Premier League

နီေကနဲ႔ စာခ်ဳပ္အကုန္မွာ ပူးမားနဲ႔ ေျပာင္းလဲစာခ်ဳပ္ဖို႔ ရွိေနတဲ့ စတာလင္

နီေကအားကစားကုမၸဏီရဲ႕ ဖိနပ္နဲ႔ အားကစားပစၥည္းေတြကို အဓိကထားသုံးစြဲရမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆုိထားခဲ့တဲ့ မန္ခ်က္စတာစီးတီး ေတာင္ပံ ကစားသမား ရာဟင္းမ္ စတာလင္ဟာ ဒီေႏြရာသီမွာ အေမရိကန္ကုမၸဏီနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္ၿပီး ဒါကို အသင္းရဲ႕ ဝတ္စုံကို စပြန္ဆာေပးထားတဲ့ ပူးမား ကုမၸဏီက စာခ်ဳပ္ႏုိင္ဖို႔ ႀကဳိးစားေနပါတယ္။

ေဘာလုံးသမားေတြအေနနဲ႔ သူတုိ႔ရဲ႕ ဖိနပ္နဲ႔ အသုံးအေဆာင္ေတြကို သုံးစြဲေၾကာ္ျငာေပးဖို႔ အၿပဳိင္အဆုိင္ အသုံးခ်ေလ့ရွိၾကၿပီး ကစားသမားရဲ႕ ပုံရိပ္နဲ႔အတူ စပြန္ဆာေၾကးေတြက ျမင့္မားသလို သူတုိ႔ကို Nike Athlete, Adidas Athlete, Puma Athlete လို႔ တရားဝင္ေခၚဆုိၾက၊ အသိအမွတ္ျပဳၾကတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နီေကနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္ကို ပူးမားအျပင္ အက္ဒီးဒတ္စ္၊ နယူးဘဲလန္႔စ္၊ အန္ဒါအာမာတုိ႔ကလည္း စိတ္ဝင္စားေနၾကၿပီး ပူးမားနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိျဖစ္ခဲ့ရင္ေတာ့ သူတို႔ကုမၸဏီက အျမင့္ဆုံးစပြန္ဆာေၾကးကို ေပးေခ်ရတဲ့သူလည္းျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ ေႏြရာသီက မန္ခ်က္စတာစီးတီးရဲ႕ နည္းျပ ပက္ပ္ ဂြါဒီယိုလာ၊ ကစားသမားေတြျဖစ္ၾကတဲ့ ဆာဂ်ီယို အေဂြ႐ို၊ ေဒးဗစ္ ေဆးလ္ဗား၊ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတုိ႔ဟာ ပူးမားနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၾကၿပီး ငါးေယာက္ေျမာက္ျဖစ္လာမယ့္ စတာလင္ကေတာ့ သူ႕ရဲ႕ကာလေဖာ္ျပထားျခင္းမရွိတဲ့ စာခ်ဳပ္အတြက္ ေပါင္သန္း ၁၀၀ အထိ ရရွိသြားမွာလည္းျဖစ္ပါတယ္။

တခ်ဳိ႕မီဒီယာေတြကေတာ့ စတာလင္အေနနဲ႔ ဆယ္ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆုိတာျဖစ္မယ္လုိ႔ ခန္႔မွန္းေနၾကၿပီး တစ္ႏွစ္ကို ေပါင္ဆယ္သန္းတန္တဲ့ စာခ်ဳပ္ဟာ မန္စီးတီးအသင္းကို စပြန္ဆာေပးထားတဲ့ ပူးမားရဲ႕ ဆယ္ႏွစ္တာ ေပါင္သန္း ၆၅၀ တန္ စာခ်ဳပ္နဲ႔ ယွဥ္ရင္ ကစားသမားတစ္ေယာက္အေနနဲ႔ အေတာ္ေလးမ်ားျပားတဲ့ ပမာဏျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နီကေအားကစားကုမ္ပဏီရဲ့ ဖိနပ်နဲ့ အားကစားပစ္စည်းတွေကို အဓိကထားသုံးစွဲရမယ့် စာချုပ်ကို ချုပ်ဆိုထားခဲ့တဲ့ မန်ချက်စတာစီးတီး တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ဟာ ဒီနွေရာသီမှာ အမေရိကန်ကုမ္ပဏီနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဒါကို အသင်းရဲ့ ဝတ်စုံကို စပွန်ဆာပေးထားတဲ့ ပူးမား ကုမ္ပဏီက စာချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဘောလုံးသမားတွေအနေနဲ့ သူတို့ရဲ့ ဖိနပ်နဲ့ အသုံးအဆောင်တွေကို သုံးစွဲကြော်ငြာပေးဖို့ အပြိုင်အဆိုင် အသုံးချလေ့ရှိကြပြီး ကစားသမားရဲ့ ပုံရိပ်နဲ့အတူ စပွန်ဆာကြေးတွေက မြင့်မားသလို သူတို့ကို Nike Athlete, Adidas Athlete, Puma Athlete လို့ တရားဝင်ခေါ်ဆိုကြ၊ အသိအမှတ်ပြုကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နီကေနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကို ပူးမားအပြင် အက်ဒီးဒတ်စ်၊ နယူးဘဲလန့်စ်၊ အန်ဒါအာမာတို့ကလည်း စိတ်ဝင်စားနေကြပြီး ပူးမားနဲ့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ရင်တော့ သူတို့ကုမ္ပဏီက အမြင့်ဆုံးစပွန်ဆာကြေးကို ပေးချေရတဲ့သူလည်းဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာစီးတီးရဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာ၊ ကစားသမားတွေဖြစ်ကြတဲ့ ဆာဂျီယို အဂွေရို၊ ဒေးဗစ် ဆေးလ်ဗား၊ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ဟာ ပူးမားနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ငါးယောက်မြောက်ဖြစ်လာမယ့် စတာလင်ကတော့ သူ့ရဲ့ကာလဖော်ပြထားခြင်းမရှိတဲ့ စာချုပ်အတွက် ပေါင်သန်း ၁၀၀ အထိ ရရှိသွားမှာလည်းဖြစ်ပါတယ်။

တချို့မီဒီယာတွေကတော့ စတာလင်အနေနဲ့ ဆယ်နှစ်စာချုပ်ကို ချုပ်ဆိုတာဖြစ်မယ်လို့ ခန့်မှန်းနေကြပြီး တစ်နှစ်ကို ပေါင်ဆယ်သန်းတန်တဲ့ စာချုပ်ဟာ မန်စီးတီးအသင်းကို စပွန်ဆာပေးထားတဲ့ ပူးမားရဲ့ ဆယ်နှစ်တာ ပေါင်သန်း ၆၅၀ တန် စာချုပ်နဲ့ ယှဉ်ရင် ကစားသမားတစ်ယောက်အနေနဲ့ အတော်လေးများပြားတဲ့ ပမာဏဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.