Other Premier League Transfer News

မိအေးနှစ်ခါနာခဲ့ရတဲ့ ဗန်ဒဘိခ်ရဲ့ အပြောင်းအရွှေ့ပျက်စီးမှုကြောင့် အေးဂျင့်ဘက်က ဆိုးလ်ရှားကို ဘယ်လိုဝုန်းသွားခဲ့လဲ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ Deadline Day မှာ အသင်းသစ်ရှာဖွေနေတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ ထွက်ခွာမှုကို ပိတ်ဆို့သွားခဲ့ပြီး လုံးဝခွင့်မပြုခဲ့ဘူးလို့ ကစားသမားရဲ့အေးဂျင့် ဂွီဒို အယ်လ်ဘားစ်က လူသိရှင်ကြား ထုတ်ဖော်သွားခဲ့ပြီး အသက် ၂၄ နှစ်သားရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ နည်းပြ ဆိုးလ်ရှားကို ဖိအားပေးသွားခဲ့ပါတယ်။

ဒတ်ချ်သားကို စိတ်ဝင်စားမှုမှာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်း​က အငှားခေါ်ယူလိုခဲ့ပေမယ့် ဆိုးလ်ရှားက ကစားသမားအတွက် လုံးဝအညှိမခံခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပြီး အေးဂျင့်ဘက်ကလည်း သူ့ကစားသမားဟာ နာကျင်ခံစားနေရပြီဖြစ်ကြောင်း ပေါက်ကွဲသွားခဲ့ပါသေးတယ်။

” ဒီနေ့တနေ့လုံး သူ့အတွက် အသင်းသစ်ရှာပေးဖို့ ကျွန်တော်ပြင်ဆင်နေတာပါ။ အလုပ်ကိုသေချာလုပ်ခဲ့ပါတယ်။ အသင်းသစ်လည်း ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က အရာရာအားလုံးကို ပိတ်ဆို့ပစ်ခဲ့ပါတယ်။ အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်ကလပ်အသင်းတွေဆီက စိတ်ဝင်တစားကမ်းလှမ်းမှုတွေ ရှိနေခဲ့ပါတယ်”

” ကျွန်တော်ဒီကိစ္စကို မဖော်ထုတ်ချင်ပါဘူး။ ဒွန်နီ ဘာလိုချင်လဲဆိုတာ လူတိုင်းသိပါတယ်။ သူဘောလုံးကစားချင်တယ်။ သူအရမ်းချစ်မြတ်နိုးလှတဲ့အရာပါ။ ပွဲထွက်ခွင့်ကို လိုအပ်နေပါတယ်။ ယူနိုက်တက်က အစပိုင်းမှာ အသင်းပြောင်းခွင့်ပေးမလိုလိုနဲ့ အရာရာဖြတ်တောက်ပစ်ခဲ့ပါတယ်”

“ကစားသမားအတွက် သိပ်နာကျင်ဖို့ကောင်းပါတယ်” လို့ အေးဂျင့်ဖြစ်သူက ပြောဆိုသွားခဲ့ချိန်မှာ နယ်သာလန်နည်းပြချုပ် လူးဝစ် ဗန်ဟားကလည်း VDB ဟာ ပုံမှန်ပွဲကစားထားခြင်းမရှိတာကြောင့် ကမ္ဘာ့ဖလား​ခြေစစ်ပွဲကစားမယ့် လက်ရွေးစင်လူစာရင်းမှာ မရွေးချယ်နိုင်ခဲ့ဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့သလို ဒတ်ချ်ကွင်းလယ်လူအတွက်တော့ မိအေးနှစ်ခါနာစေတဲ့ အဖြစ်ကို ကြုံနေရတာပါ။

ဒါ့အပြင် ကွင်းလယ်လူနှစ်ဦးနေရာမှာ ဗန်ဒဘိခ်ကို တနေရာပေးသွားမယ်လို့ ဝုဗ်စ်နဲ့ပွဲကြို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ပြောဆိုမှုဟာ ကတိမတည်နိုင်ခဲ့သေးတာကို တွေ့ရပြီး သူဟာ အသက် ၂၄ နှစ်သားရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြစ်တင်ခံလာရပြီလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက ” တိုက်စစ်လိုက်ပါမယ့် ကွင်းလယ်လူတဦးကိုတော့ ကျွန်တော်ရွေးချယ်ရမှာပါ။ ဒွန်နီလည်း ဒီနေရာမှာ ကစားနိုင်တယ်။ ပေါ့ဘာလည်းသိပ်ကောင်းပါတယ်။ စကော့ (မက်တော်မီနေး) လည်း သိပ်အံဝင်နေ​ပါတယ်။ ဒွန်နီလည်း ကောင်းတယ်လို့ ဆိုရမှာပါ။ လိဒ်စ်နဲ့ပွဲမှာ ကျွန်တော့်ဘက်က နီမန်ညာ (မာတစ်ချ်) ကို နေရာပေးခဲ့တယ်ဆိုတာ သူက ရာသီကြိုပြင်ဆင်မှု အကောင်းဆုံးကစားသမားဖြစ်နေလို့ပါ” လို့ အကြောင်းပြချက်ပေးသွားခဲ့ပြီး VDB နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း အစီအစဥ်မရှိသေးတာကိုလည်း တွေ့မြင်နေရဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေျပာင္းအေ႐ႊ႕ Deadline Day မွာ အသင္းသစ္ရွာေဖြေနတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ ထြက္ခြာမႈကို ပိတ္ဆို႔သြားခဲ့ၿပီး လုံးဝခြင့္မျပဳခဲ့ဘူးလို႔ ကစားသမားရဲ႕ေအးဂ်င့္ ဂြီဒို အယ္လ္ဘားစ္က လူသိရွင္ၾကား ထုတ္ေဖာ္သြားခဲ့ၿပီး အသက္ ၂၄ ႏွစ္သားရဲ႕ အနာဂတ္ကို ရွင္းရွင္းလင္းလင္း အသိေပးဖို႔ နည္းျပ ဆိုးလ္ရွားကို ဖိအားေပးသြားခဲ့ပါတယ္။

ဒတ္ခ်္သားကို စိတ္ဝင္စားမႈမွာ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္း​က အငွားေခၚယူလိုခဲ့ေပမယ့္ ဆိုးလ္ရွားက ကစားသမားအတြက္ လုံးဝအညႇိမခံခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရၿပီး ေအးဂ်င့္ဘက္ကလည္း သူ႔ကစားသမားဟာ နာက်င္ခံစားေနရၿပီျဖစ္ေၾကာင္း ေပါက္ကြဲသြားခဲ့ပါေသးတယ္။

” ဒီေန႔တေန႔လုံး သူ႔အတြက္ အသင္းသစ္ရွာေပးဖို႔ ကြၽန္ေတာ္ျပင္ဆင္ေနတာပါ။ အလုပ္ကိုေသခ်ာလုပ္ခဲ့ပါတယ္။ အသင္းသစ္လည္း ရွာေတြ႕ခဲ့တယ္။ ဒါေပမယ့္ ယူႏိုက္တက္ဘက္က အရာရာအားလုံးကို ပိတ္ဆို႔ပစ္ခဲ့ပါတယ္။ အီတလီ၊ ဂ်ာမနီနဲ႔ အဂၤလန္ကလပ္အသင္းေတြဆီက စိတ္ဝင္တစားကမ္းလွမ္းမႈေတြ ရွိေနခဲ့ပါတယ္”

” ကြၽန္ေတာ္ဒီကိစၥကို မေဖာ္ထုတ္ခ်င္ပါဘူး။ ဒြန္နီ ဘာလိုခ်င္လဲဆိုတာ လူတိုင္းသိပါတယ္။ သူေဘာလုံးကစားခ်င္တယ္။ သူအရမ္းခ်စ္ျမတ္ႏိုးလွတဲ့အရာပါ။ ပြဲထြက္ခြင့္ကို လိုအပ္ေနပါတယ္။ ယူႏိုက္တက္က အစပိုင္းမွာ အသင္းေျပာင္းခြင့္ေပးမလိုလိုနဲ႔ အရာရာျဖတ္ေတာက္ပစ္ခဲ့ပါတယ္”

“ကစားသမားအတြက္ သိပ္နာက်င္ဖို႔ေကာင္းပါတယ္” လို႔ ေအးဂ်င့္ျဖစ္သူက ေျပာဆိုသြားခဲ့ခ်ိန္မွာ နယ္သာလန္နည္းျပခ်ဳပ္ လူးဝစ္ ဗန္ဟားကလည္း VDB ဟာ ပုံမွန္ပြဲကစားထားျခင္းမရွိတာေၾကာင့္ ကမာၻ႔ဖလား​ေျခစစ္ပြဲကစားမယ့္ လက္ေ႐ြးစင္လူစာရင္းမွာ မေ႐ြးခ်ယ္ႏိုင္ခဲ့ဘဲ ခ်န္လွပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့သလို ဒတ္ခ်္ကြင္းလယ္လူအတြက္ေတာ့ မိေအးႏွစ္ခါနာေစတဲ့ အျဖစ္ကို ႀကဳံေနရတာပါ။

ဒါ့အျပင္ ကြင္းလယ္လူႏွစ္ဦးေနရာမွာ ဗန္ဒဘိခ္ကို တေနရာေပးသြားမယ္လို႔ ဝုဗ္စ္နဲ႔ပြဲႀကိဳ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ေျပာဆိုမႈဟာ ကတိမတည္ႏိုင္ခဲ့ေသးတာကို ေတြ႕ရၿပီး သူဟာ အသက္ ၂၄ ႏွစ္သားရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးေနတယ္လို႔ စြပ္စြဲျပစ္တင္ခံလာရၿပီလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက ” တိုက္စစ္လိုက္ပါမယ့္ ကြင္းလယ္လူတဦးကိုေတာ့ ကြၽန္ေတာ္ေ႐ြးခ်ယ္ရမွာပါ။ ဒြန္နီလည္း ဒီေနရာမွာ ကစားႏိုင္တယ္။ ေပါ့ဘာလည္းသိပ္ေကာင္းပါတယ္။ စေကာ့ (မက္ေတာ္မီေနး) လည္း သိပ္အံဝင္ေန​ပါတယ္။ ဒြန္နီလည္း ေကာင္းတယ္လို႔ ဆိုရမွာပါ။ လိဒ္စ္နဲ႔ပြဲမွာ ကြၽန္ေတာ့္ဘက္က နီမန္ညာ (မာတစ္ခ်္) ကို ေနရာေပးခဲ့တယ္ဆိုတာ သူက ရာသီႀကိဳျပင္ဆင္မႈ အေကာင္းဆုံးကစားသမားျဖစ္ေနလို႔ပါ” လို႔ အေၾကာင္းျပခ်က္ေပးသြားခဲ့ၿပီး VDB နဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း အစီအစဥ္မရွိေသးတာကိုလည္း ေတြ႕ျမင္ေနရဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.