Premier League

အာဆင်နယ်က အောက်သင်းလို့ဆိုပြီး ဒါဘီမှာ လူကာကူးနဲ့ကြမ်းမယ့် ချဲလ်ဆီးနည်းပြ တူဟယ်လ်

အာဆင်နယ်အသင်းဟာ လက်ရှိအနေအထားအရ တနင်္ဂနွေနေ့မှာ ဆုံတွေ့မယ့် လန်ဒန်ဒါဘီမှာ အောက်သင်းအဖြစ် လူတွေက သတ်မှတ်ကြမှာ ဖြစ်ပြီး အမ်းမရိတ်မှာ ဆုံတွေ့မှ ဒီပွဲစဉ်မှာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူးအနေနဲ့ ပွဲထွက်မှာဖြစ်သလို အသင်းရဲ့ အလိုအပ်ဆုံး အစိတ်အပိုင်းအဖြစ် အသုံးတော်ခံလိမ့်မယ်လို့ နည်းပြ သောမတ်စ် တူဟယ်လ်က ပြောကြားလိုက်ပါတယ်။

ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ သွားရောက်ကစားခဲ့ပြီးမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ လူကာကူးအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရိုသန်း ၁၃၀ ကို အန်ဒါလက်ချ်နဲ့ အင်တာတို့ဆီ နှစ်ကြိမ်တိုင်တိုင် ပေးချေခဲ့ရပြီး ဒီတစ်ခါမှာတော့ အသင်းရဲ့ အဓိကကစားသမားဖြစ်လာဖို့လည်း အားလုံးက မျှော်လင့်ထားကြတာပါ။

“တနင်္ဂနွေနေ့မှာ သူ့ကို ကွင်းထဲထည့်နိုင်ဖို့ မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ကျွန်တော်တို့ရဲ့ တိုက်စစ်မှာ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းအဖြစ် ဖြည့်ဆည်းပြီး (ဂိုးမသွင်းနိုင်တဲ့)ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်ဖို့ရှိနေပြီး လူကာကူးကတော့ ရှေ့တန်းမှာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးမယ့်သူပဲဖြစ်ရမှာပါ”လို့ တူဟယ်လ်က ဆိုပါတယ်။

“ရိုမီလူက သူ့ပုံစံနဲ့သူ နှိုင်းယှဉ်လို့ မရနိုင်တဲ့ ကစားသမားကောင်းမျိုးပါ။ ဂိုးကို ကျောပေးကစားပြီး ဘောလုံးတွေကို ကိုင်ထားနိုင်သလို ရွေ့လျားမှုတွေမှာလည်း ပါးနပ်ပြီး အားကောင်းကောင်း၊ လျင်လျင်မြန်မြန်နဲ့ ဂိုးသွင်းကောင်းသူတစ်ယောက်ဖြစ်လို့ သူ့ကို ပိုင်ဆိုင်ရမှာက ကျွန်တော့်အဖို့ ထူးခြားတဲ့ အတွေ့အကြုံသစ်လည်းဖြစ်တာကြောင့် လာမယ့်ပွဲမှာ အမြင့်ဆုံး ပေါက်ကွဲပြနိုင်ဖို့ပဲ ကျန်ပါတော့တယ်”လို့ ချဲလ်ဆီးနည်းပြက ဆိုလိုက်ပြီး သူတင်မက အသင်းဖော်တွေနဲ့ ပရိသတ်တွေကပါ ဂိုးတွေ မျှော်လင့်ထားကြောင်းလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

ပြိုင်ဘက် အာဆင်နယ်အသင်းကိုတော့ သူတို့ရဲ့ ရာသီကြိုမှ မလှပခဲ့တဲ့ ပုံစံ၊ ကစားသမားကောင်းတွေကို ဒဏ်ရာ၊ ကိုဗစ်တွေကြောင့် ဆုံးရှုံးထားရတဲ့ လက်ရှိအခြေအနေတွေအရ လန်ဒန်ဒါဘီမှာ အောက်သင်းအဖြစ် ဖိအားကင်းကင်းနဲ့ ပွဲထွက်လာမယ်လို့ တူဟယ်လ်က ခန့်မှန်းလိုက်ပြီး ဒီအတွက်လည်း သတိထားရမှာဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

“သူတို့နေရာက ဝင်ပြီး ကျွန်တော် စဉ်းစားကြည့်လိုက်ရင် အောက်သင်းလို့ပဲ ခံစားမိမှာပါ။ သူတို့ရဲ့ ပထမပွဲမှာ ကိုဗစ်ပြဿနာနဲ့ သူတို့မှာ အရှုပ်အထွေးတွေ ဖြစ်ခဲ့ပြီး ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ အားလုံးက သူတို့ကို အောက်သင်းလို့ပဲ ယူဆကြပါလိမ့်မယ်။ ဒီအနေအထားမှာ ကျွန်တော်တို့တွေအနေနဲ့ ပိုပြီး ဂရုစိုက်ရမှာဖြစ်ပြီး သူတို့တွေရဲ့ ဖိအားကင်းကင်းနဲ့ ကစားပြီး သွေးတိုးစမ်းလာသမျှကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့က အရေးကြီးပါတယ်”လို့ တူဟယ်လ်က ပွဲကြိုပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲကို ရှုံးရတာ မမျှတဘဲ ဒီပွဲဟာ ကိုဗစ်ကူးစက်မှုကြောင့် ရွှေ့ဆိုင်းသင့်တဲ့ ပွဲမျိုးဖြစ်တယ်လို့ ကန့်ကွက်ပြောကြားထားခဲ့ပြီး မနက်ဖြန် လန်ဒန်ဒါဘီမှာတော့ ကစားသမားသစ်တွေကို ရရှိထားခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် လက်ရှိ လူစာရင်းဟောင်းကိုပဲ ဆက်လက်အသုံးပြုရမှာဖြစ်သလို အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်း ပါဝင်နိုင်မယ်လို့တော့ အမ်းမရိတ် ပရိသတ်တွေက မျှော်လင့်ထားကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ လက္ရွိအေနအထားအရ တနဂၤေႏြေန႔မွာ ဆုံေတြ႕မယ့္ လန္ဒန္ဒါဘီမွာ ေအာက္သင္းအျဖစ္ လူေတြက သတ္မွတ္ၾကမွာ ျဖစ္ၿပီး အမ္းမရိတ္မွာ ဆုံေတြ႕မွ ဒီပြဲစဥ္မွာ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ တိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူးအေနနဲ႔ ပြဲထြက္မွာျဖစ္သလို အသင္းရဲ႕ အလိုအပ္ဆုံး အစိတ္အပိုင္းအျဖစ္ အသုံးေတာ္ခံလိမ့္မယ္လို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္က ေျပာၾကားလိုက္ပါတယ္။

ဝက္စ္ဘ႐ြန္း၊ အဲဗာတန္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အင္တာမီလန္အသင္းေတြမွာ သြားေရာက္ကစားခဲ့ၿပီးမွ စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့တဲ့ လူကာကူးအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး စုစုေပါင္း ယူ႐ိုသန္း ၁၃၀ ကို အန္ဒါလက္ခ်္နဲ႔ အင္တာတို႔ဆီ ႏွစ္ႀကိမ္တိုင္တိုင္ ေပးေခ်ခဲ့ရၿပီး ဒီတစ္ခါမွာေတာ့ အသင္းရဲ႕ အဓိကကစားသမားျဖစ္လာဖို႔လည္း အားလုံးက ေမွ်ာ္လင့္ထားၾကတာပါ။

“တနဂၤေႏြေန႔မွာ သူ႔ကို ကြင္းထဲထည့္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူဟာ ကြၽန္ေတာ္တို႔ရဲ႕ တိုက္စစ္မွာ ေပ်ာက္ဆုံးေနတဲ့ အစိတ္အပိုင္းအျဖစ္ ျဖည့္ဆည္းၿပီး (ဂိုးမသြင္းႏိုင္တဲ့)ျပႆနာကို ေျဖရွင္းေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ေတာင့္တင္းတဲ့ လူစာရင္းကို ပြဲထုတ္ဖို႔ရွိေနၿပီး လူကာကူးကေတာ့ ေရွ႕တန္းမွာ ကြၽန္ေတာ္တို႔ရဲ႕ အားနည္းခ်က္ေတြကို ျဖည့္ဆည္းေပးမယ့္သူပဲျဖစ္ရမွာပါ”လို႔ တူဟယ္လ္က ဆိုပါတယ္။

“႐ိုမီလူက သူ႔ပုံစံနဲ႔သူ ႏႈိင္းယွဥ္လို႔ မရႏိုင္တဲ့ ကစားသမားေကာင္းမ်ိဳးပါ။ ဂိုးကို ေက်ာေပးကစားၿပီး ေဘာလုံးေတြကို ကိုင္ထားႏိုင္သလို ေ႐ြ႕လ်ားမႈေတြမွာလည္း ပါးနပ္ၿပီး အားေကာင္းေကာင္း၊ လ်င္လ်င္ျမန္ျမန္နဲ႔ ဂိုးသြင္းေကာင္းသူတစ္ေယာက္ျဖစ္လို႔ သူ႔ကို ပိုင္ဆိုင္ရမွာက ကြၽန္ေတာ့္အဖို႔ ထူးျခားတဲ့ အေတြ႕အႀကဳံသစ္လည္းျဖစ္တာေၾကာင့္ လာမယ့္ပြဲမွာ အျမင့္ဆုံး ေပါက္ကြဲျပႏိုင္ဖို႔ပဲ က်န္ပါေတာ့တယ္”လို႔ ခ်ဲလ္ဆီးနည္းျပက ဆိုလိုက္ၿပီး သူတင္မက အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြကပါ ဂိုးေတြ ေမွ်ာ္လင့္ထားေၾကာင္းလည္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

ၿပိဳင္ဘက္ အာဆင္နယ္အသင္းကိုေတာ့ သူတို႔ရဲ႕ ရာသီႀကိဳမွ မလွပခဲ့တဲ့ ပုံစံ၊ ကစားသမားေကာင္းေတြကို ဒဏ္ရာ၊ ကိုဗစ္ေတြေၾကာင့္ ဆုံးရႈံးထားရတဲ့ လက္ရွိအေျခအေနေတြအရ လန္ဒန္ဒါဘီမွာ ေအာက္သင္းအျဖစ္ ဖိအားကင္းကင္းနဲ႔ ပြဲထြက္လာမယ္လို႔ တူဟယ္လ္က ခန႔္မွန္းလိုက္ၿပီး ဒီအတြက္လည္း သတိထားရမွာျဖစ္တယ္လို႔ သုံးသပ္လိုက္ပါတယ္။

“သူတို႔ေနရာက ဝင္ၿပီး ကြၽန္ေတာ္ စဥ္းစားၾကည့္လိုက္ရင္ ေအာက္သင္းလို႔ပဲ ခံစားမိမွာပါ။ သူတို႔ရဲ႕ ပထမပြဲမွာ ကိုဗစ္ျပႆနာနဲ႔ သူတို႔မွာ အရႈပ္အေထြးေတြ ျဖစ္ခဲ့ၿပီး ရႈံးနိမ့္ထားတာေၾကာင့္ ဒီပြဲမွာ အားလုံးက သူတို႔ကို ေအာက္သင္းလို႔ပဲ ယူဆၾကပါလိမ့္မယ္။ ဒီအေနအထားမွာ ကြၽန္ေတာ္တို႔ေတြအေနနဲ႔ ပိုၿပီး ဂ႐ုစိုက္ရမွာျဖစ္ၿပီး သူတို႔ေတြရဲ႕ ဖိအားကင္းကင္းနဲ႔ ကစားၿပီး ေသြးတိုးစမ္းလာသမွ်ကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ဖို႔က အေရးႀကီးပါတယ္”လို႔ တူဟယ္လ္က ပြဲႀကိဳေျပာၾကားသြားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ၿပီးခဲ့တဲ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲကို ရႈံးရတာ မမွ်တဘဲ ဒီပြဲဟာ ကိုဗစ္ကူးစက္မႈေၾကာင့္ ေ႐ႊ႕ဆိုင္းသင့္တဲ့ ပြဲမ်ိဳးျဖစ္တယ္လို႔ ကန႔္ကြက္ေျပာၾကားထားခဲ့ၿပီး မနက္ျဖန္ လန္ဒန္ဒါဘီမွာေတာ့ ကစားသမားသစ္ေတြကို ရရွိထားခဲ့ေပမယ့္ အေျခအေနအရပ္ရပ္ေၾကာင့္ လက္ရွိ လူစာရင္းေဟာင္းကိုပဲ ဆက္လက္အသုံးျပဳရမွာျဖစ္သလို အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း ပါဝင္ႏိုင္မယ္လို႔ေတာ့ အမ္းမရိတ္ ပရိသတ္ေတြက ေမွ်ာ္လင့္ထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.