Analysis Premier League

ကွင်းလယ်လူသစ် အော်ဒီဂွါဒ်ရဲ့ အာဆင်နယ်အသင်းအပေါ် သက်ရောက်မှု ၇ ချက်

အာဆင်နယ်အသင်းရဲ့ ခေါ်မယ်ဆိုလည်း စောစောစီးစီး မခေါ်ဘဲ ကြန့်ကြာနေမှုကြောင့် ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ပွဲအပြီးမှ အားဖြည့်ခဲ့ရတဲ့ ကွင်းလယ် ဖန်တီးရှင်ကစားသမား မာတင် အော်ဒီဂွါဒ်ကို အသင်းရဲ့ တိုက်စစ်အတွက် ကောင်းချီးမင်္ဂလာတွေကို ယူဆောင်လာပေးလိမ့်မလို့ ထင်ကြေးပေးနေကြချိန်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းအနေနဲ့ အမ်းမရိတ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေမလဲဆိုတာကိုတော့ ကြည့်ကြရအောင်ပါ။

၁။ အလုပ်မဖြစ်တဲ့ ၄-၂-၃-၁ ကို တည့်မတ်စေမယ်
နည်းပြ မီခယ်လ် အာတီတာရဲ့ ၄-၂-၃-၁ ကစားကွက်ကို ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဖန်တီးရှင်မပါဘဲ ကွင်းလယ်နဲ့ ရှေ့တန်းတွေ ပေါင်းစည်းကစားခဲ့ပုံက တော်တော်လေး အိုးနင်းခွက်နင်းနိုင်ခဲ့ပြီး ဘောလုံးက ဂိုးရှေ့ကို မရောက်ဘဲ တောင်ပံနဲ့ ကွင်းလယ်မှာ မြင်းခွာပုံ ပတ်ပေးနေခဲ့သလို ဂိုးရဖို့က တန်ပြန်တိုက်စစ်တွေမှာပဲ မြင်ခဲ့ရပါတယ်။

ဒီအချိန်မှာ အသင်းကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ အော်ဒီဂွါဒ်ဆီကနေ ပြီးခဲ့တဲ့ပွဲက တိုက်စစ်မှူးနောက်မှာ ကစားခဲ့တဲ့ အီမီးလ် စမစ်ရိုးမှာ မရှိတဲ့ ထိရောက်ပြီး တစ်ဖက်အသင်းတွေအတွက် အန္တရာယ်ကြီးမားတဲ့ ပေးပို့မှု Killer Pass, Danger Pass, Penetrating Pass တွေကို မြင်ရမှာဖြစ်ပြီး အနည်းဆုံး ရင်ခုန်စရာ ကစားကွက်ကို ပုံဖော်တည့်မတ်နိုင်ပါလိမ့်မယ်။

၂။ အီမီးလ် စမစ်ရိုးကို ဖိအားလျော့စေမယ်
ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပရိသတ်တွေက ထုတ်မပြောခဲ့ပေမယ့် ဖန်တီးမှုကို စမစ်ရိုးဆီက မျှော်လင့်နေတယ်ဆိုတာ အသေအချာပဲဖြစ်ပြီး ဘာဖြစ်လို့လဲဆိုတော့ လုပ်ပြနိုင်မယ့်သူမျိုးက သူတစ်ယောက်ပဲရှိလို့ဖြစ်ပါတယ်။ ဒါပေမယ့် ချိတ်ဆက်ကစားပုံနဲ့ End Product နဲ့ Final Pass တွေကို ပြသတတ်တဲ့ အင်္ဂလန်လူငယ်ဟာ တွဲဖက်ကစားသမားတွေအတွက် မဖန်တီးနိုင်ခဲ့ချိန်မှာ အော်ဒီဂွါဒ် ရောက်လာခြင်းက သူ့ကို ဖိအားတွေရော တာဝန်တွေပါ လျော့ကျစေနိုင်မှာဖြစ်သလို ဘယ်ခြမ်းနဲ့ Half Space တွေမှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရစေမှာပါ။

၃။ ရှေ့တန်းလူတွေအတွက် ကံကောင်းခြင်း လက်ဆောင်
တိုက်စစ်ကို ဘောလုံးမရောက်ဘဲ တောင်ပံတွေက ကိုယ်တိုင်ပုံဖော်ပြီး အတွင်းကို တိုးဝင်နေရသလို တိုက်စစ်မြားဦးမှာလည်း ဘောလုံးမလာလို့ ခက်နေကြချိန်မှာ မာတီနယ်လီရော ဘာလိုဂွန်ပါ ရုန်းကန်ခဲ့ရပြီး ရာသီကြိုပွဲစဉ်တွေကလည်း အူဘာမီယန်းနဲ့ လာကာဇက်တို့ ရုန်းကန်ခဲ့ရတာပါ။ ဒါတွေက အော်ဒီဂွါဒ်ကြောင့် ပြေလည်သွားနိုင်သလို သူကိုယ်တိုင်ရဲ့ ဘောလုံးလမ်းကြောင်း ဖွင့်ထုတ်ပေးမှုတွေ အကွက်မြင်တဲ့ ပေးပို့မှုတွေနဲ့ တိုက်စစ်ကို မြိုင်ဆိုင်စေနိုင်ပြီး ရှေ့တန်းလူတွေကို စိတ်သက်သာရာရစေပါလိမ့်မယ်။

၄။ ပိုမိုအံဝင်မယ့် ကစားသမားသစ်တွေ ရောက်လာနိုင်တယ်
အော်ဒီဂွါဒ်ရဲ့ ဘောလုံးဖြန့်ဝေမှုတွေက တိုက်စစ်ဗဟိုနဲ့ ဂိုးရှေ့ကို သွားမှာဖြစ်သလို သူ့ရဲ့ ပညာသားပါတဲ့ ပေးပို့မှုတွေကို တောင်ပံနဲ့ ဂိုးဧရိယာ အစပ်မှာလည်း လက်ခံရရှိနိုင်ကြပါတယ်။ ဒီအချိန်မှာ သူခင်းပေးမယ့် ဘောလုံးတွေနဲ့ နေရာလွတ်တွေဆီ ပြေးဝင်အသုံးချဖို့ တတ်နိုင်မယ့်ပုံ ရှိမနေတဲ့ ညာခြမ်းက ဟက်တာ ဘယ်လာရင်နဲ့ ကယ်လမ် ချိမ်းဘားစ်တို့နေရာမှာ ကစားကွက်ကို ချောမွေ့စေမယ့် ပုံစံကျ ညာနောက်ခံလူတစ်ဦး မဖြစ်မနေ အားဖြည့်ရဖို့ရှိနေပြီး လက်ကျန် အပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်ရမှာပါ။

၅။ မက်ဒီဆန်ကို မေ့လိုက်ပါတော့…
အော်ဒီဂွါဒ် ရောက်လာပြီဆိုတာဟာ လက်စတာစီးတီးရဲ့ အင်္ဂလန်သား ငယ်မွေးခြံပေါက် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို မေ့လိုက်တော့လို့ ဆိုလိုက်တာပါ။ ပေါင်သန်း ၇၀ တန် ကစားသမားကို နော်ဝေသားအတွက် ပေါင်သန်း ၃၀ ကုန်ကျအပြီးမှ ခေါ်ယူဦးမယ်ဆိုရင် ပြောတဲ့သူကို ဟားစရာပဲ ဖြစ်ဖို့ရှိသလို မြေခွေးတွေရဲ့ ဒဏ်ရာများတဲ့ ကွင်းလယ်ကစားသမားက ဖန်တီးမှုနဲ့ တိုက်စစ်လိုက်ပါမှု ကောင်းမွန်ပေမယ့် အဖက်ဖက်က တွက်ချက်လိုက်ရင် အော်ဒီဂွါဒ်လောက် ရွေးဖို့ အဆင်မပြေခဲ့တာဖြစ်ပါတယ်။

၆။ Deadwood တွေ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ထွက်ဖို့ အချိန်
အသင်းမှာ အချိန်ပေးပြီး ဘာမှဖြစ်မလာခဲ့တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ အက်ဒီ နကီးတီးယား၊ ရီးစ် နယ်လ်ဆန်နဲ့ အီဒူးဂျင်း ဝီလီယန်တို့လို ကွင်းလယ်ကစားသမားတွေအတွက် ဒီအချိန်က ကိုယ့်ဘဝကိုယ်နားလည်ပြီး အသင်းသစ်ရှာရတော့မယ့်အချိန်ပါ။ တိုက်စစ်မှူးနောက် သုံးယောက်တန်းမှာ နေရာစုံ ကစားနိုင်တဲ့ အော်ဒီဂွါဒ်ကြောင့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်တွေဆိုတာ ပုပ်နေတဲ့ ကိုယ်တွေပဲလို့ ပြောရမလိုဖြစ်သွားခဲ့ကြပြီး အမ်းမရိတ်က ထွက်သွားဖို့က အဆင်အပြေဆုံး အဖြေဖြစ်ပါလိမ့်မယ်။

၇။ Do or Die အာတီတာ
အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ကွင်းလယ်လူ အော်ဒီဂွါဒ်တင်မဟုတ်ဘဲ နည်းပြ အာတီတာအတွက် အသင်းကနေ ဂိုးသမားသစ် အာရွန် ရမ်းစ်ဒေးလ်ကိုလည်း ခေါ်ယူပေးလိုက်ပြီဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ အသင်းရဲ့ ပုံစံကို ပြောင်းလဲသွားနိုင်အောင် ထိထိရောက်ရောက် အကူအညီပေးနိုင်မယ့် ကစားသမားမျိုးတွေလည်းဖြစ်လို့ အမ်းမရိတ်မှာ တတိယမြောက် ရာသီကို ဖြတ်သန်းမယ့် စပိန်သားအတွက် ရလဒ်တွေ ကောင်းအောင် လုပ်ဆောင်ပြဖို့ အချိန်ကို ရောက်လာခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ရလဒ်တွေကို ဆွဲမတင်နိုင်ခဲ့ဘူးဆိုရင် အသင်းက ထုတ်ပယ်တာကို မြင်ရဖို့ နီးစပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင်နယ်အသင်းရဲ့ ခေါ်မယ်ဆိုလည်း စောစောစီးစီး မခေါ်ဘဲ ကြန့်ကြာနေမှုကြောင့် ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ပွဲအပြီးမှ အားဖြည့်ခဲ့ရတဲ့ ကွင်းလယ် ဖန်တီးရှင်ကစားသမား မာတင် အော်ဒီဂွါဒ်ကို အသင်းရဲ့ တိုက်စစ်အတွက် ကောင်းချီးမင်္ဂလာတွေကို ယူဆောင်လာပေးလိမ့်မလို့ ထင်ကြေးပေးနေကြချိန်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းအနေနဲ့ အမ်းမရိတ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေမလဲဆိုတာကိုတော့ ကြည့်ကြရအောင်ပါ။