Premier League

ကာရင်တန်မှာ ထရိန်နင်စဆင်းတဲ့ ရော်နယ်လ်ဒို ဗြိတိန်ရာသီဥတုနဲ့ အသားမကျသေးတာလား

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကွာရန်တင်းက ထွက်လာခဲ့ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံး ထရိန်နင်ကို ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် ခေါင်းစွပ်အနွေးထည်နဲ့ ရောက်လာခဲ့တာက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာထဲက မြောက်ပင်လယ်ထဲမှာ ဥရောပနိုင်ငံအများစုထက် အအေးပိုတဲ့ နေရာဖြစ်ပြီး နေရောင်ရရှိမှု နည်းပါးလို့ လက်တင် အမေရိကနဲ့ အီတလီက ပြောင်းရွှေ့လာတဲ့ ကစားသမားတွေ မကြိုက်ကြတဲ့ အင်္ဂလန်မှာ လောလောဆယ် အပူလှိုင်းဖြတ်နေခဲ့လို့ နေ့အပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်ရှိနေခဲ့တာတောင် ပေါ်တူဂီသားကြီးအနေနဲ့ အနွေးထည်နဲ့ဖြစ်နေခဲ့တာပါ။

နည်းပြ ဆိုးလ်ရှားနဲ့ လာရောက်တွေ့ဆုံစဉ် အဆောက်အဦထဲမှာ ရှိနေခဲ့ပေမယ့် ၃၆ နှစ်သားကြီးအနေနဲ့ ၄၂၅ ပေါင်တန် လိုဝီခေါင်းစွပ် အနွေးထည်ကို လူငယ်ဆန်ဆန် ဝတ်ဆင်ထားခဲ့ပြီး အဝတ်အထည် လမ်းညွှန်တွေမှာ ဒီအနွေးထည်ဟာ အပူထိန်းသိမ်းမှုကို အထူးကောင်းမွန်စေတယ်လို့ ဆိုထားခဲ့တာကြောင့် ပရိသတ်တွေက အံ့ဩနေခဲ့ကြတာပါ။

တချို့ပရိသတ်တွေကတော့ ဒီအပူချိန်မှာ အနွေးထည်ဝတ်နေတာဟာ ရော်နယ်လ်ဒိုတစ်ယောက် နေရောကောင်းရဲ့လားလို့ ပူပန်နေကြပြီး ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေကြသလို တချို့တွေကတော့ အီတလီနဲ့ ပေါ်တူဂီက လာခဲ့ချိန်မှာ ဒီမှာ ပူနေတဲ့ ရာသီလို့ ပြောနိုင်တာတောင် ချမ်းနေလားလို့ စနောက်နေခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ မနေ့က နော်ဝေသားနည်းပြကြီးနဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေအတွက် တွေ့ဆုံဆွေးနွေးခဲ့သလို လေ့ကျင့်ကွင်းထဲကိုပါ အသင်းဖော် ဟွမ်မာတာနဲ့အတူ ခြေချသွားခဲ့ပြီး ကိုဗစ်စည်းမျဉ်းတွေအရ ဆေးစစ်မှုတွေမှာလည်း Day 5 Test ကို လွန်မြောက်နိုင်ခဲ့တဲ့အတွက် လာမယ့် နယူးကာဆယ်လ်နဲ့ပွဲမှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆနေကြတာပါ။

ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာလာပြီး ပေါ်တူဂီနိုင်ငံ ဖာရိုမြို့မှာ အိုင်ယာလန်နဲ့ ပွဲကစားခဲ့ချိန်မှာ သွင်းဂိုးနှစ်ဂိုးနဲ့ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ တိုက်စစ်မှူးကြီးအနေနဲ့ သူ့ရဲ့ ကစားသမားဘဝအစပိုင်း တောက်ပခဲ့ရာ အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန် ရောက်ရှိခဲ့ချိန်မှာ အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားလည်းဖြစ်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၈၅၀၀၀ နဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ လုပ်ခအများဆုံး ကစားသမားအဖြစ် ဂိုးသမား ဒေးဗစ် ဒဟေးယားကို ကျော်တက်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ နယူးကာဆယ်လ်နဲ့ ပွဲစဉ်မှာ ပွဲထွက်ဖို့ထက် အရန်ခုံကနေ စတင်ဝင်ရောက်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြပြီး နောက်တစ်ပတ် အင်္ဂါနေ့ညမှာ ကစားမယ့် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ပွဲထွက်လာဖွယ်ရှိနေတယ်လို့လည်း ဆိုနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ကြာရန္တင္းက ထြက္လာခဲ့ၿပီး နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ ေတြ႕ဆုံခဲ့သလို မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပထမဆုံး ထရိန္နင္ကို ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ျပဳလုပ္ခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတစ္ေယာက္ ေခါင္းစြပ္အေႏြးထည္နဲ႔ ေရာက္လာခဲ့တာက ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

အတၱလႏၲိတ္သမုဒၵရာထဲက ေျမာက္ပင္လယ္ထဲမွာ ဥေရာပႏိုင္ငံအမ်ားစုထက္ အေအးပိုတဲ့ ေနရာျဖစ္ၿပီး ေနေရာင္ရရွိမႈ နည္းပါးလို႔ လက္တင္ အေမရိကနဲ႔ အီတလီက ေျပာင္းေ႐ႊ႕လာတဲ့ ကစားသမားေတြ မႀကိဳက္ၾကတဲ့ အဂၤလန္မွာ ေလာေလာဆယ္ အပူလႈိင္းျဖတ္ေနခဲ့လို႔ ေန႔အပူခ်ိန္ ၃၀ ဒီဂရီ ဆဲလ္စီးယပ္ရွိေနခဲ့တာေတာင္ ေပၚတူဂီသားႀကီးအေနနဲ႔ အေႏြးထည္နဲ႔ျဖစ္ေနခဲ့တာပါ။

နည္းျပ ဆိုးလ္ရွားနဲ႔ လာေရာက္ေတြ႕ဆုံစဥ္ အေဆာက္အဦထဲမွာ ရွိေနခဲ့ေပမယ့္ ၃၆ ႏွစ္သားႀကီးအေနနဲ႔ ၄၂၅ ေပါင္တန္ လိုဝီေခါင္းစြပ္ အေႏြးထည္ကို လူငယ္ဆန္ဆန္ ဝတ္ဆင္ထားခဲ့ၿပီး အဝတ္အထည္ လမ္းၫႊန္ေတြမွာ ဒီအေႏြးထည္ဟာ အပူထိန္းသိမ္းမႈကို အထူးေကာင္းမြန္ေစတယ္လို႔ ဆိုထားခဲ့တာေၾကာင့္ ပရိသတ္ေတြက အံ့ဩေနခဲ့ၾကတာပါ။

တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီအပူခ်ိန္မွာ အေႏြးထည္ဝတ္ေနတာဟာ ေရာ္နယ္လ္ဒိုတစ္ေယာက္ ေနေရာေကာင္းရဲ႕လားလို႔ ပူပန္ေနၾကၿပီး ဘာမွ မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေနၾကသလို တခ်ိဳ႕ေတြကေတာ့ အီတလီနဲ႔ ေပၚတူဂီက လာခဲ့ခ်ိန္မွာ ဒီမွာ ပူေနတဲ့ ရာသီလို႔ ေျပာႏိုင္တာေတာင္ ခ်မ္းေနလားလို႔ စေနာက္ေနခဲ့ၾကပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ မေန႔က ေနာ္ေဝသားနည္းျပႀကီးနဲ႔ ေရွ႕ဆက္ရမယ့္ လုပ္ငန္းစဥ္ေတြအတြက္ ေတြ႕ဆုံေဆြးေႏြးခဲ့သလို ေလ့က်င့္ကြင္းထဲကိုပါ အသင္းေဖာ္ ဟြမ္မာတာနဲ႔အတူ ေျခခ်သြားခဲ့ၿပီး ကိုဗစ္စည္းမ်ဥ္းေတြအရ ေဆးစစ္မႈေတြမွာလည္း Day 5 Test ကို လြန္ေျမာက္ႏိုင္ခဲ့တဲ့အတြက္ လာမယ့္ နယူးကာဆယ္လ္နဲ႔ပြဲမွာ ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယူဆေနၾကတာပါ။

ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာလာၿပီး ေပၚတူဂီႏိုင္ငံ ဖာ႐ိုၿမိဳ႕မွာ အိုင္ယာလန္နဲ႔ ပြဲကစားခဲ့ခ်ိန္မွာ သြင္းဂိုးႏွစ္ဂိုးနဲ႔ ကမာၻ႔စံခ်ိန္တင္ခဲ့တဲ့ တိုက္စစ္မႉးႀကီးအေနနဲ႔ သူ႔ရဲ႕ ကစားသမားဘဝအစပိုင္း ေတာက္ပခဲ့ရာ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္ ေရာက္ရွိခဲ့ခ်ိန္မွာ အသင္းရဲ႕ လုပ္ခအမ်ားဆုံး ကစားသမားလည္းျဖစ္ခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၃၈၅၀၀၀ နဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ လုပ္ခအမ်ားဆုံး ကစားသမားအျဖစ္ ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ေက်ာ္တက္ႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ နယူးကာဆယ္လ္နဲ႔ ပြဲစဥ္မွာ ပြဲထြက္ဖို႔ထက္ အရန္ခုံကေန စတင္ဝင္ေရာက္ဖြယ္ရွိတယ္လို႔လည္း ခန႔္မွန္းေနၾကၿပီး ေနာက္တစ္ပတ္ အဂၤါေန႔ညမွာ ကစားမယ့္ ယန္းဘြိဳင္းစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုေတာ့ ပြဲထြက္လာဖြယ္ရွိေနတယ္လို႔လည္း ဆိုေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.