Premier League
ယခုနွေရာသီအပြောင်းအရွှေ့မှာ ငွေသုံးအကြမ်းဆုံးဖြစ်နေတဲ့ ပရီးမီးယားလိဂ်ထိပ်တန်း ၅ သင်း
၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကတော့ စတင်နေချိန်မှာ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကတော့ သြဂုတ်လ ၃၁ ရက်နေ့အထိ အသက်ဝင်နေဦးမှာဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းတွေအဖြစ် နာမည်ကြီးတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အခုနှစ်နွေမှာ ငွေသုံးအကြမ်းဆုံးအဖြစ် ရပ်တည်နေတဲ့ ထိပ်သီးစာရင်းဝင် ၅ သင်းကို ဖော်ပြပေးလိုက်ပါတယ်။
၅။ အက်စတန် ဗီလာ -ပေါင် ၉၃ သန်း
နော်ဝစ်ချ်စီးတီးအသင်းက အီမီလီယာနို ဘွမ်ဒီယာကို ပေါင် ၃၄ သန်း၊ ဆောက်သမ်တန်အသင်းက ဒန်နီအင်းစ်ကို ပေါင် ၃၁ သန်း၊ ဘိုင်ယန် လေဗာကူဆင်အသင်းက လီယွန် ဘိုင်ယီကို ပေါင် ၂၈ သန်း၊ ဗီလာပါ့ခ်လူဟောင်း အက်ရှ်လေယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စုစုပေါင်း ပေါင် ၉၃ သန်း သုံးစွဲထားပေမယ့် ဂျက်ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ မန်ချက်စတာစီးတီးအသင်းကို ရောင်းချထားခဲ့ပြီး ခုလို ငွေပြန်သုံးက လိုအပ်တဲ့ ကစားသမားတွေ ဝယ်ယူလိုက်တဲ့အတွက် နည်းပြ ဒင်းန်စမစ်အသင်းက မျက်နှာငယ်စရာမရှိလှတာပါ။
၄။ ချဲလ်ဆီး -၉၇.၅ သန်း
ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၂၅၀ ဝန်းကျင်အထိ ငွေသုံးကြမ်းခဲ့ပေမယ့် ဒီနှစ်နွေမှာတော့ ​​အင်​တာမီလန်အသင်းကနေ တိုက်စစ်မှူး ရိုမီလူ လူကာကူးတဦးတည်းကို ခေါ်ယူဖို့အတွက် ပေါင် ၉၇.၅ သန်းသာသုံးစွဲထားပြီး အတော်လေးချွေတာထားတယ်လို့ ပြောရမှာဖြစ်သလို ဂိုးသမား မားကပ်စ် ဘက်တီနယ်လီကို အလွတ်နဲ့ ရရှိထားပါသေးတယ်။
၃။ မန်ချက်စတာစီးတီး -ပေါင် ၁၀၀ သန်း
မန်ချက်စတာစီးတီးအသင်းကလည်း ချဲလ်ဆီးနည်းပြ ဂျက်ဂရီးလစ်ရှ်တဦးတည်းအတွက် ပေါင်သန်း ၁၀၀ လုံးခနဲ ထုတ်သုံးထားပြီး လက်ညှိးညွှန်ရာ ရေဖြစ်နေတယ်လို့ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က ဝေဖန်ထားတဲ့အတိုင်း အီတီဟတ်မှာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း ၁၀၀ အောက်ထစ်နဲ့ ထပ်ဖြည့်တင်းသွားဖွယ်လည်း ရှိနေပါသေးတယ်။
၂။ မန်ချက်စတာယူနိုက်တက် -ပေါင် ၁၁၄ သန်း
တောင်ပံကစားသမား ဂျေဒန် ဆန်ချိုုအတွက် ပေါင် ၇၆.၅ သန်း၊ ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်းအသုံးပြုထားတဲ့ အိုးထရက်ဖို့ဒ်မှာတော့ ကွင်းလယ်အဖျက်နေရာနဲ့ ညာနောက်ခံလူနေရာအတွက် လူသစ်ရှာနေဆဲအနေအထားမှာ ပေါင်သန်း ၁၁၄ သန်းဝန်းကျင်သာ အိတ်ထဲကထွက်ထားတယ်လို့ ဆိုနိုင်ပြီး ဂိုးသမား တွမ်ဟီတန်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ အားဖြည့်ထားပါသေးတယ်။
၁။ အာဆင်နယ် -ပေါင် ၁၂၉ သန်း
ဥရောပဝင်ခွင့်ကို အရပြန်ယူဖို့ မောင်းတင်လာတဲ့ အာဆင်နယ်အသင်းကတော့ လက်ရှိစျေးကွက်ထဲမှာ ခပ်သွက်သွက်နဲ့ လှုပ်ရှားနေတာကို မြင်တွေ့ရပြီး ဘရိုက်တန်အသင်းကနေ ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ပေါင် ၅၂.၆ သန်းနဲ့ ခေါ်ယူထားခဲ့သလို လူငယ်ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လာကွန်ဂါကိုလည်း ပေါင် ၁၅.၇၅ သန်းနဲ့ အားဖြည့်ထားပါတယ်။
ဘယ်နောက်ခံနေရာအတွက် ဘင်ဖီယာက နူနို တာဗာရက်စ်ကို ပေါင် ၇.၂ သန်းနဲ့ ဝယ်ယူထားသလို ရီးရဲလ်မက်ဒရစ်ကစားသမား မာတင် အိုဒီဂါ့ဒ်ကို ပေါင်သန်း ၃၀ နဲ့ ရှက်ဖီးလ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကိုလည်း ပေါင် ၂၄ သန်း+ အပိုဆောင်းကြေး ၆ သန်းတို့နဲ့ သဘောတူညီပြီး အပြီးသတ် ခေါ်ယူနိုင်လိုက်နိုင်ပြီလို့ သိရတာကြောင့် စုစုပေါင်း ပေါင်သန်း ၁၃၀ ဝန်းကျင်အထိ ဘဏ်ထဲက ထုတ်ထားသလို ပရီးမီးယားလိဂ်ရဲ့ လတ်တလော ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် ရပ်တည်နေရုံသာမက ဥရောပထိပ်တန်း လိဂ်ကြီး ၅ ခုမှာလည်း ယခုအပြောင်းအရွှေ့မှာ ယနေ့အထိ ငွေသုံးအများဆုံးအသင်းအဖြစ် ထိပ်ဆုံးက ရပ်တည်နေကြောင်း ဖော်ပြပေးပါရစေ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကတော့ စတင်နေချိန်မှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတော့ သြဂုတ် ၃၁ ရက်နေ့အထိ အသက်ဝင်နေဦးမှာဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းတွေအဖြစ် နာမည်ကြီးတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အခုနှစ်နွေမှာ ငွေသုံးအကြမ်းဆုံးအဖြစ် ရပ်တည်နေတဲ့ ထိပ်သီးစာရင်းဝင် ၅ သင်းကို ဖော်ပြပေးလိုက်ပါတယ်။
နော်ဝစ်ခ်ျစီးတီးအသင်းက အီမီလီယာနို ဘွမ်ဒီယာကို ပေါင် ၃၄ သန်း၊ ဆောက်သမ်တန်အသင်းက ဒန်နီအင်းစ်ကို ပေါင် ၃၁ သန်း၊ ဘိုင်ယန် လေဗာကူဆင်အသင်းက လီယွန် ဘိုင်ယီကို ပေါင် ၂၈ သန်း၊ ဗီလာပါ့ခ်လူဟောင်း အက်ရှ်လေယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စုစုပေါင်း ပေါင် ၉၃ သန်း သုံးစွဲထားပေမယ့် ဂျက်ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ မန်ချက်စတာစီးတီးအသင်းကို ရောင်းချထားခဲ့ပြီး ခုလို ငွေပြန်သုံးက လိုအပ်တဲ့ ကစားသမားတွေ ဝယ်ယူလိုက်တဲ့အတွက် နည်းပြ ဒင်းန်စမစ်အသင်းက မျက်နှာငယ်စရာမရှိလှတာပါ။
၎။ ချဲလ်ဆီး -၉၇.၅ သန်း
တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ပေါင် ၇၆.၅ သန်း၊ ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်းအသုံးပြုထားတဲ့ အိုးထရက်ဖို့ဒ်မှာတော့ ကွင်းလယ်အဖျက်နေရာနဲ့ ညာနောက်ခံလူနေရာအတွက် လူသစ်ရှာနေဆဲအနေအထားမှာ ပေါင်သန်း ၁၁၄ သန်းဝန်းကျင်သာ အိတ်ထဲကထွက်ထားတယ်လို့ ဆိုနိုင်ပြီး ဂိုးသမား တွမ်ဟီတန်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ အားဖြည့်ထားပါသေးတယ်။
ဥရောပဝင်ခွင့်ကို အရပြန်ယူဖို့ မောင်းတင်လာတဲ့ အာဆင်နယ်အသင်းကတော့ လက်ရှိဈေးကွက်ထဲမှာ ခပ်သွက်သွက်နဲ့ လှုပ်ရှားနေတာကို မြင်တွေ့ရပြီး ဘရိုက်တန်အသင်းကနေ ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ပေါင် ၅၂.၆ သန်းနဲ့ ခေါ်ယူထားခဲ့သလို လူငယ်ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လာကွန်ဂါကိုလည်း ပေါင် ၁၅.၇၅ သန်းနဲ့ အားဖြည့်ထားပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.