Premier League Serie A Transfer News

အေျပာင္းအေရႊ႕ရန္ပုံေငြ ရရွိရန္အတြက္ မစ္ခီတာရီယန္အား အာဆင္နယ္ေရာင္းခ်ဖို႔ ေသခ်ာလာ

အာဆင္နယ္အသင္းအေနနဲ႔ ဒီႏွစ္ထဲမွာ အေျပာင္းအေရႊ႕အတြက္ ကစားသမားအလဲအထပ္နဲ႔ အလြတ္ေျပာင္းေတြကိုပဲ အဓိကထားရမယ္လို႔ အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီက ေျပာၾကားခဲ့အၿပီးမွာ ရန္ပုံေငြ အပုိအလွ်ံရရွိဖို႔ ႐ိုးမားကို အငွားခ်ထားတဲ့ ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္ကို ေရာင္းခ်သြားဖို႔ ေသခ်ာသေလာက္ ရွိလာခဲ့ပါတယ္။

႐ိုးမားအသင္းကို အငွားနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေဈးကြက္ပိတ္ခ်ိန္မွာ ကပ္ၿပီး ေျပာင္းေရႊ႕သြားခဲ့တဲ့ အာေမးနီးယားကြင္းလယ္လူဟာ စီးရီးေအမွာေတာ့ ေျခစြမ္းျပႏုိင္ခဲ့ၿပီး ဒဏ္ရာရရွိခဲ့တာေတာင္မွ သူ႕ရဲ႕ အရည္အေသြးကို ထုတ္ေဖာ္ႏုိင္ခဲ့တဲ့အတြက္ နည္းျပ ေပၚလို ဖြန္ဆီကာနဲ႔ အသင္းေဖာ္သစ္ေတြရဲ႕ ႏွစ္ၿခဳိက္မွဳကို ရရွိခဲ့တာပါ။

ေရာမသားေတြအတြက္ ပြဲ ၂၀ ပါဝင္ကစားထားၿပီးခ်ိန္မွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဖန္တီးမွဳ ၄ ႀကိမ္ ျပဳလုပ္ထားခဲ့တဲ့ အသက္ ၃၁ ႏွစ္အရြယ္ ကြင္းလယ္လူကေတာ့ အာဆင္နယ္အသင္းကို မျပန္ခ်င္ေတာ့ဘူးလို႔ ေျပာၾကားထားခဲ့သလို ႐ိုးမားဘက္ကလည္း သူ႕ကို ဆက္ရွိေနဖို႔ အစြမ္းကုန္ လုပ္ေဆာင္သြားမယ္လို႔ ဆုိထားပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိမွာ ေအးစက္ေနတဲ့ ေဈးကြက္ထဲမွာ သူတုိ႔ ကနဦးသတ္မွတ္ထားခဲ့တဲ့ ေပါင္ ၂၂ သန္းကိုေတာ့ ေလွ်ာ့ခ် ေပးသြားဖြယ္ရွိေနၿပီး မစ္ခီတာရီယန္ရဲ႕ အေျပာင္းအေရႊ႕ကေန ႐ိုးမားအသင္းနဲ႔ ကစားသမားအလဲအထပ္ေတြကိုလည္း ေစာင့္ၾကည့္ေနသလို ေနာက္ဆုံး ရရွိတဲ့ သတင္းေတြအရေတာ့ တူရကီေတာင္ပံကစားသမား ဆန္ဂ်စ္ အန္ဒါနဲ႔လည္း အသံထြက္ေနခဲ့တာပါ။

မစ္ခီတာရီယန္ကိုေတာ့ အျမင့္ဆုံးပမာဏအျဖစ္ ေပါင္ ၁၅ သန္းအထိ ႐ိုးမားဘက္က ေပးေခ်သြားႏုိင္မယ္လို႔ သိရၿပီး ပရိသတ္ေတြကေတာ့ ေရာင္းသင့္တဲ့ ေဈးႏွဳန္းလုိ႔ သုံးသပ္ထားၾကသလို သူ႕ရဲ႕ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းရွစ္ေသာင္းကို ေလွ်ာ့ခ်သြားႏုိင္ရင္ အသင္းအတြက္လည္း အမ်ားႀကီး အက်ဳိးျဖစ္ထြန္းႏိုင္လို႔ ေရာင္းခ်သြားဖို႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ထဲမှာ အပြောင်းအရွှေ့အတွက် ကစားသမားအလဲအထပ်နဲ့ အလွတ်ပြောင်းတွေကိုပဲ အဓိကထားရမယ်လို့ အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီဟီက ပြောကြားခဲ့အပြီးမှာ ရန်ပုံငွေ အပိုအလျှံရရှိဖို့ ရိုးမားကို အငှားချထားတဲ့ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်ကို ရောင်းချသွားဖို့ သေချာသလောက် ရှိလာခဲ့ပါတယ်။

ရိုးမားအသင်းကို အငှားနဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာ ကပ်ပြီး ပြောင်းရွှေ့သွားခဲ့တဲ့ အာမေးနီးယားကွင်းလယ်လူဟာ စီးရီးအေမှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တာတောင်မှ သူ့ရဲ့ အရည်အသွေးကို ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် နည်းပြ ပေါ်လို ဖွန်ဆီကာနဲ့ အသင်းဖော်သစ်တွေရဲ့ နှစ်ခြိုက်မှုကို ရရှိခဲ့တာပါ။

ရောမသားတွေအတွက် ပွဲ ၂၀ ပါဝင်ကစားထားပြီးချိန်မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူကတော့ အာဆင်နယ်အသင်းကို မပြန်ချင်တော့ဘူးလို့ ပြောကြားထားခဲ့သလို ရိုးမားဘက်ကလည်း သူ့ကို ဆက်ရှိနေဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာ အေးစက်နေတဲ့ ဈေးကွက်ထဲမှာ သူတို့ ကနဦးသတ်မှတ်ထားခဲ့တဲ့ ပေါင် ၂၂ သန်းကိုတော့ လျှော့ချ ပေးသွားဖွယ်ရှိနေပြီး မစ်ခီတာရီယန်ရဲ့ အပြောင်းအရွှေ့ကနေ ရိုးမားအသင်းနဲ့ ကစားသမားအလဲအထပ်တွေကိုလည်း စောင့်ကြည့်နေသလို နောက်ဆုံး ရရှိတဲ့ သတင်းတွေအရတော့ တူရကီတောင်ပံကစားသမား ဆန်ဂျစ် အန်ဒါနဲ့လည်း အသံထွက်နေခဲ့တာပါ။

မစ်ခီတာရီယန်ကိုတော့ အမြင့်ဆုံးပမာဏအဖြစ် ပေါင် ၁၅ သန်းအထိ ရိုးမားဘက်က ပေးချေသွားနိုင်မယ်လို့ သိရပြီး ပရိသတ်တွေကတော့ ရောင်းသင့်တဲ့ ဈေးနှုန်းလို့ သုံးသပ်ထားကြသလို သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းရှစ်သောင်းကို လျှော့ချသွားနိုင်ရင် အသင်းအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းနိုင်လို့ ရောင်းချသွားဖို့ သေချာသလောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.