Analysis Premier League Transfer News

အပြောင်းအရွှေ့ Deadline နေ့မတိုင်ခင် အသင်းသစ်ရှာဖွေရတော့မယ့် ပရီးမီယားလိဂ်ကစားသမား ၁၁ ဦး

ရှာဒန် ရှာကျီရီ
လီဗာပူးလ်အသင်းရဲ့ အရန်ခုံမှာ အချိန်ဖြုန်းနေရတဲ့ ဆွစ်ဇာလန်သားကတော့ အောက်တိုဘာလမှာ အသက် ၃၀ ပြည့်မှာဖြစ်ပြီး မန်ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုကို အလုပ်ထုတ်ခံခဲ့ရစေတဲ့ အန်ဖီးလ်က သွင်းဂိုးပိုင်ရှင်အဖြစ် နာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာတော့ လိုင်ယွန်အသင်းနဲ့ ဆွေးနွေးနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရခဲ့ပြီလို့ သိရပါတယ်။

ဒီဗော့ခ် အိုရီဂီ
ရှာကျီရီရဲ့လမ်းစဥ်ကို လိုက်ရမယ့် ဒုတိယမြောက် လီဗာပူးလ်ကစားသမားဖြစ်ပြီး ဒီရာသီမှာ ဂျပန်သား မီနာမီနိုကို နည်းပြ ယာဂင် ကလော့ပ်က နေရာပိုပေးသွားဖွယ်ရှိနေလို့ ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းသစ်ရှာဖွေနေချိန်မှာ ဝုဗ်စ်၊ အက်စတန် ဗီလာ၊ ဝက်စ်ဟမ်းတို့နဲ့ နာမည်ထွက်နေပေမယ့် လက်ရှိအချိန်ထိတော့ ကမ်းလှမ်းထားတဲ့အသင်း မရှိသေးတာပါ။

လောရစ် ကားရီးယက်စ်
အန်ဖီးလ်ရဲ့အမေ့ခံကစားသမားအဖြစ် ထွက်ခွါရဖို့ ရှိလာခဲ့ပြီး ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဗီလိန်ဖြစ်ခဲ့တဲ့ ဂျာမန်သားကို ဂိုးသမား အယ်လစ်ဆွန် ဘက်ခါ၊ အက်ဒရီယန်၊ ကွိုင်မင် ဂယ်လေဟာတို့ရဲ့နောက်မှာ သက်တမ်းတိုးမှာ မဟုတ်တော့လို့ မာဆေးဆိုက်ဒ်ကနေ အမြန်ဆုံးလစ်ရဖို့ ရှိနေပါပြီ။

ဘာနတ်ဒို ဆေးလ်ဗား
မန်စီးတီးအတွက် တိုက်စစ်ပိုင်းမှာ စွယ်စုံရအသုံးတော်ခံခဲ့ပေမယ့် ပေါင်သန်း ၁၀၀ တန် ဂျက်ဂရီးလစ်ရှ်ရောက်ရှိလာတဲ့နောက် အီတီဟတ်မှာ ဆက်ဆံရေးအေးစက်သွားတဲ့ ပေါ်တူဂီသားကို ဟာရီကိန်းရဲ့အပြောင်းအရွှေ့မှာ စပါးစ်ကို အလိုက်ပေးသွားဖို့လည်း ရှိနေသလို ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်စတဲ့ စပိန်ကတ်တလန်အသင်းတသင်းဆီ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရှင်းထုတ်သွားတော့မယ်လို့လည်း သိရပါတယ်။

ဝီလီယန်
ချယ်လ်ဆီးအသင်းကနေ အလွတ်နဲ့ရောက်လာခဲ့ပေမယ့် အာဆင်နယ်အတွက် လူပိုသာဖြစ်နေခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို နေဝင်ချိန်နီးလာတဲ့ ခြေစွမ်းအရ အမြန်ဆုံးရောင်းပြီး လစာလျှော့ချင်နေတဲ့ ဂန်းနာတို့ဆီ ဘယ်အသင်းက ကမ်းလှမ်းမှုလုပ်လာမလဲလို့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး အရောင်းစာရင်းတော့ အတင်ခံထားရပြီဖြစ်ပါတယ်။

ဟက်တာ ဘယ်လာရင်
ဂန်းနားတို့နဲ့ ၇ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပေမယ့် ရေရှည်​ခြေစွမ်းပိုင်းအရ အလုပ်မဖြစ်ခဲ့တဲ့ စပိန်သားကို မိခင်ကလပ် ဘာစီလိုနာအသင်းဆီ ပြန်ပို့သွားဖို့ စီစဥ်နေသလို တဖက်မှာလည်း အင်တာမီလန်နဲ့ အက်သလက်တီကိုအသင်းတို့ကလည်း ချိတ်ဆက်မှုတွေရှိနေလို့ Deadline မတိုင်ခင် အာဆင်နယ်တို့ ရောင်းထုတ်နိုင်မလား စောင့်ကြည့်ရမှာပါ။

ဟားမက်စ် ရိုဒရီဂွက်ဇ်
ဂွတ်ဒီဆန်ပါ့ခ်ကို ပြီးခဲ့တဲ့ရာသီက အံ့အားသင့်ဖွယ်ပြောင်းရွှေ့လာခဲ့တဲ့ ကိုလံဘီယာသားဟာ ဆရာသမား ကာလို အန်ချယ်လော့တီရဲ့ မျက်နှာနဲ့ ပူးပေါင်းခဲ့ပေမယ့် သူထွက်သွားတဲ့နောက်မှာ အဲဗာတန်အသင်းမှာ ဆက်နေဖို့ မပျော်မရွှင်ဖြစ်နေသလို ၁၀၀ ရာနှုန်းအပြည့်မပေးဆပ်ရင် နေရာမပေးဘူးလို့ ဆိုထားတဲ့ နည်းပြသစ် ရာဖာ ဘင်နီတက်ဇ်ကလည်း ရောင်းထုတ်ဖို့ ကြံနေပါတယ်။

တွန်ဂီး အန်ဒွန်ဘီလီ
လိုင်ယွန်ကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ဝယ်ခဲ့ပေမယ့် စပါးစ်အသင်းအတွက် တော့ အဝယ်မှားဖြစ်ခဲ့တဲ ကစားသမားဖြစ်ပြီး နည်းပြဟောင်း မော်ရင်ညိုကြောင့်လည်း ပါရမီရှိပေမယ့် မကြိုးစားတဲ့သူအဖြစ် ယုံကြည်မှုတွေ ဖျက်ဆီးခံခဲ့ရဖူးသလို နည်းပြသစ် နူနိ အက်စ်ပီရီတို ဆန်းတို့ကတော့ အသက် ၂၄ နှစ်သားကို ပြန်အသက်သွင်းနိုင်မလား၊ ရှင်းထုတ်မလား ရွေးချယ်နေဆဲပါ။

ရော့စ် ဘာကလီ
အငှားထွက်ကစားခဲ့တဲ့ ဗီလာအသင်းမှာ မနှစ်က ခြေစွမ်းတောက်ပခဲ့ပေမယ့် ချယ်လ်ဆီးကို ပြန်ရောက်လာချိန်မှာတော့ သူ့အတွက် နေရာမရှိတော့သလို စိတ်ဝင်စားနေတဲ့အသင်းကလည်း ရှားပါးနေလို့ ရောင်းထုတ်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး လူကာကူးရဲ့ ကုန်ကျစရိတ်ကို ပြန်ကာမိဖို့လည်း ရည်ရွယ်ထားတာပါ။

ကတ် ဇူးမား
ဘာက​​လေနဲ့ အပြိုင် ရှင်းထုတ်ခံရဖွယ်ရှိနေတဲ့ ပြင်သစ်သားဟာ ထရီဗာ ချာလိုဘာရဲ့နောက် နေရာပျောက်ဖို့ရှိနေတဲ့ အလားအလာကြောင့် စတမ်းဖို့ဒ်မြေကို စွန့်ခွာသွားဖို့ ကိုယ်တိုင်ဆန္ဒရှိနေတာဖြစ်ပြီး ဆီဗီလားရဲ့ ဂျူးလ် ကွန်ဒီကိုသာ ထပ်မံဝယ်ယူဖြစ်ခဲ့ရင် ချယ်လ်ဆီးမှာ အရန်ခုံထိုင်ရမယ့်အရေးကို ရှောင်လွှဲဖို့လည်း ပြင်ဆင်နေသလို အသင်းသစ်ရှာဖွေနေဆဲပါ။

ဂျက်စီ လင်ဂတ်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟာ နည်းပြ ဆိုးလ်ရှားရဲ့ အပယ်ခံကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီဖြစ်တာကြောင့် ဂျေဒန် ဆန်ချိုပါ အားဖြည့်ထားတဲ့ ပထမလူစာရင်းထဲ ဝင်တိုးဖို့ မဖြစ်နိုင်တော့ကြောင့် ဝက်စ်ဟမ်းအသင်းကို အပြီးသတ်ပြောင်းရွှေ့ပြီး နည်ပြး ဒေးဗစ် မွိုက်နဲ့သာ ပြန်လက်တွဲသွားဖို့ စိတ်ကူးရှိနေတဲ့အတိုင်း ပေါင်သန်း ၃၀ နဲ့ ညှိနှိုင်းမှုပြုလုပ်နေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရွာဒန္ ရွာက်ီရီ
လီဗာပူးလ္အသင္းရဲ႕ အရန္ခုံမွာ အခ်ိန္ျဖဳန္းေနရတဲ့ ဆြစ္ဇာလန္သားကေတာ့ ေအာက္တိုဘာလမွာ အသက္ ၃၀ ျပည့္မွာျဖစ္ၿပီး မန္ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳကို အလုပ္ထုတ္ခံခဲ့ရေစတဲ့ အန္ဖီးလ္က သြင္းဂိုးပိုင္ရွင္အျဖစ္ နာမည္ႀကီးခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ လိုင္ယြန္အသင္းနဲ႔ ေဆြးေႏြးေနၿပီး ပုဂၢိဳလ္ေရးသေဘာတူညီခ်က္ရခဲ့ၿပီလို႔ သိရပါတယ္။

ဒီေဗာ့ခ္ အိုရီဂီ
ရွာက်ီရီရဲ႕လမ္းစဥ္ကို လိုက္ရမယ့္ ဒုတိယေျမာက္ လီဗာပူးလ္ကစားသမားျဖစ္ၿပီး ဒီရာသီမွာ ဂ်ပန္သား မီနာမီႏိုကို နည္းျပ ယာဂင္ ကေလာ့ပ္က ေနရာပိုေပးသြားဖြယ္ရွိေနလို႔ ပုံမွန္ပြဲထြက္ခြင့္အတြက္ အသင္းသစ္ရွာေဖြေနခ်ိန္မွာ ဝုဗ္စ္၊ အက္စတန္ ဗီလာ၊ ဝက္စ္ဟမ္းတို႔နဲ႔ နာမည္ထြက္ေနေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ကမ္းလွမ္းထားတဲ့အသင္း မရွိေသးတာပါ။

ေလာရစ္ ကားရီးယက္စ္
အန္ဖီးလ္ရဲ႕အေမ့ခံကစားသမားအျဖစ္ ထြက္ခြါရဖို႔ ရွိလာခဲ့ၿပီး ၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဗီလိန္ျဖစ္ခဲ့တဲ့ ဂ်ာမန္သားကို ဂိုးသမား အယ္လစ္ဆြန္ ဘက္ခါ၊ အက္ဒရီယန္၊ ကြိဳင္မင္ ဂယ္ေလဟာတို႔ရဲ႕ေနာက္မွာ သက္တမ္းတိုးမွာ မဟုတ္ေတာ့လို႔ မာေဆးဆိုက္ဒ္ကေန အျမန္ဆုံးလစ္ရဖို႔ ရွိေနပါၿပီ။

ဘာနတ္ဒို ေဆးလ္ဗား
မန္စီးတီးအတြက္ တိုက္စစ္ပိုင္းမွာ စြယ္စုံရအသုံးေတာ္ခံခဲ့ေပမယ့္ ေပါင္သန္း ၁၀၀ တန္ ဂ်က္ဂရီးလစ္ရွ္ေရာက္ရွိလာတဲ့ေနာက္ အီတီဟတ္မွာ ဆက္ဆံေရးေအးစက္သြားတဲ့ ေပၚတူဂီသားကို ဟာရီကိန္းရဲ႕အေျပာင္းအေ႐ႊ႕မွာ စပါးစ္ကို အလိုက္ေပးသြားဖို႔လည္း ရွိေနသလို ဘာစီလိုနာ၊ အက္သလက္တီကို မက္ဒရစ္စတဲ့ စပိန္ကတ္တလန္အသင္းတသင္းဆီ ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ရွင္းထုတ္သြားေတာ့မယ္လို႔လည္း သိရပါတယ္။

ဝီလီယန္
ခ်ယ္လ္ဆီးအသင္းကေန အလြတ္နဲ႔ေရာက္လာခဲ့ေပမယ့္ အာဆင္နယ္အတြက္ လူပိုသာျဖစ္ေနခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးကို ေနဝင္ခ်ိန္နီးလာတဲ့ ေျခစြမ္းအရ အျမန္ဆုံးေရာင္းၿပီး လစာေလွ်ာ့ခ်င္ေနတဲ့ ဂန္းနာတို႔ဆီ ဘယ္အသင္းက ကမ္းလွမ္းမႈလုပ္လာမလဲလို႔ ေစာင့္ဆိုင္းေနဆဲျဖစ္ၿပီး အေရာင္းစာရင္းေတာ့ အတင္ခံထားရၿပီျဖစ္ပါတယ္။

ဟက္တာ ဘယ္လာရင္
ဂန္းနားတို႔နဲ႔ ၇ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့ေပမယ့္ ေရရွည္​ေျခစြမ္းပိုင္းအရ အလုပ္မျဖစ္ခဲ့တဲ့ စပိန္သားကို မိခင္ကလပ္ ဘာစီလိုနာအသင္းဆီ ျပန္ပို႔သြားဖို႔ စီစဥ္ေနသလို တဖက္မွာလည္း အင္တာမီလန္နဲ႔ အက္သလက္တီကိုအသင္းတို႔ကလည္း ခ်ိတ္ဆက္မႈေတြရွိေနလို႔ Deadline မတိုင္ခင္ အာဆင္နယ္တို႔ ေရာင္းထုတ္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ဟားမက္စ္ ႐ိုဒရီဂြက္ဇ္
ဂြတ္ဒီဆန္ပါ့ခ္ကို ၿပီးခဲ့တဲ့ရာသီက အံ့အားသင့္ဖြယ္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကိုလံဘီယာသားဟာ ဆရာသမား ကာလို အန္ခ်ယ္ေလာ့တီရဲ႕ မ်က္ႏွာနဲ႔ ပူးေပါင္းခဲ့ေပမယ့္ သူထြက္သြားတဲ့ေနာက္မွာ အဲဗာတန္အသင္းမွာ ဆက္ေနဖို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနသလို ၁၀၀ ရာႏႈန္းအျပည့္မေပးဆပ္ရင္ ေနရာမေပးဘူးလို႔ ဆိုထားတဲ့ နည္းျပသစ္ ရာဖာ ဘင္နီတက္ဇ္ကလည္း ေရာင္းထုတ္ဖို႔ ႀကံေနပါတယ္။

တြန္ဂီး အန္ဒြန္ဘီလီ
လိုင္ယြန္ကေန စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၅ သန္းနဲ႔ ဝယ္ခဲ့ေပမယ့္ စပါးစ္အသင္းအတြက္ ေတာ့ အဝယ္မွားျဖစ္ခဲ့တဲ ကစားသမားျဖစ္ၿပီး နည္းျပေဟာင္း ေမာ္ရင္ညိဳေၾကာင့္လည္း ပါရမီရွိေပမယ့္ မႀကိဳးစားတဲ့သူအျဖစ္ ယုံၾကည္မႈေတြ ဖ်က္ဆီးခံခဲ့ရဖူးသလို နည္းျပသစ္ ႏူနိ အက္စ္ပီရီတို ဆန္းတို႔ကေတာ့ အသက္ ၂၄ ႏွစ္သားကို ျပန္အသက္သြင္းႏိုင္မလား၊ ရွင္းထုတ္မလား ေ႐ြးခ်ယ္ေနဆဲပါ။

ေရာ့စ္ ဘာကလီ
အငွားထြက္ကစားခဲ့တဲ့ ဗီလာအသင္းမွာ မႏွစ္က ေျခစြမ္းေတာက္ပခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို ျပန္ေရာက္လာခ်ိန္မွာေတာ့ သူ႔အတြက္ ေနရာမရွိေတာ့သလို စိတ္ဝင္စားေနတဲ့အသင္းကလည္း ရွားပါးေနလို႔ ေရာင္းထုတ္ဖို႔ ေစာင့္ဆိုင္းေနရဆဲျဖစ္ၿပီး လူကာကူးရဲ႕ ကုန္က်စရိတ္ကို ျပန္ကာမိဖို႔လည္း ရည္႐ြယ္ထားတာပါ။

ကတ္ ဇူးမား
ဘာက​​ေလနဲ႔ အၿပိဳင္ ရွင္းထုတ္ခံရဖြယ္ရွိေနတဲ့ ျပင္သစ္သားဟာ ထရီဗာ ခ်ာလိုဘာရဲ႕ေနာက္ ေနရာေပ်ာက္ဖို႔ရွိေနတဲ့ အလားအလာေၾကာင့္ စတမ္းဖို႔ဒ္ေျမကို စြန္႔ခြာသြားဖို႔ ကိုယ္တိုင္ဆႏၵရွိေနတာျဖစ္ၿပီး ဆီဗီလားရဲ႕ ဂ်ဴးလ္ ကြန္ဒီကိုသာ ထပ္မံဝယ္ယူျဖစ္ခဲ့ရင္ ခ်ယ္လ္ဆီးမွာ အရန္ခုံထိုင္ရမယ့္အေရးကို ေရွာင္လႊဲဖို႔လည္း ျပင္ဆင္ေနသလို အသင္းသစ္ရွာေဖြေနဆဲပါ။

ဂ်က္စီ လင္ဂတ္
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဟာ နည္းျပ ဆိုးလ္ရွားရဲ႕ အပယ္ခံကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီျဖစ္တာေၾကာင့္ ေဂ်ဒန္ ဆန္ခ်ိဳပါ အားျဖည့္ထားတဲ့ ပထမလူစာရင္းထဲ ဝင္တိုးဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင့္ ဝက္စ္ဟမ္းအသင္းကို အၿပီးသတ္ေျပာင္းေ႐ႊ႕ၿပီး နည္ျပး ေဒးဗစ္ မြိဳက္နဲ႔သာ ျပန္လက္တြဲသြားဖို႔ စိတ္ကူးရွိေနတဲ့အတိုင္း ေပါင္သန္း ၃၀ နဲ႔ ညႇိႏႈိင္းမႈျပဳလုပ္ေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.