Premier League Transfer News

မန်ချက်စတာ‌ရောက်နေတဲ့ ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ကြေးနဲ့ စီးတီးတို့ သဘောတူပြီ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်စတန်ဗီလာအသင်း‌ခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို ဒီနေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ အပြီးသတ်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီး လုပ်ဆောင်စရာတွေ အားလုံးအဆင်ပြေ ပြီးမြောက်ခဲ့မယ်ဆိုရင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာဖို့ရှိနေပါတယ်။

သတင်းအားလုံးကတော့ မန်စီးတီးအနေနဲ့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် ရေပန်းစားနေတဲ့အထဲ ထိပ်ဆုံးက ပါဝင်နေခဲ့ပြီး ဗီလာအသင်းခေါင်းဆောင်ကို အပြီးသတ်ခေါ်ယူဖို့ အာရုံစိုက်ကြိုးပမ်းခဲ့သလို ပြီးခဲ့တဲ့ အပတ်တုန်းက ဆွေးနွေးပြီးတဲ့နောက် သောကြာနေ့က ပေါင်သန်း ၁၀၀ နဲ့ စတင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဇွန်လမှာ မန်စီးတီးရဲ့ ဂရီးလစ်ရှ်အတွက် ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုနဲ့ အသင်းရဲ့ ရည်မှန်းချက်တွေကတော့ ဗီလာဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းသည့်တိုင် အရခေါ်ယူဖို့ လုံလောက်ခဲ့တယ်လို့ သိရပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ ဆုဖလားကို ကာကွယ်ဖို့အပြင် မအောင်မြင်သေးတဲ့ ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားအတွက် စိတ်အားထက်သန်တဲ့ ပြင်ဆင်မှုမျိုးလို့လည်း ဆိုနေကြတာပါ။

ယူရိုပြိုင်ပွဲကနေ ပြန်လာအပြီး အားလပ်ရက်မှာ အနားယူပြီးနောက် ဂရီးလစ်ရှ်အနေနဲ့ ပြီး‌ခဲ့တဲ့ တနင်္လာနေ့မှာ အက်စတန်ဗီလာအသင်းနဲ့ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေအတွက် ပူးပေါင်းခဲ့ပြီး ငယ်ဘဝကတည်းက ကစား‌ခဲ့တဲ့ အသင်းကို လေးစားသမှုနဲ့နဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ အပြုအမူတစ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့အတွက်ကိုလည်း ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အသင်းရဲ့ အားကစားဒါရိုက်တာ ယိုဟန် လန့်ချ်နဲ့ သူ့ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သဘောတူညီမှု တစ်ရပ်ရရှိခဲ့သလို အက်စတန်ဗီလာအသင်းအနေနဲ့ အဓိက,ကစားသမားကို ထိန်းသိမ်းဖို့ အသင်းရဲ့ ရည်မှန်းချက်နဲ့ မူဝါဒတွေကို ချပြခဲ့ပေမယ့်လည်း ဂရီးလစ်ရှ်ကတော့ စီတီဇန်တွေရဲ့ ဆွဲဆောင်မှုနောက်ကို ကောက်ကောက်ပါသွားဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အက္စတန္ဗီလာအသင္း‌ေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ဒီေန႔မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ နဲ႔ အၿပီးသတ္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ ဂရီးလစ္ရွ္အေနနဲ႔ မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိေနၿပီး လုပ္ေဆာင္စရာေတြ အားလုံးအဆင္ေျပ ၿပီးေျမာက္ခဲ့မယ္ဆိုရင္ ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ျဖစ္လာဖို႔ရွိေနပါတယ္။

သတင္းအားလုံးကေတာ့ မန္စီးတီးအေနနဲ႔ ဂရီးလစ္ရွ္ကို ေခၚယူဖို႔အတြက္ ေရပန္းစားေနတဲ့အထဲ ထိပ္ဆုံးက ပါဝင္ေနခဲ့ၿပီး ဗီလာအသင္းေခါင္းေဆာင္ကို အၿပီးသတ္ေခၚယူဖို႔ အာ႐ုံစိုက္ႀကိဳးပမ္းခဲ့သလို ၿပီးခဲ့တဲ့ အပတ္တုန္းက ေဆြးေႏြးၿပီးတဲ့ေနာက္ ေသာၾကာေန႔က ေပါင္သန္း ၁၀၀ နဲ႔ စတင္ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဇြန္လမွာ မန္စီးတီးရဲ႕ ဂရီးလစ္ရွ္အတြက္ ေပါင္သန္း ၁၀၀ တန္ ကမ္းလွမ္းမႈနဲ႔ အသင္းရဲ႕ ရည္မွန္းခ်က္ေတြကေတာ့ ဗီလာဘက္က စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းသည့္တိုင္ အရေခၚယူဖို႔ လုံေလာက္ခဲ့တယ္လို႔ သိရၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြရဲ႕ ဆုဖလားကို ကာကြယ္ဖို႔အျပင္ မေအာင္ျမင္ေသးတဲ့ ရည္မွန္းခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားအတြက္ စိတ္အားထက္သန္တဲ့ ျပင္ဆင္မႈမ်ိဳးလို႔လည္း ဆိုေနၾကတာပါ။

ယူ႐ိုၿပိဳင္ပြဲကေန ျပန္လာအၿပီး အားလပ္ရက္မွာ အနားယူၿပီးေနာက္ ဂရီးလစ္ရွ္အေနနဲ႔ ၿပီး‌ခဲ့တဲ့ တနလၤာေန႔မွာ အက္စတန္ဗီလာအသင္းနဲ႔ ရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္ေတြအတြက္ ပူးေပါင္းခဲ့ၿပီး ငယ္ဘဝကတည္းက ကစား‌ခဲ့တဲ့ အသင္းကို ေလးစားသမႈနဲ႔နဲ႔ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ အျပဳအမူတစ္ရပ္ကို ထိန္းသိမ္းထားႏိုင္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕အတြက္ကိုလည္း ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။

သူ႔အေနနဲ႔ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ယိုဟန္ လန႔္ခ်္နဲ႔ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး သေဘာတူညီမႈ တစ္ရပ္ရရွိခဲ့သလို အက္စတန္ဗီလာအသင္းအေနနဲ႔ အဓိက,ကစားသမားကို ထိန္းသိမ္းဖို႔ အသင္းရဲ႕ ရည္မွန္းခ်က္နဲ႔ မူဝါဒေတြကို ခ်ျပခဲ့ေပမယ့္လည္း ဂရီးလစ္ရွ္ကေတာ့ စီတီဇန္ေတြရဲ႕ ဆြဲေဆာင္မႈေနာက္ကို ေကာက္ေကာက္ပါသြားဖို႔ အလြန္နီးစပ္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.