Premier League Transfer News

4 Aug နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ညာနောက်ခံလူ ကီရန် ထရစ်ပီယာရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၄၀ သတ်မှတ်လိုက်ပြီလို့ Mundo Deportivo သတင်းက ဖော်ပြသွားခဲ့ပြီး ကစားသမားသစ် ထပ်ပေါင်းဖို့ လူရောင်းထုတ်ပြီး ငွေအင်အားရှာရဦးမယ့် ယူနိုက်တက်အတွက် အခုစျေးနှုန်းက များနေတယ်လို့ ယူဆထား။

ယူနိုက်တက်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ဟာ လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပြီး အမောမခံနိုင်တဲ့ ဒဏ်ကို ပြန်လည်ကုသဖို့ လိုအပ်နေတာကြောင့် စကော့တလန် လေ့ကျင့်ရေးအစီအစဥ်ကို လိုက်ပါနိုင်ခြင်း မရှိခဲ့ဘဲ လိဒ်စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကိုပါ လွဲချော်သွားဖို့များနေတာကြောင့် ဒေဗစ် ဒဟေးယားပဲ ပွဲထွက်ရဖွယ်ရှိနေ။

ယူနိုက်တက်တို့အနေနဲ့ စပါးစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းပယ်ထားတဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ အ​ခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကြောင်း သိရပြီး မြို့ခံပြိုင်ဘက်အသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ကို အိုးလ်ထရက်ဖို့ဒ်ဆီ အရခေါ်ယူသွားနိုင်မယ့် နည်းလမ်းကို ရှာဖွေနေကြောင်း ဖော်ပြခံထားရ။

ကွင်းလယ်ကို အားဖြည့်ဖို့ ယူနိုက်တက်က နံပါတ် ၁ ပစ်မှတ်အဖြစ် ချိတ်ဆက်နေတဲ့ ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့ အနာဂတ်သစ်ကို အလိုရှိနေပေမယ့် အရှေ့လန်ဒန်အသင်းမှာပဲ နောက်တရာသီ ဆက်နေသွားဖို့ ချိန်ဆနေကြောင်း Telegraph သတင်းဌာနက ဖော်ပြသွားခဲ့။

ယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မန်တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဝမ်းကွဲညီအကိုဖြစ်တဲ့ အဲလ်ဘတ် ဘရော့ ဂျားလန်းရဲ့ အပြောင်းအရွှေ့ကို လေ့လာနေကြောင်း သိရပြီး အသက် ၁၈ နှစ် မပြည့်သေးတဲ့ အဆိုပါ မိုလ်ဒီတိုက်စစ်မှူးကို ဆောင်းရာသီမှသာ စတင်ကမ်းလှမ်းသွားမှာဖြစ်သလို လူငယ်အသင်းမှာ ၃၇ ပွဲကစား၊ ၆၄ ဂိုးသွင်းထားတဲ့ နော်ဝေသားဟာ ဟာလန်းရဲ့ ခြေရာကို တစ်ထပ်တည်း နင်းနိုင်မယ်လို့ ယုံကြည်ခံထားရ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ အခုနွေစျေးကွက်မှာ ဧရာမအခွင့်အရေးကောင်းတခုအဖြစ် ရှုမြင်ထားတဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်နဲ့ အလဲအထပ်လုပ်ဖို့ အန်သော်နီ မာစီယယ်လ်၊ ဒွန်နီ ဗန်ဒဘိခ်၊ ဒေးဗစ် ဒဟဲယား၊ ဂျက်ဆီ လင်ဂတ်တို့ ၄ ဦးထဲက တစ်ဦးကို တည်ထားတယ်လို့ သိရပြီး စပိန်ကလပ်ဘက်က ငွေသား ယူရို ၄၅ သန်းကိုသာ တောင်းဆိုထားကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့။

ယူနိုက်တက်က ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ သတင်းထွက်နေတဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်ဟာ အိုးထရက်ဖို့ဒ်ရဲ့ ပေါလ်စခိုးလ်လက်သစ်ဖြစ်လာလိမ့်လို့ သရဲနီလူဟောင်း ပေါလ်ပါကားက ကြိုဆိုသွားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အပြိုင်လုရမယ့် အသက် ၂၄ နှစ်အရွယ် ပေါ်တူဂီသားကို ပေါင် ၃၅ သန်းနဲ့ သဘောတူညီမှုရဖို့ ယူနိုက်တက်ဘက်ကအလေးသာနေ။

ဘိုင်ယန်မြူးနစ်အသင်းမှာ မပျော်ရွှင်တော့ချိန်မှာ ယူနိုက်တက်ဘက်က စည်းရုံးနေတဲ့ ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ရီးရဲလ်မက်ဒရစ်အသင်းကပါ အပြိုင်အဆိုင် ကမ်းလှမ်းလာခဲ့ကြောင်း သိရပြီး နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့် ဒီရာသီမှာပဲ အသက် ၂၆ နှစ်သားကို ပေါင်သန်း ၄၀ နဲ့ ညှိနှိုင်းဖို့ နည်းပြ ဆိုးလ်ရှားနဲ့ အန်ချယ်လော့တီတို့ကြား အားပြိုင်နေ။

အာဆင်နယ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပြင်သစ်တောင်ပံကစားသမားဟောင်း ရောဘတ် ပီရက်စ်က ဗာရွန်း+မက်ဂွိုင်းယားအတွဲဟာ ပရီးမီးယားလိဂ်မှာ အလွန်တောက်ပလာလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်သွားခဲ့ပြီး ဗီဇာကိစ္စကြောင့် ဆေးစစ်ဖို့ကြန့်ကြာနေတဲ့ ပြင်သစ်သားအနေနဲ့ ၂၄ နာရီအတွင်း မန်ချက်စတာမြို့ကို ရောက်ရှိလာတော့မယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၄၀ သတ္မွတ္လိုက္ၿပီလို႔ Mundo Deportivo သတင္းက ေဖာ္ျပသြားခဲ့ၿပီး ကစားသမားသစ္ ထပ္ေပါင္းဖို႔ လူေရာင္းထုတ္ၿပီး ေငြအင္အားရွာရဦးမယ့္ ယူႏိုက္တက္အတြက္ အခုေစ်းႏႈန္းက မ်ားေနတယ္လို႔ ယူဆထား။

ယူႏိုက္တက္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ဟာ လြန္ခဲ့တဲ့ ၃ ပတ္ကတည္းက ကိုဗစ္ကူးစက္ခံထားရတယ္လို႔ သိရၿပီး အေမာမခံႏိုင္တဲ့ ဒဏ္ကို ျပန္လည္ကုသဖို႔ လိုအပ္ေနတာေၾကာင့္ စေကာ့တလန္ ေလ့က်င့္ေရးအစီအစဥ္ကို လိုက္ပါႏိုင္ျခင္း မရွိခဲ့ဘဲ လိဒ္စ္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲကိုပါ လြဲေခ်ာ္သြားဖို႔မ်ားေနတာေၾကာင့္ ေဒဗစ္ ဒေဟးယားပဲ ပြဲထြက္ရဖြယ္ရွိေန။

ယူႏိုက္တက္တို႔အေနနဲ႔ စပါးစ္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းဖို႔ ျငင္းပယ္ထားတဲ့ တိုက္စစ္မႉး ဟာရီကိန္းရဲ႕ အ​ေျခအေနအရပ္ရပ္ကို ေစာင့္ၾကည့္ေနေၾကာင္း သိရၿပီး ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားေနတဲ့ အဂၤလန္အသင္းေခါင္းေဆာင္ကို အိုးလ္ထရက္ဖို႔ဒ္ဆီ အရေခၚယူသြားႏိုင္မယ့္ နည္းလမ္းကို ရွာေဖြေနေၾကာင္း ေဖာ္ျပခံထားရ။

ကြင္းလယ္ကို အားျဖည့္ဖို႔ ယူႏိုက္တက္က နံပါတ္ ၁ ပစ္မွတ္အျဖစ္ ခ်ိတ္ဆက္ေနတဲ့ ဒက္ကလန္႐ိုက္စ္ဟာ ဝက္စ္ဟမ္းအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပါဝင္လာခဲ့ၿပီျဖစ္ၿပီး သူ႔အေနနဲ႔ အနာဂတ္သစ္ကို အလိုရွိေနေပမယ့္ အေရွ႕လန္ဒန္အသင္းမွာပဲ ေနာက္တရာသီ ဆက္ေနသြားဖို႔ ခ်ိန္ဆေနေၾကာင္း Telegraph သတင္းဌာနက ေဖာ္ျပသြားခဲ့။

ယူႏိုက္တက္အသင္းအေနနဲ႔ ေဒါ့မန္တိုက္စစ္မႉး အာလင္း ဟာလန္းရဲ႕ ဝမ္းကြဲညီအကိုျဖစ္တဲ့ အဲလ္ဘတ္ ဘေရာ့ ဂ်ားလန္းရဲ႕ အေျပာင္းအေ႐ႊ႕ကို ေလ့လာေနေၾကာင္း သိရၿပီး အသက္ ၁၈ ႏွစ္ မျပည့္ေသးတဲ့ အဆိုပါ မိုလ္ဒီတိုက္စစ္မႉးကို ေဆာင္းရာသီမွသာ စတင္ကမ္းလွမ္းသြားမွာျဖစ္သလို လူငယ္အသင္းမွာ ၃၇ ပြဲကစား၊ ၆၄ ဂိုးသြင္းထားတဲ့ ေနာ္ေဝသားဟာ ဟာလန္းရဲ႕ ေျခရာကို တစ္ထပ္တည္း နင္းႏိုင္မယ္လို႔ ယုံၾကည္ခံထားရ။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ အခုေႏြေစ်းကြက္မွာ ဧရာမအခြင့္အေရးေကာင္းတခုအျဖစ္ ရႈျမင္ထားတဲ့ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္နဲ႔ အလဲအထပ္လုပ္ဖို႔ အန္ေသာ္နီ မာစီယယ္လ္၊ ဒြန္နီ ဗန္ဒဘိခ္၊ ေဒးဗစ္ ဒဟဲယား၊ ဂ်က္ဆီ လင္ဂတ္တို႔ ၄ ဦးထဲက တစ္ဦးကို တည္ထားတယ္လို႔ သိရၿပီး စပိန္ကလပ္ဘက္က ေငြသား ယူ႐ို ၄၅ သန္းကိုသာ ေတာင္းဆိုထားေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့။

ယူႏိုက္တက္က ေခၚယူဖို႔ အလြန္နီးစပ္ေနၿပီလို႔ သတင္းထြက္ေနတဲ့ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ဟာ အိုးထရက္ဖို႔ဒ္ရဲ႕ ေပါလ္စခိုးလ္လက္သစ္ျဖစ္လာလိမ့္လို႔ သရဲနီလူေဟာင္း ေပါလ္ပါကားက ႀကိဳဆိုသြားခဲ့ၿပီး အာဆင္နယ္အသင္းနဲ႔ အၿပိဳင္လုရမယ့္ အသက္ ၂၄ ႏွစ္အ႐ြယ္ ေပၚတူဂီသားကို ေပါင္ ၃၅ သန္းနဲ႔ သေဘာတူညီမႈရဖို႔ ယူႏိုက္တက္ဘက္ကအေလးသာေန။

ဘိုင္ယန္ျမဴးနစ္အသင္းမွာ မေပ်ာ္႐ႊင္ေတာ့ခ်ိန္မွာ ယူႏိုက္တက္ဘက္က စည္း႐ုံးေနတဲ့ ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာကို ရီးရဲလ္မက္ဒရစ္အသင္းကပါ အၿပိဳင္အဆိုင္ ကမ္းလွမ္းလာခဲ့ေၾကာင္း သိရၿပီး ေနာက္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာျဖစ္ေပမယ့္ ဒီရာသီမွာပဲ အသက္ ၂၆ ႏွစ္သားကို ေပါင္သန္း ၄၀ နဲ႔ ညႇိႏႈိင္းဖို႔ နည္းျပ ဆိုးလ္ရွားနဲ႔ အန္ခ်ယ္ေလာ့တီတို႔ၾကား အားၿပိဳင္ေန။

အာဆင္နယ္ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ျပင္သစ္ေတာင္ပံကစားသမားေဟာင္း ေရာဘတ္ ပီရက္စ္က ဗာ႐ြန္း+မက္ဂြိဳင္းယားအတြဲဟာ ပရီးမီးယားလိဂ္မွာ အလြန္ေတာက္ပလာလိမ့္မယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္သြားခဲ့ၿပီး ဗီဇာကိစၥေၾကာင့္ ေဆးစစ္ဖို႔ၾကန္႔ၾကာေနတဲ့ ျပင္သစ္သားအေနနဲ႔ ၂၄ နာရီအတြင္း မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိလာေတာ့မယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.