Bundesliga Premier League

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္နဲ႔ တြဲဖက္ကစားခြင့္ အရခ်င္ဆုံးလုိ႔ ေျပာလုိက္တဲ့ ဟားလန္း

ေဒါ့မြန္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး အာလင္း ဟားလန္းက သူ႕အေနနဲ႔ ေဘာလုံးေလာကကေန အနားယူသြားခဲ့သူေတြထဲက တစ္ဦးနဲ႔ တြဲဖက္ကစားခြင့္ရဦးမယ္ဆုိရင္ ေရြးခ်ယ္မယ့္သူက ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ ကြင္းလယ္လူေဟာင္း ဖရန္႔ လမ္းပတ္ပဲျဖစ္တယ္လို႔ ေျပာၾကားလုိက္ပါတယ္။

ၾသစႀတီးယားကလပ္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းႀကီးေတြ အေစာင့္ၾကည့္ခံရဆုံး ေနာ္ေဝ လက္ေရြးစင္လူငယ္ဟာ ေဆာင္းရာသီမွာေတာ့ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္ကို ေျပာင္းေရႊ႕ခဲ့တာလည္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူမယ့္အသင္းေတြလည္း ရွိေနသူပါ။

အသက္ ၂၀ အရြယ္ နံပါတ္ ၉ တုိက္စစ္မွဴးေလးက ESPN က ျပဳလုပ္တဲ့ အင္စတာဂရမ္ အင္တာဗ်ဴးအစီအစဥ္မွာ ေျဖၾကားေပးသြားခဲ့တာျဖစ္ၿပီး အနားယူသြားခဲ့ၾကသူေတြထဲက တြဲဖက္ကစားခ်င္ဆုံး ကစားသမားက ဘယ္သူလဲလုိ႔ ေမးရာမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ရွင္ လမ္းပတ္ကို ေရြးခ်ယ္ေပးခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ အနာဂတ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ဟားလန္း လက္တြဲႏုိင္မလားလို႔ ခန္႔မွန္းေနၾကၿပီး ကစားသမားဘဝမွာ တြဲကစားခြင့္ မရလုိက္တဲ့ ကြင္းလယ္လူ လမ္းပတ္ကို သူ႕အေနနဲ႔ သူ႕ရဲ႕နည္းျပအျဖစ္ ဆုံစည္းႏိုင္ေသးတယ္လို႔ဆုိခဲ့ၾကသလို အသင္းေဖာ္ ေဂ်ဒန္ ဆန္ခ်ဳိနဲ႔အတူ ခ်ဲလ္ဆီးကို လာဖို႔လည္း ေတာင္းဆုိေနၾကပါတယ္။

အင္စတာဂရမ္ အင္တာဗ်ဴးအစီအစဥ္မွာေတာ့ ဟားလန္းက သူ႕ရဲ႕ အခက္ခဲဆုံးၿပဳိင္ဘက္ကိုေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ႏွစ္ေက်ာ့ယွဥ္ၿပဳိင္ကစားခဲ့ရတဲ့ လီဗာပူးလ္အသင္းရဲ႕ ခံစစ္မွဴး ဗာဂ်ီးလ္ ဗန္ဒိုက္ကို ေရြးခ်ယ္သြားခဲ့ၿပီး ၂၀၂၅ ခုႏွစ္မွာ Ballon d’Or ေရႊေဘာလုံး ဘယ္လြန္ေဒၚဆုကို ဘယ္သူရမလဲဆုိတဲ့ ေမးခြန္းကိုေတာ့ လီယြန္နယ္ မက္ဆီကပဲ ရႏုိင္ဦးမယ္လို႔ ေျဖၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းက သူ့အနေနဲ့ ဘောလုံးလောကကနေ အနားယူသွားခဲ့သူတွေထဲက တစ်ဦးနဲ့ တွဲဖက်ကစားခွင့်ရဦးမယ်ဆိုရင် ရွေးချယ်မယ့်သူက ချဲလ်ဆီးအသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ပဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

သြစတြီးယားကလပ် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေ အစောင့်ကြည့်ခံရဆုံး နော်ဝေ လက်ရွေးစင်လူငယ်ဟာ ဆောင်းရာသီမှာတော့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူမယ့်အသင်းတွေလည်း ရှိနေသူပါ။

အသက် ၂၀ အရွယ် နံပါတ် ၉ တိုက်စစ်မှူးလေးက ESPN က ပြုလုပ်တဲ့ အင်စတာဂရမ် အင်တာဗျူးအစီအစဉ်မှာ ဖြေကြားပေးသွားခဲ့တာဖြစ်ပြီး အနားယူသွားခဲ့ကြသူတွေထဲက တွဲဖက်ကစားချင်ဆုံး ကစားသမားက ဘယ်သူလဲလို့ မေးရာမှာ ချဲလ်ဆီးအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံးစံချိန်ရှင် လမ်းပတ်ကို ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အနာဂတ်မှာ ချဲလ်ဆီးအသင်းနဲ့ ဟားလန်း လက်တွဲနိုင်မလားလို့ ခန့်မှန်းနေကြပြီး ကစားသမားဘဝမှာ တွဲကစားခွင့် မရလိုက်တဲ့ ကွင်းလယ်လူ လမ်းပတ်ကို သူ့အနေနဲ့ သူ့ရဲ့နည်းပြအဖြစ် ဆုံစည်းနိုင်သေးတယ်လို့ဆိုခဲ့ကြသလို အသင်းဖော် ဂျေဒန် ဆန်ချိုနဲ့အတူ ချဲလ်ဆီးကို လာဖို့လည်း တောင်းဆိုနေကြပါတယ်။

အင်စတာဂရမ် အင်တာဗျူးအစီအစဉ်မှာတော့ ဟားလန်းက သူ့ရဲ့ အခက်ခဲဆုံးပြိုင်ဘက်ကိုတော့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နှစ်ကျော့ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှူး ဗာဂျီးလ် ဗန်ဒိုက်ကို ရွေးချယ်သွားခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ Ballon d’Or ရွှေဘောလုံး ဘယ်လွန်ဒေါ်ဆုကို ဘယ်သူရမလဲဆိုတဲ့ မေးခွန်းကိုတော့ လီယွန်နယ် မက်ဆီကပဲ ရနိုင်ဦးမယ်လို့ ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.