တွေကို ကြံ့ကြံ့ခံပြီး ကစားရတာပါ။ သူက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့တွဲကစားခဲ့တုန်းက အောက်ခြေသိမ်းကအစ မတွက်ကပ်ဘူး။ အကုန်လိုက်လုပ်ပေးခဲ့သူပါ”

” ဒါပေမယ့် ရွန်နီက သူနဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုခံရတဲ့ ဂုဏ်သိက္ခာကိုတော့ သိပ်များများစားစား မရခဲ့ရှာပါဘူး။ ဘာကြောင့်လဲဆိုတော့ ရော်နယ်လ်ဒိုကပဲ ရလာတဲ့ ဂိုးအခွင့်အရေးတိုင်းကို ဒိုင်ခံသွင်းယူနေနိုင်ခဲ့လို့ပါ။” လို့ ဇလာတန် အီဘရာဟီမိုဗစ်ချ်က ပြောဆိုသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ၁၂ ႏွစ္ခြဲခြာထားခဲ့ရတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ျပန္လည္ေပါင္းထုပ္ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္မွာ တေက်ာ့ျပန္ ေပါက္ကြဲျပဖို႔ စိတ္အားထက္သန္ေနၿပီး ပရိသတ္ေတြအတြက္ ရက္ပိုင္းအတြင္းမွာပဲ ယူႏိုက္တက္ဂ်ာစီနဲ႔ ျပန္လည္ျမင္ေတြ႕ရေတာ့မွာျဖစ္သလို နယူးကာဆယ္နဲ႔ပြဲမွာ အိုးထရက္ဖို႔ဒ္ပြဲဦးထြက္ကစားႏိုင္ဖို႔ ရွိေနပါတယ္။

၂၀၀၃ ခုႏွစ္က ၂၀၀၉ ခုႏွစ္အထိ ၆ ႏွစ္ၾကာ ယူႏိုက္တက္မွာ အျမင့္ပ်ံသန္းခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဆီ စိန္ေခၚမႈအသစ္ကို ရွာေဖြသြားခဲ့တဲ့ ေပၚတူဂီသားႀကီးဟာ ပရီးမီးယားလိဂ္ဖလား ၃ လုံးကို ေအာင္ႏိုင္ခဲ့သလို ၂၀၀၈ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကိုပါ သိမ္းပိုက္ႏိုင္ခဲ့ၿပီး အိပ္မက္ကဇာတ္႐ုံႀကီးမွာ ေအာင္လံထူႏိုင္ခဲ့ပါတယ္။

အခုတႀကိမ္မွာလည္း လူငယ္ဘဝတုန္းကလို ေအာင္ျမင္မႈမ်ိဳးကို ထပ္မံရွာေဖြဖို႔ ဂ်ဴဗင္တပ္စ္အသင္းကို စြန္႔ခြာၿပီး အိမ္ျပန္လာခဲ့တဲ့ အသက္ ၃၆ ႏွစ္သားႀကီးဟာ ဒီႏွစ္ရာသီမွာ ပရီးမီးယားလိဂ္ဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ရည္သန္ထားသလို ယူႏိုက္တက္ပရိသတ္ေတြကလည္း သူတို႔ရဲ႕ ဂႏၴဝင္ကစားသမားႀကီးကို ျပန္လည္ေပြ႕ဖက္ခြင့္ရခဲ့လို႔ အထူးဝမ္းသာပီတိျဖစ္ေနၾကတာပါ။

အဂၤလန္မွာ ကစားခဲ့တဲ့ ေနာက္ဆုံးရာသီမွာ ေရာ္နယ္လ္ဒိုဟာ ၿပိဳင္ဘက္ေတြ ဘယ္လိုနည္းနဲ႔မွ တလက္မေတာင္ ထိန္းခ်ဳပ္လို႔မရတဲ့အထိ ေလာင္ၿမိဳက္ေနေအာင္ ေျခစြမ္းျပကစားသြားခဲ့ၿပီး သူ႔ရဲ႕ကစားအားက ေျခာက္အိပ္မက္ဆိုးမက္ေစခဲ့သလို ကစားသမားဘဝအေကာင္းဆုံးရာသီေတြထဲက တရာသီျဖစ္ခဲ့ၿပီး ဘလြန္ဆုကိုပါ ထိုက္ထိုက္တန္တန္ စံစားႏိုင္ခဲ့သူပါ။

ဒါေပမယ့္ ေရာ္နယ္လ္ဒိုနဲ႔ ပတ္သက္လာရင္ေတာ့ အိုးထရက္ဖို႔ဒ္က ပထမအႀကိမ္ေအာင္ပြဲခံႏိုင္မႈမွာ မေထာက္ခံေပးႏိုင္တဲ့သူတဦးရွိေနၿပီး အဲဒါကေတာ့ သူ႔ရဲ႕စီနီယာၿပိဳင္ဘက္ေကာင္းႀကီး ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ပါ။ သူကေတာ့ ေရာ္နယ္လ္ဒိုရဲ႕ ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ခဲ့ခ်ိန္က ​ေျခစြမ္းေတြကို အထင္မႀကီးလွဘူးလို႔ သိရွိရပါတယ္။

၂၀၁၅ ခုႏွစ္က BBC နဲ႔ အင္တာဗ်ဴးမွာ မိုဗစ္ခ်္က ေရာ္နယ္လ္ဒိုရဲ႕လုပ္ေဆာင္မႈေတြနဲ႔ ေအာင္ျမင္မႈအမ်ားစုဟာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေက်းဇူးေၾကာင့္သာျဖစ္ၿပီး ဒီထက္ပိုၿပီး ဂုဏ္ျပဳထိုက္တဲ့သူက ကြင္းထဲမွာ ေရာ္နယ္လ္ဒိုေတာက္ပႏိုင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံၿပီး ဝန္းရံေပးဆပ္ခဲ့တဲ့ ဝိန္း႐ြန္းနီသာျဖစ္တယ္လို႔ ခပ္ဘြင္းဘြင္းပဲ ေျပာၾကားသြားခဲ့တာပါ။

” တကယ့္ႀကီးျမတ္ပါတယ္ဆိုတဲ့ ကစားသမားေကာင္းေတြဟာ သူတို႔ အေကာင္းဆုံးအခ်ိန္အခါေတြကို ၁ ႏွစ္ကေန ၃ ႏွစ္ဝန္းက်င္အထိ စံစားခြင့္ရၾကပါတယ္။ ဒါေၾကာင့္ ၅ ႏွစ္ေက်ာ္ သို႔ ၁၀ ႏွစ္ဝန္းက်င္အထိ အျမင့္ဆုံးေျခစြမ္းျပႏိုင္ဖို႔ဆိုရင္ေတာ့ ဝိန္း႐ြန္နီလို ေပးဆပ္ႏိုင္တဲ့ အသင္းေဖာ္ေကာင္းမ်ိဳးကို လိုအပ္ပါတယ္”

” သူလုပ္ျပခဲ့သမွ်က တကယ္တမ္းမွာ မလြယ္ကူလွပါဘူး။ အသင္းႀကီးတသင္းမွာ ေန႔တိုင္းေျခစြမ္းျပႏိုင္ဖို႔ဆိုတာ သက္ေရာက္လာတဲ့ ဖိအားဒဏ္ေတြကို ႀကံ့ႀကံ့ခံၿပီး ကစားရတာပါ။ သူက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔တြဲကစားခဲ့တုန္းက ေအာက္ေျခသိမ္းကအစ မတြက္ကပ္ဘူး။ အကုန္လိုက္လုပ္ေပးခဲ့သူပါ”

” ဒါေပမယ့္ ႐ြန္နီက သူနဲ႔ထိုက္တန္တဲ့ အသိအမွတ္ျပဳခံရတဲ့ ဂုဏ္သိကၡာကိုေတာ့ သိပ္မ်ားမ်ားစားစား မရခဲ့ရွာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေရာ္နယ္လ္ဒိုကပဲ ရလာတဲ့ ဂိုးအခြင့္အေရးတိုင္းကို ဒိုင္ခံသြင္းယူေနႏိုင္ခဲ့လို႔ပါ။” လို႔ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္က ေျပာဆိုသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: