Premier League Transfer News

မက်ဒီဆန်ကို စတင်ကမ်းလှမ်းပြီး ရီးရဲလ်မက်ဒရစ်ကို တုံ့ပြန်ပြလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးမှု နံပါတ် ၁၀ နေရာအတွက် ကစားသမားသစ် ရှာဖွေနေရာမှာ လက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့ စတင်ကမ်းလှမ်းခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်က ကျောသလို မောသလို လုပ်လာမှုကို တုံ့ပြန်ပြလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် အာဆင်နယ်အသင်းအနေနဲ့ မြေခွေးတွေရဲ့ တောင်းဆိုမှုဖြစ်တဲ့ ပေါင်သန်း ၆၀ ကို လျှော့ချနိုင်ဖို့ အသင်းမှာ နေရာမရနိုင်သေးတဲ့ ကစားသမား ၃ ဉီးဖြစ်တဲ့ အက်ဒီ နကီးတီးယား၊ ဂျိုးဝီလော့ခ်နဲ့ ရီးစ် နယ်လ်ဆန်တို့ထဲက တစ်ယောက်ကို ထည့်သွင်းပြီး အလိုက်ပေးသွားမယ်လို့ ကမ်းလှမ်းထားပြီး လက်စတာတို့ ဘယ်လိုရွေးချယ်မလဲ စောင့်ကြည့်ရမှာပါ။

မက်ဒီဆန်အတွက် ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းရဲ့ ပေါင်သန်း ၇၀ တန် ကမ်းလှမ်းမှုကို ပယ်ချဖူးတဲ့ လက်စတာစီးတီးအသင်းအနေနဲ့ ကွင်းလယ်မှာ သူတို့အတွက် တစ်ရာသီလုံး ကစားပေးခဲ့တဲ့ ယူရီ တီးလီးမန်းစ်ကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းသွားဖို့ ရှိနေပြီး နော့ဝစ်ချ်ကွင်းလယ်လူဟောင်းကိုတော့ အာဆင်နယ်ဘက်က ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။

၂၀၁၈ နွေရာသီမှာ နော့ဝစ်ချ်ကနေ လက်စတာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဒီဆန်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက် တစ်ပွဲ ပါဝင်ကစားထားဖူးပြီး ကင်းပါဝါကွင်းမှာတော့ သုံးရာသီအတွင်း ပရီးမီယားလိဂ် ၉၈ ပွဲကစား ၂၇ ဂိုးသွင်း ၂၁ ဂိုး ဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ဟာ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတဲ့ သိက္ခာနဲ့ မာနကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်နဲ့ ဆာဂျီယို ရက်ဂီလွန်တို့တုန်းကလိုပဲ မာတင် အော်ဒီဂွါဒ်အတွက် ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းလိုတဲ့ ရီးရဲလ်မက်ဒရစ်ကို လိုက်လျောမှာ မဟုတ်ဘူးဆိုတဲ့ ပုံစံကို မက်ဒီဆန်နဲ့ ဆန့်ကျင်ပြလိုက်တာလည်းဖြစ်ပြီး ကမ်းလှမ်းမှု အောင်မြင်မလားတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီအချိန်မှာ ရက်ဂီလွန်ကို ဘာမှ စဉ်းစားမနေဘဲ ပြန်လည်ခေါ်ယူခွင့်နဲ့ သဘောတူ ခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ တူညီတဲ့ ပုံစံမျိုး လုပ်ဆောင်လာဦးမလားဆိုတာလည်း စိတ်ဝင်စားရာဖြစ်နေပြီး ဂါရက်သ် ဘေးလ်ကို ရောင်းချခဲ့ပြီးကတည်းက ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ဘာနေဗျူးနဲ့ ဝှိုက်ဟတ်လိန်းကြား အော်ဒီဂွါဒ်ကို ကမ်းလှမ်းဖို့ ထင်ကြေးတွေလည်း ရောက်ရှိလာခဲ့ပါတယ်။

ဂန်းနားတွေကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်ကျင့်တိုင်း မခံဘူးဆိုတဲ့ အသင်းကြီးတွေကြားမှာ မရှိသင့်တဲ့ Buy Back Clause အစား ငယ်မွေးခြံပေါက် အင်္ဂလန်ကစားသမားကိုပဲ ပေါင်သန်း ၂၀ လောက် ဈေးကြီးပေးပြီး ခေါ်ယူဖို့ တုံ့ပြန်ပြလိုက်တာလို့ ယူဆရပြီး မက်ဒီဆန်အတွက် ရင်ခုန်နေတဲ့ အာဆင်နယ် ပရိသတ်တွေ ဆန္ဒပြည့်ဝပါစေကြောင်း ဆုတောင်းပေးရင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးမႈ နံပါတ္ ၁၀ ေနရာအတြက္ ကစားသမားသစ္ ရွာေဖြေနရာမွာ လက္စတာစီးတီးအသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔ စတင္ကမ္းလွမ္းခဲ့ၿပီျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဘက္က ေက်ာသလို ေမာသလို လုပ္လာမႈကို တုံ႔ျပန္ျပလိုက္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေျမေခြးေတြရဲ႕ ေတာင္းဆိုမႈျဖစ္တဲ့ ေပါင္သန္း ၆၀ ကို ေလွ်ာ့ခ်ႏိုင္ဖို႔ အသင္းမွာ ေနရာမရႏိုင္ေသးတဲ့ ကစားသမား ၃ ဉီးျဖစ္တဲ့ အက္ဒီ နကီးတီးယား၊ ဂ်ိဳးဝီေလာ့ခ္နဲ႔ ရီးစ္ နယ္လ္ဆန္တို႔ထဲက တစ္ေယာက္ကို ထည့္သြင္းၿပီး အလိုက္ေပးသြားမယ္လို႔ ကမ္းလွမ္းထားၿပီး လက္စတာတို႔ ဘယ္လိုေ႐ြးခ်ယ္မလဲ ေစာင့္ၾကည့္ရမွာပါ။

မက္ဒီဆန္အတြက္ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းရဲ႕ ေပါင္သန္း ၇၀ တန္ ကမ္းလွမ္းမႈကို ပယ္ခ်ဖူးတဲ့ လက္စတာစီးတီးအသင္းအေနနဲ႔ ကြင္းလယ္မွာ သူတို႔အတြက္ တစ္ရာသီလုံး ကစားေပးခဲ့တဲ့ ယူရီ တီးလီးမန္းစ္ကို ပိုမိုတန္ဖိုးထား ထိန္းသိမ္းသြားဖို႔ ရွိေနၿပီး ေနာ့ဝစ္ခ်္ကြင္းလယ္လူေဟာင္းကိုေတာ့ အာဆင္နယ္ဘက္က ကမ္းလွမ္းမႈကို လက္ခံသြားႏိုင္ဖို႔ စဥ္းစားေနတာလည္းျဖစ္ပါတယ္။

၂၀၁၈ ေႏြရာသီမွာ ေနာ့ဝစ္ခ်္ကေန လက္စတာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ေရာက္ရွိလာခဲ့တဲ့ မက္ဒီဆန္ဟာ အဂၤလန္ လက္ေ႐ြးစင္အသင္းႀကီးအတြက္ တစ္ပြဲ ပါဝင္ကစားထားဖူးၿပီး ကင္းပါဝါကြင္းမွာေတာ့ သုံးရာသီအတြင္း ပရီးမီယားလိဂ္ ၉၈ ပြဲကစား ၂၇ ဂိုးသြင္း ၂၁ ဂိုး ဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ဟာ အသင္းႀကီးတစ္သင္းျဖစ္တယ္ဆိုတဲ့ သိကၡာနဲ႔ မာနကို ဆုပ္ကိုင္ထားဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆာဂ်ီယို ရက္ဂီလြန္တို႔တုန္းကလိုပဲ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းလိုတဲ့ ရီးရဲလ္မက္ဒရစ္ကို လိုက္ေလ်ာမွာ မဟုတ္ဘူးဆိုတဲ့ ပုံစံကို မက္ဒီဆန္နဲ႔ ဆန႔္က်င္ျပလိုက္တာလည္းျဖစ္ၿပီး ကမ္းလွမ္းမႈ ေအာင္ျမင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ရက္ဂီလြန္ကို ဘာမွ စဥ္းစားမေနဘဲ ျပန္လည္ေခၚယူခြင့္နဲ႔ သေဘာတူ ေခၚယူခဲ့တဲ့ အာဆင္နယ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ တူညီတဲ့ ပုံစံမ်ိဳး လုပ္ေဆာင္လာဦးမလားဆိုတာလည္း စိတ္ဝင္စားရာျဖစ္ေနၿပီး ဂါရက္သ္ ေဘးလ္ကို ေရာင္းခ်ခဲ့ၿပီးကတည္းက ဆက္ဆံေရးေကာင္းေတြ ရွိေနတဲ့ ဘာေနဗ်ဴးနဲ႔ ဝႈိက္ဟတ္လိန္းၾကား ေအာ္ဒီဂြါဒ္ကို ကမ္းလွမ္းဖို႔ ထင္ေၾကးေတြလည္း ေရာက္ရွိလာခဲ့ပါတယ္။

ဂန္းနားေတြကေတာ့ ရီးရဲလ္မက္ဒရစ္ရဲ႕ အႏိုင္က်င့္တိုင္း မခံဘူးဆိုတဲ့ အသင္းႀကီးေတြၾကားမွာ မရွိသင့္တဲ့ Buy Back Clause အစား ငယ္ေမြးၿခံေပါက္ အဂၤလန္ကစားသမားကိုပဲ ေပါင္သန္း ၂၀ ေလာက္ ေဈးႀကီးေပးၿပီး ေခၚယူဖို႔ တုံ႔ျပန္ျပလိုက္တာလို႔ ယူဆရၿပီး မက္ဒီဆန္အတြက္ ရင္ခုန္ေနတဲ့ အာဆင္နယ္ ပရိသတ္ေတြ ဆႏၵျပည့္ဝပါေစေၾကာင္း ဆုေတာင္းေပးရင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.